အလ်-ဗကရ · 181/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
فَمَن بَدَّلَهُ بَعْدَمَا سَمِعَهُ فَإِنَّمَا إِثْمُهُ عَلَى الَّذِينَ يُبَدِّلُونَهُ ۚ إِنَّ اللَّهَ سَمِيعٌ عَلِيمٌ ۝١٨١
Famam baddalahoo ba`da maa sami`ahoo fa innamaaa ismuhoo `alallazeena yubaddi loonah; innallaha Samee`un `Aleem
📖 မြန်မာဘာသာ
တဖန်အကြင်သူတို့သည် ထိုမှာကြားချက်ကို ကြားနာကြပြီးသည့်နောက် (တစ်မျိုးတစ်ဖုံ) ပြောင်းလွှဲခဲ့ပါမူ၊ ထိုမှာကြားချက်ကို ပြောင်းလွှဲသူတို့အပေါ်၌ သာလျှင် ထိုပြောင်းလွှဲခြင်း၏အပြစ်သည် ထိုက်ချေသည်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (ယင်းသူတို့ မှာထားခဲ့သည်များကို) အကြွင်းမဲ့ ကြားတော်မူသောအရှင် (ယင်းသူတို့၏စေတနာ သဒ္ဓါတရားများကိုလည်း) အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 179-183 — စူရာ အလ်-ဗကရ

179وَلَكُمْ فِي الْقِصَاصِ حَيَاةٌ يَا أُولِي الْأَلْبَابِ لَعَلَّكُمْ تَتَّقُونَ
အို-ဆင်ခြင်တုံတရားနှင့်ပြည့်စုံသော ပညာရှင် အပေါင်းတို့၊ စင်စစ်သော်ကား (ယင်းကဲ့သို့) လက်စား ချေခြင်း၌ အသင်တို့အဘို့ရာ အသက်ရှင်ခြင်းရှိသည်။ သို့မှသာလျှင် အသင်တို့သည် ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာပေသည်။
180كُتِبَ عَلَيْكُمْ إِذَا حَضَرَ أَحَدَكُمُ الْمَوْتُ إِن تَرَكَ خَيْرًا الْوَصِيَّةُ لِلْوَالِدَيْنِ وَالْأَقْرَبِينَ بِالْمَعْرُوفِ ۖ حَقًّا عَلَى الْمُتَّقِينَ
(ထို့ပြင်) အသင်တို့အပေါ်၌ ပြဋ္ဌာန်းထားတော် မူသော အမိန့်တော် တရပ်မှာ အသင်တို့အနက် တစ်ဦး တစ်ယောက်၏ထံသို့ သေခြင်းတရားသည် ဆိုက်ရောက် လာသောအခါ၊ အကယ်၍ ထိုသူသည် တစ်စုံတစ်ရာ ဥစ္စာ ပစ္စည်း ထားရှိခဲ့ပါမူ (ထိုသူ၏) မိဘနှစ်ပါးနှင့် ဆွေမျိုးရင်းချာ တို့အဘို့ရာ ကောင်းမြတ်သောနည်းဖြင့် (သေတမ်းစာအဖြစ်) မှာကြားခဲ့ရန် တာဝန်ရှိပေသည်။ (ဤသည်ကား) ဒုစရိုက်မှု တို့မှ ကြဉ်ရှောင်သူ အပေါင်းတို့အပေါ်၌ (မလွဲမရှောင်သာ သော) တာဝန် ဝတ္တရားတစ်ရပ်ပင် ဖြစ်ချေသတည်း။
181فَمَن بَدَّلَهُ بَعْدَمَا سَمِعَهُ فَإِنَّمَا إِثْمُهُ عَلَى الَّذِينَ يُبَدِّلُونَهُ ۚ إِنَّ اللَّهَ سَمِيعٌ عَلِيمٌ
တဖန်အကြင်သူတို့သည် ထိုမှာကြားချက်ကို ကြားနာကြပြီးသည့်နောက် (တစ်မျိုးတစ်ဖုံ) ပြောင်းလွှဲခဲ့ပါမူ၊ ထိုမှာကြားချက်ကို ပြောင်းလွှဲသူတို့အပေါ်၌ သာလျှင် ထိုပြောင်းလွှဲခြင်း၏အပြစ်သည် ထိုက်ချေသည်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (ယင်းသူတို့ မှာထားခဲ့သည်များကို) အကြွင်းမဲ့ ကြားတော်မူသောအရှင် (ယင်းသူတို့၏စေတနာ သဒ္ဓါတရားများကိုလည်း) အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တော်မူ၏။
182فَمَنْ خَافَ مِن مُّوصٍ جَنَفًا أَوْ إِثْمًا فَأَصْلَحَ بَيْنَهُمْ فَلَا إِثْمَ عَلَيْهِ ۚ إِنَّ اللَّهَ غَفُورٌ رَّحِيمٌ
သို့ဖြစ်ငြားလည်း အကြင်သူသည် သေတမ်း စာ ထားရှိခဲ့သောသူ၏ထံမှ တစ်စုံတစ်ရာသော လွဲချော် တိမ်းပါးမှား ယွင်းမှုကိုသော်လည်းကောင်း၊ သို့တည်း မဟုတ် တစ်စုံတစ်ရာ သောပြစ်မှုကိုသော်လည်းကောင်း၊ စိုးရိမ်မကင်း ဖြစ်သည့် အတွက် ယင်း(အမွေဆိုင်)သူတို့ ၏အကြားဝယ် စေ့စပ်သင့်မြတ် စေခဲ့ပါမူ(ထိုစေ့စပ် သင့်မြတ်ပေးသော)သူ၏အပေါ်၌ တစ်စုံ တစ်ရာ အပြစ် မရှိပြီ၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှု ဒုစရိုက်တို့ကို) အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်သနားကြင်နာ ညှာတာ တော်မူသောအရှင် ဖြစ်တော်မူ၏။
183يَا أَيُّهَا الَّذِينَ آمَنُوا كُتِبَ عَلَيْكُمُ الصِّيَامُ كَمَا كُتِبَ عَلَى الَّذِينَ مِن قَبْلِكُمْ لَعَلَّكُمْ تَتَّقُونَ
အို-မုအ်မင်န် ယုံကြည်ခြင်းသဒ္ဒါတရား ရှိကြကုန်သောသူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထက် အလျင်ရှိခဲ့ကြသော သူတို့အပေါ်ဝယ် ဥပုသ် သီတင်းဆောက်တည်ရန် ပညတ်တော်ကို ပြဋ္ဌာန်းတော်မူ သကဲ့သို့ပင် �သင်တို့အပေါ်၌လည်း ဥပုသ်သီတင်းဆောက်တည်ရန် အမိန့်တော်ကို ပြဋ္ဌာန်း အတည်ပြုတော်မူခဲ့လေပြီ။ သို့ (ဥပုသ်သီတင်း ဆောက်တည်) မှသာလျှင် အသင်တို့သည် ပြစ်မှု ဒုစရိုက်တို့မှ ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာ၏။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
181အာယာသ်

ဘာသာပြန် — အလ်-ဗကရ 181

စူရာ အလ်-ဗကရ အာယာသ် 181 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တဖန်အကြင်သူတို့သည် ထိုမှာကြားချက်ကို ကြားနာကြပြီးသည့်နောက် (တစ်မျိုးတစ်ဖုံ) ပြောင်းလွှဲခဲ့ပါမူ၊ ထိုမှာကြားချက်ကို ပြောင်းလွှဲသူတို့အပေါ်၌ သာလျှင် ထိုပြောင်းလွှဲခြင်း၏အပြစ်သည် ထိုက်ချေသည်။…

စူရာ အာယာသ် 181/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 179–183. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers