📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 302
۞ قَالَ أَلَمۡ أَقُل لَّكَ إِنَّكَ لَن تَسۡتَطِيعَ مَعِيَ صَبۡرًا  ۝٧٥ قَالَ إِن سَأَلۡتُكَ عَن شَيۡءِۭ بَعۡدَهَا فَلَا تُصَٰحِبۡنِيۖ قَدۡ بَلَغۡتَ مِن لَّدُنِّي عُذۡرًا  ۝٧٦ فَٱنطَلَقَا حَتَّىٰٓ إِذَآ أَتَيَآ أَهۡلَ قَرۡيَةٍ ٱسۡتَطۡعَمَآ أَهۡلَهَا فَأَبَوۡاْ أَن يُضَيِّفُوهُمَا فَوَجَدَا فِيهَا جِدَارًا يُرِيدُ أَن يَنقَضَّ فَأَقَامَهُۥۖ قَالَ لَوۡ شِئۡتَ لَتَّخَذۡتَ عَلَيۡهِ أَجۡرًا  ۝٧٧ قَالَ هَٰذَا فِرَاقُ بَيۡنِي وَبَيۡنِكَۚ سَأُنَبِّئُكَ بِتَأۡوِيلِ مَا لَمۡ تَسۡتَطِع عَّلَيۡهِ صَبۡرًا  ۝٧٨ أَمَّا ٱلسَّفِينَةُ فَكَانَتۡ لِمَسَٰكِينَ يَعۡمَلُونَ فِي ٱلۡبَحۡرِ فَأَرَدتُّ أَنۡ أَعِيبَهَا وَكَانَ وَرَآءَهُم مَّلِكٌ يَأۡخُذُ كُلَّ سَفِينَةٍ غَصۡبًا  ۝٧٩ وَأَمَّا ٱلۡغُلَٰمُ فَكَانَ أَبَوَاهُ مُؤۡمِنَيۡنِ فَخَشِينَآ أَن يُرۡهِقَهُمَا طُغۡيَٰنًا وَكُفۡرًا  ۝٨٠ فَأَرَدۡنَآ أَن يُبۡدِلَهُمَا رَبُّهُمَا خَيۡرًا مِّنۡهُ زَكَوٰةً وَأَقۡرَبَ رُحۡمًا  ۝٨١ وَأَمَّا ٱلۡجِدَارُ فَكَانَ لِغُلَٰمَيۡنِ يَتِيمَيۡنِ فِي ٱلۡمَدِينَةِ وَكَانَ تَحۡتَهُۥ كَنزٌ لَّهُمَا وَكَانَ أَبُوهُمَا صَٰلِحًا فَأَرَادَ رَبُّكَ أَن يَبۡلُغَآ أَشُدَّهُمَا وَيَسۡتَخۡرِجَا كَنزَهُمَا رَحۡمَةً مِّن رَّبِّكَۚ وَمَا فَعَلۡتُهُۥ عَنۡ أَمۡرِيۚ ذَٰلِكَ تَأۡوِيلُ مَا لَمۡ تَسۡطِع عَّلَيۡهِ صَبۡرًا  ۝٨٢ وَيَسۡـَٔلُونَكَ عَن ذِي ٱلۡقَرۡنَيۡنِۖ قُلۡ سَأَتۡلُواْ عَلَيۡكُم مِّنۡهُ ذِكۡرًا  ۝٨٣
18:75
۞ قَالَ أَلَمۡ أَقُل لَّكَ إِنَّكَ لَن تَسۡتَطِيعَ مَعِيَ صَبۡرًا  ۝٧٥
၎င်း (ခစ်ဿွ်ရ်)က (ဤသို့) ပြောဆိုခဲ့ပြန်၏(အချင်း-မူစာ) ဧကန်အမှန် အသင်သည် ကျွန်ုပ်တို့နှင့်အတူအလျှင်း သည်းခံ၍နေနိုင်မည်မဟုတ်ကြောင်း ကျွန်ုပ်အသင့်အား ပြောကြားခဲ့သည်မဟုတ်ပါသလော။
18:76
قَالَ إِن سَأَلۡتُكَ عَن شَيۡءِۭ بَعۡدَهَا فَلَا تُصَٰحِبۡنِيۖ قَدۡ بَلَغۡتَ مِن لَّدُنِّي عُذۡرًا  ۝٧٦
ယင်း(မူစာ)က (အချင်း-ခစ်ဿွ်ရ်)အကယ်၍ကျွန်ုပ်သည် ဤသည့်နောက်တွင် အသင်အား တစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ပါလျှင် အသင်သည် ကျွန်ုပ်အား(မိမိနှင့်) အတူမထားပါနှင့်၊ ဧကန်မလွဲ အသင်သည်ကျွန်ုပ်ထံမှ ခွင့်လွှတ် ရန်အကြောင်းပြချက်(၏အဆုံးစွန်)သို့ရောက်ခဲ့ချေပြီဟု ပြော ဆိုခဲ့၏။
18:77
فَٱنطَلَقَا حَتَّىٰٓ إِذَآ أَتَيَآ أَهۡلَ قَرۡيَةٍ ٱسۡتَطۡعَمَآ أَهۡلَهَا فَأَبَوۡاْ أَن يُضَيِّفُوهُمَا فَوَجَدَا فِيهَا جِدَارًا يُرِيدُ أَن يَنقَضَّ فَأَقَامَهُۥۖ قَالَ لَوۡ شِئۡتَ لَتَّخَذۡتَ عَلَيۡهِ أَجۡرًا  ۝٧٧
တစ်ဖန် ၎င်းတို့နှစ်ဦးသည်(ရှေ့သို့ဆက်လက်၍)လျှောက်သွားခဲ့ကြပြန်ရာ မြို့တစ်မြို့မှ မြို့သားတို့ထံရောက်လာ ခဲ့ကြသောအခါ ၎င်းတို့နှစ်ဦးကယင်းမြို့သားတို့ထံ(ဧည့်ခံကျွေး မွေးရန်မေတ္တာရပ်ခဲ့ကြ၏။)ထိုအခါ ယင်းမြို့သားတို့က ၎င်းတို့ နှစ်ဦးအားဧည့်ခံ(ကျွေးမွေး)ခြင်းကို ငြင်းပယ်ခဲ့ကြလေသည်။ ထို့နောက်၎င်းတို့နှစ်ဦးသည် ထိုမြို့တွင်း၌ တံတိုင်း တစ်ခုကိုတွေ့ရှိခဲ့ကြ၏။ ထိုတံတိုင်းမှာ ပြိုကျအံ့ဆဲဆဲ ဖြစ်နေလေရာယင်း(ခစ်ဿွ်ရ်)က ထိုတံတိုင်းကို ဖြောင့်မတ်စွာ ရပ်တည်စေခဲ့လေသည်။ (ထိုအခါ)ယင်း(မူစာ)က(အချင်း-ခစ်ဿွ်ရ်)အကယ် ၍အသင်သည် အလိုရှိခဲ့ပါမူ ဤ(တံတိုင်း တည့်မတ်ပေးရေး) နှင့်စပ်လျဉ်း၍ အမှန်ပင် လုပ်ခကိုယူနိုင်ခဲ့ပေသည်ဟုပြောဆို ခဲ့လေသည်။
18:78
قَالَ هَٰذَا فِرَاقُ بَيۡنِي وَبَيۡنِكَۚ سَأُنَبِّئُكَ بِتَأۡوِيلِ مَا لَمۡ تَسۡتَطِع عَّلَيۡهِ صَبۡرًا  ۝٧٨
(ထိုအခါ)ယင်း(ခစ်ဿွ်ရ်)က(အချင်း-မူစာ၊) ဤသည်ကား အသင်နှင့်ကျွန်ုပ်ခွဲခွာရန်(အချိန်)ပင်တည်း။ ယခုသော်ကား ကျွန်ုပ်သည် အသင်သည်းမခံ နိုင်ခဲ့သောကိစ္စနှင့်စပ်လျဉ်း၍ အဖြစ်မှန်ကို အသင့်အားသိစေပါတော့မည်ဟုပြော ဆိုခဲ့လေသတည်း။
18:79
أَمَّا ٱلسَّفِينَةُ فَكَانَتۡ لِمَسَٰكِينَ يَعۡمَلُونَ فِي ٱلۡبَحۡرِ فَأَرَدتُّ أَنۡ أَعِيبَهَا وَكَانَ وَرَآءَهُم مَّلِكٌ يَأۡخُذُ كُلَّ سَفِينَةٍ غَصۡبًا  ۝٧٩
စင်စစ် ထိုရွက်သင်္ဘောကား မြစ်ထဲတွင်လုပ်ကိုင်(စားသောက်)ကြရရှာသောသူဆင်းရဲများ၏ ရွက်သင်္ဘောပင်ဖြစ်ခဲ့ပေရာ ကျွန်ုပ်သည် ယင်းရွက်သင်္ဘော၌ အပြစ်အနာအဆာရှိစေရန် ရည်ရွယ်ခဲ့ပေသည်။ အကြောင်းသော်ကား၎င်း တို့(ရောက်ရှိကြမည့်)ရှေ့(စခန်း)တွင် ဘုရင်တစ်ပါးရှိသည်။ ထို ဘုရင်သည်(အပြစ်အနာအဆာကင်းသော)ရွက်သင်္ဘော မှန်သ မျှကို အဓမ္မနည်းနှင့် လုယူသိမ်းပိုက်လေ့ရှိသောကြောင့်ပင်တည်း။
18:80
وَأَمَّا ٱلۡغُلَٰمُ فَكَانَ أَبَوَاهُ مُؤۡمِنَيۡنِ فَخَشِينَآ أَن يُرۡهِقَهُمَا طُغۡيَٰنًا وَكُفۡرًا  ۝٨٠
၎င်းပြင် ထိုသူငယ်ကား ၎င်း၏မိဘနှစ်ပါးမှာမုအ်မင်န်သက်ဝင်ယုံကြည်သူများ ဖြစ်ခဲ့ကြရာ ယင်းသူငယ်သည်(မိမိ)၏ ဆိုးသွမ်းမှုဖြင့်လည်းကောင်း၊ သွေဖည်မှုဖြင့်လည်းကောင်း၊ ထိုမိဘနှစ်ပါးအား ဖိစီးနှိပ်စက်မည်ကို ကျွန်ုပ်တို့စိုးရိမ် ခဲ့ပေသည်။
18:81
فَأَرَدۡنَآ أَن يُبۡدِلَهُمَا رَبُّهُمَا خَيۡرًا مِّنۡهُ زَكَوٰةً وَأَقۡرَبَ رُحۡمًا  ۝٨١
သို့ဖြစ်ပေရာ ၎င်းတို့နှစ်ဦးအား ၎င်းတို့၏ အရှင်မြတ်က ထိုသူငယ်ထက်(အကျင့်စာရိတ္တ)စင်ကြယ်သန့်ရှင်းရာတွင် ပိုမိုကောင်းမြတ်၍ (မိဘနှစ်ပါးအား) ချစ်ခင်မြတ်နိုး၍ထောက်ပံ့ရာတွင်လည်း ပိုမိုထူးကဲသော(သားသမီးမျိုးကို)အစားပေးတော်မူရန် ကျွန်ုပ်ရည်ရွယ်ခဲ့ပေသတည်း။
18:82
وَأَمَّا ٱلۡجِدَارُ فَكَانَ لِغُلَٰمَيۡنِ يَتِيمَيۡنِ فِي ٱلۡمَدِينَةِ وَكَانَ تَحۡتَهُۥ كَنزٌ لَّهُمَا وَكَانَ أَبُوهُمَا صَٰلِحًا فَأَرَادَ رَبُّكَ أَن يَبۡلُغَآ أَشُدَّهُمَا وَيَسۡتَخۡرِجَا كَنزَهُمَا رَحۡمَةً مِّن رَّبِّكَۚ وَمَا فَعَلۡتُهُۥ عَنۡ أَمۡرِيۚ ذَٰلِكَ تَأۡوِيلُ مَا لَمۡ تَسۡطِع عَّلَيۡهِ صَبۡرًا  ۝٨٢
ထို့ပြင် ယင်းတံတိုင်းကား ထိုမြို့မှ မိဘမဲ့သူငယ်နှစ်ဦးတို့၏တံတိုင်းပင်ဖြစ်ခဲ့ပေသည်။ ၎င်းပြင် ယင်းတံတိုင်း၏အောက်တွင် ထိုသူငယ်နှစ်ဦးအဖို့ စုဆောင်းထားသော ဘဏ္ဍာပစ္စည်းသည် ရှိနေပေသည်။ ထိုမှတစ်ပါး ထိုသူငယ်နှစ်ဦး၏ဖခင်မှာလည်း သူမွန်သူမြတ်တစ်ပါးပင် ဖြစ်ခဲ့ပေရာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့နှစ်ဦး မိမိတို့ လူလားမြောက်သောအရွယ်သို့ ရောက်ကြသော အခါအသင်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကရုဏာတော်အားဖြင့် မိမိတို့၏ဘဏ္ဍာပစ္စည်းကို ဖော်ထုတ်ယူကြရန် ရည်ရွယ်တော်မူခဲ့ပေသည်။ စင်စစ် ကျွန်ုပ်သည် ဤကိစ္စကိုမိမိသဘောနှင့်ပြုလုပ်ခဲ့သည် မဟုတ်ပေ။ ဤသည် အသင်သည်းခံ၍ မနေနိုင်ခဲ့သောကိစ္စ၏ အဖြစ်မှန်ပင်ဖြစ် ပေသည်တကား။
18:83
وَيَسۡـَٔلُونَكَ عَن ذِي ٱلۡقَرۡنَيۡنِۖ قُلۡ سَأَتۡلُواْ عَلَيۡكُم مِّنۡهُ ذِكۡرًا  ۝٨٣
ထိုမှတစ်ပါး ၎င်း(ကုရိုက်ရှ်အမျိုးသား)တို့သည်ဇုလ်ကရ်နိုင်န် နှင့်ပတ်သက်၍ အသင့်အား မေးမြန်းကြလေသည်။ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား (အချင်းတို့၊) ငါသည် ယခုပင် ယင်း(ဇုလ်ကရ်နိုင်န်)၏ (အကြောင်းများ)အနက် အကြောင်းတစ်ခုကို အသင်တို့ရှေ့ဝယ် ပြန်၍ပြောပြမည်ဟူ၍ ပြောကြားပါလေ။


📚Juz 16 📄302 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Tuesday, August 25, 2026

Don't forget us in your sincere prayers