📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 279
وَلَقَدۡ نَعۡلَمُ أَنَّهُمۡ يَقُولُونَ إِنَّمَا يُعَلِّمُهُۥ بَشَرٌۗ لِّسَانُ ٱلَّذِي يُلۡحِدُونَ إِلَيۡهِ أَعۡجَمِيٌّ وَهَٰذَا لِسَانٌ عَرَبِيٌّ مُّبِينٌ  ۝١٠٣ إِنَّ ٱلَّذِينَ لَا يُؤۡمِنُونَ بِـَٔايَٰتِ ٱللَّهِ لَا يَهۡدِيهِمُ ٱللَّهُ وَلَهُمۡ عَذَابٌ أَلِيمٌ  ۝١٠٤ إِنَّمَا يَفۡتَرِي ٱلۡكَذِبَ ٱلَّذِينَ لَا يُؤۡمِنُونَ بِـَٔايَٰتِ ٱللَّهِۖ وَأُوْلَٰٓئِكَ هُمُ ٱلۡكَٰذِبُونَ  ۝١٠٥ مَن كَفَرَ بِٱللَّهِ مِنۢ بَعۡدِ إِيمَٰنِهِۦٓ إِلَّا مَنۡ أُكۡرِهَ وَقَلۡبُهُۥ مُطۡمَئِنُّۢ بِٱلۡإِيمَٰنِ وَلَٰكِن مَّن شَرَحَ بِٱلۡكُفۡرِ صَدۡرًا فَعَلَيۡهِمۡ غَضَبٌ مِّنَ ٱللَّهِ وَلَهُمۡ عَذَابٌ عَظِيمٌ  ۝١٠٦ ذَٰلِكَ بِأَنَّهُمُ ٱسۡتَحَبُّواْ ٱلۡحَيَوٰةَ ٱلدُّنۡيَا عَلَى ٱلۡأٓخِرَةِ وَأَنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡكَٰفِرِينَ  ۝١٠٧ أُوْلَٰٓئِكَ ٱلَّذِينَ طَبَعَ ٱللَّهُ عَلَىٰ قُلُوبِهِمۡ وَسَمۡعِهِمۡ وَأَبۡصَٰرِهِمۡۖ وَأُوْلَٰٓئِكَ هُمُ ٱلۡغَٰفِلُونَ  ۝١٠٨ لَا جَرَمَ أَنَّهُمۡ فِي ٱلۡأٓخِرَةِ هُمُ ٱلۡخَٰسِرُونَ  ۝١٠٩ ثُمَّ إِنَّ رَبَّكَ لِلَّذِينَ هَاجَرُواْ مِنۢ بَعۡدِ مَا فُتِنُواْ ثُمَّ جَٰهَدُواْ وَصَبَرُوٓاْ إِنَّ رَبَّكَ مِنۢ بَعۡدِهَا لَغَفُورٌ رَّحِيمٌ  ۝١١٠
16:103
وَلَقَدۡ نَعۡلَمُ أَنَّهُمۡ يَقُولُونَ إِنَّمَا يُعَلِّمُهُۥ بَشَرٌۗ لِّسَانُ ٱلَّذِي يُلۡحِدُونَ إِلَيۡهِ أَعۡجَمِيٌّ وَهَٰذَا لِسَانٌ عَرَبِيٌّ مُّبِينٌ  ۝١٠٣
၎င်းပြင် ဧကန်စင်စစ် ၎င်းတို့သည် ထို(နဗီတမာန်တော်မုဟမ္မဒ်)အား လူတစ်ယောက်က သင်ကြားပို့ချ၍ပေးသည်ဟု ပြောဆိုကြသည်ကို ဧကန်မလွဲ ငါအရှင်မြတ်သည်ကောင်းစွာ သိရှိတော်မူပေသည်။ (စင်စစ်)၎င်းတို့စောင်းမြောင်းရည်ညွှန်း ပြောဆိုကြကုန်သောသူ၏ဘာသာစကားမှာမူနိုင်ငံခြား ဘာသာစကားပင် ဖြစ်ပေသည်။ သို့ရာတွင် ဤအာယတ်တော်တွင်မူကား ရှင်းလင်းပြေပြစ်သော အရဗီဘာသာစကားပင် ဖြစ်လေသည်။
16:104
إِنَّ ٱلَّذِينَ لَا يُؤۡمِنُونَ بِـَٔايَٰتِ ٱللَّهِ لَا يَهۡدِيهِمُ ٱللَّهُ وَلَهُمۡ عَذَابٌ أَلِيمٌ  ۝١٠٤
ဧကန်စင်စစ် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကို မယုံကြည်ကြပေ။ ၎င်းတို့အား အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်ကို ပြတော်မူမည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့၌ ပြင်းပြ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်(လည်း) ရှိချေအံ့ သတည်း။
16:105
إِنَّمَا يَفۡتَرِي ٱلۡكَذِبَ ٱلَّذِينَ لَا يُؤۡمِنُونَ بِـَٔايَٰتِ ٱللَّهِۖ وَأُوْلَٰٓئِكَ هُمُ ٱلۡكَٰذِبُونَ  ۝١٠٥
အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကိုမယုံကြည်သောသူတို့သည်သာလျှင် မုသားကို ကြံဖန်လီဆယ်၍ပြောဆိုကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည်သာလျှင် မုသာဝါဒီများ ဖြစ်ကြကုန်သတည်း။
16:106
مَن كَفَرَ بِٱللَّهِ مِنۢ بَعۡدِ إِيمَٰنِهِۦٓ إِلَّا مَنۡ أُكۡرِهَ وَقَلۡبُهُۥ مُطۡمَئِنُّۢ بِٱلۡإِيمَٰنِ وَلَٰكِن مَّن شَرَحَ بِٱلۡكُفۡرِ صَدۡرًا فَعَلَيۡهِمۡ غَضَبٌ مِّنَ ٱللَّهِ وَلَهُمۡ عَذَابٌ عَظِيمٌ  ۝١٠٦
မည်သူမဆို မိမိ အီမာန်သက်ဝင် ယုံကြည်ပြီးနောက် အလ္လာဟ်အရှင်မြတ်အား သွေဖည်ငြင်းပယ် သွားခဲ့ပါလျှင်(အကယ်၍)အကြင်သူသည် အနိုင်အထက်ပြုမူခြင်းခံရ၍၎င်း၏စိတ်နှလုံးမှာ အီမာန်သက်ဝင်ယုံကြည်မှုနှင့်ပင် နှစ်သိမ့်ကျေနပ်လျက်ရှိခဲ့သော် (၎င်း၌အပြစ်မရှိချေ)။ သို့ရာတွင်အကြင်သူ၏စိတ်နှလုံးသည် ကုဖ်ရ်သွေဖည်ငြင်းပယ်မှု၌ပင်မွေ့လျော်ခဲ့ပါလျှင် (အကြင်သူသည် စိတ်နှလုံး ကြည် ဖြူစွာနှင့်ကုဖ်ရ် သွေဖည်ငြင်းပယ်မှုကို လက်ခံခဲ့ ပါလျှင်) ထိုကဲ့သို့သောသူတို့အပေါ်၌မူ အလ္လာဟ်အရှင်မြတ်အထံတော်မှ အမျက်တော်သည် ကျရောက်ပေမည်။ ထိုမှတစ်ပါး ၎င်းတို့၌ကြီးလေးသော ပြစ်ဒဏ်သည်လည်း ရှိချိမ့်သည်တည်း။
16:107
ذَٰلِكَ بِأَنَّهُمُ ٱسۡتَحَبُّواْ ٱلۡحَيَوٰةَ ٱلدُّنۡيَا عَلَى ٱلۡأٓخِرَةِ وَأَنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡكَٰفِرِينَ  ۝١٠٧
ဤ(သို့ အမျက်တော်နှင့်ပြစ်ဒဏ်ခံကြရခြင်း)သည်ကား ၎င်းတို့သည် လောကီဘဝကို နောင်တမလွန်ဘဝထက်သာ၍ နှစ်သက်သဘောကျခဲ့ကြသောကြောင့်တည်း။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်သွေဖည်ငြင်းပယ်ကြကုန်သော သူတို့ကို တရားလမ်းမှန်ပြတော်မူသည်မဟုတ်ပေ။
16:108
أُوْلَٰٓئِكَ ٱلَّذِينَ طَبَعَ ٱللَّهُ عَلَىٰ قُلُوبِهِمۡ وَسَمۡعِهِمۡ وَأَبۡصَٰرِهِمۡۖ وَأُوْلَٰٓئِكَ هُمُ ٱلۡغَٰفِلُونَ  ۝١٠٨
ဤသူများတွင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်နှလုံးများအပေါ်၌ လည်းကောင်း၊ နားများအပေါ်၌လည်းကောင်း၊ မျက်စိ များအပေါ်၌လည်းကောင်း၊ တံဆိပ်ခပ်နှိပ်တော်မူခဲ့လေသည်။ ထိုမှတစ်ပါးဤသူများပင် (လောကီဘဝ၌ ပျော်မြူးလျက် တမလွန်ဘဝကို)လျစ်လျူရှုနေကြသူများ ဖြစ်ကြကုန်သတည်း။
16:109
لَا جَرَمَ أَنَّهُمۡ فِي ٱلۡأٓخِرَةِ هُمُ ٱلۡخَٰسِرُونَ  ۝١٠٩
ဧကန်စင်စစ် ၎င်းတို့သည် နောင်တမလွန် ဘဝတွင် နစ်နာဆုံးရှုံးသူများဖြစ်ကြရမည်မှာ မလွဲမရှောင်သာ(သောကိစ္စပင်)ဖြစ်ပေသည်။
16:110
ثُمَّ إِنَّ رَبَّكَ لِلَّذِينَ هَاجَرُواْ مِنۢ بَعۡدِ مَا فُتِنُواْ ثُمَّ جَٰهَدُواْ وَصَبَرُوٓاْ إِنَّ رَبَّكَ مِنۢ بَعۡدِهَا لَغَفُورٌ رَّحِيمٌ  ۝١١٠
ထို့နောက် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အကြင်သူတို့အဖို့ ထိုသူတို့သည် စမ်းသပ်ခြင်းကို ခံကြရပြီးနောက် ရွှေ့ပြောင်းနေထိုင်ခဲ့ကြ၏။ ၎င်းပြင် ထိုသူများသည် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြကုန်၏။၎င်းပြင် ထိုသူများသည် ချုပ်တည်းသည်းခံခဲ့ကြကုန်၏။ မုချအမှန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ယင်း(ကိစ္စများ)၏နောက်တွင် အမှန်ပင် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာသနားကြင်နာညှာတာတော်မူသော အရှင်မြတ်၊ ဖြစ်တော်မူပေသတည်း။


📚Juz 14 📄279 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Tuesday, August 25, 2026

Don't forget us in your sincere prayers