အလ်-ဗကရ · 179/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَلَكُمْ فِي الْقِصَاصِ حَيَاةٌ يَا أُولِي الْأَلْبَابِ لَعَلَّكُمْ تَتَّقُونَ ۝١٧٩
Wa lakum fil qisaasi hayaatuny yaaa ulil albaabi la `allakum tattaqoon
📖 မြန်မာဘာသာ
အို-ဆင်ခြင်တုံတရားနှင့်ပြည့်စုံသော ပညာရှင် အပေါင်းတို့၊ စင်စစ်သော်ကား (ယင်းကဲ့သို့) လက်စား ချေခြင်း၌ အသင်တို့အဘို့ရာ အသက်ရှင်ခြင်းရှိသည်။ သို့မှသာလျှင် အသင်တို့သည် ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • الْقِصَاصِ (အလ်ကီဆွာဆွ်): လူ့အသက်ကို သတ်ခဲ့လျှင် သတ်သူကိုလည်း အလားတူ သတ်ခြင်း သို့မဟုတ် ကိုယ်အင်္ဂါကို ထိခိုက်စေခဲ့လျှင် အလားတူ ထိခိုက်စေခြင်းဖြင့် တရားမျှတစွာ လက်စားချေခွင့်ပြုသော ဥပဒေသတ်မှတ်ချက် ဖြစ်သည်။
  • حَيَاةٌ (ဟယာသွန်): အသက်ရှင်ခြင်း၊ ရှင်သန်ခြင်း၊ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ခြင်း။
  • أُولِي الْأَلْبَابِ (အုလီလ်အလ်ဗာဗ်): ဆင်ခြင်တုံတရားနှင့် ပြည့်စုံသော ပညာရှိသူများ၊ ခွဲခြမ်းစိတ်ဖြာနိုင်သော ဉာဏ်ရှင်များ။
  • تَتَّقُونَ (တတ္တကူန): အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ထိန်းသိမ်းခြင်း၊ အပြစ်မှ ရှောင်ကြဉ်ခြင်း။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တော်တွင် မိန့်တော်မူသည်မှာ လူသတ်မှုနှင့် ကိုယ်အင်္ဂါထိခိုက်မှုများအတွက် တရားမျှတသော လက်စားချေခွင့် (ကီဆွာဆွ်) ကို သတ်မှတ်ပြဋ္ဌာန်းတော်မူခြင်းသည် လူ့အဖွဲ့အစည်းအတွင်း အမှန်တကယ် အသက်ရှင်သန်ခြင်း၊ ဘေးကင်းလုံခြုံခြင်းနှင့် တည်ငြိမ်အေးချမ်းခြင်းကို ဖြစ်ပေါ်စေသည်။ အကြောင်းမှာ ဤဥပဒေသည် လူသတ်ရန် ရည်ရွယ်သူများကို တားဆီးပိတ်ပင်ထားသောကြောင့် ဖြစ်သည်။ လူတစ်ဦးသည် မိမိလူသတ်လျှင် မိမိလည်း အလားတူ အပြစ်ခံရမည်ကို သိရှိထားသောအခါ လူသတ်ရန် သတ္တိမရှိတော့ပေ။ ထို့ကြောင့် လူ့အသက်များ ကာကွယ်နိုင်ခြင်း၊ သွေးထွက်သံယို ရန်လိုမှုများ လျော့နည်းလာခြင်း၊ လူမှုအဖွဲ့အစည်း ငြိမ်းချမ်းသာယာလာခြင်းတို့ ဖြစ်ပေါ်လာသည်။ ဤအမှန်တရားကို ဆင်ခြင်တုံတရားနှင့် ပြည့်စုံသော ပညာရှိသူများသာ နားလည်သဘောပေါက်နိုင်ကြသည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် ဉာဏ်ရှင်များကို ဤသို့ မိန့်တော်မူပြီး