ဟူဒ် · 43/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
قَالَ سَآوِي إِلَىٰ جَبَلٍ يَعْصِمُنِي مِنَ الْمَاءِ ۚ قَالَ لَا عَاصِمَ الْيَوْمَ مِنْ أَمْرِ اللَّهِ إِلَّا مَن رَّحِمَ ۚ وَحَالَ بَيْنَهُمَا الْمَوْجُ فَكَانَ مِنَ الْمُغْرَقِينَ ۝٤٣
Qaala sa aaweee ilaa jabaliny ya`simunee minal maaa`; qaala laa `aasimal yawma min amril laahi illaa mar rahim; wa haala bainahumal mawju fakaana minal mughraqeen
📖 မြန်မာဘာသာ
ထို(နဗီတမန်တော်၏)သားက ကျွန်ုပ်သည် ယခုပင် တောင်တစ်ခုခုသို့(တက်၍) အကာအကွယ်ယူမည်။ ထိုတောင်သည် ကျွန်ုပ်အား ရေဘေးမှ ထိန်းသိမ်းကာကွယ်ပေလိမ့်မည်ဟု ပြောဆိုခဲ့လေ၏။ (ထိုအခါ) ယင်း(နဗီတမန်တော်နူဟ်)က ယနေ့မူကား အလ္လာဟ်အရှင်မြတ်အမိန့်တော်မှ(ပြစ်ဒဏ်တော်မှ) ထိန်းသိမ်းကာကွယ်မည့်သူ အလျဉ်း မရှိချေ။ထိုအရှင်မြတ်က သနားညှာတာတော်မူသောသူမှတစ်ပါး(မည်သူတစ်ဦးတစ်ယောက်မျှ ဤပြစ်ဒဏ်မှ လွတ် မြောက်နိုင်လိမ့်မည် မဟုတ်ပေတကား၊) ထို့နောက် လှိုင်းတံပိုး(များ)သည်၎င်းတို့(သားအဖ)နှစ်ဦး၏စပ်ကြားဝယ် ကြားဝင်(ဆီးကာ)ခဲ့လေသည်။ သို့ဖြစ် ပေရာ ၎င်းသည် နှစ်မြုပ်ခြင်းခံရသူတို့တွင်အပါအဝင် ဖြစ်ခဲ့လေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • စာအဝီ (سَآوِي) — ငါခိုလှုံမည်၊ ငါခိုလှုံရာသို့ ရောက်မည်။
  • ယအ်စိမုနီ (يَعْصِمُنِي) — ငါ့ကို ကာကွယ်မည်၊ ငါ့ကို လွတ်မြောက်စေမည်။
  • လာ အာစိမ (لَا عَاصِمَ) — ကာကွယ်သူ မရှိပါ။
  • မိန် အမ်ရိလ္လာဟ် (مِنْ أَمْرِ اللَّهِ) — အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်၊ ဆုံးဖြတ်ချက်တော်မှ။
  • ဟာလ (حَالَ) — ကြားခံဖြစ်ခဲ့သည်၊ ခွဲခြားခဲ့သည်။
  • မုဂ်ရိုကီန် (الْمُغْرَقِينَ) — ရေနစ်သေဆုံးသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

တမန်တော် နူဟ် (အလိုင်ဟိစ်စလာမ်) ၏ သားဖြစ်သူက သူ့ဖခင်အား “ကျွန်ုပ်သည် တောင်တစ်လုံးသို့ ခိုလှုံပါမည်။ ထိုတောင်သည် ရေလွှမ်းမိုးမှုမှ ကျွန်ုပ်ကို ကာကွယ်ပေးပါလိမ့်မည်” ဟု ပြောဆိုခဲ့သည်။ ထိုအခါ တမန်တော် နူဟ် (အလိုင်ဟိစ်စလာမ်) က သူ့သားအား “ယနေ့သော်ကာလ၌ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်၊ ဆုံးဖြတ်ချက်တော်မှ ကာကွယ်နိုင်သူ မည်သူမျှ မရှိပါ။ အလ္လာဟ်အရှင်မြတ်သည် ကရုဏာတော်ဖြင့် ကယ်တင်တော်မူလိုသူမှတစ်ပါး အခြားမည်သည့်အရာမျှ ကာကွယ်နိုင်စွမ်း မရှိပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။ ထို့နောက် လှိုင်းလုံးကြီးများသည် တမန်တော် နူဟ် (အလိုင်ဟိစ်စလာမ်) နှင့် သူ၏သားအကြား ကြားခံဖြစ်ခဲ့ပြီး သူ့သားသည် ရေနစ်သေဆုံးသူများထဲတွင် ပါဝင်ခဲ့ရလေသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့် ဆုံးဖြတ်ချက်တော်ကို မည်သည့်အရာကမျှ ဟန့်တားနိုင်စွမ်း မရှိကြောင်း သိရှိစေသည်။
  • မိမိ၏ ကိုယ်ပိုင်စွမ်းအား၊ ဥစ္စာပစ္စည်း၊ ရာထူးဌာနန္တရများကို အားကိုးခြင်းသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော် ဆိုက်ရောက်လာချိန်၌ အကျိုးမရှိကြောင်း သွန်သင်ပေးသည်။
  • အလ္လာဟ်အရှင်မြတ်သည် ကရုဏာတော်ဖြင့် ကယ်တင်တော်မူလိုသူများကို ကယ်တင်တော်မူကြောင်း သိရှိစေသည်။
  • မိဘများ၏ အကြံဉာဏ်ကို နာခံခြင်း၏ အရေးပါမှုကို ဤဖြစ်ရပ်မှ သင်ယူနိုင်သည်။
  • အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခြင်း၊ အရှင်မြတ်ကိုသာ အားထားခြင်းသည် စစ်မှန်သော လုံခြုံမှုကို ရရှိစေကြောင်း သိရှိစေသည်။

-



📜 အာယာသ် 41-45 — စူရာ ဟူဒ်

41۞ وَقَالَ ارْكَبُوا فِيهَا بِسْمِ اللَّهِ مَجْرَاهَا وَمُرْسَاهَا ۚ إِنَّ رَبِّي لَغَفُورٌ رَّحِيمٌ
ထို့နောက် ထို(နဗီတမန်တော်နူဟ်) က (မိမိအိမ်သူအိမ်သားများနှင့် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အားအချင်းတို့) အသင်တို့သည် ထိုသင်္ဘောပေါ်သို့ စီးနင်းကြလေကုန်။ ထိုသင်္ဘော၏ သွားလာလှုပ်ရှားမှုသည်လည်းကောင်း၊ထိုသင်္ဘောဆိုက်ကပ် (ရပ်ဆိုင်း)ခြင်းသည်လည်းကောင်း၊အလ္လာဟ်အရှင်မြတ်၏နာမံတော်ဖြင့်သာ ဖြစ်ပေသည်။ ဧကန်မလွဲ ငါ့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည်အမှန်ပင် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင်မြတ်ပင်။
42وَهِيَ تَجْرِي بِهِمْ فِي مَوْجٍ كَالْجِبَالِ وَنَادَىٰ نُوحٌ ابْنَهُ وَكَانَ فِي مَعْزِلٍ يَا بُنَيَّ ارْكَب مَّعَنَا وَلَا تَكُن مَّعَ الْكَافِرِينَ
၎င်းနောက် ထိုသင်္ဘောသည် ၎င်းတို့အား တင်ဆောင်၍ တောင်လုံးကြီးများပမာ ကြီးမားလှသော လှိုင်းတံပိုး၏ကြားဝပ်တွားလျက်ရှိပေသည်။ ထို့ပြင် (နဗီတမန်တော်)နူဟ်သည် မိမိ၏သား(ကင်န်အာန်)အား ဟစ်ခေါ်ခဲ့လေသည်။ စင်စစ် ထိုသားသည် အဝေး၌ပင်ရှိနေခဲ့လေသည်။ (သို့ဖြစ်ပေရာနဗီတမန်တော်နူဟ်သည် ၎င်းအား) အို-ချစ်သား အသင်သည်ငါတို့နှင့်အတူ(သင်္ဘောပေါ်သို့)စီနင်းခဲ့ပါလေ။ ၎င်းပြင် အသင်သည် ကာဖိရ်မယုံမကြည်သွေဖည်ငြင်းပယ်ကုန်သော သူတို့နှင့်အတူမနေရစ်လေနှင့် (ဟု ဟစ်အော်ပြောဆိုခဲ့လေသတည်း)
43قَالَ سَآوِي إِلَىٰ جَبَلٍ يَعْصِمُنِي مِنَ الْمَاءِ ۚ قَالَ لَا عَاصِمَ الْيَوْمَ مِنْ أَمْرِ اللَّهِ إِلَّا مَن رَّحِمَ ۚ وَحَالَ بَيْنَهُمَا الْمَوْجُ فَكَانَ مِنَ الْمُغْرَقِينَ
ထို(နဗီတမန်တော်၏)သားက ကျွန်ုပ်သည် ယခုပင် တောင်တစ်ခုခုသို့(တက်၍) အကာအကွယ်ယူမည်။ ထိုတောင်သည် ကျွန်ုပ်အား ရေဘေးမှ ထိန်းသိမ်းကာကွယ်ပေလိမ့်မည်ဟု ပြောဆိုခဲ့လေ၏။ (ထိုအခါ) ယင်း(နဗီတမန်တော်နူဟ်)က ယနေ့မူကား အလ္လာဟ်အရှင်မြတ်အမိန့်တော်မှ(ပြစ်ဒဏ်တော်မှ) ထိန်းသိမ်းကာကွယ်မည့်သူ အလျဉ်း မရှိချေ။ထိုအရှင်မြတ်က သနားညှာတာတော်မူသောသူမှတစ်ပါး(မည်သူတစ်ဦးတစ်ယောက်မျှ ဤပြစ်ဒဏ်မှ လွတ် မြောက်နိုင်လိမ့်မည် မဟုတ်ပေတကား၊) ထို့နောက် လှိုင်းတံပိုး(များ)သည်၎င်းတို့(သားအဖ)နှစ်ဦး၏စပ်ကြားဝယ် ကြားဝင်(ဆီးကာ)ခဲ့လေသည်။ သို့ဖြစ် ပေရာ ၎င်းသည် နှစ်မြုပ်ခြင်းခံရသူတို့တွင်အပါအဝင် ဖြစ်ခဲ့လေသတည်း။
44وَقِيلَ يَا أَرْضُ ابْلَعِي مَاءَكِ وَيَا سَمَاءُ أَقْلِعِي وَغِيضَ الْمَاءُ وَقُضِيَ الْأَمْرُ وَاسْتَوَتْ عَلَى الْجُودِيِّ ۖ وَقِيلَ بُعْدًا لِّلْقَوْمِ الظَّالِمِينَ
ထို့နောက် (အလ္လာဟ်အရှင်မြတ်အထံတော်မှဤသို့)အမိန့်တော် ထုတ်ပြန်တော်မူလိုက်လေသည်။ အိုပထဝီမြေ၊အသင်သည် မိမိရေများကို စုပ်ယူ မျိုချလေလော့။၎င်းပြင် အို-မိုးကောင်ကင် အသင်သည် (မိုးရွာသွန်းခြင်းကို)ရပ်ဆိုင်းလေလော့။ ထိုရောအခါဝယ် ရေသည် လျော့ပါး၍သွားခဲ့လေသည်။ ထို့ပြင် အရေးကိစ္စသည်လည်း ပြီးမြောက်သွားခဲ့ရလေသည်။ ၎င်းပြင် ထိုသင်္ဘောသည်လည်း ဂျူဒီတောင်ပေါ်၌ ရပ်နား၍သွားခဲ့လေသည်။ ထိုမှတစ်ပါး (မိမိတို့ကိုယ်ကို မိမိတို့ပင်) နှိပ်စက်ကလူ ပြုမူကုန် သောသူတို့သည်(ကရုဏာတော်(ကရုဏာတော်မှ) ကင်းဝေခဲ့ကြချေပြီးတကားဟု မိန့်ကြားတော်မူခြင်းခံခဲ့ရလေသတည်း။
45وَنَادَىٰ نُوحٌ رَّبَّهُ فَقَالَ رَبِّ إِنَّ ابْنِي مِنْ أَهْلِي وَإِنَّ وَعْدَكَ الْحَقُّ وَأَنتَ أَحْكَمُ الْحَاكِمِينَ
ထို့ပြင် (နဗီတမန်တော်) နူဟ်သည် မိမိ အရှင်မြတ်အား ဟစ်ခေါ်၍(ဤသို့)လျှောက်ထား ပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုး၏အရှင်မြတ် ဧကန်အမှန် ကျွန်တော်တော်မျိုး၏သားသည် ကျွန်တော်မျိုး၏ အိမ်သားတို့အနက်မှဖြစ်ပါသည်။ ၎င်းပြင် အရှင်မြတ်၏ပဋိညာဉ်တော်သည်လည်းလုံးဝမှန်ကန်ပါ၏။ စင်စစ်သော်ကား အရှင်မြတ်သည်စီရင်ဆုံး ဖြတ်သူတို့တွင် သမာသမတ်အဖြစ်ဆုံးသောအရှင် မြတ်ပင်ဖြစ်တော်မူပါသတည်း။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
43အာယာသ်

ဘာသာပြန် — ဟူဒ် 43

စူရာ ဟူဒ် အာယာသ် 43 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို(နဗီတမန်တော်၏)သားက ကျွန်ုပ်သည် ယခုပင် တောင်တစ်ခုခုသို့(တက်၍) အကာအကွယ်ယူမည်။ ထိုတောင်သည် ကျွန်ုပ်အား ရေဘေးမှ ထိန်းသိမ်းကာကွယ်ပေလိမ့်မည်ဟု ပြောဆိုခဲ့လေ၏။…

စူရာ အာယာသ် 43/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 41–45. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers