ယူစူဖ် · 39/111
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူစူဖ်
يَا صَاحِبَيِ السِّجْنِ أَأَرْبَابٌ مُّتَفَرِّقُونَ خَيْرٌ أَمِ اللَّهُ الْوَاحِدُ الْقَهَّارُ ۝٣٩
Yaa saahibayis sijni `a-arbaabum mutafarriqoona khayrun amil laahul waahidul qahhaar
📖 မြန်မာဘာသာ
အို-(ကျွန်ုပ်၏)အကျဉ်းထောင်ဖက် မိတ်ဆွေနှစ်ဦး အထူးထူး အပြားပြားသော ကိုးကွယ်ရာများ ပင် သာလွန်၍ကောင်းမြတ်ကြသလော၊ သို့တည်းမဟုတ် (အလုံးစုံတို့ထက်ဝယ်) နှိမ်နင်းလွှမ်းမိုးတော် မူသောတစ်ဆူတည်းသောအလ္လာဟ်အရှင်မြတ်သည်ပင် သာလွန်၍ ကောင်းမြတ်တော်မူပါလေသလော။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. လိုအပ်သော ဝေါဟာရအနက်ဖွင့်ဆိုချက်များ
  • ယာ ဆွာဟိဗိုင်းစ်စိဂျ်နိ = အို ထောင်ဖော်နှစ်ဦး
  • အအာရ်ဗာဗွန် မုသဖရ်ရိကူန် = ကွဲပြားခွဲခြားထားသော သခင်များ (အများအပြား)
  • ခိုင်းရုန် = ပိုကောင်းသလော
  • အမိလ္လာဟုလ် ဝါဟိဒုလ် ကဟ္ဟာရ် = သို့မဟုတ် တစ်ဆူတည်းသော၊ အနိုင်ယူတော်မူသော အလ္လာဟ်အရှင်မြတ်လော
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော် ယူစုဖ် (အလိုင်ဟိစ်စလာမ်) သည် ထောင်ထဲတွင် သူနှင့်အတူရှိသော လူနှစ်ဦးကို ခေါ်ပြီး ဤသို့မိန့်ဆိုခဲ့သည်။ အို ထောင်ဖော်နှစ်ဦး၊ အမျိုးမျိုးကွဲပြားနေသော ဘုရားများစွာကို ကိုးကွယ်ခြင်းသည် ပိုကောင်းသလော၊ သို့မဟုတ် တစ်ဆူတည်းဖြစ်တော်မူသော၊ မည်သည့်အရာကိုမျှ အနိုင်ယူခြင်းခံရခြင်းမရှိဘဲ အရာခပ်သိမ်းကို အနိုင်ယူနှိမ်နင်းတော်မူသော အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ခြင်းသည် ပိုကောင်းသလော။

ဆိုလိုသည်မှာ လူသားတို့ကိုယ်တိုင် ပြုလုပ်ထားသော၊ အကျိုးအပြစ်မပေးနိုင်သော၊ ဘာတစ်ခုကိုမျှ ဖန်တီးနိုင်စွမ်းမရှိသော ကွဲပြားနေသည့် ဘုရားများစွာကို ကိုးကွယ်ခြင်းထက်၊ တစ်ဆူတည်းဖြစ်တော်မူပြီး မိတ်ဖက်ဟူ၍ မရှိသော၊ အရာခပ်သိမ်းကို လွှမ်းမိုးနိုင်တော်မူသော၊ မည်သူမျှ သူ့ကို လွှမ်းမိုးနိုင်ခြင်းမရှိသော အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ခြင်းသည် အမှန်တကယ် အကောင်းဆုံးဖြစ်ကြောင်း တမန်တော် ယူစုဖ် (အလိုင်ဟိစ်စလာမ်) က ထောင်ဖော်နှစ်ဦးကို ပညာရှိစွာ ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ သူတို့အား အစ္စလာမ်သာသနာသို့ ဖိတ်ခေါ်ခြင်း၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူပြီး အရာခပ်သိမ်းကို အနိုင်ယူနှိမ်နင်းတော်မူသော အရှင်ဖြစ်ကြောင်း သိရှိနိုင်သည်။
  • ဘုရားများစွာကို ကိုးကွယ်ခြင်းသည် အကျိုးမရှိဘဲ၊ တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ခြင်းသာ အမှန်တကယ် ကောင်းမြတ်ကြောင်း နားလည်နိုင်သည်။
  • တမန်တော် ယူစုဖ် (အလိုင်ဟိစ်စလာမ်) သည် ထောင်ထဲတွင်ပင် အစ္စလာမ်သာသနာကို ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရပြီး၊ မည်သည့်အခြေအနေမျိုးတွင်မဆို ဒါဝဟ်လုပ်ငန်းကို မမေ့မလျော့ ဆောင်ရွက်သင့်ကြောင်း သင်ယူနိုင်သည်။
  • အစ္စလာမ်သာသနာသည် လူသားတ


📜 အာယာသ် 37-41 — စူရာ ယူစူဖ်

37قَالَ لَا يَأْتِيكُمَا طَعَامٌ تُرْزَقَانِهِ إِلَّا نَبَّأْتُكُمَا بِتَأْوِيلِهِ قَبْلَ أَن يَأْتِيَكُمَا ۚ ذَٰلِكُمَا مِمَّا عَلَّمَنِي رَبِّي ۚ إِنِّي تَرَكْتُ مِلَّةَ قَوْمٍ لَّا يُؤْمِنُونَ بِاللَّهِ وَهُم بِالْآخِرَةِ هُمْ كَافِرُونَ
(ထိုအခါ)ယူဆွဖ်က (ဤသို့)ပြောကြားခဲ့လေသည်။ အသင်တို့နှစ်ဦး ကျွေးမွေးခြင်းခံကြရသော အစာအာဟာရသည် အသင်တို့နှစ်ဦးထံ ရောက်မလာမီပင် ကျွန်ုပ်သည်အသင်တို့အား ယင်းအိပ်မက်ကို ကြားသိစေလေ့ရှိပါမည်။ ဤကား ကျွန်ုပ်အား ကျွန်ုပ်၏အရှင်မြတ်က သင်ကြားတော်မူခဲ့သော ပညာများအနက်မှ ဖြစ်ပေသည်။ အမှန်စင်စစ် ကျွန်ုပ်သည် (ယခင်မူလကပင်) အကြင်သူတို့၏သာသနာကို စွန့်ထားခဲ့ပြီးဖြစ်ပေမည်။ ၎င်းတို့သည် အလ္လာဟ်အသျှင်မြတ်အားလည်းသက်ဝင်ယုံကြည်ကြသည် မဟုတ်ပေ။ ထို့ပြင် ၎င်းတို့သည်နောင်တမလွန်ဘဝကိုလည်း မယုံကြည်သွေဖည် ငြင်းပယ်သူများပင် ဖြစ်ကြကုန်သတည်း။
38وَاتَّبَعْتُ مِلَّةَ آبَائِي إِبْرَاهِيمَ وَإِسْحَاقَ وَيَعْقُوبَ ۚ مَا كَانَ لَنَا أَن نُّشْرِكَ بِاللَّهِ مِن شَيْءٍ ۚ ذَٰلِكَ مِن فَضْلِ اللَّهِ عَلَيْنَا وَعَلَى النَّاسِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَشْكُرُونَ
၎င်းပြင် ကျွန်ုပ်သည် မိမိဘေးတော်၊ ဘိုးတော်နှင့်ခမည်းတော်များ ဖြစ်ကြကုန်သော (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၊ (နဗီတမန်တော်) အစ္စဟာက်၊ နဗီတမန်တော် ယအ်ကူဗ်တို့၏ သာသနာကိုပင် လိုက်နာခဲ့ပေသည်။ ကျွန်ုပ်တို့အဖို့မည်သည့် တစ်စုံတစ်ရာကိုမျှ အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်)ရန် (လုံးဝ)မထိုက်ပေ။ ဤ(သည့်အယူဝါဒ)သည်ကား ကျွန်ုပ်တို့အပေါ်၌လည်းကောင်း၊ လူခပ်သိမ်းတို့အပေါ် ၌လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏(ကြီးမားလှစွာသော) ကျေးဇူးတော် တစ်ရပ်ပင် ဖြစ်ချေသည်။ သို့ရာတွင်လူသားအနက် အများစုမှာမူ(ဤမျှကြီးမားလှသော) ကျေးဇူးတော်ကိုပင် မသိတတ်ကြပေတကား။
39يَا صَاحِبَيِ السِّجْنِ أَأَرْبَابٌ مُّتَفَرِّقُونَ خَيْرٌ أَمِ اللَّهُ الْوَاحِدُ الْقَهَّارُ
အို-(ကျွန်ုပ်၏)အကျဉ်းထောင်ဖက် မိတ်ဆွေနှစ်ဦး အထူးထူး အပြားပြားသော ကိုးကွယ်ရာများ ပင် သာလွန်၍ကောင်းမြတ်ကြသလော၊ သို့တည်းမဟုတ် (အလုံးစုံတို့ထက်ဝယ်) နှိမ်နင်းလွှမ်းမိုးတော် မူသောတစ်ဆူတည်းသောအလ္လာဟ်အရှင်မြတ်သည်ပင် သာလွန်၍ ကောင်းမြတ်တော်မူပါလေသလော။
40مَا تَعْبُدُونَ مِن دُونِهِ إِلَّا أَسْمَاءً سَمَّيْتُمُوهَا أَنتُمْ وَآبَاؤُكُم مَّا أَنزَلَ اللَّهُ بِهَا مِن سُلْطَانٍ ۚ إِنِ الْحُكْمُ إِلَّا لِلَّهِ ۚ أَمَرَ أَلَّا تَعْبُدُوا إِلَّا إِيَّاهُ ۚ ذَٰلِكَ الدِّينُ الْقَيِّمُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
(အမှန်စင်စစ်ကား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်၍ အသင်တို့၏အဖ၊ ဘိုးဘေးများ၊ အပါအဝင် မိမိတို့ကိုယ်တိုင် အမည်နာမမှည့်ခေါ်ထားသည့် (ဘုရား)များကိုသာ ကိုးကွယ်နေကြကုန်၏။ (စင်စစ်ဆိုသော်)အလ္လာဟ်အရှင်မြတ် သည် ၎င်းတို့(အား ကိုးကွယ်ရန်)နှင့်စပ်လျဉ်း၍ သက်သေခံ တစ်စုံတစ်ရာမျှပင် ချပေးတာ်မူခဲ့သည်မဟုတ်ပေ။ အမိန့်အာဏာ (အလုံးစုံတို့)ကား အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ထိုအရှင်မြတ်က အသင်တို့သည်ထိုအရှင်မြတ်မှတစ်ပါး မည်သည့်တစ်စုံတစ်ရာကိုမျှ မကိုးကွယ်ကြရ ဟု အမိန့်တော်ထုတ်ပြန် ချမှတ်တော် မူခဲ့လေသည်။ဤသည်သာလျှင် ဖြောင့်မတ်မှန်ကန်သော သာသနာတော်ပင်တည်း။ သို့ရာတွင် အများဆုံး သောလူတို့မှာကား မသိနားမလည်ကြပေ။
41يَا صَاحِبَيِ السِّجْنِ أَمَّا أَحَدُكُمَا فَيَسْقِي رَبَّهُ خَمْرًا ۖ وَأَمَّا الْآخَرُ فَيُصْلَبُ فَتَأْكُلُ الطَّيْرُ مِن رَّأْسِهِ ۚ قُضِيَ الْأَمْرُ الَّذِي فِيهِ تَسْتَفْتِيَانِ
အို-အကျဉ်းထောင်ဖက် မိတ်ဆွေနှစ်ဦး၊ မည်သို့ပင်ဖြစ်စေ၊ အသင်တို့နှစ်ဦးအနက် တစ်ဦးမှာမူ မိမိ၏သခင်(ဖြစ်သောဘုရင်)အား (ရှေးယခင်အတိုင်းပင်) သေစာအရက်ကို ဆက်လက်၍တိုက်ကျွေးရပေမည်၊ သို့ရာတွင် တခြားတစ်ဦးမှာမူကား လက်ဝါး ကပ်တိုင်သို့ အတင်ခံရပြီးနောက် ငှက်များသည် ဦးခေါင်းကို (နှုတ်သီးဖြင့် ထိုး၍)စားကြပေလိမ့်မည်။အသင်တို့နှစ်ဦး မေးမြန်းလျက် ရှိကြကုန်သောကိစ္စမှာ (ဤအတိုင်းပင်) ပြဌာန်းပြီးဖြစ်ခဲ့ပေသတည်း။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
39အာယာသ်

ဘာသာပြန် — ယူစူဖ် 39

စူရာ ယူစူဖ် အာယာသ် 39 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-(ကျွန်ုပ်၏)အကျဉ်းထောင်ဖက် မိတ်ဆွေနှစ်ဦး အထူးထူး အပြားပြားသော ကိုးကွယ်ရာများ ပင် သာလွန်၍ကောင်းမြတ်ကြသလော၊ သို့တည်းမဟုတ် (အလုံးစုံတို့ထက်ဝယ်) နှိမ်နင်းလွှမ်းမိုးတော်…

စူရာ အာယာသ် 39/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 37–41. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers