حَتَّىٰ إِذَا اسْتَيْأَسَ الرُّسُلُ وَظَنُّوا أَنَّهُمْ قَدْ كُذِبُوا جَاءَهُمْ نَصْرُنَا فَنُجِّيَ مَن نَّشَاءُ ۖ وَلَا يُرَدُّ بَأْسُنَا عَنِ الْقَوْمِ الْمُجْرِمِينَ ١١٠
🔤 Transliteration
Hattaaa izas tai`asar Rusulu wa zannooo annahum qad kuziboo jaaa`ahum nas runaa fanujjiya man nashaaa`u wa laa yuraddu baasunna `anil qawmil mujrimeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
နောက်ဆုံးတွင် ရစူလ်တမန်တော်များသည်မျှော်လင့်ချက်ကင်း၍ အမျိုးသားတို့ကလည်း ယင်း ရစူလ်တမန်တော်များသည် အလိမ်ခံခဲ့ကြရလေပြီ ဟုထင်မှတ်ခဲ့ကြသောအခါ ငါအရှင်မြတ်၏အကူအညီသည် ယင်းရစူလ်တမန်တော်များထံ(ရုတ်တရက်)ရောက်ရှိခဲ့လေသည်။ ထိုအခါ ငါအရှင်မြတ်အလို ရှိတော်မူသောသူသည် ကယ်တင်ခြင်းကို ခံခဲ့ရလေသည်။ စင်စစ်သော်ကား ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် ပြစ်မှုကျူးလွန်သူတို့အပေါ်မှ ပယ်ရှားသွားသည် မဟုတ်ချေတကား။
🌐 Additional reference in ภาษาไทย
၁။ ကမ္မတ်များ၏ အဓိပ္ပာယ်ရှင်းလင်းချက် အစ္စတိုင်အက်စ (اسْتَيْأَسَ ) — လုံးဝစိတ်ပျက်အားလျော့သွားသည်၊ မျှော်လင့်ချက်ကင်းမဲ့သွားသည်ဟု ဆိုလိုသည်။ဇန်နူ (ظَنُّوا ) — ဤနေရာတွင် "ယုံကြည်စိတ်ချသွားသည်" သို့မဟုတ် "သေချာသွားသည်" ဟု အဓိပ္ပာယ်ရသည်။ကုဇိဗူ (كُذِبُوا ) — သူတို့ကို လိမ်လည်ခဲ့သည်ဟု ဆိုလိုသည်။နတ်ဆ်ရုနာ (نَصْرُنَا ) — ငါအရှင်မြတ်၏ အကူအညီ၊ အောင်မြင်မှု။ဗအ်စုနာ (بَأْسُنَا ) — ငါအရှင်မြတ်၏ ပြစ်ဒဏ်၊ ဘေးဆိုးဒဏ်။မုဂျ်ရိမီန် (الْمُجْرِمِينَ ) — ပြစ်မှုကျူးလွန်သူများ၊ အပြစ်ရှိသူများ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ရစူလ်တမန်တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်သူများအား အရှင်မြတ်သည် ချက်ချင်း ပြစ်ဒဏ်မပေးဘဲ အချိန်ပေးထားတော်မူသည်။ ဤသည်မှာ သူတို့အား စမ်းသပ်ရန်နှင့် အခွင့်အလမ်းပေးရန်အတွက်ဖြစ်သည်။ ထိုသို့ အချိန်ကြာမြင့်လာသောအခါ ရစူလ်တမန်တော်များသည် မိမိတို့လူမျိုးများ ယုံကြည်လာမည့်အရေးနှင့် ပတ်သက်၍ လုံးဝမျှော်လင့်ချက်ကင်းမဲ့သွားကြပြီး၊ ငြင်းပယ်သူများကလည်း ရစူလ်တမန်တော်များ ကတိပြုခဲ့သော ပြစ်ဒဏ်နှင့် ယုံကြည်သူများ ကယ်တင်ခံရမည့်အရေးသည် မမှန်ကန်နိုင်ဟု ထင်မြင်လာကြသည်။ ထိုအချိန်တွင် အရှင်မြတ်၏ အကူအညီတော်သည် ရစူလ်တမန်တော်များထံ ရောက်ရှိလာပြီး၊ အရှင်မြတ် အလိုတော်ရှိသူများကို ကယ်တင်တော်မူသည်။ ပြစ်မှုကျူးလွန်သူများထံမှ အရှင်မြတ်၏ ပြစ်ဒဏ်ကို မည်သူမျှ ဖယ်ရှားပေးနိုင်မည်မဟုတ်ပေ။
ဤအာယသ်တော်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား နှစ်သိမ့်မှုပေးအပ်လျက် ရှိသည်။ အကြောင်းမှာ မက္ကာမြို့သားများ၏ ငြင်းပယ်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများကို ခံနေရသော တမန်တော်မြတ်အား "သင့်အလျင်ရှေးရစူလ်တမန်တော်များလည်း ဤကဲ့သို့ပင် စမ်းသပ်ခံခဲ့ရသည်၊ နောက်ဆုံးတွင် အရှင်မြတ်၏ အကူအညီတော် ရောက်ရှိလာခဲ့သည်" ဟု အားပေးနှစ်သိမ့်ထားခြင်းဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ ၁။ အခက်အခဲပြီးနောက် လွယ်ကူမှု ရောက်လာမည် — ရစူလ်တမန်တော်များနှင့် ယုံကြည်သူများသည် အလွန်ခက်ခဲသော အခြေအနေမျ
حَتَّىٰٓ إِذَا ٱسۡتَيۡـَٔسَ ٱلرُّسُلُ وَظَنُّوٓاْ أَنَّهُمۡ قَدۡ كُذِبُواْ جَآءَهُمۡ نَصۡرُنَا فَنُجِّيَ مَن نَّشَآءُۖ وَلَا يُرَدُّ بَأۡسُنَا عَنِ ٱلۡقَوۡمِ ٱلۡمُجۡرِمِينَ ١١٠
နောက်ဆုံးတွင် ရစူလ်တမန်တော်များသည်မျှော်လင့်ချက်ကင်း၍ အမျိုးသားတို့ကလည်း ယင်း ရစူလ်တမန်တော်များသည် အလိမ်ခံခဲ့ကြရလေပြီ ဟုထင်မှတ်ခဲ့ကြသောအခါ ငါအရှင်မြတ်၏အကူအညီသည် ယင်းရစူလ်တမန်တော်များထံ(ရုတ်တရက်)ရောက်ရှိခဲ့လေသည်။ ထိုအခါ ငါအရှင်မြတ်အလို ရှိတော်မူသောသူသည် ကယ်တင်ခြင်းကို ခံခဲ့ရလေသည်။ စင်စစ်သော်ကား ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် ပြစ်မှုကျူးလွန်သူတို့အပေါ်မှ ပယ်ရှားသွားသည် မဟုတ်ချေတကား။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 108-111 — စူရာ ယူစူဖ်
108 قُلْ هَٰذِهِ سَبِيلِي أَدْعُو إِلَى اللَّهِ ۚ عَلَىٰ بَصِيرَةٍ أَنَا وَمَنِ اتَّبَعَنِي ۖ وَسُبْحَانَ اللَّهِ وَمَا أَنَا مِنَ الْمُشْرِكِينَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ ဤသည်သာလျှင် ငါ၏ လမ်းစဉ်ဖြစ်ပေသည်။ ငါသည်(လူခပ်သိမ်းတို့အား) အလ္လာဟ်အရှင်မြတ်ဘက်သို့ဖိတ်ခေါ်သည်။ ငါနှင့်တကွ၊ ငါ၏နောက်လိုက်တို့သည်လည်း အလွန်ထင်ရှား ခိုင်လုံသော သက်သေသာဓကအပေါ်၌တည်ရှိနေကြပေသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်(ချို့တဲ့မှု အပေါင်းတို့မှ) သန့်ရှင်းစင်ကြယ်တော်မူသောအရှင်ဖြစ်တော်မူပေသည်။ ထိုမှတစ်ပါး ငါသည် တစ်စုံတစ်ရာကိုအလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်သောသူတို့မုရှ်ရစ်ကတို့အနက်မှ မဟုတ်ချေ။
109 وَمَا أَرْسَلْنَا مِن قَبْلِكَ إِلَّا رِجَالًا نُّوحِي إِلَيْهِم مِّنْ أَهْلِ الْقُرَىٰ ۗ أَفَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِن قَبْلِهِمْ ۗ وَلَدَارُ الْآخِرَةِ خَيْرٌ لِّلَّذِينَ اتَّقَوْا ۗ أَفَلَا تَعْقِلُونَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် မြို့ရွာများ၌ နေထိုင်ကြကုန်သောသူတို့အနက်မှ ယောက်ျား များကိုသာလျှင် (ရစူလ်တမန်တော်များအဖြစ်) စေလွှတ်တော်မူ၍ ၎င်းတို့ထံသို့ ဝဟီပို့တော်မူခဲ့လေသည်။ (သို့ပါလျက်) ဤသူတို့သည်ကမ္ဘာမြေပေါ်ဝယ် လှည့်လည်သွားလာခြင်းကို မပြုကြလေသလော။ ထိုသို့ လှည့်လည်သွားလာကြပါလျှင် ၎င်းတို့သည် မိမိတို့အလျင် ရှိခဲ့ဖူးကြသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်ကဲ့သို့ ရှိခဲ့သည်ကို ရှုမြင်ကြပေမည်။ အမှန်စင်စစ်သော်ကားနောင်တမလွန်ဘဝ၏ နေရာထိုင်ခင်းသည် ပြစ်မှုဒုစရိုက်များမှကြဉ်ရှောင်သောသူတို့အဖို့ အကောင်းဆုံးပင်ဖြစ်ပေသည်။ သို့ပါလျက် အသင်တို့သည်(ဤမျှပင်)နားမလည်ကြလေသလော။
110 حَتَّىٰ إِذَا اسْتَيْأَسَ الرُّسُلُ وَظَنُّوا أَنَّهُمْ قَدْ كُذِبُوا جَاءَهُمْ نَصْرُنَا فَنُجِّيَ مَن نَّشَاءُ ۖ وَلَا يُرَدُّ بَأْسُنَا عَنِ الْقَوْمِ الْمُجْرِمِينَ
နောက်ဆုံးတွင် ရစူလ်တမန်တော်များသည်မျှော်လင့်ချက်ကင်း၍ အမျိုးသားတို့ကလည်း ယင်း ရစူလ်တမန်တော်များသည် အလိမ်ခံခဲ့ကြရလေပြီ ဟုထင်မှတ်ခဲ့ကြသောအခါ ငါအရှင်မြတ်၏အကူအညီသည် ယင်းရစူလ်တမန်တော်များထံ(ရုတ်တရက်)ရောက်ရှိခဲ့လေသည်။ ထိုအခါ ငါအရှင်မြတ်အလို ရှိတော်မူသောသူသည် ကယ်တင်ခြင်းကို ခံခဲ့ရလေသည်။ စင်စစ်သော်ကား ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် ပြစ်မှုကျူးလွန်သူတို့အပေါ်မှ ပယ်ရှားသွားသည် မဟုတ်ချေတကား။
111 لَقَدْ كَانَ فِي قَصَصِهِمْ عِبْرَةٌ لِّأُولِي الْأَلْبَابِ ۗ مَا كَانَ حَدِيثًا يُفْتَرَىٰ وَلَٰكِن تَصْدِيقَ الَّذِي بَيْنَ يَدَيْهِ وَتَفْصِيلَ كُلِّ شَيْءٍ وَهُدًى وَرَحْمَةً لِّقَوْمٍ يُؤْمِنُونَ
မချွတ်ဧကန် ၎င်းတို့၏အကြောင်းအတ္ထုပ္ပတိ္တများတွင် ဆင်ခြင်သိမြင်နားလည်သူတို့အဖို့(အကြီးအကျယ်)သင်ခန်းစာသည်ရှိချေသည်။ (ဤကုရ်အာန်ကျမ်းတော်မြတ်သည်)ကြံဖန်လီဆယ်ထားသောကျမ်းမဟုတ်။ ယင်း၏ အလျင်ရှိနေသော(ကျမ်းများ)ကို အတည်ပြုသောကျမ်းသည်လည်းကောင်း၊အရာခပ်သိမ်းတို့ကိုအသေးစိတ်ရှင်းလင်းမှုသည် လည်းကောင်း၊သက်ဝင်ယြုံကညြ်ကသူတို့ အဖို့ တရားလမ်းညွှန်မှုသည်လည်းကောင်း၊ ကရုဏာတော်သည် လည်းကောင်း၊ ဖြစ်ချေသတည်း။
ဘာသာပြန် — ယူစူဖ် 110 စူရာ ယူစူဖ် အာယာသ် 110 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : နောက်ဆုံးတွင် ရစူလ်တမန်တော်များသည်မျှော်လင့်ချက်ကင်း၍ အမျိုးသားတို့ကလည်း ယင်း ရစူလ်တမန်တော်များသည် အလိမ်ခံခဲ့ကြရလေပြီ ဟုထင်မှတ်ခဲ့ကြသောအခါ ငါအရှင်မြတ်၏အကူအညီသည် ယင်းရစူလ်တမန်တော်များထံ(ရုတ်တရက်)ရောက်ရှိခဲ့လေသည်။ ထိုအခါ…
စူရာ အာယာသ် 110/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 108–111. မြန်မာဘာသာ: ภาษาไทย.