အလ်-ဗကရ · 180/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
كُتِبَ عَلَيْكُمْ إِذَا حَضَرَ أَحَدَكُمُ الْمَوْتُ إِن تَرَكَ خَيْرًا الْوَصِيَّةُ لِلْوَالِدَيْنِ وَالْأَقْرَبِينَ بِالْمَعْرُوفِ ۖ حَقًّا عَلَى الْمُتَّقِينَ ۝١٨٠
Kutiba `alaikum izaa hadara ahadakumul mawtu in taraka khairanil wasiyyatu lilwaalidaini wal aqrabeena bilma`roofi haqqan `alalmut taqeen
📖 မြန်မာဘာသာ
(ထို့ပြင်) အသင်တို့အပေါ်၌ ပြဋ္ဌာန်းထားတော် မူသော အမိန့်တော် တရပ်မှာ အသင်တို့အနက် တစ်ဦး တစ်ယောက်၏ထံသို့ သေခြင်းတရားသည် ဆိုက်ရောက် လာသောအခါ၊ အကယ်၍ ထိုသူသည် တစ်စုံတစ်ရာ ဥစ္စာ ပစ္စည်း ထားရှိခဲ့ပါမူ (ထိုသူ၏) မိဘနှစ်ပါးနှင့် ဆွေမျိုးရင်းချာ တို့အဘို့ရာ ကောင်းမြတ်သောနည်းဖြင့် (သေတမ်းစာအဖြစ်) မှာကြားခဲ့ရန် တာဝန်ရှိပေသည်။ (ဤသည်ကား) ဒုစရိုက်မှု တို့မှ ကြဉ်ရှောင်သူ အပေါင်းတို့အပေါ်၌ (မလွဲမရှောင်သာ သော) တာဝန် ဝတ္တရားတစ်ရပ်ပင် ဖြစ်ချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 178-182 — စူရာ အလ်-ဗကရ

178يَا أَيُّهَا الَّذِينَ آمَنُوا كُتِبَ عَلَيْكُمُ الْقِصَاصُ فِي الْقَتْلَى ۖ الْحُرُّ بِالْحُرِّ وَالْعَبْدُ بِالْعَبْدِ وَالْأُنثَىٰ بِالْأُنثَىٰ ۚ فَمَنْ عُفِيَ لَهُ مِنْ أَخِيهِ شَيْءٌ فَاتِّبَاعٌ بِالْمَعْرُوفِ وَأَدَاءٌ إِلَيْهِ بِإِحْسَانٍ ۗ ذَٰلِكَ تَخْفِيفٌ مِّن رَّبِّكُمْ وَرَحْمَةٌ ۗ فَمَنِ اعْتَدَىٰ بَعْدَ ذَٰلِكَ فَلَهُ عَذَابٌ أَلِيمٌ
အို-အီမန် ယုံကြည်ခြင်းသက်ဝင် ယုံကြည် သူအပေါင်းတို့၊ အသင်တို့အပေါ်၌ မတရား သတ်ဖြတ်ခြင်း ခံကြရသူတို့ နှင့် စပ်လျဉ်း၍ (အလ္လာဟ်အရှင်မြတ်၏ အထံ တော်မှ) လက်စားချေရန်(ဥပဒေကို) ပြဋ္ဌာန်း အတည်ပြုထားတော်မူလေပြီ။ (ပြဋ္ဌာန်း ချက်မှာ) လွတ်လပ်သော သူကောင်း သည်၊ လွတ်လပ်သော သောသူများ သူကောင်း၏အစား၊ ကြေးကျွန်သည် ကြေးကျွန်၏အစား၊ မိန်းမသည် မိန်းမ၏အစား (သေဒဏ်ခံရပေမည်)။ သို့ပင်တစေ အကြင်သူသည် မိမိ၏ညီ သားအစ်ကိုဖြစ်သော သေသူ၏ အမွေဆိုင် တို့ဘက်မှ (လျော် ကြေးပေးလျှင် ကျေအေး မည်ဟု) ခွင့်လွှတ်ခြင်းခံရပါမူ (အမွေ စားအမွေခံတို့အဘို့မှာ ထိုလျော် ကြေးငွေကို) ယဉ်ကျေး သိမ်မွေ့စွာဖြင့် တောင်းဆိုရမည်။ (ယင်းလက် သည်အဖို့ မှာလည်း ထိုသူတို့တောင်း ဆိုသည့် အတိုင်း) သာယာချေငံ သော နည်းဖြင့် ပေးဆပ်ရမည်၊။ ဤသည်ကား အသင် တို့အား မွေးမြူတော်မူသော အရှင်မြတ် ၏အထံ တော်မှ သေစား သေစေခြင်းဒဏ်မှ သက်သာစေခြင်း နှင့် ကရုဏာ တော်သက် ရောက်စေခြင်းပင် ဖြစ်လေသည်။ (သို့သော်) ထို (ဥပဒေ စည်းမျဉ်း ပြဋ္ဌာန်း ပြီးသည့်) နောက် မည်သူမဆို (ထိုစည်း မျဉ်းဥပဒေကို ဖောက်ဖျက်) ကျူးလွန်ပါလျှင် ထိုသူအဘို့ (နောင် တမလွန်ဘဝတွင်) အလွန်ပြင်းပြနာကျင်ဘွယ်ရာ သောအပြစ်ဒဏ်သည် ရှိလတ္တံ့။
179وَلَكُمْ فِي الْقِصَاصِ حَيَاةٌ يَا أُولِي الْأَلْبَابِ لَعَلَّكُمْ تَتَّقُونَ
အို-ဆင်ခြင်တုံတရားနှင့်ပြည့်စုံသော ပညာရှင် အပေါင်းတို့၊ စင်စစ်သော်ကား (ယင်းကဲ့သို့) လက်စား ချေခြင်း၌ အသင်တို့အဘို့ရာ အသက်ရှင်ခြင်းရှိသည်။ သို့မှသာလျှင် အသင်တို့သည် ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာပေသည်။
180كُتِبَ عَلَيْكُمْ إِذَا حَضَرَ أَحَدَكُمُ الْمَوْتُ إِن تَرَكَ خَيْرًا الْوَصِيَّةُ لِلْوَالِدَيْنِ وَالْأَقْرَبِينَ بِالْمَعْرُوفِ ۖ حَقًّا عَلَى الْمُتَّقِينَ
(ထို့ပြင်) အသင်တို့အပေါ်၌ ပြဋ္ဌာန်းထားတော် မူသော အမိန့်တော် တရပ်မှာ အသင်တို့အနက် တစ်ဦး တစ်ယောက်၏ထံသို့ သေခြင်းတရားသည် ဆိုက်ရောက် လာသောအခါ၊ အကယ်၍ ထိုသူသည် တစ်စုံတစ်ရာ ဥစ္စာ ပစ္စည်း ထားရှိခဲ့ပါမူ (ထိုသူ၏) မိဘနှစ်ပါးနှင့် ဆွေမျိုးရင်းချာ တို့အဘို့ရာ ကောင်းမြတ်သောနည်းဖြင့် (သေတမ်းစာအဖြစ်) မှာကြားခဲ့ရန် တာဝန်ရှိပေသည်။ (ဤသည်ကား) ဒုစရိုက်မှု တို့မှ ကြဉ်ရှောင်သူ အပေါင်းတို့အပေါ်၌ (မလွဲမရှောင်သာ သော) တာဝန် ဝတ္တရားတစ်ရပ်ပင် ဖြစ်ချေသတည်း။
181فَمَن بَدَّلَهُ بَعْدَمَا سَمِعَهُ فَإِنَّمَا إِثْمُهُ عَلَى الَّذِينَ يُبَدِّلُونَهُ ۚ إِنَّ اللَّهَ سَمِيعٌ عَلِيمٌ
တဖန်အကြင်သူတို့သည် ထိုမှာကြားချက်ကို ကြားနာကြပြီးသည့်နောက် (တစ်မျိုးတစ်ဖုံ) ပြောင်းလွှဲခဲ့ပါမူ၊ ထိုမှာကြားချက်ကို ပြောင်းလွှဲသူတို့အပေါ်၌ သာလျှင် ထိုပြောင်းလွှဲခြင်း၏အပြစ်သည် ထိုက်ချေသည်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (ယင်းသူတို့ မှာထားခဲ့သည်များကို) အကြွင်းမဲ့ ကြားတော်မူသောအရှင် (ယင်းသူတို့၏စေတနာ သဒ္ဓါတရားများကိုလည်း) အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တော်မူ၏။
182فَمَنْ خَافَ مِن مُّوصٍ جَنَفًا أَوْ إِثْمًا فَأَصْلَحَ بَيْنَهُمْ فَلَا إِثْمَ عَلَيْهِ ۚ إِنَّ اللَّهَ غَفُورٌ رَّحِيمٌ
သို့ဖြစ်ငြားလည်း အကြင်သူသည် သေတမ်း စာ ထားရှိခဲ့သောသူ၏ထံမှ တစ်စုံတစ်ရာသော လွဲချော် တိမ်းပါးမှား ယွင်းမှုကိုသော်လည်းကောင်း၊ သို့တည်း မဟုတ် တစ်စုံတစ်ရာ သောပြစ်မှုကိုသော်လည်းကောင်း၊ စိုးရိမ်မကင်း ဖြစ်သည့် အတွက် ယင်း(အမွေဆိုင်)သူတို့ ၏အကြားဝယ် စေ့စပ်သင့်မြတ် စေခဲ့ပါမူ(ထိုစေ့စပ် သင့်မြတ်ပေးသော)သူ၏အပေါ်၌ တစ်စုံ တစ်ရာ အပြစ် မရှိပြီ၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှု ဒုစရိုက်တို့ကို) အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်သနားကြင်နာ ညှာတာ တော်မူသောအရှင် ဖြစ်တော်မူ၏။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
180အာယာသ်

ဘာသာပြန် — အလ်-ဗကရ 180

စူရာ အလ်-ဗကရ အာယာသ် 180 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထို့ပြင်) အသင်တို့အပေါ်၌ ပြဋ္ဌာန်းထားတော် မူသော အမိန့်တော် တရပ်မှာ အသင်တို့အနက် တစ်ဦး တစ်ယောက်၏ထံသို့ သေခြင်းတရားသည်…

စူရာ အာယာသ် 180/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 178–182. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers