۞ لَّيْسَ الْبِرَّ أَن تُوَلُّوا وُجُوهَكُمْ قِبَلَ الْمَشْرِقِ وَالْمَغْرِبِ وَلَٰكِنَّ الْبِرَّ مَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَالْمَلَائِكَةِ وَالْكِتَابِ وَالنَّبِيِّينَ وَآتَى الْمَالَ عَلَىٰ حُبِّهِ ذَوِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينَ وَابْنَ السَّبِيلِ وَالسَّائِلِينَ وَفِي الرِّقَابِ وَأَقَامَ الصَّلَاةَ وَآتَى الزَّكَاةَ وَالْمُوفُونَ بِعَهْدِهِمْ إِذَا عَاهَدُوا ۖ وَالصَّابِرِينَ فِي الْبَأْسَاءِ وَالضَّرَّاءِ وَحِينَ الْبَأْسِ ۗ أُولَٰئِكَ الَّذِينَ صَدَقُوا ۖ وَأُولَٰئِكَ هُمُ الْمُتَّقُونَ ١٧٧
🔤 Transliteration
Laisal birra an tuwalloo wujoohakum qibalal mashriqi walmaghribi wa laakinnal birra man aamana billaahi wal yawmil aakhiri wal malaaa `ikati wal kitaabi wan nabiyyeena wa aatalmaala `alaa hubbihee zawilqurbaa walyataa maa walmasaakeena wabnas sabeeli wassaaa`ileena wa firriqaabi wa aqaamas salaata wa aataz zakaata walmoofoona bi ahdihim izaa `aahadoo wasaabireena fil baasaaa`i waddarraaa`i wa heenal baas; ulaaa`ikal lazeena sadaqoo wa ulaaa `ika humul muttaqoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အရှေ့အရပ်ဘက်သို့ သော်လည်းကောင်း၊ အနောက် အရပ်ဘက်သို့ သော်လည်းကောင်း မျက်နှာမူခြင်း သည် (သာလျှင်) အသင်တို့အဘို့ ကောင်းမြတ်သော အကျင့် သီလ မဟုတ်သေးပေ။ ကောင်းမြတ်သော သီလရှိသူ သီလဝန် ဂုဏဝန်တို့ ဟူသည်ကား အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက် ဆုံးနေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်များကို လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်ထံမှကျရောက်သော) ကျမ်းဂန်များကိုလည်းကောင်း၊ နဗီတမန်တော် များကိုလည်း ကောင်း၊ ယုံကြည်မြတ်နိုးကြသော သူများတည်း။ ၎င်းပြင် ယင်းသူတို့သည် မိမိတို့၏ ဥစ္စာ ပစ္စည်းများကို စုံမက်နှစ်သက် ပါလျက်နှင့်ပင် (တနည်း အလ္လာဟ်အရှင်မြတ်ကို ကြည်ညို မြတ်နိုး ကြ၍) ဆွေမျိုးညာတကာများအား လည်းကောင်း၊ မိသက်ဆိုး ဖသက်ဆိုးများအား လည်းကောင်း၊ အထီးကျန်သူဆင်းရဲများအား လည်းကောင်း၊ ခရီးသည်များအား လည်းကောင်း၊ ဖုန်းတောင်းယာစကာများအား လည်းကောင်း၊ ကြေးကျွန်များကို ကျွန်ဘဝမှ လွတ်မြောက်စေရာ၌ လည်းကောင်း၊ ပေးကမ်းလှူဒါန်း စွန့်ကြဲကြ၏။ ထို့ပြင် ယင်းသူတို့သည် ဆွလာတ် ဝတ်ပြုကြ၏။ ဇကာတ် တရားဝင်ဒါနကြေးကိုလည်း ပေးလှူကြ၏။ ယင်းသူတို့သည် ကတိပြုသောအခါ၌ မိမိတို့၏ ပဋိညာဉ် ဝန်ခံချက်များကို အတည်ပြုကြ၏။ ဆင်းရဲ ဒုက္ခကျ ရောက်သည့်အခါ၌ လည်းကောင်း၊ ရောဂါဘယ ဖိစီးသည့် အခါ၌ လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သည့် အခါ၌ လည်းကောင်း၊ ခန္တီပါရမီကို ခိုင်မြဲ စွာ စောင့်စည်းကြ၏။ ဤ တရားများကို လိုက်နာကျင့်သုံးသော သူမွန် သူမြတ်များ သည်သာလျှင် သစ္စာဝါဒီများ ဖြစ်ကြကုန်၏။ ဤသူမွန် သူမြတ် တို့သည်သာလျှင် (အလ္လာဟ်အရှင်မြတ်ကို) ကြောက်ရွံ့ရိုသေ မြတ်နိုးသော သီလဝန် ဂုဏဝန်များ ဖြစ်ကြကုန်၏။
🌐 Additional reference in ภาษาไทย
ကလိမ့်များနှင့် ရှင်းလင်းချက်လိုအပ်သော ဝေါဟာရများ: အလ်ဗိရ် (الْبِرّ ): ကောင်းမှုအပေါင်းနှင့် ဘုရားသခင်နှစ်သက်တော်မူသော ကောင်းကျိုးဆောင်တရားများ။ ကိဗ်လသုလ်မာရှ်ရိက် ဝလ်မာဂ်ရိဗ် (قِبَلَ الْمَشْرِقِ وَالْمَغْرِبِ ): အရှေ့နှင့်အနောက်ဘက်သို့ မျက်နှာမူခြင်း။ ဒဝီလ်ကုရ်ဗာ (ذَوِي الْقُرْبَى ): ဆွေမျိုးသားချင်းများ။ အဗ်နုစ်စဗီးလ် (ابْنَ السَّبِيلِ ): ခရီးသွားနေစဉ် လမ်းခရီးတွင် အကူအညီလိုအပ်နေသော ခရီးသည်။ ဖိရ်ရိကာဗ် (فِي الرِّقَابِ ): ကျွန်များကို လွတ်မြောက်စေခြင်း၊ စစ်သုံ့ပန်းများကို ရွေးနုတ်ခြင်း။ အလ်ဗအ်စာအ် (الْبَأْسَاءِ ): ဆင်းရဲဒုက္ခနှင့် စီးပွားရေးကျပ်တည်းမှု။ အဒ်ဒရာအ် (الضَّرَّاءِ ): ရောဂါဝေဒနာ။ ဟီနလ်ဗအ်စ် (حِينَ الْبَأْسِ ): စစ်ပွဲအချိန်၊ တိုက်ပွဲပြင်းထန်ချိန်။ ဤအာယသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: အလ္လာဟ်အရှင်မြတ်ထံတော်တွင် ကောင်းမှုဟူသည် အရှေ့ဘက်နှင့် အနောက်ဘက်သို့ မျက်နှာမူခြင်းသက်သက်မဟုတ်ပေ။ အကယ်၍ ထိုသို့မျက်နှာမူခြင်းသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့် ရှရီအသ်ဥပဒေအရ ဖြစ်ခြင်းမရှိပါက ကောင်းမှုမဖြစ်နိုင်ပေ။ အမှန်စင်စစ် ကောင်းမှုအပေါင်းသည် အောက်ပါအရည်အချင်းများတွင် ရှိသည်။
အလ္လာဟ်အရှင်မြတ်ကို တစ်ဆူတည်းသော ကိုးကွယ်ရာအဖြစ် ယုံကြည်ခြင်း၊ နောက်ဆုံးနေ့ (ကိယာမသ်နေ့) ကို ယုံကြည်ခြင်း၊ ကောင်းကင်တမန်များ (မာလာအိကဟ်) အားလုံးကို ယုံကြည်ခြင်း၊ ချပေးတော်မူသော ကျမ်းအားလုံးကို ယုံကြည်ခြင်း၊ နဗီတမန်တော်များအားလုံးကို ခွဲခြားမှုမရှိဘဲ ယုံကြည်ခြင်း။
ထို့နောက် မိမိဥစ္စာပစ္စည်းကို အလွန်မြတ်နိုးခင်မင်နေသော်လည်း ဆွေမျိုးသားချင်းများ၊ အဖခင်ဆုံးပါး၍ အရွယ်မရောက်သေးသော မိဘမဲ့ကလေးများ၊ ဆင်းရဲနွမ်းပါးသူများ၊ ခရီးသွားနေစဉ် အကူအညီလိုအပ်နေသော ခရီးသည်များ၊ မေးမြန်းတောင်းခံနေရသူများအား ပေးကမ်းခြင်း၊ ကျွန်များနှင့် စစ်သုံ့ပန်းများကို လွတ်မြောက်စေရန် ဥစ္စာသုံးစွဲခြင်း။
ထို့ပြင် ဆွလာသ်ဝတ်ပြုချက်ကို အပြည့်အစုံ ကျေပွန်စွာ ဆောက်တည်ခြင်း၊ ဇကာသ်ဝတ္တရားကို ပေးဆောင်ခြင်း၊ ကတိပြုပါက ကတိကို ဖြည့်ဆည်းခြင်း၊ ဆင်းရဲဒုက္ခရောက်ချိန်၊ ရ
۞ لَّيۡسَ ٱلۡبِرَّ أَن تُوَلُّواْ وُجُوهَكُمۡ قِبَلَ ٱلۡمَشۡرِقِ وَٱلۡمَغۡرِبِ وَلَٰكِنَّ ٱلۡبِرَّ مَنۡ ءَامَنَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَٱلۡمَلَٰٓئِكَةِ وَٱلۡكِتَٰبِ وَٱلنَّبِيِّـۧنَ وَءَاتَى ٱلۡمَالَ عَلَىٰ حُبِّهِۦ ذَوِي ٱلۡقُرۡبَىٰ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينَ وَٱبۡنَ ٱلسَّبِيلِ وَٱلسَّآئِلِينَ وَفِي ٱلرِّقَابِ وَأَقَامَ ٱلصَّلَوٰةَ وَءَاتَى ٱلزَّكَوٰةَ وَٱلۡمُوفُونَ بِعَهۡدِهِمۡ إِذَا عَٰهَدُواْۖ وَٱلصَّٰبِرِينَ فِي ٱلۡبَأۡسَآءِ وَٱلضَّرَّآءِ وَحِينَ ٱلۡبَأۡسِۗ أُوْلَٰٓئِكَ ٱلَّذِينَ صَدَقُواْۖ وَأُوْلَٰٓئِكَ هُمُ ٱلۡمُتَّقُونَ ١٧٧
အရှေ့အရပ်ဘက်သို့ သော်လည်းကောင်း၊ အနောက် အရပ်ဘက်သို့ သော်လည်းကောင်း မျက်နှာမူခြင်း သည် (သာလျှင်) အသင်တို့အဘို့ ကောင်းမြတ်သော အကျင့် သီလ မဟုတ်သေးပေ။ ကောင်းမြတ်သော သီလရှိသူ သီလဝန် ဂုဏဝန်တို့ ဟူသည်ကား အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက် ဆုံးနေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်များကို လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်ထံမှကျရောက်သော) ကျမ်းဂန်များကိုလည်းကောင်း၊ နဗီတမန်တော် များကိုလည်း ကောင်း၊ ယုံကြည်မြတ်နိုးကြသော သူများတည်း။ ၎င်းပြင် ယင်းသူတို့သည် မိမိတို့၏ ဥစ္စာ ပစ္စည်းများကို စုံမက်နှစ်သက် ပါလျက်နှင့်ပင် (တနည်း အလ္လာဟ်အရှင်မြတ်ကို ကြည်ညို မြတ်နိုး ကြ၍) ဆွေမျိုးညာတကာများအား လည်းကောင်း၊ မိသက်ဆိုး ဖသက်ဆိုးများအား လည်းကောင်း၊ အထီးကျန်သူဆင်းရဲများအား လည်းကောင်း၊ ခရီးသည်များအား လည်းကောင်း၊ ဖုန်းတောင်းယာစကာများအား လည်းကောင်း၊ ကြေးကျွန်များကို ကျွန်ဘဝမှ လွတ်မြောက်စေရာ၌ လည်းကောင်း၊ ပေးကမ်းလှူဒါန်း စွန့်ကြဲကြ၏။ ထို့ပြင် ယင်းသူတို့သည် ဆွလာတ် ဝတ်ပြုကြ၏။ ဇကာတ် တရားဝင်ဒါနကြေးကိုလည်း ပေးလှူကြ၏။ ယင်းသူတို့သည် ကတိပြုသောအခါ၌ မိမိတို့၏ ပဋိညာဉ် ဝန်ခံချက်များကို အတည်ပြုကြ၏။ ဆင်းရဲ ဒုက္ခကျ ရောက်သည့်အခါ၌ လည်းကောင်း၊ ရောဂါဘယ ဖိစီးသည့် အခါ၌ လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သည့် အခါ၌ လည်းကောင်း၊ ခန္တီပါရမီကို ခိုင်မြဲ စွာ စောင့်စည်းကြ၏။ ဤ တရားများကို လိုက်နာကျင့်သုံးသော သူမွန် သူမြတ်များ သည်သာလျှင် သစ္စာဝါဒီများ ဖြစ်ကြကုန်၏။ ဤသူမွန် သူမြတ် တို့သည်သာလျှင် (အလ္လာဟ်အရှင်မြတ်ကို) ကြောက်ရွံ့ရိုသေ မြတ်နိုးသော သီလဝန် ဂုဏဝန်များ ဖြစ်ကြကုန်၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 175-179 — စူရာ အလ်-ဗကရ
175 أُولَٰئِكَ الَّذِينَ اشْتَرَوُا الضَّلَالَةَ بِالْهُدَىٰ وَالْعَذَابَ بِالْمَغْفِرَةِ ۚ فَمَا أَصْبَرَهُمْ عَلَى النَّارِ
(ဤဘဝတွင်)လမ်းမှားကို လမ်းမှန်ဖြင်လည်းကောင်း၊ ပြစ်ဒဏ်ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လည်းကောင်း၊ လဲလှယ်ဝယ်ယူသူများသည် ဤသူများပင်တည်း၊ ယင်းသူတို့သည် အဘယ်နည်းဖြင့် ငရဲမီး၏ဒဏ်ကို ခံဝံ့ကြပါဘိသနည်း။
176 ذَٰلِكَ بِأَنَّ اللَّهَ نَزَّلَ الْكِتَابَ بِالْحَقِّ ۗ وَإِنَّ الَّذِينَ اخْتَلَفُوا فِي الْكِتَابِ لَفِي شِقَاقٍ بَعِيدٍ
ဤကဲ့သို့ (အပြစ်ဒဏ်များ ခံစားကြရမည့်) အကြောင်းမှာကား၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သော ဒေသနာများနှင့်တကွ ကျမ်းတော်မြတ်ကို ချပေး သနားတော်မူခဲ့သော်လည်း (ယင်း) ကျမ်းတော်မြတ်နှင့် စပ်လျဉ်း၍ သဘောကွဲလွဲ ကြသူတို့သည် မှန်သောတရားတော်မှ (အလွန်တရာမျှ) ဝေးကွာလှသော ကွဲပြားမှု၌ ဧကန်အမှန် ရောက်ရှိ ကြလေပြီ။
177 ۞ لَّيْسَ الْبِرَّ أَن تُوَلُّوا وُجُوهَكُمْ قِبَلَ الْمَشْرِقِ وَالْمَغْرِبِ وَلَٰكِنَّ الْبِرَّ مَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَالْمَلَائِكَةِ وَالْكِتَابِ وَالنَّبِيِّينَ وَآتَى الْمَالَ عَلَىٰ حُبِّهِ ذَوِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينَ وَابْنَ السَّبِيلِ وَالسَّائِلِينَ وَفِي الرِّقَابِ وَأَقَامَ الصَّلَاةَ وَآتَى الزَّكَاةَ وَالْمُوفُونَ بِعَهْدِهِمْ إِذَا عَاهَدُوا ۖ وَالصَّابِرِينَ فِي الْبَأْسَاءِ وَالضَّرَّاءِ وَحِينَ الْبَأْسِ ۗ أُولَٰئِكَ الَّذِينَ صَدَقُوا ۖ وَأُولَٰئِكَ هُمُ الْمُتَّقُونَ
အရှေ့အရပ်ဘက်သို့ သော်လည်းကောင်း၊ အနောက် အရပ်ဘက်သို့ သော်လည်းကောင်း မျက်နှာမူခြင်း သည် (သာလျှင်) အသင်တို့အဘို့ ကောင်းမြတ်သော အကျင့် သီလ မဟုတ်သေးပေ။ ကောင်းမြတ်သော သီလရှိသူ သီလဝန် ဂုဏဝန်တို့ ဟူသည်ကား အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက် ဆုံးနေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်များကို လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်ထံမှကျရောက်သော) ကျမ်းဂန်များကိုလည်းကောင်း၊ နဗီတမန်တော် များကိုလည်း ကောင်း၊ ယုံကြည်မြတ်နိုးကြသော သူများတည်း။ ၎င်းပြင် ယင်းသူတို့သည် မိမိတို့၏ ဥစ္စာ ပစ္စည်းများကို စုံမက်နှစ်သက် ပါလျက်နှင့်ပင် (တနည်း အလ္လာဟ်အရှင်မြတ်ကို ကြည်ညို မြတ်နိုး ကြ၍) ဆွေမျိုးညာတကာများအား လည်းကောင်း၊ မိသက်ဆိုး ဖသက်ဆိုးများအား လည်းကောင်း၊ အထီးကျန်သူဆင်းရဲများအား လည်းကောင်း၊ ခရီးသည်များအား လည်းကောင်း၊ ဖုန်းတောင်းယာစကာများအား လည်းကောင်း၊ ကြေးကျွန်များကို ကျွန်ဘဝမှ လွတ်မြောက်စေရာ၌ လည်းကောင်း၊ ပေးကမ်းလှူဒါန်း စွန့်ကြဲကြ၏။ ထို့ပြင် ယင်းသူတို့သည် ဆွလာတ် ဝတ်ပြုကြ၏။ ဇကာတ် တရားဝင်ဒါနကြေးကိုလည်း ပေးလှူကြ၏။ ယင်းသူတို့သည် ကတိပြုသောအခါ၌ မိမိတို့၏ ပဋိညာဉ် ဝန်ခံချက်များကို အတည်ပြုကြ၏။ ဆင်းရဲ ဒုက္ခကျ ရောက်သည့်အခါ၌ လည်းကောင်း၊ ရောဂါဘယ ဖိစီးသည့် အခါ၌ လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သည့် အခါ၌ လည်းကောင်း၊ ခန္တီပါရမီကို ခိုင်မြဲ စွာ စောင့်စည်းကြ၏။ ဤ တရားများကို လိုက်နာကျင့်သုံးသော သူမွန် သူမြတ်များ သည်သာလျှင် သစ္စာဝါဒီများ ဖြစ်ကြကုန်၏။ ဤသူမွန် သူမြတ် တို့သည်သာလျှင် (အလ္လာဟ်အရှင်မြတ်ကို) ကြောက်ရွံ့ရိုသေ မြတ်နိုးသော သီလဝန် ဂုဏဝန်များ ဖြစ်ကြကုန်၏။
178 يَا أَيُّهَا الَّذِينَ آمَنُوا كُتِبَ عَلَيْكُمُ الْقِصَاصُ فِي الْقَتْلَى ۖ الْحُرُّ بِالْحُرِّ وَالْعَبْدُ بِالْعَبْدِ وَالْأُنثَىٰ بِالْأُنثَىٰ ۚ فَمَنْ عُفِيَ لَهُ مِنْ أَخِيهِ شَيْءٌ فَاتِّبَاعٌ بِالْمَعْرُوفِ وَأَدَاءٌ إِلَيْهِ بِإِحْسَانٍ ۗ ذَٰلِكَ تَخْفِيفٌ مِّن رَّبِّكُمْ وَرَحْمَةٌ ۗ فَمَنِ اعْتَدَىٰ بَعْدَ ذَٰلِكَ فَلَهُ عَذَابٌ أَلِيمٌ
အို-အီမန် ယုံကြည်ခြင်းသက်ဝင် ယုံကြည် သူအပေါင်းတို့၊ အသင်တို့အပေါ်၌ မတရား သတ်ဖြတ်ခြင်း ခံကြရသူတို့ နှင့် စပ်လျဉ်း၍ (အလ္လာဟ်အရှင်မြတ်၏ အထံ တော်မှ) လက်စားချေရန်(ဥပဒေကို) ပြဋ္ဌာန်း အတည်ပြုထားတော်မူလေပြီ။ (ပြဋ္ဌာန်း ချက်မှာ) လွတ်လပ်သော သူကောင်း သည်၊ လွတ်လပ်သော သောသူများ သူကောင်း၏အစား၊ ကြေးကျွန်သည် ကြေးကျွန်၏အစား၊ မိန်းမသည် မိန်းမ၏အစား (သေဒဏ်ခံရပေမည်)။ သို့ပင်တစေ အကြင်သူသည် မိမိ၏ညီ သားအစ်ကိုဖြစ်သော သေသူ၏ အမွေဆိုင် တို့ဘက်မှ (လျော် ကြေးပေးလျှင် ကျေအေး မည်ဟု) ခွင့်လွှတ်ခြင်းခံရပါမူ (အမွေ စားအမွေခံတို့အဘို့မှာ ထိုလျော် ကြေးငွေကို) ယဉ်ကျေး သိမ်မွေ့စွာဖြင့် တောင်းဆိုရမည်။ (ယင်းလက် သည်အဖို့ မှာလည်း ထိုသူတို့တောင်း ဆိုသည့် အတိုင်း) သာယာချေငံ သော နည်းဖြင့် ပေးဆပ်ရမည်၊။ ဤသည်ကား အသင် တို့အား မွေးမြူတော်မူသော အရှင်မြတ် ၏အထံ တော်မှ သေစား သေစေခြင်းဒဏ်မှ သက်သာစေခြင်း နှင့် ကရုဏာ တော်သက် ရောက်စေခြင်းပင် ဖြစ်လေသည်။ (သို့သော်) ထို (ဥပဒေ စည်းမျဉ်း ပြဋ္ဌာန်း ပြီးသည့်) နောက် မည်သူမဆို (ထိုစည်း မျဉ်းဥပဒေကို ဖောက်ဖျက်) ကျူးလွန်ပါလျှင် ထိုသူအဘို့ (နောင် တမလွန်ဘဝတွင်) အလွန်ပြင်းပြနာကျင်ဘွယ်ရာ သောအပြစ်ဒဏ်သည် ရှိလတ္တံ့။
179 وَلَكُمْ فِي الْقِصَاصِ حَيَاةٌ يَا أُولِي الْأَلْبَابِ لَعَلَّكُمْ تَتَّقُونَ
အို-ဆင်ခြင်တုံတရားနှင့်ပြည့်စုံသော ပညာရှင် အပေါင်းတို့၊ စင်စစ်သော်ကား (ယင်းကဲ့သို့) လက်စား ချေခြင်း၌ အသင်တို့အဘို့ရာ အသက်ရှင်ခြင်းရှိသည်။ သို့မှသာလျှင် အသင်တို့သည် ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာပေသည်။
ဘာသာပြန် — အလ်-ဗကရ 177 စူရာ အလ်-ဗကရ အာယာသ် 177 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အရှေ့အရပ်ဘက်သို့ သော်လည်းကောင်း၊ အနောက် အရပ်ဘက်သို့ သော်လည်းကောင်း မျက်နှာမူခြင်း သည် (သာလျှင်) အသင်တို့အဘို့ ကောင်းမြတ်သော…
စူရာ အာယာသ် 177/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 175–179. မြန်မာဘာသာ: ภาษาไทย.