ယူစူဖ် · 41/111
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူစူဖ်
يَا صَاحِبَيِ السِّجْنِ أَمَّا أَحَدُكُمَا فَيَسْقِي رَبَّهُ خَمْرًا ۖ وَأَمَّا الْآخَرُ فَيُصْلَبُ فَتَأْكُلُ الطَّيْرُ مِن رَّأْسِهِ ۚ قُضِيَ الْأَمْرُ الَّذِي فِيهِ تَسْتَفْتِيَانِ ۝٤١
Yaa saahibayis sijni ammaaa ahadukumaa fa yasqee rabbahoo khamranw wa ammal aakharu fa yuslabu fataakulut tairu mir raasih; qudiyal amrul lazee feehi tastaftiyaan
📖 မြန်မာဘာသာ
အို-အကျဉ်းထောင်ဖက် မိတ်ဆွေနှစ်ဦး၊ မည်သို့ပင်ဖြစ်စေ၊ အသင်တို့နှစ်ဦးအနက် တစ်ဦးမှာမူ မိမိ၏သခင်(ဖြစ်သောဘုရင်)အား (ရှေးယခင်အတိုင်းပင်) သေစာအရက်ကို ဆက်လက်၍တိုက်ကျွေးရပေမည်၊ သို့ရာတွင် တခြားတစ်ဦးမှာမူကား လက်ဝါး ကပ်တိုင်သို့ အတင်ခံရပြီးနောက် ငှက်များသည် ဦးခေါင်းကို (နှုတ်သီးဖြင့် ထိုး၍)စားကြပေလိမ့်မည်။အသင်တို့နှစ်ဦး မေးမြန်းလျက် ရှိကြကုန်သောကိစ္စမှာ (ဤအတိုင်းပင်) ပြဌာန်းပြီးဖြစ်ခဲ့ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ်

  • يَا صَاحِبَيِ السِّجْنِ — အို ထောင်အဖော်နှစ်ဦး။
  • أَمَّا أَحَدُكُمَا — သင်တို့နှစ်ဦးအနက် တစ်ဦးမှာ။
  • فَيَسْقِي رَبَّهُ خَمْرًا — သူ၏အရှင်သခင်ကို စပျစ်ရည် (ဝိုင်) တိုက်ကျွေးရမည်။ ဤနေရာတွင် "ရဗ်ဗဟု" ဟူသော စကားလုံးသည် ဘုရင်ကို ရည်ညွှန်းသည်။
  • فَيُصْلَبُ — လက်ဝါးကပ်တိုင်တွင် တင်သတ်ခြင်းခံရမည်။
  • فَتَأْكُلُ الطَّيْرُ مِن رَّأْسِهِ — ငှက်များသည် သူ၏ဦးခေါင်းမှ စားကြလိမ့်မည်။
  • قُضِيَ الْأَمْرُ — အမှုကိစ္စသည် ဆုံးဖြတ်ပြီးဖြစ်သည်။
  • تَسْتَفْتِيَانِ — သင်တို့နှစ်ဦး အဖြေမေးမြန်းနေကြသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော် ယူစုဖ် (အလိုင်ဟိစ်စလာမ်) သည် ထောင်ထဲတွင် အတူရှိသော မိတ်ဆွေနှစ်ဦးအား "အို ထောင်အဖော်နှစ်ဦး၊ သင်တို့နှစ်ဦး၏ အိပ်မက်နှစ်ခု၏ အဓိပ္ပာယ်ကို ငါပြောပြမည်။ သင်တို့နှစ်ဦးအနက် တစ်ဦးဖြစ်သူ — စပျစ်သီးကို ညှစ်၍ စပျစ်ရည်ပြုလုပ်သည်ဟု အိပ်မက်မြင်သူမှာ — ထောင်မှ လွတ်မြောက်ပြီး ဘုရင်ထံ ပြန်လည်ရောက်ရှိကာ ဘုရင်၏ စပျစ်ရည်တိုက်ကျွေးသူအဖြစ် ပြန်လည်ခန့်အပ်ခြင်းခံရမည်။ ကျန်တစ်ဦးဖြစ်သူ — ဦးခေါင်းပေါ်တွင် မုန့်တင်ထားပြီး ငှက်များက ထိုမုန့်ကို စားနေသည်ဟု အိပ်မက်မြင်သူမှာ — အသတ်ခံရပြီး လက်ဝါးကပ်တိုင်တွင် တင်ထားခြင်းခံရမည်။ ထိုအခါ ငှက်များသည် သူ၏ဦးခေါင်းမှ အသားများကို စားကြလိမ့်မည်။ သင်တို့နှစ်ဦး အဖြေရှာမေးမြန်းနေသော ဤကိစ္စသည် ဆုံးဖြတ်ပြီးဖြစ်သည်။ မည်သည့်အခါမျှ မပြောင်းလဲနိုင်တော့ပြီ။"

ထိုသူနှစ်ဦးသည် ဤအဖြေကို ကြားသောအခါ "ကျွန်ုပ်တို့သည် အိပ်မက်မမြင်ခဲ့ပါ၊ ရယ်စရာသက်သက် ပြောခဲ့ခြင်းဖြစ်သည်" ဟု ဆိုကြသည်။ ထိုအခါ တမန်တော် ယူစုဖ် (အလိုင်ဟိစ်စလာမ်) က "ငါပြောခဲ့သော အဖြေသည် မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ၊ သင်တို့ အိပ်မက်မြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ — ဤအမှုသည် ဧကန်အမှန် ဖြစ်ပေါ်မည်သာ ဖြစ်သည်" ဟု မိန့်ဆိုခဲ့သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

၁။ အလ္လာဟ်အရှင်မြတ်သည် အနာဂတ်ကို သိစေတော်မူသော အရှင်ဖြစ်သည်။ တမန်တော် ယ



📜 အာယာသ် 39-43 — စူရာ ယူစူဖ်

39يَا صَاحِبَيِ السِّجْنِ أَأَرْبَابٌ مُّتَفَرِّقُونَ خَيْرٌ أَمِ اللَّهُ الْوَاحِدُ الْقَهَّارُ
အို-(ကျွန်ုပ်၏)အကျဉ်းထောင်ဖက် မိတ်ဆွေနှစ်ဦး အထူးထူး အပြားပြားသော ကိုးကွယ်ရာများ ပင် သာလွန်၍ကောင်းမြတ်ကြသလော၊ သို့တည်းမဟုတ် (အလုံးစုံတို့ထက်ဝယ်) နှိမ်နင်းလွှမ်းမိုးတော် မူသောတစ်ဆူတည်းသောအလ္လာဟ်အရှင်မြတ်သည်ပင် သာလွန်၍ ကောင်းမြတ်တော်မူပါလေသလော။
40مَا تَعْبُدُونَ مِن دُونِهِ إِلَّا أَسْمَاءً سَمَّيْتُمُوهَا أَنتُمْ وَآبَاؤُكُم مَّا أَنزَلَ اللَّهُ بِهَا مِن سُلْطَانٍ ۚ إِنِ الْحُكْمُ إِلَّا لِلَّهِ ۚ أَمَرَ أَلَّا تَعْبُدُوا إِلَّا إِيَّاهُ ۚ ذَٰلِكَ الدِّينُ الْقَيِّمُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
(အမှန်စင်စစ်ကား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်၍ အသင်တို့၏အဖ၊ ဘိုးဘေးများ၊ အပါအဝင် မိမိတို့ကိုယ်တိုင် အမည်နာမမှည့်ခေါ်ထားသည့် (ဘုရား)များကိုသာ ကိုးကွယ်နေကြကုန်၏။ (စင်စစ်ဆိုသော်)အလ္လာဟ်အရှင်မြတ် သည် ၎င်းတို့(အား ကိုးကွယ်ရန်)နှင့်စပ်လျဉ်း၍ သက်သေခံ တစ်စုံတစ်ရာမျှပင် ချပေးတာ်မူခဲ့သည်မဟုတ်ပေ။ အမိန့်အာဏာ (အလုံးစုံတို့)ကား အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ထိုအရှင်မြတ်က အသင်တို့သည်ထိုအရှင်မြတ်မှတစ်ပါး မည်သည့်တစ်စုံတစ်ရာကိုမျှ မကိုးကွယ်ကြရ ဟု အမိန့်တော်ထုတ်ပြန် ချမှတ်တော် မူခဲ့လေသည်။ဤသည်သာလျှင် ဖြောင့်မတ်မှန်ကန်သော သာသနာတော်ပင်တည်း။ သို့ရာတွင် အများဆုံး သောလူတို့မှာကား မသိနားမလည်ကြပေ။
41يَا صَاحِبَيِ السِّجْنِ أَمَّا أَحَدُكُمَا فَيَسْقِي رَبَّهُ خَمْرًا ۖ وَأَمَّا الْآخَرُ فَيُصْلَبُ فَتَأْكُلُ الطَّيْرُ مِن رَّأْسِهِ ۚ قُضِيَ الْأَمْرُ الَّذِي فِيهِ تَسْتَفْتِيَانِ
အို-အကျဉ်းထောင်ဖက် မိတ်ဆွေနှစ်ဦး၊ မည်သို့ပင်ဖြစ်စေ၊ အသင်တို့နှစ်ဦးအနက် တစ်ဦးမှာမူ မိမိ၏သခင်(ဖြစ်သောဘုရင်)အား (ရှေးယခင်အတိုင်းပင်) သေစာအရက်ကို ဆက်လက်၍တိုက်ကျွေးရပေမည်၊ သို့ရာတွင် တခြားတစ်ဦးမှာမူကား လက်ဝါး ကပ်တိုင်သို့ အတင်ခံရပြီးနောက် ငှက်များသည် ဦးခေါင်းကို (နှုတ်သီးဖြင့် ထိုး၍)စားကြပေလိမ့်မည်။အသင်တို့နှစ်ဦး မေးမြန်းလျက် ရှိကြကုန်သောကိစ္စမှာ (ဤအတိုင်းပင်) ပြဌာန်းပြီးဖြစ်ခဲ့ပေသတည်း။
42وَقَالَ لِلَّذِي ظَنَّ أَنَّهُ نَاجٍ مِّنْهُمَا اذْكُرْنِي عِندَ رَبِّكَ فَأَنسَاهُ الشَّيْطَانُ ذِكْرَ رَبِّهِ فَلَبِثَ فِي السِّجْنِ بِضْعَ سِنِينَ
၎င်းပြင် ထိုယူဆွဖ်သည် ယင်းလုလင်နှစ်ဦးအနက်မှ လွတ်မြောက်မည့်သူဖြစ်သည်ကို ယုံကြည် သာသူအား အသင်သည် မိမိသခင်(ဖြစ်သောဘုရင် မင်းမြတ်)ထံတွင်ကျွန်ုပ်၏အကျိုးအကြောင်းကို ဖော် ပြပြောဆိုပါလေဟု ပြောဆိုမှာကြားခဲ့လေ၏။ သို့ရာတွင် ရှိုင်တွာန်မိစ္ဆာကောင်သည်ထိုလုလင်အား မိမိသခင် (ဘုရင်မင်းမြတ်)ရှေ့တွင်ထိုယူဆွဖ်၏အကြောင်း ပြောပြရန် မေ့လျော့စေခဲ့ရာ ထိုယူဆွဖ်သည် အကျဉ်းထောင်ထဲတွင် နှစ်ကာလအတန်ကြာအောင်နေထိုင်ခဲ့ရလေသတည်း။
43وَقَالَ الْمَلِكُ إِنِّي أَرَىٰ سَبْعَ بَقَرَاتٍ سِمَانٍ يَأْكُلُهُنَّ سَبْعٌ عِجَافٌ وَسَبْعَ سُنبُلَاتٍ خُضْرٍ وَأُخَرَ يَابِسَاتٍ ۖ يَا أَيُّهَا الْمَلَأُ أَفْتُونِي فِي رُؤْيَايَ إِن كُنتُمْ لِلرُّؤْيَا تَعْبُرُونَ
ထို့နောက် ဘုရင်က ဧကန်စင်စစ် ငါသည်အိပ်မက်တွင် ဝဝဖြိုးဖြိုးရှိကြကုန်သော နွားမခုနစ်ကောင်ကိုပိန်ချုံးလျက်ရှိသော နွားမခုနစ်ကောင်တို့က စား၍နေကြသည်ကိုလည်းကောင်း၊ စိုစိမ်းသော စပါးနှံခုနစ်နှံနှင့်အခြား သွေ့ခြောက်လျက်ရှိကုန်သော (စပါးနှံ ခုနစ်နှံတို့ကို)လည်းကောင်း၊မြင်မက်ခဲ့ လေသည်။ အို-မှူးကြီးမတ်ရာတို့၊ အကယ်၍ အသင်တို့သည် အိပ်မက်ဒိဗ်ဓုမ်ကိုပြော၍ ပြတတ်ကြပါလျှင် ငါ၏(ဤမည်သော) အိပ်မက်ဒိဗ်ဓုမ်ကို ငါ့အား တင်လျှောက်ကြလေကုန်ဟု ပြောကြားခဲ့လေ၏။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
41အာယာသ်

ဘာသာပြန် — ယူစူဖ် 41

စူရာ ယူစူဖ် အာယာသ် 41 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-အကျဉ်းထောင်ဖက် မိတ်ဆွေနှစ်ဦး၊ မည်သို့ပင်ဖြစ်စေ၊ အသင်တို့နှစ်ဦးအနက် တစ်ဦးမှာမူ မိမိ၏သခင်(ဖြစ်သောဘုရင်)အား (ရှေးယခင်အတိုင်းပင်) သေစာအရက်ကို ဆက်လက်၍တိုက်ကျွေးရပေမည်၊ သို့ရာတွင်…

စူရာ အာယာသ် 41/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 39–43. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers