📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 248
وَمَا تَسۡـَٔلُهُمۡ عَلَيۡهِ مِنۡ أَجۡرٍۚ إِنۡ هُوَ إِلَّا ذِكۡرٌ لِّلۡعَٰلَمِينَ ١٠٤ وَكَأَيِّن مِّنۡ ءَايَةٍ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ يَمُرُّونَ عَلَيۡهَا وَهُمۡ عَنۡهَا مُعۡرِضُونَ ١٠٥ وَمَا يُؤۡمِنُ أَكۡثَرُهُم بِٱللَّهِ إِلَّا وَهُم مُّشۡرِكُونَ ١٠٦ أَفَأَمِنُوٓاْ أَن تَأۡتِيَهُمۡ غَٰشِيَةٌ مِّنۡ عَذَابِ ٱللَّهِ أَوۡ تَأۡتِيَهُمُ ٱلسَّاعَةُ بَغۡتَةً وَهُمۡ لَا يَشۡعُرُونَ ١٠٧ قُلۡ هَٰذِهِۦ سَبِيلِيٓ أَدۡعُوٓاْ إِلَى ٱللَّهِۚ عَلَىٰ بَصِيرَةٍ أَنَا۠ وَمَنِ ٱتَّبَعَنِيۖ وَسُبۡحَٰنَ ٱللَّهِ وَمَآ أَنَا۠ مِنَ ٱلۡمُشۡرِكِينَ ١٠٨ وَمَآ أَرۡسَلۡنَا مِن قَبۡلِكَ إِلَّا رِجَالًا نُّوحِيٓ إِلَيۡهِم مِّنۡ أَهۡلِ ٱلۡقُرَىٰٓۗ أَفَلَمۡ يَسِيرُواْ فِي ٱلۡأَرۡضِ فَيَنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبۡلِهِمۡۗ وَلَدَارُ ٱلۡأٓخِرَةِ خَيۡرٌ لِّلَّذِينَ ٱتَّقَوۡاْۚ أَفَلَا تَعۡقِلُونَ ١٠٩ حَتَّىٰٓ إِذَا ٱسۡتَيۡـَٔسَ ٱلرُّسُلُ وَظَنُّوٓاْ أَنَّهُمۡ قَدۡ كُذِبُواْ جَآءَهُمۡ نَصۡرُنَا فَنُجِّيَ مَن نَّشَآءُۖ وَلَا يُرَدُّ بَأۡسُنَا عَنِ ٱلۡقَوۡمِ ٱلۡمُجۡرِمِينَ ١١٠ لَقَدۡ كَانَ فِي قَصَصِهِمۡ عِبۡرَةٌ لِّأُوْلِي ٱلۡأَلۡبَٰبِۗ مَا كَانَ حَدِيثًا يُفۡتَرَىٰ وَلَٰكِن تَصۡدِيقَ ٱلَّذِي بَيۡنَ يَدَيۡهِ وَتَفۡصِيلَ كُلِّ شَيۡءٍ وَهُدًى وَرَحۡمَةً لِّقَوۡمٍ يُؤۡمِنُونَ ١١١
12:104
وَمَا تَسۡـَٔلُهُمۡ عَلَيۡهِ مِنۡ أَجۡرٍۚ إِنۡ هُوَ إِلَّا ذِكۡرٌ لِّلۡعَٰلَمِينَ ١٠٤
အမှန်သော်ကား အသင်သည် ၎င်းတို့ထံမှ ဤတရားဓမ္မဟောကြားခြင်းနှင့်စပ်လျဉ်း၍ အခကြေးငွေ တစ်စုံတစ်ရာကိုမျှ တောင်းသည်မဟုတ်ပေ။ ဤ(ကုရ်အာန်ကျမ်းတော်)သည်ကား စကြာဝဠာခပ်သိမ်းတို့အဖို့ ဆုံးမဩဝါဒသာလျှင် ဖြစ်ပေသတည်း။
12:105
وَكَأَيِّن مِّنۡ ءَايَةٍ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ يَمُرُّونَ عَلَيۡهَا وَهُمۡ عَنۡهَا مُعۡرِضُونَ ١٠٥
စင်စစ်မူကား မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ မြောက်မြားစွာသော သက်သေလက္ခဏာများရှိကြပေသည်။ ၎င်းတို့သည် ယင်းသက်သေလက္ခဏာများဘက်မှ ဖြတ်ကျော်၍ သွားကြလေသည်။ သို့ရာတွင် ၎င်းတို့သည် ယင်းသက်သေ လက္ခဏာများ မျက်နှာလွှဲသွားသူများ ဖြစ်လျက် ရှိကြကုန်သတည်း။
12:106
وَمَا يُؤۡمِنُ أَكۡثَرُهُم بِٱللَّهِ إِلَّا وَهُم مُّشۡرِكُونَ ١٠٦
စင်စစ်သော်ကား ၎င်းတို့အနက် များစွာသောသူတို့သည် အလ္လာဟ်အရှင်မြတ်အား တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ခြင်း မပြုဘဲ သက်ဝင်ယုံကြည်ကြသည် မဟုတ်ပေတကား။
12:107
أَفَأَمِنُوٓاْ أَن تَأۡتِيَهُمۡ غَٰشِيَةٌ مِّنۡ عَذَابِ ٱللَّهِ أَوۡ تَأۡتِيَهُمُ ٱلسَّاعَةُ بَغۡتَةً وَهُمۡ لَا يَشۡعُرُونَ ١٠٧
ထိုသူတို့သည် မိမိတို့၌ အလ္လာဟ်အရှင်မြတ်၏ထံတော်မှ (တစ်မျိုးသားလုံးကို) ဖုံးလွှမ်းမည့် ပြစ်ဒဏ်သည်သက်ရောက် မည်ကိုလည်းကောင်း၊ သို့တည်းမဟုတ် ယင်းသူတို့အမှုမဲ့ အမှတ်မဲ့ရှိနေကြစဉ် ကိယာမတ်သည် ရုတ်တရက်အားဖြင့် ဆိုက်ရောက် မည်ကိုလည်းကောင်း၊ စိုးရိမ်ခြင်းမရှိဘဲစိတ်ချ၍ နေကြလေသလော။
12:108
قُلۡ هَٰذِهِۦ سَبِيلِيٓ أَدۡعُوٓاْ إِلَى ٱللَّهِۚ عَلَىٰ بَصِيرَةٍ أَنَا۠ وَمَنِ ٱتَّبَعَنِيۖ وَسُبۡحَٰنَ ٱللَّهِ وَمَآ أَنَا۠ مِنَ ٱلۡمُشۡرِكِينَ ١٠٨
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ ဤသည်သာလျှင် ငါ၏ လမ်းစဉ်ဖြစ်ပေသည်။ ငါသည်(လူခပ်သိမ်းတို့အား) အလ္လာဟ်အရှင်မြတ်ဘက်သို့ဖိတ်ခေါ်သည်။ ငါနှင့်တကွ၊ ငါ၏နောက်လိုက်တို့သည်လည်း အလွန်ထင်ရှား ခိုင်လုံသော သက်သေသာဓကအပေါ်၌တည်ရှိနေကြပေသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်(ချို့တဲ့မှု အပေါင်းတို့မှ) သန့်ရှင်းစင်ကြယ်တော်မူသောအရှင်ဖြစ်တော်မူပေသည်။ ထိုမှတစ်ပါး ငါသည် တစ်စုံတစ်ရာကိုအလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်သောသူတို့မုရှ်ရစ်ကတို့အနက်မှ မဟုတ်ချေ။
12:109
وَمَآ أَرۡسَلۡنَا مِن قَبۡلِكَ إِلَّا رِجَالًا نُّوحِيٓ إِلَيۡهِم مِّنۡ أَهۡلِ ٱلۡقُرَىٰٓۗ أَفَلَمۡ يَسِيرُواْ فِي ٱلۡأَرۡضِ فَيَنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبۡلِهِمۡۗ وَلَدَارُ ٱلۡأٓخِرَةِ خَيۡرٌ لِّلَّذِينَ ٱتَّقَوۡاْۚ أَفَلَا تَعۡقِلُونَ ١٠٩
စင်စစ်သော်ကား ငါအရှင်မြတ်သည် မြို့ရွာများ၌ နေထိုင်ကြကုန်သောသူတို့အနက်မှ ယောက်ျား များကိုသာလျှင် (ရစူလ်တမန်တော်များအဖြစ်) စေလွှတ်တော်မူ၍ ၎င်းတို့ထံသို့ ဝဟီပို့တော်မူခဲ့လေသည်။ (သို့ပါလျက်) ဤသူတို့သည်ကမ္ဘာမြေပေါ်ဝယ် လှည့်လည်သွားလာခြင်းကို မပြုကြလေသလော။ ထိုသို့ လှည့်လည်သွားလာကြပါလျှင် ၎င်းတို့သည် မိမိတို့အလျင် ရှိခဲ့ဖူးကြသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်ကဲ့သို့ ရှိခဲ့သည်ကို ရှုမြင်ကြပေမည်။ အမှန်စင်စစ်သော်ကားနောင်တမလွန်ဘဝ၏ နေရာထိုင်ခင်းသည် ပြစ်မှုဒုစရိုက်များမှကြဉ်ရှောင်သောသူတို့အဖို့ အကောင်းဆုံးပင်ဖြစ်ပေသည်။ သို့ပါလျက် အသင်တို့သည်(ဤမျှပင်)နားမလည်ကြလေသလော။
12:110
حَتَّىٰٓ إِذَا ٱسۡتَيۡـَٔسَ ٱلرُّسُلُ وَظَنُّوٓاْ أَنَّهُمۡ قَدۡ كُذِبُواْ جَآءَهُمۡ نَصۡرُنَا فَنُجِّيَ مَن نَّشَآءُۖ وَلَا يُرَدُّ بَأۡسُنَا عَنِ ٱلۡقَوۡمِ ٱلۡمُجۡرِمِينَ ١١٠
နောက်ဆုံးတွင် ရစူလ်တမန်တော်များသည်မျှော်လင့်ချက်ကင်း၍ အမျိုးသားတို့ကလည်း ယင်း ရစူလ်တမန်တော်များသည် အလိမ်ခံခဲ့ကြရလေပြီ ဟုထင်မှတ်ခဲ့ကြသောအခါ ငါအရှင်မြတ်၏အကူအညီသည် ယင်းရစူလ်တမန်တော်များထံ(ရုတ်တရက်)ရောက်ရှိခဲ့လေသည်။ ထိုအခါ ငါအရှင်မြတ်အလို ရှိတော်မူသောသူသည် ကယ်တင်ခြင်းကို ခံခဲ့ရလေသည်။ စင်စစ်သော်ကား ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် ပြစ်မှုကျူးလွန်သူတို့အပေါ်မှ ပယ်ရှားသွားသည် မဟုတ်ချေတကား။
12:111
لَقَدۡ كَانَ فِي قَصَصِهِمۡ عِبۡرَةٌ لِّأُوْلِي ٱلۡأَلۡبَٰبِۗ مَا كَانَ حَدِيثًا يُفۡتَرَىٰ وَلَٰكِن تَصۡدِيقَ ٱلَّذِي بَيۡنَ يَدَيۡهِ وَتَفۡصِيلَ كُلِّ شَيۡءٍ وَهُدًى وَرَحۡمَةً لِّقَوۡمٍ يُؤۡمِنُونَ ١١١
မချွတ်ဧကန် ၎င်းတို့၏အကြောင်းအတ္ထုပ္ပတိ္တများတွင် ဆင်ခြင်သိမြင်နားလည်သူတို့အဖို့(အကြီးအကျယ်)သင်ခန်းစာသည်ရှိချေသည်။ (ဤကုရ်အာန်ကျမ်းတော်မြတ်သည်)ကြံဖန်လီဆယ်ထားသောကျမ်းမဟုတ်။ ယင်း၏ အလျင်ရှိနေသော(ကျမ်းများ)ကို အတည်ပြုသောကျမ်းသည်လည်းကောင်း၊အရာခပ်သိမ်းတို့ကိုအသေးစိတ်ရှင်းလင်းမှုသည် လည်းကောင်း၊သက်ဝင်ယြုံကညြ်ကသူတို့ အဖို့ တရားလမ်းညွှန်မှုသည်လည်းကောင်း၊ ကရုဏာတော်သည် လည်းကောင်း၊ ဖြစ်ချေသတည်း။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Tuesday, August 25, 2026
Don't forget us in your sincere prayers







