အန်-နဟ်လ် · 110/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
ثُمَّ إِنَّ رَبَّكَ لِلَّذِينَ هَاجَرُوا مِن بَعْدِ مَا فُتِنُوا ثُمَّ جَاهَدُوا وَصَبَرُوا إِنَّ رَبَّكَ مِن بَعْدِهَا لَغَفُورٌ رَّحِيمٌ ۝١١٠
Summa inna Rabbaka lillazeena haajaroo mim ba`dimaa futinoo summma jaahadoo wa sabaroo inna Rabbaka mim ba`dihaa la Ghafoorur Raheem
📖 မြန်မာဘာသာ
ထို့နောက် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အကြင်သူတို့အဖို့ ထိုသူတို့သည် စမ်းသပ်ခြင်းကို ခံကြရပြီးနောက် ရွှေ့ပြောင်းနေထိုင်ခဲ့ကြ၏။ ၎င်းပြင် ထိုသူများသည် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြကုန်၏။၎င်းပြင် ထိုသူများသည် ချုပ်တည်းသည်းခံခဲ့ကြကုန်၏။ မုချအမှန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ယင်း(ကိစ္စများ)၏နောက်တွင် အမှန်ပင် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာသနားကြင်နာညှာတာတော်မူသော အရှင်မြတ်၊ ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • هَاجَرُوا (ဟာဂျရူး) — ဟိဂျ်ရသ်ပြုခြင်း၊ နေရပ်စွန့်ခွာ၍ အစ္စလာမ်အတွက် ရွှေ့ပြောင်းနေထိုင်ခြင်း။
  • فُتِنُوا (ဖုသိနူး) — ဖိတ်နသ် (စမ်းသပ်မှု/နှိပ်စက်မှု) ခံခဲ့ရခြင်း၊ ဒုက္ခပေးခံခဲ့ရခြင်း။
  • جَاهَدُوا (ဂျာဟဒူး) — အလ္လာဟ်၏လမ်းတော်၌ ကြိုးပမ်းအားထုတ်ခြင်း။
  • صَبَرُوا (ဆိုဘရူး) — သည်းခံခြင်း၊ ဇွဲရှိခြင်း။
  • غَفُورٌ (ဂဖူးရ်) — အလွန်ခွင့်လွှတ်တော်မူသောအရှင်။
  • رَحِيمٌ (ရဟီးမ်) — အလွန်ကရုဏာထားတော်မူသောအရှင်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ထို့နောက် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မက္ကာမြို့တွင် မုရှ်ရိက်များ၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရပြီး၊ နှုတ်ဖြင့် ကုဖ်ရ်စကား ပြောဆိုရန် အတင်းအကြပ် ဖိအားပေးခံခဲ့ရသော်လည်း သူတို့၏ စိတ်နှလုံးများသည် အီမာန်ဖြင့် ငြိမ်းချမ်းတည်ငြိမ်နေခဲ့ကြသော မုအ်မင်န်များအတွက် ခွင့်လွှတ်တော်မူသောအရှင်၊ ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုသူတို့သည် မက္ကာမှ မဒီနာသို့ ဟိဂျ်ရသ်ပြုခဲ့ကြပြီး၊ အလ္လာဟ်၏လမ်းတော်၌ ဂျိဟာဒ်ပြုခဲ့ကြကာ၊ ခက်ခဲကြမ်းတမ်းသော တာဝန်များကို သည်းခံခဲ့ကြ၏။ ဧကန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထိုသူတို့ ခံခဲ့ရသော စမ်းသပ်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများအပြီးတွင် သူတို့အား အလွန်ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူ၏။ အကြောင်းမှာ သူတို့သည် ကုဖ်ရ်စကားကို အတင်းအကြပ် ဖိအားပေးခံရ၍သာ ပြောဆိုခဲ့ကြခြင်း ဖြစ်သောကြောင့်တည်း။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် မိမိကျေးကျွန်များ၏ အားနည်းချက်နှင့် အခက်အခဲများကို အလွန်သိတော်မူပြီး၊ ခွင့်လွှတ်တော်မူသောအရှင်၊ ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူသည်။
  • အတင်းအကြပ် ဖိအားပေးခံရ၍ နှုတ်ဖြင့် မလိုလားအပ်သော စကားပြောမိသော်လည်း စိတ်နှလုံးတွင် အီမာန် တည်ရှိနေပါက အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူ


📜 အာယာသ် 108-112 — စူရာ အန်-နဟ်လ်

108أُولَٰئِكَ الَّذِينَ طَبَعَ اللَّهُ عَلَىٰ قُلُوبِهِمْ وَسَمْعِهِمْ وَأَبْصَارِهِمْ ۖ وَأُولَٰئِكَ هُمُ الْغَافِلُونَ
ဤသူများတွင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်နှလုံးများအပေါ်၌ လည်းကောင်း၊ နားများအပေါ်၌လည်းကောင်း၊ မျက်စိ များအပေါ်၌လည်းကောင်း၊ တံဆိပ်ခပ်နှိပ်တော်မူခဲ့လေသည်။ ထိုမှတစ်ပါးဤသူများပင် (လောကီဘဝ၌ ပျော်မြူးလျက် တမလွန်ဘဝကို)လျစ်လျူရှုနေကြသူများ ဖြစ်ကြကုန်သတည်း။
109لَا جَرَمَ أَنَّهُمْ فِي الْآخِرَةِ هُمُ الْخَاسِرُونَ
ဧကန်စင်စစ် ၎င်းတို့သည် နောင်တမလွန် ဘဝတွင် နစ်နာဆုံးရှုံးသူများဖြစ်ကြရမည်မှာ မလွဲမရှောင်သာ(သောကိစ္စပင်)ဖြစ်ပေသည်။
110ثُمَّ إِنَّ رَبَّكَ لِلَّذِينَ هَاجَرُوا مِن بَعْدِ مَا فُتِنُوا ثُمَّ جَاهَدُوا وَصَبَرُوا إِنَّ رَبَّكَ مِن بَعْدِهَا لَغَفُورٌ رَّحِيمٌ
ထို့နောက် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အကြင်သူတို့အဖို့ ထိုသူတို့သည် စမ်းသပ်ခြင်းကို ခံကြရပြီးနောက် ရွှေ့ပြောင်းနေထိုင်ခဲ့ကြ၏။ ၎င်းပြင် ထိုသူများသည် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြကုန်၏။၎င်းပြင် ထိုသူများသည် ချုပ်တည်းသည်းခံခဲ့ကြကုန်၏။ မုချအမှန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ယင်း(ကိစ္စများ)၏နောက်တွင် အမှန်ပင် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာသနားကြင်နာညှာတာတော်မူသော အရှင်မြတ်၊ ဖြစ်တော်မူပေသတည်း။
111۞ يَوْمَ تَأْتِي كُلُّ نَفْسٍ تُجَادِلُ عَن نَّفْسِهَا وَتُوَفَّىٰ كُلُّ نَفْسٍ مَّا عَمِلَتْ وَهُمْ لَا يُظْلَمُونَ
(ဤကျိုးပြစ်ပေးခြင်းသည် အကြင်နေ့တွင် ဖြစ်ပေမည်။) ထိုနေ့တွင် လူတိုင်းလူတိုင်းသည် မိမိဘက်မှသာလျှင်(ဝါ)မိမိကိုယ်ကိုကာကွယ်၍သာလျှင် ငြင်းခုံပြောဆိုလျက် လာပေမည်။ ထိုမှတစ်ပါး လူတိုင်းလူတိုင်းသည် မိမိကျင့်မူခဲ့သောအကျင့်အမူများ(၏အကျိုးအပြစ်)ကို အပြည့်အစုံပေးခြင်းကိုခံရပေမည်။ အမှန်စင်စစ် ၎င်းတို့သည် မတရား ပြုလုပ်ခြင်းကိုလုံးဝခံကြရမည် မဟုတ်ပေ။
112وَضَرَبَ اللَّهُ مَثَلًا قَرْيَةً كَانَتْ آمِنَةً مُّطْمَئِنَّةً يَأْتِيهَا رِزْقُهَا رَغَدًا مِّن كُلِّ مَكَانٍ فَكَفَرَتْ بِأَنْعُمِ اللَّهِ فَأَذَاقَهَا اللَّهُ لِبَاسَ الْجُوعِ وَالْخَوْفِ بِمَا كَانُوا يَصْنَعُونَ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ရွာတစ်ရွာနှင့်စပ်လျဉ်း၍ ပုံဆောင်ချက်တစ်ရပ်ကို ခိုင်းနှိုင်းတော် မူလေသည်။ ထိုရွာ(သူရွာသားတို့)သည် ဘေးရန်ကင်းငြိမ်းလျက် နှစ်သိမ့်ပျော်မွေ့စွာရှိခဲ့(ကြကုန်)သည်။ ယင်းရွာ(သူရွာသားတို့ထံ)သို့ ယင်း(ရွာသူရွာသားတို့)၏ စားနပ်ရိက္ခာသည် နေရာတိုင်းမှ ဖောသီစွာရောက် ရှိလျက်ရှိလေသည်။ သို့ရာတွင် ယင်းရွာ(သူရွာသားတို့)မူကား အလ္လာဟ်အရှင်မြတ်၏ ကျေးဇူး တော်များကို ငြင်းပယ်ခဲ့(ကြ)လေသည်။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုရွာ(သူရွာသားတို့)အား ထိုသူတို့၏ အကျင့်အမူတို့ကြောင့် ဆာလောင်မှုကိုလည်းကောင်း၊ ကြောက်ရွံ့ ထိတ်လန့်မကိုလည်းကောင်း၊ မြည်းစမ်းစေတော် မူခဲ့ပေသတည်း။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
110အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 110

စူရာ အန်-နဟ်လ် အာယာသ် 110 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အကြင်သူတို့အဖို့ ထိုသူတို့သည် စမ်းသပ်ခြင်းကို ခံကြရပြီးနောက် ရွှေ့ပြောင်းနေထိုင်ခဲ့ကြ၏။ ၎င်းပြင် ထိုသူများသည်…

စူရာ အာယာသ် 110/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 108–112. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers