အန်-နဟ်လ် · 108/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
أُولَٰئِكَ الَّذِينَ طَبَعَ اللَّهُ عَلَىٰ قُلُوبِهِمْ وَسَمْعِهِمْ وَأَبْصَارِهِمْ ۖ وَأُولَٰئِكَ هُمُ الْغَافِلُونَ ۝١٠٨
Ulaaa`ikal lazeena taba`al laahu `alaa quloobihim wa sam`ihim wa absaarihim wa ulaaa`ika humul ghaafiloon
📖 မြန်မာဘာသာ
ဤသူများတွင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်နှလုံးများအပေါ်၌ လည်းကောင်း၊ နားများအပေါ်၌လည်းကောင်း၊ မျက်စိ များအပေါ်၌လည်းကောင်း၊ တံဆိပ်ခပ်နှိပ်တော်မူခဲ့လေသည်။ ထိုမှတစ်ပါးဤသူများပင် (လောကီဘဝ၌ ပျော်မြူးလျက် တမလွန်ဘဝကို)လျစ်လျူရှုနေကြသူများ ဖြစ်ကြကုန်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
  • طَبَعَ (သွဗအာ) — တံဆိပ်ခတ်နှိပ်ခြင်း၊ ပိတ်ဆို့ခြင်း။ ဤနေရာတွင် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ နှလုံးသားများ၊ နားများနှင့် မျက်စိများကို ပိတ်ဆို့တံဆိပ်ခတ်ထားတော်မူခြင်းကို ဆိုလိုသည်။
  • الْغَافِلُونَ (အလ်ဂါဖိလူန) — မေ့လျော့သူများ၊ သတိမမူသူများ။ ဤနေရာတွင် မိမိတို့အတွက် ပြင်ဆင်ထားရှိသော ပြစ်ဒဏ်များနှင့် မိမိတို့၏ အကျိုးဆက်များကို သတိမမူဘဲ မေ့လျော့နေသူများကို ဆိုလိုသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ထိုသူများသည် အီမာန်ယုံကြည်ပြီးနောက် ပြန်လည်လမ်းလွဲသွားသော၊ သို့မဟုတ် ကုဖ်ရ်ကို ရွေးချယ်ပြီး နောင်တမလွန်ဘဝထက် ဤလောကီဘဝကို ဦးစားပေးသော သူများဖြစ်ကြသည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ နှလုံးသားများကို တံဆိပ်ခတ်နှိပ်ထားတော်မူသဖြင့် သူတို့သည် အမှန်တရားကို နားလည်သဘောပေါက်နိုင်ခြင်း မရှိတော့ပေ။ သူတို့၏ နားများကိုလည်း ပိတ်ဆို့ထားတော်မူသဖြင့် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို ကြားသော်လည်း အကျိုးရှိရှိ ဆင်ခြင်သုံးသပ်နိုင်ခြင်း မရှိတော့ပေ။ သူတို့၏ မျက်စိများကိုလည်း ပိတ်ဆို့ထားတော်မူသဖြင့် အလ္လာဟ်အရှင်မြတ်၏ တစ်ဆူတည်းဖြစ်တော်မူခြင်းကို ညွှန်ပြသော သက်သေလက္ခဏာများကို မြင်သော်လည်း မြင်ကာ နားလည်နိုင်ခြင်း မရှိတော့ပေ။ ထိုသူများသည် မိမိတို့၏ ကယ်တင်ခြင်းနှင့် ပျက်စီးခြင်း၏ အကြောင်းရင်းများကို သတိမမူဘဲ၊ မိမိတို့အတွက် အလ္လာဟ်အရှင်မြတ် ပြင်ဆင်ထားတော်မူသော ပြစ်ဒဏ်များကိုလည်း မေ့လျော့နေကြသူများ ဖြစ်ကြသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်နှင့် ကုရ်အာန်ကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား နှလုံးသား၊ နားနှင့် မျက်စိဟူသော အဖိုးတန်ဆုံး အင်္ဂါများကို ပေးသနားထားတော်မူသည်။ ဤအင်္ဂါများကို အမှန်တရားကို ရှာဖွေရာတွင် အသုံးပြုခြင်းသည် လူသား၏ တာဝန်ဖြစ်သည်။
  • အီမာန်ယုံကြည်ပြီးနောက် လမ်းလွဲခြင်းသည် အလွန်အန္တရာယ်ကြီးသော အခြေအနေဖြစ်သည်။ ထို့ကြောင့် အီမာန်ကို အမြဲတမ်း ထိ


📜 အာယာသ် 106-110 — စူရာ အန်-နဟ်လ်

106مَن كَفَرَ بِاللَّهِ مِن بَعْدِ إِيمَانِهِ إِلَّا مَنْ أُكْرِهَ وَقَلْبُهُ مُطْمَئِنٌّ بِالْإِيمَانِ وَلَٰكِن مَّن شَرَحَ بِالْكُفْرِ صَدْرًا فَعَلَيْهِمْ غَضَبٌ مِّنَ اللَّهِ وَلَهُمْ عَذَابٌ عَظِيمٌ
မည်သူမဆို မိမိ အီမာန်သက်ဝင် ယုံကြည်ပြီးနောက် အလ္လာဟ်အရှင်မြတ်အား သွေဖည်ငြင်းပယ် သွားခဲ့ပါလျှင်(အကယ်၍)အကြင်သူသည် အနိုင်အထက်ပြုမူခြင်းခံရ၍၎င်း၏စိတ်နှလုံးမှာ အီမာန်သက်ဝင်ယုံကြည်မှုနှင့်ပင် နှစ်သိမ့်ကျေနပ်လျက်ရှိခဲ့သော် (၎င်း၌အပြစ်မရှိချေ)။ သို့ရာတွင်အကြင်သူ၏စိတ်နှလုံးသည် ကုဖ်ရ်သွေဖည်ငြင်းပယ်မှု၌ပင်မွေ့လျော်ခဲ့ပါလျှင် (အကြင်သူသည် စိတ်နှလုံး ကြည် ဖြူစွာနှင့်ကုဖ်ရ် သွေဖည်ငြင်းပယ်မှုကို လက်ခံခဲ့ ပါလျှင်) ထိုကဲ့သို့သောသူတို့အပေါ်၌မူ အလ္လာဟ်အရှင်မြတ်အထံတော်မှ အမျက်တော်သည် ကျရောက်ပေမည်။ ထိုမှတစ်ပါး ၎င်းတို့၌ကြီးလေးသော ပြစ်ဒဏ်သည်လည်း ရှိချိမ့်သည်တည်း။
107ذَٰلِكَ بِأَنَّهُمُ اسْتَحَبُّوا الْحَيَاةَ الدُّنْيَا عَلَى الْآخِرَةِ وَأَنَّ اللَّهَ لَا يَهْدِي الْقَوْمَ الْكَافِرِينَ
ဤ(သို့ အမျက်တော်နှင့်ပြစ်ဒဏ်ခံကြရခြင်း)သည်ကား ၎င်းတို့သည် လောကီဘဝကို နောင်တမလွန်ဘဝထက်သာ၍ နှစ်သက်သဘောကျခဲ့ကြသောကြောင့်တည်း။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်သွေဖည်ငြင်းပယ်ကြကုန်သော သူတို့ကို တရားလမ်းမှန်ပြတော်မူသည်မဟုတ်ပေ။
108أُولَٰئِكَ الَّذِينَ طَبَعَ اللَّهُ عَلَىٰ قُلُوبِهِمْ وَسَمْعِهِمْ وَأَبْصَارِهِمْ ۖ وَأُولَٰئِكَ هُمُ الْغَافِلُونَ
ဤသူများတွင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်နှလုံးများအပေါ်၌ လည်းကောင်း၊ နားများအပေါ်၌လည်းကောင်း၊ မျက်စိ များအပေါ်၌လည်းကောင်း၊ တံဆိပ်ခပ်နှိပ်တော်မူခဲ့လေသည်။ ထိုမှတစ်ပါးဤသူများပင် (လောကီဘဝ၌ ပျော်မြူးလျက် တမလွန်ဘဝကို)လျစ်လျူရှုနေကြသူများ ဖြစ်ကြကုန်သတည်း။
109لَا جَرَمَ أَنَّهُمْ فِي الْآخِرَةِ هُمُ الْخَاسِرُونَ
ဧကန်စင်စစ် ၎င်းတို့သည် နောင်တမလွန် ဘဝတွင် နစ်နာဆုံးရှုံးသူများဖြစ်ကြရမည်မှာ မလွဲမရှောင်သာ(သောကိစ္စပင်)ဖြစ်ပေသည်။
110ثُمَّ إِنَّ رَبَّكَ لِلَّذِينَ هَاجَرُوا مِن بَعْدِ مَا فُتِنُوا ثُمَّ جَاهَدُوا وَصَبَرُوا إِنَّ رَبَّكَ مِن بَعْدِهَا لَغَفُورٌ رَّحِيمٌ
ထို့နောက် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အကြင်သူတို့အဖို့ ထိုသူတို့သည် စမ်းသပ်ခြင်းကို ခံကြရပြီးနောက် ရွှေ့ပြောင်းနေထိုင်ခဲ့ကြ၏။ ၎င်းပြင် ထိုသူများသည် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြကုန်၏။၎င်းပြင် ထိုသူများသည် ချုပ်တည်းသည်းခံခဲ့ကြကုန်၏။ မုချအမှန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ယင်း(ကိစ္စများ)၏နောက်တွင် အမှန်ပင် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာသနားကြင်နာညှာတာတော်မူသော အရှင်မြတ်၊ ဖြစ်တော်မူပေသတည်း။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
108အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 108

စူရာ အန်-နဟ်လ် အာယာသ် 108 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤသူများတွင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်နှလုံးများအပေါ်၌ လည်းကောင်း၊ နားများအပေါ်၌လည်းကောင်း၊ မျက်စိ များအပေါ်၌လည်းကောင်း၊ တံဆိပ်ခပ်နှိပ်တော်မူခဲ့လေသည်။ ထိုမှတစ်ပါးဤသူများပင်…

စူရာ အာယာသ် 108/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 106–110. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers