وَاتَّبَعْتُ مِلَّةَ آبَائِي إِبْرَاهِيمَ وَإِسْحَاقَ وَيَعْقُوبَ ۚ مَا كَانَ لَنَا أَن نُّشْرِكَ بِاللَّهِ مِن شَيْءٍ ۚ ذَٰلِكَ مِن فَضْلِ اللَّهِ عَلَيْنَا وَعَلَى النَّاسِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَشْكُرُونَ ٣٨
🔤 Transliteration
Wattab`tu millata aabaaa`eee Ibraaheema wa Ishaaqa wa Ya`qoob; maa kaana lanaaa an nushrika billaahi min shai` zaalikamin fadlil laahi `alainaa wa `alan naasi wa laakinna aksaran naasi laa yashkuroon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းပြင် ကျွန်ုပ်သည် မိမိဘေးတော်၊ ဘိုးတော်နှင့်ခမည်းတော်များ ဖြစ်ကြကုန်သော (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၊ (နဗီတမန်တော်) အစ္စဟာက်၊ နဗီတမန်တော် ယအ်ကူဗ်တို့၏ သာသနာကိုပင် လိုက်နာခဲ့ပေသည်။ ကျွန်ုပ်တို့အဖို့မည်သည့် တစ်စုံတစ်ရာကိုမျှ အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်)ရန် (လုံးဝ)မထိုက်ပေ။ ဤ(သည့်အယူဝါဒ)သည်ကား ကျွန်ုပ်တို့အပေါ်၌လည်းကောင်း၊ လူခပ်သိမ်းတို့အပေါ် ၌လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏(ကြီးမားလှစွာသော) ကျေးဇူးတော် တစ်ရပ်ပင် ဖြစ်ချေသည်။ သို့ရာတွင်လူသားအနက် အများစုမှာမူ(ဤမျှကြီးမားလှသော) ကျေးဇူးတော်ကိုပင် မသိတတ်ကြပေတကား။
🌐 Additional reference in ภาษาไทย
၁။ ကလိမဟ်များ၏ အဓိပ္ပာယ်
မိလ္လသ် (مِلَّة ): ဒီန်၊ လမ်းစဉ်၊ ဘာသာတရား ဟု အဓိပ္ပာယ်ရသည်။ ရှိရ်က် (شِرْك ): အလ္လာဟ်အရှင်မြတ်နှင့် အခြားအရာများကို တွဲဖက်ကိုးကွယ်ခြင်း။ ဖဿွလ် (فَضْل ): ကျေးဇူးတော်၊ ဂုဏ်ကျေးဇူး။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
(ယူစူဖ်က ဤသို့ဆို၏) ကျွန်ုပ်သည် ကျွန်ုပ်၏ ဘိုးဘေးများဖြစ်ကြသော အိဗ်ရာဟီမ်၊ အိစ်ဟာက်နှင့် ယအ်ကူဗ်တို့၏ လမ်းစဉ်ကို လိုက်နာခဲ့ပါသည်။ ကျွန်ုပ်တို့အနေဖြင့် အလ္လာဟ်အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ တွဲဖက်ကိုးကွယ်ရန် မသင့်လျော်ပါ။ ဤသို့ တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ကျွန်ုပ်တို့အပေါ်၌လည်းကောင်း၊ လူသားအားလုံးအပေါ်၌လည်းကောင်း ချီးမြှင့်ပေးအပ်တော်မူသော ကျေးဇူးတော်တစ်ရပ် ဖြစ်ပါသည်။ သို့ရာတွင် လူအများစုသည် ကျေးဇူးမတင်ကြပေ။
ရှင်းလင်းချက်။ ။ ယူစူဖ် (အ.စ) သည် သူ၏ ဘိုးဘေးများဖြစ်သော အိဗ်ရာဟီမ်၊ အိစ်ဟာက်နှင့် ယအ်ကူဗ် (အ.စ) တို့၏ ဘာသာတရားဖြစ်သော အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းကို ကိုးကွယ်သည့် လမ်းစဉ်ကို လိုက်နာကြောင်း ဖော်ပြခဲ့သည်။ ဤလမ်းစဉ်သည် အလ္လာဟ်အရှင်မြတ်နှင့် အခြားမည်သည့်အရာကိုမျှ တွဲဖက်ကိုးကွယ်ခြင်းမှ ကင်းစင်သော လမ်းစဉ်ဖြစ်သည်။ နဗီတမန်တော်များသည် ရှိရ်က် (တွဲဖက်ကိုးကွယ်ခြင်း) မှ ကင်းစင်သူများဖြစ်ကြသည်။ ဤသို့ တစ်ဆူတည်းကိုးကွယ်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်များကို လူသားများထံ စေလွှတ်တော်မူခြင်းဖြင့် လူသားအားလုံးအပေါ် ကျေးဇူးပြုတော်မူခဲ့သည်။ သို့သော် လူအများစုသည် ဤကျေးဇူးတော်ကို မသိတတ်ကြဘဲ ကျေးဇူးမတင်ကြပေ။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူသည်။ ကိုးကွယ်ထိုက်သော အရှင်မှာ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာ ဖြစ်သည်။ နဗီတမန်တော်များအားလုံးသည် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ရန် ဖိတ်ခေါ်ခဲ့ကြသည်။ ဤသည်မှာ သူတို့အားလုံး၏ တူညီသော လမ်းစဉ်ဖြစ်သည်။ တစ်ဆူတည်းကိုးကွယ်ခြင်း (တ
وَٱتَّبَعۡتُ مِلَّةَ ءَابَآءِيٓ إِبۡرَٰهِيمَ وَإِسۡحَٰقَ وَيَعۡقُوبَۚ مَا كَانَ لَنَآ أَن نُّشۡرِكَ بِٱللَّهِ مِن شَيۡءٍۚ ذَٰلِكَ مِن فَضۡلِ ٱللَّهِ عَلَيۡنَا وَعَلَى ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَشۡكُرُونَ ٣٨
၎င်းပြင် ကျွန်ုပ်သည် မိမိဘေးတော်၊ ဘိုးတော်နှင့်ခမည်းတော်များ ဖြစ်ကြကုန်သော (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၊ (နဗီတမန်တော်) အစ္စဟာက်၊ နဗီတမန်တော် ယအ်ကူဗ်တို့၏ သာသနာကိုပင် လိုက်နာခဲ့ပေသည်။ ကျွန်ုပ်တို့အဖို့မည်သည့် တစ်စုံတစ်ရာကိုမျှ အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်)ရန် (လုံးဝ)မထိုက်ပေ။ ဤ(သည့်အယူဝါဒ)သည်ကား ကျွန်ုပ်တို့အပေါ်၌လည်းကောင်း၊ လူခပ်သိမ်းတို့အပေါ် ၌လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏(ကြီးမားလှစွာသော) ကျေးဇူးတော် တစ်ရပ်ပင် ဖြစ်ချေသည်။ သို့ရာတွင်လူသားအနက် အများစုမှာမူ(ဤမျှကြီးမားလှသော) ကျေးဇူးတော်ကိုပင် မသိတတ်ကြပေတကား။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 36-40 — စူရာ ယူစူဖ်
36 وَدَخَلَ مَعَهُ السِّجْنَ فَتَيَانِ ۖ قَالَ أَحَدُهُمَا إِنِّي أَرَانِي أَعْصِرُ خَمْرًا ۖ وَقَالَ الْآخَرُ إِنِّي أَرَانِي أَحْمِلُ فَوْقَ رَأْسِي خُبْزًا تَأْكُلُ الطَّيْرُ مِنْهُ ۖ نَبِّئْنَا بِتَأْوِيلِهِ ۖ إِنَّا نَرَاكَ مِنَ الْمُحْسِنِينَ
၎င်းပြင် ထိုယူဆွဖ်နှင့်အတူ လုလင်နှစ်ဦးသည်လည်း အကျဉ်းထောင်ထဲသို့ ဝင်ရောက်ခဲ့ကြလေသည်။ ထိုလုလင်နှစ်ဦးအနက်မှ တစ်ဦးက(ယူဆွဖ်အား)ဧကန်စင်စစ် ကျွန်ုပ်သည် (အိပ်မက်တွင်)မိမိကိုယ်ကို မိမိ စပျစ်ရည်ညှစ်နေသည်ဟုတွေ့မြင်ကြောင်း ပြောပြ ခဲ့လေသည်။ အခြားတစ်ဦးကမူဧကန်အမှန် ကျွန်ုပ်သည် မိမိကိုယ်ကို(အိပ်မက်တွင် တွေ့မြင်ခဲ့သည်မှာ) ကျွန်ုပ်သည် မိမိဦးခေါင်းထက်ဝယ် မုန့်(ဗျပ်)ကိုရွက်လျက်ရှိပေရာ ငှက်များသည် ထို့မုန့်များမှ(မိမိတို့၏နှုတ်သီးများဖြင့်ထိုး၍) စားနေကြသည်ကို တွေ့မြင်ကြောင်း၊ အသင်သည်(ထိုအိပ်မက်)၏ဒိဗ်ဓုမ်ကို ကျွန်ုပ်တို့အားကြားသိစေပါလေ၊ ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင့်အား သူတော်စင်တစ်ဦးဖြစ်ကြောင်း တွေ့မြင်ကြပါသည်ဟု ပြာဆိုခဲ့ကြလေသတည်း။
37 قَالَ لَا يَأْتِيكُمَا طَعَامٌ تُرْزَقَانِهِ إِلَّا نَبَّأْتُكُمَا بِتَأْوِيلِهِ قَبْلَ أَن يَأْتِيَكُمَا ۚ ذَٰلِكُمَا مِمَّا عَلَّمَنِي رَبِّي ۚ إِنِّي تَرَكْتُ مِلَّةَ قَوْمٍ لَّا يُؤْمِنُونَ بِاللَّهِ وَهُم بِالْآخِرَةِ هُمْ كَافِرُونَ
(ထိုအခါ)ယူဆွဖ်က (ဤသို့)ပြောကြားခဲ့လေသည်။ အသင်တို့နှစ်ဦး ကျွေးမွေးခြင်းခံကြရသော အစာအာဟာရသည် အသင်တို့နှစ်ဦးထံ ရောက်မလာမီပင် ကျွန်ုပ်သည်အသင်တို့အား ယင်းအိပ်မက်ကို ကြားသိစေလေ့ရှိပါမည်။ ဤကား ကျွန်ုပ်အား ကျွန်ုပ်၏အရှင်မြတ်က သင်ကြားတော်မူခဲ့သော ပညာများအနက်မှ ဖြစ်ပေသည်။ အမှန်စင်စစ် ကျွန်ုပ်သည် (ယခင်မူလကပင်) အကြင်သူတို့၏သာသနာကို စွန့်ထားခဲ့ပြီးဖြစ်ပေမည်။ ၎င်းတို့သည် အလ္လာဟ်အသျှင်မြတ်အားလည်းသက်ဝင်ယုံကြည်ကြသည် မဟုတ်ပေ။ ထို့ပြင် ၎င်းတို့သည်နောင်တမလွန်ဘဝကိုလည်း မယုံကြည်သွေဖည် ငြင်းပယ်သူများပင် ဖြစ်ကြကုန်သတည်း။
38 وَاتَّبَعْتُ مِلَّةَ آبَائِي إِبْرَاهِيمَ وَإِسْحَاقَ وَيَعْقُوبَ ۚ مَا كَانَ لَنَا أَن نُّشْرِكَ بِاللَّهِ مِن شَيْءٍ ۚ ذَٰلِكَ مِن فَضْلِ اللَّهِ عَلَيْنَا وَعَلَى النَّاسِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَشْكُرُونَ
၎င်းပြင် ကျွန်ုပ်သည် မိမိဘေးတော်၊ ဘိုးတော်နှင့်ခမည်းတော်များ ဖြစ်ကြကုန်သော (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၊ (နဗီတမန်တော်) အစ္စဟာက်၊ နဗီတမန်တော် ယအ်ကူဗ်တို့၏ သာသနာကိုပင် လိုက်နာခဲ့ပေသည်။ ကျွန်ုပ်တို့အဖို့မည်သည့် တစ်စုံတစ်ရာကိုမျှ အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်)ရန် (လုံးဝ)မထိုက်ပေ။ ဤ(သည့်အယူဝါဒ)သည်ကား ကျွန်ုပ်တို့အပေါ်၌လည်းကောင်း၊ လူခပ်သိမ်းတို့အပေါ် ၌လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏(ကြီးမားလှစွာသော) ကျေးဇူးတော် တစ်ရပ်ပင် ဖြစ်ချေသည်။ သို့ရာတွင်လူသားအနက် အများစုမှာမူ(ဤမျှကြီးမားလှသော) ကျေးဇူးတော်ကိုပင် မသိတတ်ကြပေတကား။
39 يَا صَاحِبَيِ السِّجْنِ أَأَرْبَابٌ مُّتَفَرِّقُونَ خَيْرٌ أَمِ اللَّهُ الْوَاحِدُ الْقَهَّارُ
အို-(ကျွန်ုပ်၏)အကျဉ်းထောင်ဖက် မိတ်ဆွေနှစ်ဦး အထူးထူး အပြားပြားသော ကိုးကွယ်ရာများ ပင် သာလွန်၍ကောင်းမြတ်ကြသလော၊ သို့တည်းမဟုတ် (အလုံးစုံတို့ထက်ဝယ်) နှိမ်နင်းလွှမ်းမိုးတော် မူသောတစ်ဆူတည်းသောအလ္လာဟ်အရှင်မြတ်သည်ပင် သာလွန်၍ ကောင်းမြတ်တော်မူပါလေသလော။
40 مَا تَعْبُدُونَ مِن دُونِهِ إِلَّا أَسْمَاءً سَمَّيْتُمُوهَا أَنتُمْ وَآبَاؤُكُم مَّا أَنزَلَ اللَّهُ بِهَا مِن سُلْطَانٍ ۚ إِنِ الْحُكْمُ إِلَّا لِلَّهِ ۚ أَمَرَ أَلَّا تَعْبُدُوا إِلَّا إِيَّاهُ ۚ ذَٰلِكَ الدِّينُ الْقَيِّمُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
(အမှန်စင်စစ်ကား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်၍ အသင်တို့၏အဖ၊ ဘိုးဘေးများ၊ အပါအဝင် မိမိတို့ကိုယ်တိုင် အမည်နာမမှည့်ခေါ်ထားသည့် (ဘုရား)များကိုသာ ကိုးကွယ်နေကြကုန်၏။ (စင်စစ်ဆိုသော်)အလ္လာဟ်အရှင်မြတ် သည် ၎င်းတို့(အား ကိုးကွယ်ရန်)နှင့်စပ်လျဉ်း၍ သက်သေခံ တစ်စုံတစ်ရာမျှပင် ချပေးတာ်မူခဲ့သည်မဟုတ်ပေ။ အမိန့်အာဏာ (အလုံးစုံတို့)ကား အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ထိုအရှင်မြတ်က အသင်တို့သည်ထိုအရှင်မြတ်မှတစ်ပါး မည်သည့်တစ်စုံတစ်ရာကိုမျှ မကိုးကွယ်ကြရ ဟု အမိန့်တော်ထုတ်ပြန် ချမှတ်တော် မူခဲ့လေသည်။ဤသည်သာလျှင် ဖြောင့်မတ်မှန်ကန်သော သာသနာတော်ပင်တည်း။ သို့ရာတွင် အများဆုံး သောလူတို့မှာကား မသိနားမလည်ကြပေ။
ဘာသာပြန် — ယူစူဖ် 38 စူရာ ယူစူဖ် အာယာသ် 38 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ကျွန်ုပ်သည် မိမိဘေးတော်၊ ဘိုးတော်နှင့်ခမည်းတော်များ ဖြစ်ကြကုန်သော (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၊ (နဗီတမန်တော်) အစ္စဟာက်၊ နဗီတမန်တော်…
စူရာ အာယာသ် 38/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 36–40. မြန်မာဘာသာ: ภาษาไทย.