ဟူဒ် · 44/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
وَقِيلَ يَا أَرْضُ ابْلَعِي مَاءَكِ وَيَا سَمَاءُ أَقْلِعِي وَغِيضَ الْمَاءُ وَقُضِيَ الْأَمْرُ وَاسْتَوَتْ عَلَى الْجُودِيِّ ۖ وَقِيلَ بُعْدًا لِّلْقَوْمِ الظَّالِمِينَ ۝٤٤
Wa qeela yaaa ardubla`ee maaa`aki wa yaa samaaa`u aqi`ee wa gheedal maaa`u wa qudiyal amru wastawat `alal joodiyyi wa qeela bu`dal lilqawmiz zaalimeen
📖 မြန်မာဘာသာ
ထို့နောက် (အလ္လာဟ်အရှင်မြတ်အထံတော်မှဤသို့)အမိန့်တော် ထုတ်ပြန်တော်မူလိုက်လေသည်။ အိုပထဝီမြေ၊အသင်သည် မိမိရေများကို စုပ်ယူ မျိုချလေလော့။၎င်းပြင် အို-မိုးကောင်ကင် အသင်သည် (မိုးရွာသွန်းခြင်းကို)ရပ်ဆိုင်းလေလော့။ ထိုရောအခါဝယ် ရေသည် လျော့ပါး၍သွားခဲ့လေသည်။ ထို့ပြင် အရေးကိစ္စသည်လည်း ပြီးမြောက်သွားခဲ့ရလေသည်။ ၎င်းပြင် ထိုသင်္ဘောသည်လည်း ဂျူဒီတောင်ပေါ်၌ ရပ်နား၍သွားခဲ့လေသည်။ ထိုမှတစ်ပါး (မိမိတို့ကိုယ်ကို မိမိတို့ပင်) နှိပ်စက်ကလူ ပြုမူကုန် သောသူတို့သည်(ကရုဏာတော်(ကရုဏာတော်မှ) ကင်းဝေခဲ့ကြချေပြီးတကားဟု မိန့်ကြားတော်မူခြင်းခံခဲ့ရလေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာမြေနှင့် မိုးကောင်းကင်အား မိန့်ဆိုသော စကားလုံးများ၏ အဓိပ္ပာယ်
  • ယာ အရဒ် : အို ကမ္ဘာမြေ
  • အဗ်လအီ : မျိုချပါ၊ စုပ်ယူပါ
  • မာအကိ : သင်၏ရေ
  • ယာ သမာအ် : အို မိုးကောင်းကင်
  • အက္လိအီ : ရပ်တန့်ပါ၊ ရွာသွန်းခြင်းကို ရပ်ပါ
  • ဂီဒါ : လျော့နည်းသွားသည်၊ ခန်းခြောက်သွားသည်
  • ကုဒီယ : အမိန့်ပြီးဆုံးသည်၊ ဆုံးဖြတ်ချက်ပြီးမြောက်သည်
  • ဣစ်တဝသ် : တည်ငြိမ်စွာရပ်နားသည်
  • ဂျူဒီ : ဂျူဒီတောင်သည် တောင်အမည်
  • ဗုအ်ဒါ : ပျက်စီးခြင်း၊ ဝေးကွာခြင်း၊ ကြာကြာခွဲခွာခြင်း
  • ဇွာလိမီးန် : မတရားသောသူများ၊ ကိုယ်ကိုကိုယ် မတရားပြုသူများ
  1. ဤအာယသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တူဖာန်ရေလွှမ်းမိုးမှုကြီး အဆုံးသတ်ချိန်တွင် အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာမြေအား “အို ကမ္ဘာမြေ၊ သင့်အပေါ်ရှိ ရေများကို မျိုချလိုက်ပါ” ဟု မိန့်တော်မူခဲ့သည်။ ထို့နောက် မိုးကောင်းကင်အား “အို မိုးကောင်းကင်၊ မိုးရွာသွန်းခြင်းကို ရပ်တန့်လိုက်ပါ” ဟု မိန့်တော်မူခဲ့သည်။ ထိုအခါ ရေများသည် တဖြည်းဖြည်း လျော့နည်းခန်းခြောက်သွားပြီး မြေပြင်သည် ပြန်လည်ပေါ်ထွက်လာခဲ့သည်။ နူးဟ် (အလိုင်ဟိစ်စလာမ်) ၏ လူမျိုးများ ဖျက်ဆီးခံရမည့် အမိန့်တော်သည်လည်း ပြီးမြောက်သွားခဲ့သည်။ သင်္ဘောကြီးသည် ဂျူဒီတောင်ပေါ်တွင် တည်ငြိမ်စွာ ရပ်နားခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ စည်းဘောင်များကို ကျော်လွန်ခဲ့ကြသော၊ မယုံကြည်မှုဖြင့် ကိုယ်ကိုကိုယ် မတရားပြုခဲ့ကြသော လူမျိုးများအတွက် ပျက်စီးခြင်းနှင့် ကြာရှည်ဝေးကွာခြင်းသည် ဖြစ်ပါစေဟု မိန့်တော်မူခဲ့သည်။

  1. ဤအာယသ်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းအပေါ် စိုးပိုင်နိုင်စွမ်းရှိကြောင်း သိရှိစေသည်။ ကမ္ဘာမြေနှင့် မိုးကောင်းကင်ကဲ့သို့သော ကြီးမားသော ဖန်ဆင်းခံများပင် အရှင်မြတ်၏ အမိန့်တော်ကို ချက်ချင်းနာခံကြသည်။
  • အရှင်မြတ်၏ ကတိတော်သည် ဧကန်မုချ ပြီးမြောက်သည်။ မယုံကြည်သူများကို ဖျက်ဆီးမည်ဟု ကတိပြုတော်မူခဲ့သည့်အတိုင်း အတိအကျ ဖြစ်ပေါ်ခဲ့သည်။
  • နူးဟ် (အလိုင်ဟိစ်စလာမ်) နှင့် သူ၏နောက်လိုက်များသည် အရှင်မြတ်၏ ကယ်တင်ခြင်းကို ရရှိခဲ့ကြသည်။ သင်္ဘောကြီး ဂ


📜 အာယာသ် 42-46 — စူရာ ဟူဒ်

42وَهِيَ تَجْرِي بِهِمْ فِي مَوْجٍ كَالْجِبَالِ وَنَادَىٰ نُوحٌ ابْنَهُ وَكَانَ فِي مَعْزِلٍ يَا بُنَيَّ ارْكَب مَّعَنَا وَلَا تَكُن مَّعَ الْكَافِرِينَ
၎င်းနောက် ထိုသင်္ဘောသည် ၎င်းတို့အား တင်ဆောင်၍ တောင်လုံးကြီးများပမာ ကြီးမားလှသော လှိုင်းတံပိုး၏ကြားဝပ်တွားလျက်ရှိပေသည်။ ထို့ပြင် (နဗီတမန်တော်)နူဟ်သည် မိမိ၏သား(ကင်န်အာန်)အား ဟစ်ခေါ်ခဲ့လေသည်။ စင်စစ် ထိုသားသည် အဝေး၌ပင်ရှိနေခဲ့လေသည်။ (သို့ဖြစ်ပေရာနဗီတမန်တော်နူဟ်သည် ၎င်းအား) အို-ချစ်သား အသင်သည်ငါတို့နှင့်အတူ(သင်္ဘောပေါ်သို့)စီနင်းခဲ့ပါလေ။ ၎င်းပြင် အသင်သည် ကာဖိရ်မယုံမကြည်သွေဖည်ငြင်းပယ်ကုန်သော သူတို့နှင့်အတူမနေရစ်လေနှင့် (ဟု ဟစ်အော်ပြောဆိုခဲ့လေသတည်း)
43قَالَ سَآوِي إِلَىٰ جَبَلٍ يَعْصِمُنِي مِنَ الْمَاءِ ۚ قَالَ لَا عَاصِمَ الْيَوْمَ مِنْ أَمْرِ اللَّهِ إِلَّا مَن رَّحِمَ ۚ وَحَالَ بَيْنَهُمَا الْمَوْجُ فَكَانَ مِنَ الْمُغْرَقِينَ
ထို(နဗီတမန်တော်၏)သားက ကျွန်ုပ်သည် ယခုပင် တောင်တစ်ခုခုသို့(တက်၍) အကာအကွယ်ယူမည်။ ထိုတောင်သည် ကျွန်ုပ်အား ရေဘေးမှ ထိန်းသိမ်းကာကွယ်ပေလိမ့်မည်ဟု ပြောဆိုခဲ့လေ၏။ (ထိုအခါ) ယင်း(နဗီတမန်တော်နူဟ်)က ယနေ့မူကား အလ္လာဟ်အရှင်မြတ်အမိန့်တော်မှ(ပြစ်ဒဏ်တော်မှ) ထိန်းသိမ်းကာကွယ်မည့်သူ အလျဉ်း မရှိချေ။ထိုအရှင်မြတ်က သနားညှာတာတော်မူသောသူမှတစ်ပါး(မည်သူတစ်ဦးတစ်ယောက်မျှ ဤပြစ်ဒဏ်မှ လွတ် မြောက်နိုင်လိမ့်မည် မဟုတ်ပေတကား၊) ထို့နောက် လှိုင်းတံပိုး(များ)သည်၎င်းတို့(သားအဖ)နှစ်ဦး၏စပ်ကြားဝယ် ကြားဝင်(ဆီးကာ)ခဲ့လေသည်။ သို့ဖြစ် ပေရာ ၎င်းသည် နှစ်မြုပ်ခြင်းခံရသူတို့တွင်အပါအဝင် ဖြစ်ခဲ့လေသတည်း။
44وَقِيلَ يَا أَرْضُ ابْلَعِي مَاءَكِ وَيَا سَمَاءُ أَقْلِعِي وَغِيضَ الْمَاءُ وَقُضِيَ الْأَمْرُ وَاسْتَوَتْ عَلَى الْجُودِيِّ ۖ وَقِيلَ بُعْدًا لِّلْقَوْمِ الظَّالِمِينَ
ထို့နောက် (အလ္လာဟ်အရှင်မြတ်အထံတော်မှဤသို့)အမိန့်တော် ထုတ်ပြန်တော်မူလိုက်လေသည်။ အိုပထဝီမြေ၊အသင်သည် မိမိရေများကို စုပ်ယူ မျိုချလေလော့။၎င်းပြင် အို-မိုးကောင်ကင် အသင်သည် (မိုးရွာသွန်းခြင်းကို)ရပ်ဆိုင်းလေလော့။ ထိုရောအခါဝယ် ရေသည် လျော့ပါး၍သွားခဲ့လေသည်။ ထို့ပြင် အရေးကိစ္စသည်လည်း ပြီးမြောက်သွားခဲ့ရလေသည်။ ၎င်းပြင် ထိုသင်္ဘောသည်လည်း ဂျူဒီတောင်ပေါ်၌ ရပ်နား၍သွားခဲ့လေသည်။ ထိုမှတစ်ပါး (မိမိတို့ကိုယ်ကို မိမိတို့ပင်) နှိပ်စက်ကလူ ပြုမူကုန် သောသူတို့သည်(ကရုဏာတော်(ကရုဏာတော်မှ) ကင်းဝေခဲ့ကြချေပြီးတကားဟု မိန့်ကြားတော်မူခြင်းခံခဲ့ရလေသတည်း။
45وَنَادَىٰ نُوحٌ رَّبَّهُ فَقَالَ رَبِّ إِنَّ ابْنِي مِنْ أَهْلِي وَإِنَّ وَعْدَكَ الْحَقُّ وَأَنتَ أَحْكَمُ الْحَاكِمِينَ
ထို့ပြင် (နဗီတမန်တော်) နူဟ်သည် မိမိ အရှင်မြတ်အား ဟစ်ခေါ်၍(ဤသို့)လျှောက်ထား ပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုး၏အရှင်မြတ် ဧကန်အမှန် ကျွန်တော်တော်မျိုး၏သားသည် ကျွန်တော်မျိုး၏ အိမ်သားတို့အနက်မှဖြစ်ပါသည်။ ၎င်းပြင် အရှင်မြတ်၏ပဋိညာဉ်တော်သည်လည်းလုံးဝမှန်ကန်ပါ၏။ စင်စစ်သော်ကား အရှင်မြတ်သည်စီရင်ဆုံး ဖြတ်သူတို့တွင် သမာသမတ်အဖြစ်ဆုံးသောအရှင် မြတ်ပင်ဖြစ်တော်မူပါသတည်း။
46قَالَ يَا نُوحُ إِنَّهُ لَيْسَ مِنْ أَهْلِكَ ۖ إِنَّهُ عَمَلٌ غَيْرُ صَالِحٍ ۖ فَلَا تَسْأَلْنِ مَا لَيْسَ لَكَ بِهِ عِلْمٌ ۖ إِنِّي أَعِظُكَ أَن تَكُونَ مِنَ الْجَاهِلِينَ
ထိုအရှင်မြတ်သည် (ဤသို့)ပြန်ကြားတော်မူခဲ့လေသည်။ အို-နူဟ်၊ ဧကန်စင်စစ် ယင်းသားသည် အသင်၏အိမ်သားတို့အနက်မှမဟုတ်ပေ။ ဧကန်မလွဲ ၎င်းသည်မကောင်းမှုကို ပြုမူကျင့်ဆောင်သောသူပင်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်သည် မိမိမသိသောအရာကို ငါအရှင်မြတ်အထံတော်တွင် လျှောက်ထားခြင်းမပြုပါလေနှင့်။ မုချစင်စစ် ငါအရှင်မြတ်သည် အသင့်အား(အနာဂတ်တွင်)အသင်သည် မသိသူတို့နှင့် အပါအဝင်မဖြစ်ရန် ဆုံးမတော်မူသည်။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
44အာယာသ်

ဘာသာပြန် — ဟူဒ် 44

စူရာ ဟူဒ် အာယာသ် 44 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် (အလ္လာဟ်အရှင်မြတ်အထံတော်မှဤသို့)အမိန့်တော် ထုတ်ပြန်တော်မူလိုက်လေသည်။ အိုပထဝီမြေ၊အသင်သည် မိမိရေများကို စုပ်ယူ မျိုချလေလော့။၎င်းပြင် အို-မိုးကောင်ကင် အသင်သည် (မိုးရွာသွန်းခြင်းကို)ရပ်ဆိုင်းလေလော့။…

စူရာ အာယာသ် 44/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 42–46. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers