📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 240
وَٱتَّبَعۡتُ مِلَّةَ ءَابَآءِيٓ إِبۡرَٰهِيمَ وَإِسۡحَٰقَ وَيَعۡقُوبَۚ مَا كَانَ لَنَآ أَن نُّشۡرِكَ بِٱللَّهِ مِن شَيۡءٍۚ ذَٰلِكَ مِن فَضۡلِ ٱللَّهِ عَلَيۡنَا وَعَلَى ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَشۡكُرُونَ  ۝٣٨ يَٰصَٰحِبَيِ ٱلسِّجۡنِ ءَأَرۡبَابٌ مُّتَفَرِّقُونَ خَيۡرٌ أَمِ ٱللَّهُ ٱلۡوَٰحِدُ ٱلۡقَهَّارُ  ۝٣٩ مَا تَعۡبُدُونَ مِن دُونِهِۦٓ إِلَّآ أَسۡمَآءً سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّآ أَنزَلَ ٱللَّهُ بِهَا مِن سُلۡطَٰنٍۚ إِنِ ٱلۡحُكۡمُ إِلَّا لِلَّهِ أَمَرَ أَلَّا تَعۡبُدُوٓاْ إِلَّآ إِيَّاهُۚ ذَٰلِكَ ٱلدِّينُ ٱلۡقَيِّمُ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ  ۝٤٠ يَٰصَٰحِبَيِ ٱلسِّجۡنِ أَمَّآ أَحَدُكُمَا فَيَسۡقِي رَبَّهُۥ خَمۡرًاۖ وَأَمَّا ٱلۡأٓخَرُ فَيُصۡلَبُ فَتَأۡكُلُ ٱلطَّيۡرُ مِن رَّأۡسِهِۦۚ قُضِيَ ٱلۡأَمۡرُ ٱلَّذِي فِيهِ تَسۡتَفۡتِيَانِ  ۝٤١ وَقَالَ لِلَّذِي ظَنَّ أَنَّهُۥ نَاجٍ مِّنۡهُمَا ٱذۡكُرۡنِي عِندَ رَبِّكَ فَأَنسَىٰهُ ٱلشَّيۡطَٰنُ ذِكۡرَ رَبِّهِۦ فَلَبِثَ فِي ٱلسِّجۡنِ بِضۡعَ سِنِينَ  ۝٤٢ وَقَالَ ٱلۡمَلِكُ إِنِّيٓ أَرَىٰ سَبۡعَ بَقَرَٰتٍ سِمَانٍ يَأۡكُلُهُنَّ سَبۡعٌ عِجَافٌ وَسَبۡعَ سُنۢبُلَٰتٍ خُضۡرٍ وَأُخَرَ يَابِسَٰتٍۖ يَٰٓأَيُّهَا ٱلۡمَلَأُ أَفۡتُونِي فِي رُءۡيَٰيَ إِن كُنتُمۡ لِلرُّءۡيَا تَعۡبُرُونَ  ۝٤٣
12:38
وَٱتَّبَعۡتُ مِلَّةَ ءَابَآءِيٓ إِبۡرَٰهِيمَ وَإِسۡحَٰقَ وَيَعۡقُوبَۚ مَا كَانَ لَنَآ أَن نُّشۡرِكَ بِٱللَّهِ مِن شَيۡءٍۚ ذَٰلِكَ مِن فَضۡلِ ٱللَّهِ عَلَيۡنَا وَعَلَى ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَشۡكُرُونَ  ۝٣٨
၎င်းပြင် ကျွန်ုပ်သည် မိမိဘေးတော်၊ ဘိုးတော်နှင့်ခမည်းတော်များ ဖြစ်ကြကုန်သော (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၊ (နဗီတမန်တော်) အစ္စဟာက်၊ နဗီတမန်တော် ယအ်ကူဗ်တို့၏ သာသနာကိုပင် လိုက်နာခဲ့ပေသည်။ ကျွန်ုပ်တို့အဖို့မည်သည့် တစ်စုံတစ်ရာကိုမျှ အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်)ရန် (လုံးဝ)မထိုက်ပေ။ ဤ(သည့်အယူဝါဒ)သည်ကား ကျွန်ုပ်တို့အပေါ်၌လည်းကောင်း၊ လူခပ်သိမ်းတို့အပေါ် ၌လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏(ကြီးမားလှစွာသော) ကျေးဇူးတော် တစ်ရပ်ပင် ဖြစ်ချေသည်။ သို့ရာတွင်လူသားအနက် အများစုမှာမူ(ဤမျှကြီးမားလှသော) ကျေးဇူးတော်ကိုပင် မသိတတ်ကြပေတကား။
12:39
يَٰصَٰحِبَيِ ٱلسِّجۡنِ ءَأَرۡبَابٌ مُّتَفَرِّقُونَ خَيۡرٌ أَمِ ٱللَّهُ ٱلۡوَٰحِدُ ٱلۡقَهَّارُ  ۝٣٩
အို-(ကျွန်ုပ်၏)အကျဉ်းထောင်ဖက် မိတ်ဆွေနှစ်ဦး အထူးထူး အပြားပြားသော ကိုးကွယ်ရာများ ပင် သာလွန်၍ကောင်းမြတ်ကြသလော၊ သို့တည်းမဟုတ် (အလုံးစုံတို့ထက်ဝယ်) နှိမ်နင်းလွှမ်းမိုးတော် မူသောတစ်ဆူတည်းသောအလ္လာဟ်အရှင်မြတ်သည်ပင် သာလွန်၍ ကောင်းမြတ်တော်မူပါလေသလော။
12:40
مَا تَعۡبُدُونَ مِن دُونِهِۦٓ إِلَّآ أَسۡمَآءً سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّآ أَنزَلَ ٱللَّهُ بِهَا مِن سُلۡطَٰنٍۚ إِنِ ٱلۡحُكۡمُ إِلَّا لِلَّهِ أَمَرَ أَلَّا تَعۡبُدُوٓاْ إِلَّآ إِيَّاهُۚ ذَٰلِكَ ٱلدِّينُ ٱلۡقَيِّمُ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ  ۝٤٠
(အမှန်စင်စစ်ကား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်၍ အသင်တို့၏အဖ၊ ဘိုးဘေးများ၊ အပါအဝင် မိမိတို့ကိုယ်တိုင် အမည်နာမမှည့်ခေါ်ထားသည့် (ဘုရား)များကိုသာ ကိုးကွယ်နေကြကုန်၏။ (စင်စစ်ဆိုသော်)အလ္လာဟ်အရှင်မြတ် သည် ၎င်းတို့(အား ကိုးကွယ်ရန်)နှင့်စပ်လျဉ်း၍ သက်သေခံ တစ်စုံတစ်ရာမျှပင် ချပေးတာ်မူခဲ့သည်မဟုတ်ပေ။ အမိန့်အာဏာ (အလုံးစုံတို့)ကား အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ထိုအရှင်မြတ်က အသင်တို့သည်ထိုအရှင်မြတ်မှတစ်ပါး မည်သည့်တစ်စုံတစ်ရာကိုမျှ မကိုးကွယ်ကြရ ဟု အမိန့်တော်ထုတ်ပြန် ချမှတ်တော် မူခဲ့လေသည်။ဤသည်သာလျှင် ဖြောင့်မတ်မှန်ကန်သော သာသနာတော်ပင်တည်း။ သို့ရာတွင် အများဆုံး သောလူတို့မှာကား မသိနားမလည်ကြပေ။
12:41
يَٰصَٰحِبَيِ ٱلسِّجۡنِ أَمَّآ أَحَدُكُمَا فَيَسۡقِي رَبَّهُۥ خَمۡرًاۖ وَأَمَّا ٱلۡأٓخَرُ فَيُصۡلَبُ فَتَأۡكُلُ ٱلطَّيۡرُ مِن رَّأۡسِهِۦۚ قُضِيَ ٱلۡأَمۡرُ ٱلَّذِي فِيهِ تَسۡتَفۡتِيَانِ  ۝٤١
အို-အကျဉ်းထောင်ဖက် မိတ်ဆွေနှစ်ဦး၊ မည်သို့ပင်ဖြစ်စေ၊ အသင်တို့နှစ်ဦးအနက် တစ်ဦးမှာမူ မိမိ၏သခင်(ဖြစ်သောဘုရင်)အား (ရှေးယခင်အတိုင်းပင်) သေစာအရက်ကို ဆက်လက်၍တိုက်ကျွေးရပေမည်၊ သို့ရာတွင် တခြားတစ်ဦးမှာမူကား လက်ဝါး ကပ်တိုင်သို့ အတင်ခံရပြီးနောက် ငှက်များသည် ဦးခေါင်းကို (နှုတ်သီးဖြင့် ထိုး၍)စားကြပေလိမ့်မည်။အသင်တို့နှစ်ဦး မေးမြန်းလျက် ရှိကြကုန်သောကိစ္စမှာ (ဤအတိုင်းပင်) ပြဌာန်းပြီးဖြစ်ခဲ့ပေသတည်း။
12:42
وَقَالَ لِلَّذِي ظَنَّ أَنَّهُۥ نَاجٍ مِّنۡهُمَا ٱذۡكُرۡنِي عِندَ رَبِّكَ فَأَنسَىٰهُ ٱلشَّيۡطَٰنُ ذِكۡرَ رَبِّهِۦ فَلَبِثَ فِي ٱلسِّجۡنِ بِضۡعَ سِنِينَ  ۝٤٢
၎င်းပြင် ထိုယူဆွဖ်သည် ယင်းလုလင်နှစ်ဦးအနက်မှ လွတ်မြောက်မည့်သူဖြစ်သည်ကို ယုံကြည် သာသူအား အသင်သည် မိမိသခင်(ဖြစ်သောဘုရင် မင်းမြတ်)ထံတွင်ကျွန်ုပ်၏အကျိုးအကြောင်းကို ဖော် ပြပြောဆိုပါလေဟု ပြောဆိုမှာကြားခဲ့လေ၏။ သို့ရာတွင် ရှိုင်တွာန်မိစ္ဆာကောင်သည်ထိုလုလင်အား မိမိသခင် (ဘုရင်မင်းမြတ်)ရှေ့တွင်ထိုယူဆွဖ်၏အကြောင်း ပြောပြရန် မေ့လျော့စေခဲ့ရာ ထိုယူဆွဖ်သည် အကျဉ်းထောင်ထဲတွင် နှစ်ကာလအတန်ကြာအောင်နေထိုင်ခဲ့ရလေသတည်း။
12:43
وَقَالَ ٱلۡمَلِكُ إِنِّيٓ أَرَىٰ سَبۡعَ بَقَرَٰتٍ سِمَانٍ يَأۡكُلُهُنَّ سَبۡعٌ عِجَافٌ وَسَبۡعَ سُنۢبُلَٰتٍ خُضۡرٍ وَأُخَرَ يَابِسَٰتٍۖ يَٰٓأَيُّهَا ٱلۡمَلَأُ أَفۡتُونِي فِي رُءۡيَٰيَ إِن كُنتُمۡ لِلرُّءۡيَا تَعۡبُرُونَ  ۝٤٣
ထို့နောက် ဘုရင်က ဧကန်စင်စစ် ငါသည်အိပ်မက်တွင် ဝဝဖြိုးဖြိုးရှိကြကုန်သော နွားမခုနစ်ကောင်ကိုပိန်ချုံးလျက်ရှိသော နွားမခုနစ်ကောင်တို့က စား၍နေကြသည်ကိုလည်းကောင်း၊ စိုစိမ်းသော စပါးနှံခုနစ်နှံနှင့်အခြား သွေ့ခြောက်လျက်ရှိကုန်သော (စပါးနှံ ခုနစ်နှံတို့ကို)လည်းကောင်း၊မြင်မက်ခဲ့ လေသည်။ အို-မှူးကြီးမတ်ရာတို့၊ အကယ်၍ အသင်တို့သည် အိပ်မက်ဒိဗ်ဓုမ်ကိုပြော၍ ပြတတ်ကြပါလျှင် ငါ၏(ဤမည်သော) အိပ်မက်ဒိဗ်ဓုမ်ကို ငါ့အား တင်လျှောက်ကြလေကုန်ဟု ပြောကြားခဲ့လေ၏။


📚 12 📄240 / 604



M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Monday, October 12, 2026

Don't forget us in your sincere prayers