အရှင်မြတ်၏ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်း၊ အရှင်မြတ်ကို ကြောက်ရွံ့ထိန်းသိမ်းခြင်းဖြင့် အပြစ်များမှ ရှောင်ကြဉ်ကြရန် တိုက်တွန်းနှိုးဆော်တော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အစ္စလာမ်သာသနာသည် လူ့အသက်ကို အလွန်တန်ဖိုးထားကာကွယ်သော သာသနာဖြစ်ကြောင်း သိရှိရသည်။ လူ


📜 အာယာသ် 177-181 — စူရာ အလ်-ဗကရ

177۞ لَّيْسَ الْبِرَّ أَن تُوَلُّوا وُجُوهَكُمْ قِبَلَ الْمَشْرِقِ وَالْمَغْرِبِ وَلَٰكِنَّ الْبِرَّ مَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَالْمَلَائِكَةِ وَالْكِتَابِ وَالنَّبِيِّينَ وَآتَى الْمَالَ عَلَىٰ حُبِّهِ ذَوِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينَ وَابْنَ السَّبِيلِ وَالسَّائِلِينَ وَفِي الرِّقَابِ وَأَقَامَ الصَّلَاةَ وَآتَى الزَّكَاةَ وَالْمُوفُونَ بِعَهْدِهِمْ إِذَا عَاهَدُوا ۖ وَالصَّابِرِينَ فِي الْبَأْسَاءِ وَالضَّرَّاءِ وَحِينَ الْبَأْسِ ۗ أُولَٰئِكَ الَّذِينَ صَدَقُوا ۖ وَأُولَٰئِكَ هُمُ الْمُتَّقُونَ
အရှေ့အရပ်ဘက်သို့ သော်လည်းကောင်း၊ အနောက် အရပ်ဘက်သို့ သော်လည်းကောင်း မျက်နှာမူခြင်း သည် (သာလျှင်) အသင်တို့အဘို့ ကောင်းမြတ်သော အကျင့် သီလ မဟုတ်သေးပေ။ ကောင်းမြတ်သော သီလရှိသူ သီလဝန် ဂုဏဝန်တို့ ဟူသည်ကား အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက် ဆုံးနေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်များကို လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်ထံမှကျရောက်သော) ကျမ်းဂန်များကိုလည်းကောင်း၊ နဗီတမန်တော် များကိုလည်း ကောင်း၊ ယုံကြည်မြတ်နိုးကြသော သူများတည်း။ ၎င်းပြင် ယင်းသူတို့သည် မိမိတို့၏ ဥစ္စာ ပစ္စည်းများကို စုံမက်နှစ်သက် ပါလျက်နှင့်ပင် (တနည်း အလ္လာဟ်အရှင်မြတ်ကို ကြည်ညို မြတ်နိုး ကြ၍) ဆွေမျိုးညာတကာများအား လည်းကောင်း၊ မိသက်ဆိုး ဖသက်ဆိုးများအား လည်းကောင်း၊ အထီးကျန်သူဆင်းရဲများအား လည်းကောင်း၊ ခရီးသည်များအား လည်းကောင်း၊ ဖုန်းတောင်းယာစကာများအား လည်းကောင်း၊ ကြေးကျွန်များကို ကျွန်ဘဝမှ လွတ်မြောက်စေရာ၌ လည်းကောင်း၊ ပေးကမ်းလှူဒါန်း စွန့်ကြဲကြ၏။ ထို့ပြင် ယင်းသူတို့သည် ဆွလာတ် ဝတ်ပြုကြ၏။ ဇကာတ် တရားဝင်ဒါနကြေးကိုလည်း ပေးလှူကြ၏။ ယင်းသူတို့သည် ကတိပြုသောအခါ၌ မိမိတို့၏ ပဋိညာဉ် ဝန်ခံချက်များကို အတည်ပြုကြ၏။ ဆင်းရဲ ဒုက္ခကျ ရောက်သည့်အခါ၌ လည်းကောင်း၊ ရောဂါဘယ ဖိစီးသည့် အခါ၌ လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သည့် အခါ၌ လည်းကောင်း၊ ခန္တီပါရမီကို ခိုင်မြဲ စွာ စောင့်စည်းကြ၏။ ဤ တရားများကို လိုက်နာကျင့်သုံးသော သူမွန် သူမြတ်များ သည်သာလျှင် သစ္စာဝါဒီများ ဖြစ်ကြကုန်၏။ ဤသူမွန် သူမြတ် တို့သည်သာလျှင် (အလ္လာဟ်အရှင်မြတ်ကို) ကြောက်ရွံ့ရိုသေ မြတ်နိုးသော သီလဝန် ဂုဏဝန်များ ဖြစ်ကြကုန်၏။
178يَا أَيُّهَا الَّذِينَ آمَنُوا كُتِبَ عَلَيْكُمُ الْقِصَاصُ فِي الْقَتْلَى ۖ الْحُرُّ بِالْحُرِّ وَالْعَبْدُ بِالْعَبْدِ وَالْأُنثَىٰ بِالْأُنثَىٰ ۚ فَمَنْ عُفِيَ لَهُ مِنْ أَخِيهِ شَيْءٌ فَاتِّبَاعٌ بِالْمَعْرُوفِ وَأَدَاءٌ إِلَيْهِ بِإِحْسَانٍ ۗ ذَٰلِكَ تَخْفِيفٌ مِّن رَّبِّكُمْ وَرَحْمَةٌ ۗ فَمَنِ اعْتَدَىٰ بَعْدَ ذَٰلِكَ فَلَهُ عَذَابٌ أَلِيمٌ
အို-အီမန် ယုံကြည်ခြင်းသက်ဝင် ယုံကြည် သူအပေါင်းတို့၊ အသင်တို့အပေါ်၌ မတရား သတ်ဖြတ်ခြင်း ခံကြရသူတို့ နှင့် စပ်လျဉ်း၍ (အလ္လာဟ်အရှင်မြတ်၏ အထံ တော်မှ) လက်စားချေရန်(ဥပဒေကို) ပြဋ္ဌာန်း အတည်ပြုထားတော်မူလေပြီ။ (ပြဋ္ဌာန်း ချက်မှာ) လွတ်လပ်သော သူကောင်း သည်၊ လွတ်လပ်သော သောသူများ သူကောင်း၏အစား၊ ကြေးကျွန်သည် ကြေးကျွန်၏အစား၊ မိန်းမသည် မိန်းမ၏အစား (သေဒဏ်ခံရပေမည်)။ သို့ပင်တစေ အကြင်သူသည် မိမိ၏ညီ သားအစ်ကိုဖြစ်သော သေသူ၏ အမွေဆိုင် တို့ဘက်မှ (လျော် ကြေးပေးလျှင် ကျေအေး မည်ဟု) ခွင့်လွှတ်ခြင်းခံရပါမူ (အမွေ စားအမွေခံတို့အဘို့မှာ ထိုလျော် ကြေးငွေကို) ယဉ်ကျေး သိမ်မွေ့စွာဖြင့် တောင်းဆိုရမည်။ (ယင်းလက် သည်အဖို့ မှာလည်း ထိုသူတို့တောင်း ဆိုသည့် အတိုင်း) သာယာချေငံ သော နည်းဖြင့် ပေးဆပ်ရမည်၊။ ဤသည်ကား အသင် တို့အား မွေးမြူတော်မူသော အရှင်မြတ် ၏အထံ တော်မှ သေစား သေစေခြင်းဒဏ်မှ သက်သာစေခြင်း နှင့် ကရုဏာ တော်သက် ရောက်စေခြင်းပင် ဖြစ်လေသည်။ (သို့သော်) ထို (ဥပဒေ စည်းမျဉ်း ပြဋ္ဌာန်း ပြီးသည့်) နောက် မည်သူမဆို (ထိုစည်း မျဉ်းဥပဒေကို ဖောက်ဖျက်) ကျူးလွန်ပါလျှင် ထိုသူအဘို့ (နောင် တမလွန်ဘဝတွင်) အလွန်ပြင်းပြနာကျင်ဘွယ်ရာ သောအပြစ်ဒဏ်သည် ရှိလတ္တံ့။
179وَلَكُمْ فِي الْقِصَاصِ حَيَاةٌ يَا أُولِي الْأَلْبَابِ لَعَلَّكُمْ تَتَّقُونَ
အို-ဆင်ခြင်တုံတရားနှင့်ပြည့်စုံသော ပညာရှင် အပေါင်းတို့၊ စင်စစ်သော်ကား (ယင်းကဲ့သို့) လက်စား ချေခြင်း၌ အသင်တို့အဘို့ရာ အသက်ရှင်ခြင်းရှိသည်။ သို့မှသာလျှင် အသင်တို့သည် ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာပေသည်။
180كُتِبَ عَلَيْكُمْ إِذَا حَضَرَ أَحَدَكُمُ الْمَوْتُ إِن تَرَكَ خَيْرًا الْوَصِيَّةُ لِلْوَالِدَيْنِ وَالْأَقْرَبِينَ بِالْمَعْرُوفِ ۖ حَقًّا عَلَى الْمُتَّقِينَ
(ထို့ပြင်) အသင်တို့အပေါ်၌ ပြဋ္ဌာန်းထားတော် မူသော အမိန့်တော် တရပ်မှာ အသင်တို့အနက် တစ်ဦး တစ်ယောက်၏ထံသို့ သေခြင်းတရားသည် ဆိုက်ရောက် လာသောအခါ၊ အကယ်၍ ထိုသူသည် တစ်စုံတစ်ရာ ဥစ္စာ ပစ္စည်း ထားရှိခဲ့ပါမူ (ထိုသူ၏) မိဘနှစ်ပါးနှင့် ဆွေမျိုးရင်းချာ တို့အဘို့ရာ ကောင်းမြတ်သောနည်းဖြင့် (သေတမ်းစာအဖြစ်) မှာကြားခဲ့ရန် တာဝန်ရှိပေသည်။ (ဤသည်ကား) ဒုစရိုက်မှု တို့မှ ကြဉ်ရှောင်သူ အပေါင်းတို့အပေါ်၌ (မလွဲမရှောင်သာ သော) တာဝန် ဝတ္တရားတစ်ရပ်ပင် ဖြစ်ချေသတည်း။
181فَمَن بَدَّلَهُ بَعْدَمَا سَمِعَهُ فَإِنَّمَا إِثْمُهُ عَلَى الَّذِينَ يُبَدِّلُونَهُ ۚ إِنَّ اللَّهَ سَمِيعٌ عَلِيمٌ
တဖန်အကြင်သူတို့သည် ထိုမှာကြားချက်ကို ကြားနာကြပြီးသည့်နောက် (တစ်မျိုးတစ်ဖုံ) ပြောင်းလွှဲခဲ့ပါမူ၊ ထိုမှာကြားချက်ကို ပြောင်းလွှဲသူတို့အပေါ်၌ သာလျှင် ထိုပြောင်းလွှဲခြင်း၏အပြစ်သည် ထိုက်ချေသည်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (ယင်းသူတို့ မှာထားခဲ့သည်များကို) အကြွင်းမဲ့ ကြားတော်မူသောအရှင် (ယင်းသူတို့၏စေတနာ သဒ္ဓါတရားများကိုလည်း) အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တော်မူ၏။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
179အာယာသ်

ဘာသာပြန် — အလ်-ဗကရ 179

စူရာ အလ်-ဗကရ အာယာသ် 179 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-ဆင်ခြင်တုံတရားနှင့်ပြည့်စုံသော ပညာရှင် အပေါင်းတို့၊ စင်စစ်သော်ကား (ယင်းကဲ့သို့) လက်စား ချေခြင်း၌ အသင်တို့အဘို့ရာ အသက်ရှင်ခြင်းရှိသည်။ သို့မှသာလျှင်…

စူရာ အာယာသ် 179/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 177–181. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers