📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 27
۞ لَّيۡسَ ٱلۡبِرَّ أَن تُوَلُّواْ وُجُوهَكُمۡ قِبَلَ ٱلۡمَشۡرِقِ وَٱلۡمَغۡرِبِ وَلَٰكِنَّ ٱلۡبِرَّ مَنۡ ءَامَنَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَٱلۡمَلَٰٓئِكَةِ وَٱلۡكِتَٰبِ وَٱلنَّبِيِّـۧنَ وَءَاتَى ٱلۡمَالَ عَلَىٰ حُبِّهِۦ ذَوِي ٱلۡقُرۡبَىٰ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينَ وَٱبۡنَ ٱلسَّبِيلِ وَٱلسَّآئِلِينَ وَفِي ٱلرِّقَابِ وَأَقَامَ ٱلصَّلَوٰةَ وَءَاتَى ٱلزَّكَوٰةَ وَٱلۡمُوفُونَ بِعَهۡدِهِمۡ إِذَا عَٰهَدُواْۖ وَٱلصَّٰبِرِينَ فِي ٱلۡبَأۡسَآءِ وَٱلضَّرَّآءِ وَحِينَ ٱلۡبَأۡسِۗ أُوْلَٰٓئِكَ ٱلَّذِينَ صَدَقُواْۖ وَأُوْلَٰٓئِكَ هُمُ ٱلۡمُتَّقُونَ  ۝١٧٧ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ كُتِبَ عَلَيۡكُمُ ٱلۡقِصَاصُ فِي ٱلۡقَتۡلَىۖ ٱلۡحُرُّ بِٱلۡحُرِّ وَٱلۡعَبۡدُ بِٱلۡعَبۡدِ وَٱلۡأُنثَىٰ بِٱلۡأُنثَىٰۚ فَمَنۡ عُفِيَ لَهُۥ مِنۡ أَخِيهِ شَيۡءٌ فَٱتِّبَاعُۢ بِٱلۡمَعۡرُوفِ وَأَدَآءٌ إِلَيۡهِ بِإِحۡسَٰنٍۗ ذَٰلِكَ تَخۡفِيفٌ مِّن رَّبِّكُمۡ وَرَحۡمَةٌۗ فَمَنِ ٱعۡتَدَىٰ بَعۡدَ ذَٰلِكَ فَلَهُۥ عَذَابٌ أَلِيمٌ  ۝١٧٨ وَلَكُمۡ فِي ٱلۡقِصَاصِ حَيَوٰةٌ يَٰٓأُوْلِي ٱلۡأَلۡبَٰبِ لَعَلَّكُمۡ تَتَّقُونَ  ۝١٧٩ كُتِبَ عَلَيۡكُمۡ إِذَا حَضَرَ أَحَدَكُمُ ٱلۡمَوۡتُ إِن تَرَكَ خَيۡرًا ٱلۡوَصِيَّةُ لِلۡوَٰلِدَيۡنِ وَٱلۡأَقۡرَبِينَ بِٱلۡمَعۡرُوفِۖ حَقًّا عَلَى ٱلۡمُتَّقِينَ  ۝١٨٠ فَمَنۢ بَدَّلَهُۥ بَعۡدَ مَا سَمِعَهُۥ فَإِنَّمَآ إِثۡمُهُۥ عَلَى ٱلَّذِينَ يُبَدِّلُونَهُۥٓۚ إِنَّ ٱللَّهَ سَمِيعٌ عَلِيمٌ  ۝١٨١
2:177
۞ لَّيۡسَ ٱلۡبِرَّ أَن تُوَلُّواْ وُجُوهَكُمۡ قِبَلَ ٱلۡمَشۡرِقِ وَٱلۡمَغۡرِبِ وَلَٰكِنَّ ٱلۡبِرَّ مَنۡ ءَامَنَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَٱلۡمَلَٰٓئِكَةِ وَٱلۡكِتَٰبِ وَٱلنَّبِيِّـۧنَ وَءَاتَى ٱلۡمَالَ عَلَىٰ حُبِّهِۦ ذَوِي ٱلۡقُرۡبَىٰ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينَ وَٱبۡنَ ٱلسَّبِيلِ وَٱلسَّآئِلِينَ وَفِي ٱلرِّقَابِ وَأَقَامَ ٱلصَّلَوٰةَ وَءَاتَى ٱلزَّكَوٰةَ وَٱلۡمُوفُونَ بِعَهۡدِهِمۡ إِذَا عَٰهَدُواْۖ وَٱلصَّٰبِرِينَ فِي ٱلۡبَأۡسَآءِ وَٱلضَّرَّآءِ وَحِينَ ٱلۡبَأۡسِۗ أُوْلَٰٓئِكَ ٱلَّذِينَ صَدَقُواْۖ وَأُوْلَٰٓئِكَ هُمُ ٱلۡمُتَّقُونَ  ۝١٧٧
အရှေ့အရပ်ဘက်သို့ သော်လည်းကောင်း၊ အနောက် အရပ်ဘက်သို့ သော်လည်းကောင်း မျက်နှာမူခြင်း သည် (သာလျှင်) အသင်တို့အဘို့ ကောင်းမြတ်သော အကျင့် သီလ မဟုတ်သေးပေ။ ကောင်းမြတ်သော သီလရှိသူ သီလဝန် ဂုဏဝန်တို့ ဟူသည်ကား အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက် ဆုံးနေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်များကို လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်ထံမှကျရောက်သော) ကျမ်းဂန်များကိုလည်းကောင်း၊ နဗီတမန်တော် များကိုလည်း ကောင်း၊ ယုံကြည်မြတ်နိုးကြသော သူများတည်း။ ၎င်းပြင် ယင်းသူတို့သည် မိမိတို့၏ ဥစ္စာ ပစ္စည်းများကို စုံမက်နှစ်သက် ပါလျက်နှင့်ပင် (တနည်း အလ္လာဟ်အရှင်မြတ်ကို ကြည်ညို မြတ်နိုး ကြ၍) ဆွေမျိုးညာတကာများအား လည်းကောင်း၊ မိသက်ဆိုး ဖသက်ဆိုးများအား လည်းကောင်း၊ အထီးကျန်သူဆင်းရဲများအား လည်းကောင်း၊ ခရီးသည်များအား လည်းကောင်း၊ ဖုန်းတောင်းယာစကာများအား လည်းကောင်း၊ ကြေးကျွန်များကို ကျွန်ဘဝမှ လွတ်မြောက်စေရာ၌ လည်းကောင်း၊ ပေးကမ်းလှူဒါန်း စွန့်ကြဲကြ၏။ ထို့ပြင် ယင်းသူတို့သည် ဆွလာတ် ဝတ်ပြုကြ၏။ ဇကာတ် တရားဝင်ဒါနကြေးကိုလည်း ပေးလှူကြ၏။ ယင်းသူတို့သည် ကတိပြုသောအခါ၌ မိမိတို့၏ ပဋိညာဉ် ဝန်ခံချက်များကို အတည်ပြုကြ၏။ ဆင်းရဲ ဒုက္ခကျ ရောက်သည့်အခါ၌ လည်းကောင်း၊ ရောဂါဘယ ဖိစီးသည့် အခါ၌ လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သည့် အခါ၌ လည်းကောင်း၊ ခန္တီပါရမီကို ခိုင်မြဲ စွာ စောင့်စည်းကြ၏။ ဤ တရားများကို လိုက်နာကျင့်သုံးသော သူမွန် သူမြတ်များ သည်သာလျှင် သစ္စာဝါဒီများ ဖြစ်ကြကုန်၏။ ဤသူမွန် သူမြတ် တို့သည်သာလျှင် (အလ္လာဟ်အရှင်မြတ်ကို) ကြောက်ရွံ့ရိုသေ မြတ်နိုးသော သီလဝန် ဂုဏဝန်များ ဖြစ်ကြကုန်၏။
2:178
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ كُتِبَ عَلَيۡكُمُ ٱلۡقِصَاصُ فِي ٱلۡقَتۡلَىۖ ٱلۡحُرُّ بِٱلۡحُرِّ وَٱلۡعَبۡدُ بِٱلۡعَبۡدِ وَٱلۡأُنثَىٰ بِٱلۡأُنثَىٰۚ فَمَنۡ عُفِيَ لَهُۥ مِنۡ أَخِيهِ شَيۡءٌ فَٱتِّبَاعُۢ بِٱلۡمَعۡرُوفِ وَأَدَآءٌ إِلَيۡهِ بِإِحۡسَٰنٍۗ ذَٰلِكَ تَخۡفِيفٌ مِّن رَّبِّكُمۡ وَرَحۡمَةٌۗ فَمَنِ ٱعۡتَدَىٰ بَعۡدَ ذَٰلِكَ فَلَهُۥ عَذَابٌ أَلِيمٌ  ۝١٧٨
အို-အီမန် ယုံကြည်ခြင်းသက်ဝင် ယုံကြည် သူအပေါင်းတို့၊ အသင်တို့အပေါ်၌ မတရား သတ်ဖြတ်ခြင်း ခံကြရသူတို့ နှင့် စပ်လျဉ်း၍ (အလ္လာဟ်အရှင်မြတ်၏ အထံ တော်မှ) လက်စားချေရန်(ဥပဒေကို) ပြဋ္ဌာန်း အတည်ပြုထားတော်မူလေပြီ။ (ပြဋ္ဌာန်း ချက်မှာ) လွတ်လပ်သော သူကောင်း သည်၊ လွတ်လပ်သော သောသူများ သူကောင်း၏အစား၊ ကြေးကျွန်သည် ကြေးကျွန်၏အစား၊ မိန်းမသည် မိန်းမ၏အစား (သေဒဏ်ခံရပေမည်)။ သို့ပင်တစေ အကြင်သူသည် မိမိ၏ညီ သားအစ်ကိုဖြစ်သော သေသူ၏ အမွေဆိုင် တို့ဘက်မှ (လျော် ကြေးပေးလျှင် ကျေအေး မည်ဟု) ခွင့်လွှတ်ခြင်းခံရပါမူ (အမွေ စားအမွေခံတို့အဘို့မှာ ထိုလျော် ကြေးငွေကို) ယဉ်ကျေး သိမ်မွေ့စွာဖြင့် တောင်းဆိုရမည်။ (ယင်းလက် သည်အဖို့ မှာလည်း ထိုသူတို့တောင်း ဆိုသည့် အတိုင်း) သာယာချေငံ သော နည်းဖြင့် ပေးဆပ်ရမည်၊။ ဤသည်ကား အသင် တို့အား မွေးမြူတော်မူသော အရှင်မြတ် ၏အထံ တော်မှ သေစား သေစေခြင်းဒဏ်မှ သက်သာစေခြင်း နှင့် ကရုဏာ တော်သက် ရောက်စေခြင်းပင် ဖြစ်လေသည်။ (သို့သော်) ထို (ဥပဒေ စည်းမျဉ်း ပြဋ္ဌာန်း ပြီးသည့်) နောက် မည်သူမဆို (ထိုစည်း မျဉ်းဥပဒေကို ဖောက်ဖျက်) ကျူးလွန်ပါလျှင် ထိုသူအဘို့ (နောင် တမလွန်ဘဝတွင်) အလွန်ပြင်းပြနာကျင်ဘွယ်ရာ သောအပြစ်ဒဏ်သည် ရှိလတ္တံ့။
2:179
وَلَكُمۡ فِي ٱلۡقِصَاصِ حَيَوٰةٌ يَٰٓأُوْلِي ٱلۡأَلۡبَٰبِ لَعَلَّكُمۡ تَتَّقُونَ  ۝١٧٩
အို-ဆင်ခြင်တုံတရားနှင့်ပြည့်စုံသော ပညာရှင် အပေါင်းတို့၊ စင်စစ်သော်ကား (ယင်းကဲ့သို့) လက်စား ချေခြင်း၌ အသင်တို့အဘို့ရာ အသက်ရှင်ခြင်းရှိသည်။ သို့မှသာလျှင် အသင်တို့သည် ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာပေသည်။
2:180
كُتِبَ عَلَيۡكُمۡ إِذَا حَضَرَ أَحَدَكُمُ ٱلۡمَوۡتُ إِن تَرَكَ خَيۡرًا ٱلۡوَصِيَّةُ لِلۡوَٰلِدَيۡنِ وَٱلۡأَقۡرَبِينَ بِٱلۡمَعۡرُوفِۖ حَقًّا عَلَى ٱلۡمُتَّقِينَ  ۝١٨٠
(ထို့ပြင်) အသင်တို့အပေါ်၌ ပြဋ္ဌာန်းထားတော် မူသော အမိန့်တော် တရပ်မှာ အသင်တို့အနက် တစ်ဦး တစ်ယောက်၏ထံသို့ သေခြင်းတရားသည် ဆိုက်ရောက် လာသောအခါ၊ အကယ်၍ ထိုသူသည် တစ်စုံတစ်ရာ ဥစ္စာ ပစ္စည်း ထားရှိခဲ့ပါမူ (ထိုသူ၏) မိဘနှစ်ပါးနှင့် ဆွေမျိုးရင်းချာ တို့အဘို့ရာ ကောင်းမြတ်သောနည်းဖြင့် (သေတမ်းစာအဖြစ်) မှာကြားခဲ့ရန် တာဝန်ရှိပေသည်။ (ဤသည်ကား) ဒုစရိုက်မှု တို့မှ ကြဉ်ရှောင်သူ အပေါင်းတို့အပေါ်၌ (မလွဲမရှောင်သာ သော) တာဝန် ဝတ္တရားတစ်ရပ်ပင် ဖြစ်ချေသတည်း။
2:181
فَمَنۢ بَدَّلَهُۥ بَعۡدَ مَا سَمِعَهُۥ فَإِنَّمَآ إِثۡمُهُۥ عَلَى ٱلَّذِينَ يُبَدِّلُونَهُۥٓۚ إِنَّ ٱللَّهَ سَمِيعٌ عَلِيمٌ  ۝١٨١
တဖန်အကြင်သူတို့သည် ထိုမှာကြားချက်ကို ကြားနာကြပြီးသည့်နောက် (တစ်မျိုးတစ်ဖုံ) ပြောင်းလွှဲခဲ့ပါမူ၊ ထိုမှာကြားချက်ကို ပြောင်းလွှဲသူတို့အပေါ်၌ သာလျှင် ထိုပြောင်းလွှဲခြင်း၏အပြစ်သည် ထိုက်ချေသည်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (ယင်းသူတို့ မှာထားခဲ့သည်များကို) အကြွင်းမဲ့ ကြားတော်မူသောအရှင် (ယင်းသူတို့၏စေတနာ သဒ္ဓါတရားများကိုလည်း) အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တော်မူ၏။


📚Juz 2 📄27 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Thursday, August 20, 2026

Don't forget us in your sincere prayers