ယူစူဖ် · 109/111
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူစူဖ်
وَمَا أَرْسَلْنَا مِن قَبْلِكَ إِلَّا رِجَالًا نُّوحِي إِلَيْهِم مِّنْ أَهْلِ الْقُرَىٰ ۗ أَفَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِن قَبْلِهِمْ ۗ وَلَدَارُ الْآخِرَةِ خَيْرٌ لِّلَّذِينَ اتَّقَوْا ۗ أَفَلَا تَعْقِلُونَ ۝١٠٩
Wa maaa arsalnaa min qablika illaa rijaalan nooheee ilaihim min ahlil quraa; afalam yaseeroo fil ardi fa yanzuroo kaifa kaana `aaqibatul lazeena min qablihim; wa la Daarul Aakhirati Khairul lillazeenat taqaw; afalaa ta`qiloon
📖 မြန်မာဘာသာ
စင်စစ်သော်ကား ငါအရှင်မြတ်သည် မြို့ရွာများ၌ နေထိုင်ကြကုန်သောသူတို့အနက်မှ ယောက်ျား များကိုသာလျှင် (ရစူလ်တမန်တော်များအဖြစ်) စေလွှတ်တော်မူ၍ ၎င်းတို့ထံသို့ ဝဟီပို့တော်မူခဲ့လေသည်။ (သို့ပါလျက်) ဤသူတို့သည်ကမ္ဘာမြေပေါ်ဝယ် လှည့်လည်သွားလာခြင်းကို မပြုကြလေသလော။ ထိုသို့ လှည့်လည်သွားလာကြပါလျှင် ၎င်းတို့သည် မိမိတို့အလျင် ရှိခဲ့ဖူးကြသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်ကဲ့သို့ ရှိခဲ့သည်ကို ရှုမြင်ကြပေမည်။ အမှန်စင်စစ်သော်ကားနောင်တမလွန်ဘဝ၏ နေရာထိုင်ခင်းသည် ပြစ်မှုဒုစရိုက်များမှကြဉ်ရှောင်သောသူတို့အဖို့ အကောင်းဆုံးပင်ဖြစ်ပေသည်။ သို့ပါလျက် အသင်တို့သည်(ဤမျှပင်)နားမလည်ကြလေသလော။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • رِجَالًا (ရိဂျာလန်): လူသားများ၊ အမျိုးသားများ (ကောင်းကင်တမန်များမဟုတ်ဘဲ လူသားများဖြစ်သော တမန်တော်များ)။
  • نُوحِي (နူဟီ): ငါအရှင်မြတ် ဗျာဒိတ်ပေးပို့သည်။
  • أَهْلَ الْقُرَىٰ (အဟ်လလ် ကူရာ): မြို့ရွာများတွင် နေထိုင်သူများ (ရွာသူရွာသားများမဟုတ်ဘဲ မြို့သူမြို့သားများ)။
  • عَاقِبَةُ (အာကီဗသ်): အဆုံးသတ်၊ နောက်ဆုံးအကျိုးဆက်။
  • وَلَدَارُ الْآخِرَةِ (ဝလဒါရုလ် အာခိရသ်): နောင်တမလွန်ဘဝ၏ နေအိမ် (ဂျန္နသ်)။
  • اتَّقَوْا (အိတ္တကူ): အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့အရိုအသေပြုကြသူများ၊ တက္ကဝါ (အရှင်မြတ်ကို ကြောက်ရွံ့ခြင်း) ရှိကြသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အို တမန်တော်မုဟမ္မဒ် (ဆွ)၊ သင့်အလျင်တွင် ငါအရှင်မြတ်သည် လူသားများထဲမှ အမျိုးသားများကိုသာ တမန်တော်များအဖြစ် စေလွှတ်တော်မူခဲ့သည်။ ကောင်းကင်တမန်များကို စေလွှတ်ခဲ့သည်မဟုတ်ပေ။ ထိုတမန်တော်များသည် မြို့ရွာများတွင် နေထိုင်သူများဖြစ်ကြပြီး သူတို့ထံသို့ ငါအရှင်မြတ်က ဗျာဒိတ်တော်များ ပို့ချပေးတော်မူသည်။ သူတို့၏ လူမျိုးများက သူတို့ကို မဟုတ်မမှန်ဟု ငြင်းပယ်ကြသောအခါ ငါအရှင်မြတ်သည် ထိုလူမျိုးများကို ဖျက်ဆီးတော်မူခဲ့သည်။

သို့ဖြစ်လျှင် သင့်ကို မဟုတ်မမှန်ဟု ငြင်းပယ်နေကြသော ဤမက္ကာမြို့သူများသည် ကမ္ဘာမြေပေါ်တွင် ခရီးသွားလာပြီး သူတို့အလျင်ရှိခဲ့သော မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသူများ၏ နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သည်ကို မရှုမလှစ်ကြည့်ရှုသင်ခန်းစာယူကြသည်မဟုတ်လော။ သူတို့သည် ပျက်စီးဆုံးရှုံးခဲ့ကြရသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

ထို့ပြင် နောင်တမလွန်ဘဝ၏ နေအိမ်သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့အရိုအသေပြုကြသူများအတွက် ဤလောကီဘဝထက် အမှန်ပင် ပိုမိုကောင်းမွန်လှပေသည်။ သို့ဖြစ်လျှင် သင်တို့သည် ဤအမှန်တရားကို မဆင်ခြင်မစဉ်းစားကြသလော။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် လူသားများထဲမှသာ တမန်တော်များကို စေလွှတ်တော်မူခဲ့


📜 အာယာသ် 107-111 — စူရာ ယူစူဖ်

107أَفَأَمِنُوا أَن تَأْتِيَهُمْ غَاشِيَةٌ مِّنْ عَذَابِ اللَّهِ أَوْ تَأْتِيَهُمُ السَّاعَةُ بَغْتَةً وَهُمْ لَا يَشْعُرُونَ
ထိုသူတို့သည် မိမိတို့၌ အလ္လာဟ်အရှင်မြတ်၏ထံတော်မှ (တစ်မျိုးသားလုံးကို) ဖုံးလွှမ်းမည့် ပြစ်ဒဏ်သည်သက်ရောက် မည်ကိုလည်းကောင်း၊ သို့တည်းမဟုတ် ယင်းသူတို့အမှုမဲ့ အမှတ်မဲ့ရှိနေကြစဉ် ကိယာမတ်သည် ရုတ်တရက်အားဖြင့် ဆိုက်ရောက် မည်ကိုလည်းကောင်း၊ စိုးရိမ်ခြင်းမရှိဘဲစိတ်ချ၍ နေကြလေသလော။
108قُلْ هَٰذِهِ سَبِيلِي أَدْعُو إِلَى اللَّهِ ۚ عَلَىٰ بَصِيرَةٍ أَنَا وَمَنِ اتَّبَعَنِي ۖ وَسُبْحَانَ اللَّهِ وَمَا أَنَا مِنَ الْمُشْرِكِينَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ ဤသည်သာလျှင် ငါ၏ လမ်းစဉ်ဖြစ်ပေသည်။ ငါသည်(လူခပ်သိမ်းတို့အား) အလ္လာဟ်အရှင်မြတ်ဘက်သို့ဖိတ်ခေါ်သည်။ ငါနှင့်တကွ၊ ငါ၏နောက်လိုက်တို့သည်လည်း အလွန်ထင်ရှား ခိုင်လုံသော သက်သေသာဓကအပေါ်၌တည်ရှိနေကြပေသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်(ချို့တဲ့မှု အပေါင်းတို့မှ) သန့်ရှင်းစင်ကြယ်တော်မူသောအရှင်ဖြစ်တော်မူပေသည်။ ထိုမှတစ်ပါး ငါသည် တစ်စုံတစ်ရာကိုအလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်သောသူတို့မုရှ်ရစ်ကတို့အနက်မှ မဟုတ်ချေ။
109وَمَا أَرْسَلْنَا مِن قَبْلِكَ إِلَّا رِجَالًا نُّوحِي إِلَيْهِم مِّنْ أَهْلِ الْقُرَىٰ ۗ أَفَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِن قَبْلِهِمْ ۗ وَلَدَارُ الْآخِرَةِ خَيْرٌ لِّلَّذِينَ اتَّقَوْا ۗ أَفَلَا تَعْقِلُونَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် မြို့ရွာများ၌ နေထိုင်ကြကုန်သောသူတို့အနက်မှ ယောက်ျား များကိုသာလျှင် (ရစူလ်တမန်တော်များအဖြစ်) စေလွှတ်တော်မူ၍ ၎င်းတို့ထံသို့ ဝဟီပို့တော်မူခဲ့လေသည်။ (သို့ပါလျက်) ဤသူတို့သည်ကမ္ဘာမြေပေါ်ဝယ် လှည့်လည်သွားလာခြင်းကို မပြုကြလေသလော။ ထိုသို့ လှည့်လည်သွားလာကြပါလျှင် ၎င်းတို့သည် မိမိတို့အလျင် ရှိခဲ့ဖူးကြသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်ကဲ့သို့ ရှိခဲ့သည်ကို ရှုမြင်ကြပေမည်။ အမှန်စင်စစ်သော်ကားနောင်တမလွန်ဘဝ၏ နေရာထိုင်ခင်းသည် ပြစ်မှုဒုစရိုက်များမှကြဉ်ရှောင်သောသူတို့အဖို့ အကောင်းဆုံးပင်ဖြစ်ပေသည်။ သို့ပါလျက် အသင်တို့သည်(ဤမျှပင်)နားမလည်ကြလေသလော။
110حَتَّىٰ إِذَا اسْتَيْأَسَ الرُّسُلُ وَظَنُّوا أَنَّهُمْ قَدْ كُذِبُوا جَاءَهُمْ نَصْرُنَا فَنُجِّيَ مَن نَّشَاءُ ۖ وَلَا يُرَدُّ بَأْسُنَا عَنِ الْقَوْمِ الْمُجْرِمِينَ
နောက်ဆုံးတွင် ရစူလ်တမန်တော်များသည်မျှော်လင့်ချက်ကင်း၍ အမျိုးသားတို့ကလည်း ယင်း ရစူလ်တမန်တော်များသည် အလိမ်ခံခဲ့ကြရလေပြီ ဟုထင်မှတ်ခဲ့ကြသောအခါ ငါအရှင်မြတ်၏အကူအညီသည် ယင်းရစူလ်တမန်တော်များထံ(ရုတ်တရက်)ရောက်ရှိခဲ့လေသည်။ ထိုအခါ ငါအရှင်မြတ်အလို ရှိတော်မူသောသူသည် ကယ်တင်ခြင်းကို ခံခဲ့ရလေသည်။ စင်စစ်သော်ကား ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် ပြစ်မှုကျူးလွန်သူတို့အပေါ်မှ ပယ်ရှားသွားသည် မဟုတ်ချေတကား။
111لَقَدْ كَانَ فِي قَصَصِهِمْ عِبْرَةٌ لِّأُولِي الْأَلْبَابِ ۗ مَا كَانَ حَدِيثًا يُفْتَرَىٰ وَلَٰكِن تَصْدِيقَ الَّذِي بَيْنَ يَدَيْهِ وَتَفْصِيلَ كُلِّ شَيْءٍ وَهُدًى وَرَحْمَةً لِّقَوْمٍ يُؤْمِنُونَ
မချွတ်ဧကန် ၎င်းတို့၏အကြောင်းအတ္ထုပ္ပတိ္တများတွင် ဆင်ခြင်သိမြင်နားလည်သူတို့အဖို့(အကြီးအကျယ်)သင်ခန်းစာသည်ရှိချေသည်။ (ဤကုရ်အာန်ကျမ်းတော်မြတ်သည်)ကြံဖန်လီဆယ်ထားသောကျမ်းမဟုတ်။ ယင်း၏ အလျင်ရှိနေသော(ကျမ်းများ)ကို အတည်ပြုသောကျမ်းသည်လည်းကောင်း၊အရာခပ်သိမ်းတို့ကိုအသေးစိတ်ရှင်းလင်းမှုသည် လည်းကောင်း၊သက်ဝင်ယြုံကညြ်ကသူတို့ အဖို့ တရားလမ်းညွှန်မှုသည်လည်းကောင်း၊ ကရုဏာတော်သည် လည်းကောင်း၊ ဖြစ်ချေသတည်း။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
109အာယာသ်

ဘာသာပြန် — ယူစူဖ် 109

စူရာ ယူစူဖ် အာယာသ် 109 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား ငါအရှင်မြတ်သည် မြို့ရွာများ၌ နေထိုင်ကြကုန်သောသူတို့အနက်မှ ယောက်ျား များကိုသာလျှင် (ရစူလ်တမန်တော်များအဖြစ်) စေလွှတ်တော်မူ၍ ၎င်းတို့ထံသို့ ဝဟီပို့တော်မူခဲ့လေသည်။…

စူရာ အာယာသ် 109/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 107–111. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers