وَقَالَ الْمَلِكُ إِنِّي أَرَىٰ سَبْعَ بَقَرَاتٍ سِمَانٍ يَأْكُلُهُنَّ سَبْعٌ عِجَافٌ وَسَبْعَ سُنبُلَاتٍ خُضْرٍ وَأُخَرَ يَابِسَاتٍ ۖ يَا أَيُّهَا الْمَلَأُ أَفْتُونِي فِي رُؤْيَايَ إِن كُنتُمْ لِلرُّؤْيَا تَعْبُرُونَ ٤٣
🔤 Transliteration
Wa qaalal maliku inneee araa sab`a baqaraatin simaaniny yaakuluhunna sab`un `ijaafunw wa sab`a sumbulaatinkhudrinw wa ukhara yaabisaat; yaaa ayuhal mala-u aftoonee fee nu`yaaya in kuntum lirru`yaa ta`buroon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့နောက် ဘုရင်က ဧကန်စင်စစ် ငါသည်အိပ်မက်တွင် ဝဝဖြိုးဖြိုးရှိကြကုန်သော နွားမခုနစ်ကောင်ကိုပိန်ချုံးလျက်ရှိသော နွားမခုနစ်ကောင်တို့က စား၍နေကြသည်ကိုလည်းကောင်း၊ စိုစိမ်းသော စပါးနှံခုနစ်နှံနှင့်အခြား သွေ့ခြောက်လျက်ရှိကုန်သော (စပါးနှံ ခုနစ်နှံတို့ကို)လည်းကောင်း၊မြင်မက်ခဲ့ လေသည်။ အို-မှူးကြီးမတ်ရာတို့၊ အကယ်၍ အသင်တို့သည် အိပ်မက်ဒိဗ်ဓုမ်ကိုပြော၍ ပြတတ်ကြပါလျှင် ငါ၏(ဤမည်သော) အိပ်မက်ဒိဗ်ဓုမ်ကို ငါ့အား တင်လျှောက်ကြလေကုန်ဟု ပြောကြားခဲ့လေ၏။
🌐 Additional reference in ภาษาไทย
၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
ဘကရာသ် (بَقَرَاتٍ ) — နွားမများ။ စိမာန် (سِمَانٍ ) — ဝဖြိုးသော၊ ဆီဥပြည့်သော။ အိဂျာဖ် (عِجَافٌ ) — ပိန်ချုံးသော၊ အားနည်းသော။ စွန်ဘူလာသ် (سُنبُلَاتٍ ) — စပါးနှံများ။ ခုဒ်ရ် (خُضْرٍ ) — စိမ်းလန်းသော။ ယာဗိသာသ် (يَابِسَاتٍ ) — ခြောက်သွေ့သော။ မလာအ် (الْمَلَأُ ) — မှူးမတ်၊ အကြီးအကဲများ။ အဖ်သူနီ (أَفْتُونِي ) — အဓိပ္ပာယ်ဖွင့်ဆိုပေးပါ၊ အနက်အဓိပ္ပာယ်ကို ရှင်းလင်းပေးပါ။ တအ်ဗီရ် (تَعْبُرُونَ ) — အိပ်မက်၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုခြင်း။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
မစ်သရ်နိုင်ငံ၏ ဘုရင်ကြီးသည် အိပ်မက်တစ်ခုကို မြင်မက်ခဲ့သည်။ သူသည် မိမိ၏ မှူးမတ်အကြီးအကဲများအား ဤသို့ပြောကြားခဲ့သည် — ငါသည် အိပ်မက်ထဲတွင် ဝဖြိုးဆီဥပြည့်သော နွားမခုနစ်ကောင်ကို မြင်ခဲ့ရသည်။ ထိုနွားမများကို ပိန်ချုံးအားနည်းသော နွားမခုနစ်ကောင်က စားသောက်နေကြသည်။ ထို့အပြင် စိမ်းလန်းသော စပါးနှံခုနစ်နှံနှင့် ခြောက်သွေ့သော စပါးနှံခုနစ်နှံကိုလည်း မြင်ခဲ့ရသည်။ ထို့နောက် ဘုရင်ကြီးသည် မှူးမတ်အကြီးအကဲများအား ဤအိပ်မက်၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုပေးကြပါရန် တောင်းဆိုခဲ့သည်။ အကယ်၍ သင်တို့သည် အိပ်မက်၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုနိုင်သူများဖြစ်ကြလျှင် ဖွင့်ဆိုပေးကြပါဟု ပြောကြားခဲ့သည်။
ဤအိပ်မက်သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ဘုရင်ကြီးအား သတိပေးသော နိမိတ်လက္ခဏာတစ်ခုဖြစ်သည်။ ဝဖြိုးသောနွားမများသည် ကောင်းမွန်သော၊ ဖြစ်ထွန်းသော ခုနစ်နှစ်ကို ကိုယ်စားပြုပြီး၊ ပိန်ချုံးသောနွားမများသည် ထိုနောက်လာမည့် ငတ်မွတ်ခေါင်းပါးသော ခုနစ်နှစ်ကို ကိုယ်စားပြုသည်။ စိမ်းလန်းသောစပါးနှံများသည် ကောင်းမွန်သောကာလကို ကိုယ်စားပြုပြီး၊ ခြောက်သွေ့သောစပါးနှံများသည် ခက်ခဲသောကာလကို ကိုယ်စားပြုသည်။ ဤအိပ်မက်သည် နိုင်ငံတော်အတွက် ကြီးမားသော စမ်းသပ်မှုတစ်ခု ရောက်လာမည်ကို ကြိုတင်သတိပေးခြင်းဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
အလ္လာဟ်အရှင်မြတ်သည် လူသားများအား အိပ်မက်များမှတစ်ဆင့် သတိပေးနိုင်သည်။ အိပ်မက်ကောင်းများသည် အရှ
وَقَالَ ٱلۡمَلِكُ إِنِّيٓ أَرَىٰ سَبۡعَ بَقَرَٰتٍ سِمَانٍ يَأۡكُلُهُنَّ سَبۡعٌ عِجَافٌ وَسَبۡعَ سُنۢبُلَٰتٍ خُضۡرٍ وَأُخَرَ يَابِسَٰتٍۖ يَٰٓأَيُّهَا ٱلۡمَلَأُ أَفۡتُونِي فِي رُءۡيَٰيَ إِن كُنتُمۡ لِلرُّءۡيَا تَعۡبُرُونَ ٤٣
ထို့နောက် ဘုရင်က ဧကန်စင်စစ် ငါသည်အိပ်မက်တွင် ဝဝဖြိုးဖြိုးရှိကြကုန်သော နွားမခုနစ်ကောင်ကိုပိန်ချုံးလျက်ရှိသော နွားမခုနစ်ကောင်တို့က စား၍နေကြသည်ကိုလည်းကောင်း၊ စိုစိမ်းသော စပါးနှံခုနစ်နှံနှင့်အခြား သွေ့ခြောက်လျက်ရှိကုန်သော (စပါးနှံ ခုနစ်နှံတို့ကို)လည်းကောင်း၊မြင်မက်ခဲ့ လေသည်။ အို-မှူးကြီးမတ်ရာတို့၊ အကယ်၍ အသင်တို့သည် အိပ်မက်ဒိဗ်ဓုမ်ကိုပြော၍ ပြတတ်ကြပါလျှင် ငါ၏(ဤမည်သော) အိပ်မက်ဒိဗ်ဓုမ်ကို ငါ့အား တင်လျှောက်ကြလေကုန်ဟု ပြောကြားခဲ့လေ၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 41-45 — စူရာ ယူစူဖ်
41 يَا صَاحِبَيِ السِّجْنِ أَمَّا أَحَدُكُمَا فَيَسْقِي رَبَّهُ خَمْرًا ۖ وَأَمَّا الْآخَرُ فَيُصْلَبُ فَتَأْكُلُ الطَّيْرُ مِن رَّأْسِهِ ۚ قُضِيَ الْأَمْرُ الَّذِي فِيهِ تَسْتَفْتِيَانِ
အို-အကျဉ်းထောင်ဖက် မိတ်ဆွေနှစ်ဦး၊ မည်သို့ပင်ဖြစ်စေ၊ အသင်တို့နှစ်ဦးအနက် တစ်ဦးမှာမူ မိမိ၏သခင်(ဖြစ်သောဘုရင်)အား (ရှေးယခင်အတိုင်းပင်) သေစာအရက်ကို ဆက်လက်၍တိုက်ကျွေးရပေမည်၊ သို့ရာတွင် တခြားတစ်ဦးမှာမူကား လက်ဝါး ကပ်တိုင်သို့ အတင်ခံရပြီးနောက် ငှက်များသည် ဦးခေါင်းကို (နှုတ်သီးဖြင့် ထိုး၍)စားကြပေလိမ့်မည်။အသင်တို့နှစ်ဦး မေးမြန်းလျက် ရှိကြကုန်သောကိစ္စမှာ (ဤအတိုင်းပင်) ပြဌာန်းပြီးဖြစ်ခဲ့ပေသတည်း။
42 وَقَالَ لِلَّذِي ظَنَّ أَنَّهُ نَاجٍ مِّنْهُمَا اذْكُرْنِي عِندَ رَبِّكَ فَأَنسَاهُ الشَّيْطَانُ ذِكْرَ رَبِّهِ فَلَبِثَ فِي السِّجْنِ بِضْعَ سِنِينَ
၎င်းပြင် ထိုယူဆွဖ်သည် ယင်းလုလင်နှစ်ဦးအနက်မှ လွတ်မြောက်မည့်သူဖြစ်သည်ကို ယုံကြည် သာသူအား အသင်သည် မိမိသခင်(ဖြစ်သောဘုရင် မင်းမြတ်)ထံတွင်ကျွန်ုပ်၏အကျိုးအကြောင်းကို ဖော် ပြပြောဆိုပါလေဟု ပြောဆိုမှာကြားခဲ့လေ၏။ သို့ရာတွင် ရှိုင်တွာန်မိစ္ဆာကောင်သည်ထိုလုလင်အား မိမိသခင် (ဘုရင်မင်းမြတ်)ရှေ့တွင်ထိုယူဆွဖ်၏အကြောင်း ပြောပြရန် မေ့လျော့စေခဲ့ရာ ထိုယူဆွဖ်သည် အကျဉ်းထောင်ထဲတွင် နှစ်ကာလအတန်ကြာအောင်နေထိုင်ခဲ့ရလေသတည်း။
43 وَقَالَ الْمَلِكُ إِنِّي أَرَىٰ سَبْعَ بَقَرَاتٍ سِمَانٍ يَأْكُلُهُنَّ سَبْعٌ عِجَافٌ وَسَبْعَ سُنبُلَاتٍ خُضْرٍ وَأُخَرَ يَابِسَاتٍ ۖ يَا أَيُّهَا الْمَلَأُ أَفْتُونِي فِي رُؤْيَايَ إِن كُنتُمْ لِلرُّؤْيَا تَعْبُرُونَ
ထို့နောက် ဘုရင်က ဧကန်စင်စစ် ငါသည်အိပ်မက်တွင် ဝဝဖြိုးဖြိုးရှိကြကုန်သော နွားမခုနစ်ကောင်ကိုပိန်ချုံးလျက်ရှိသော နွားမခုနစ်ကောင်တို့က စား၍နေကြသည်ကိုလည်းကောင်း၊ စိုစိမ်းသော စပါးနှံခုနစ်နှံနှင့်အခြား သွေ့ခြောက်လျက်ရှိကုန်သော (စပါးနှံ ခုနစ်နှံတို့ကို)လည်းကောင်း၊မြင်မက်ခဲ့ လေသည်။ အို-မှူးကြီးမတ်ရာတို့၊ အကယ်၍ အသင်တို့သည် အိပ်မက်ဒိဗ်ဓုမ်ကိုပြော၍ ပြတတ်ကြပါလျှင် ငါ၏(ဤမည်သော) အိပ်မက်ဒိဗ်ဓုမ်ကို ငါ့အား တင်လျှောက်ကြလေကုန်ဟု ပြောကြားခဲ့လေ၏။
44 قَالُوا أَضْغَاثُ أَحْلَامٍ ۖ وَمَا نَحْنُ بِتَأْوِيلِ الْأَحْلَامِ بِعَالِمِينَ
(ထိုရောကာလ) ယင်းမှူးကြီးမတ်ရာတို့က (အိုဘုရင်မင်းမြတ် ဤကား) ဂယောင်ဂယက် မြင်မက်သော အိပ်မက်မျှသာဖြစ်ပါသည်။ ၎င်းပြင် ကျွန်တော်မျိုးတို့မှာမူကားဂယောင်ဂယက် အိပ်မက်များ၏ဒိဗ်ဓုမ်ကို နားလည်သူများလည်း မဟုတ်ကြပါဟု လျှောက်ထားခဲ့ကြလေသတည်း။
45 وَقَالَ الَّذِي نَجَا مِنْهُمَا وَادَّكَرَ بَعْدَ أُمَّةٍ أَنَا أُنَبِّئُكُم بِتَأْوِيلِهِ فَأَرْسِلُونِ
ထိုအခါ ယင်း(အကျဉ်းချထားခြင်း ခံခဲ့ကြသော) လုလင်နှစ်ဦးအနက် ပြန်၍လွတ်မြောက်ခဲ့သော လုလင်သည် ကာလအတော်ကြာပြီးနောက်သော်မှပင် သတိရလာ၍ထိုအိပ်မက်၏ဒိဗ်ဓုမ်ကို ဘုရင်မင်းမြတ်တို့အား ကျွန်တော်မျိုးတစ်ဆင့်ပြောပြပါမည်။ သို့ပါ၍ အရှင်မင်းမြတ်သည် ကျွန်တော်မျိုးအား သွားခွင့်ပြုတော်မူပါဟု လျှောက်ထားခဲ့လေ၏။
ဘာသာပြန် — ယူစူဖ် 43 စူရာ ယူစူဖ် အာယာသ် 43 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် ဘုရင်က ဧကန်စင်စစ် ငါသည်အိပ်မက်တွင် ဝဝဖြိုးဖြိုးရှိကြကုန်သော နွားမခုနစ်ကောင်ကိုပိန်ချုံးလျက်ရှိသော နွားမခုနစ်ကောင်တို့က စား၍နေကြသည်ကိုလည်းကောင်း၊ စိုစိမ်းသော စပါးနှံခုနစ်နှံနှင့်အခြား…
စူရာ အာယာသ် 43/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 41–45. မြန်မာဘာသာ: ภาษาไทย.