အလ်-ကဟ်ဖ် · 77/110
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကဟ်ဖ်
فَانطَلَقَا حَتَّىٰ إِذَا أَتَيَا أَهْلَ قَرْيَةٍ اسْتَطْعَمَا أَهْلَهَا فَأَبَوْا أَن يُضَيِّفُوهُمَا فَوَجَدَا فِيهَا جِدَارًا يُرِيدُ أَن يَنقَضَّ فَأَقَامَهُ ۖ قَالَ لَوْ شِئْتَ لَتَّخَذْتَ عَلَيْهِ أَجْرًا ۝٧٧
Fantalaqaa hattaaa izaaa atayaaa ahla qaryatinis tat`amaaa ahlahaa fa abaw any yudaiyifoohumaa fawajadaa feehaa jidaarany yureedu any yanqadda fa aqaamah; qaala law shi`ta lattakhazta `alaihi ajraa
📖 မြန်မာဘာသာ
တစ်ဖန် ၎င်းတို့နှစ်ဦးသည်(ရှေ့သို့ဆက်လက်၍)လျှောက်သွားခဲ့ကြပြန်ရာ မြို့တစ်မြို့မှ မြို့သားတို့ထံရောက်လာ ခဲ့ကြသောအခါ ၎င်းတို့နှစ်ဦးကယင်းမြို့သားတို့ထံ(ဧည့်ခံကျွေး မွေးရန်မေတ္တာရပ်ခဲ့ကြ၏။)ထိုအခါ ယင်းမြို့သားတို့က ၎င်းတို့ နှစ်ဦးအားဧည့်ခံ(ကျွေးမွေး)ခြင်းကို ငြင်းပယ်ခဲ့ကြလေသည်။ ထို့နောက်၎င်းတို့နှစ်ဦးသည် ထိုမြို့တွင်း၌ တံတိုင်း တစ်ခုကိုတွေ့ရှိခဲ့ကြ၏။ ထိုတံတိုင်းမှာ ပြိုကျအံ့ဆဲဆဲ ဖြစ်နေလေရာယင်း(ခစ်ဿွ်ရ်)က ထိုတံတိုင်းကို ဖြောင့်မတ်စွာ ရပ်တည်စေခဲ့လေသည်။ (ထိုအခါ)ယင်း(မူစာ)က(အချင်း-ခစ်ဿွ်ရ်)အကယ် ၍အသင်သည် အလိုရှိခဲ့ပါမူ ဤ(တံတိုင်း တည့်မတ်ပေးရေး) နှင့်စပ်လျဉ်း၍ အမှန်ပင် လုပ်ခကိုယူနိုင်ခဲ့ပေသည်ဟုပြောဆို ခဲ့လေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • فَانطَلَقَا (ဖန်သွလကြာ) — ထိုသူနှစ်ဦး (မူစာနှင့် ခါဒိရ်) သည် ခရီးဆက်လက်ထွက်ခွာသွားကြသည်။
  • اسْتَطْعَمَا (အစ္စသွ်သွိအ်မာ) — သူတို့နှစ်ဦးသည် အစားအစာ (ဧည့်ခံကျွေးမွေးမှု) ကို တောင်းခံကြသည်။
  • يُضَيِّفُوهُمَا (ယုဒါဲဲဖူဟုမာ) — သူတို့နှစ်ဦးကို ဧည့်သည်အဖြစ် လက်ခံကျွေးမွေးကြသည်။
  • جِدَارًا (ဂျိဒါရန်) — နံရံတစ်ခု။
  • يُرِيدُ أَن يَنقَضَّ (ယုရီဒု အန် ယန်ကဒြ) — ပြိုလဲလုမတတ် ဖြစ်နေသည်။
  • فَأَقَامَهُ (ဖအကြာမာဟု) — ထိုနံရံကို မတ်မတ်ဖြစ်အောင် ပြုပြင်ပေးလိုက်သည်။
  • أَجْرًا (အဂျ်ရန်) — အခကြေးငွေ၊ အဖိုးအခ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

မူစာ (အလိုင်ဟိစ္စလာမ်) နှင့် ခါဒိရ် (အလိုင်ဟိစ္စလာမ်) တို့သည် ခရီးဆက်လက်ထွက်ခွာသွားကြပြီး နောက်ဆုံးတွင် ရွာတစ်ရွာသို့ ရောက်ရှိသွားကြသည်။ ထိုရွာသူရွာသားများထံမှ သူတို့နှစ်ဦးသည် အစားအစာ တောင်းခံကြသည်။ သို့သော် ထိုရွာသူရွာသားများသည် သူတို့နှစ်ဦးကို ဧည့်သည်အဖြစ် လက်ခံကျွေးမွေးရန် ငြင်းပယ်ကြသည်။ ထိုအခါ သူတို့နှစ်ဦးသည် ထိုရွာအတွင်း၌ ပြိုလဲလုမတတ် ဖြစ်နေသော နံရံတစ်ခုကို တွေ့ရှိကြသည်။ ခါဒိရ် (အလိုင်ဟိစ္စလာမ်) သည် ထိုနံရံကို မတ်မတ်ဖြစ်အောင် ပြုပြင်ပေးလိုက်သည်။ ထိုအခါ မူစာ (အလိုင်ဟိစ္စလာမ်) က ခါဒိရ်အား “သင်အလိုရှိပါက ဤပြုပြင်မှုအတွက် အခကြေးငွေ တောင်းခံနိုင်ပါသည်” ဟု ပြောဆိုလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးသည် ထိုရွာသူရွာသားများထံမှ ဧည့်ခံကျွေးမွေးမှု မရရှိခဲ့သောကြောင့် အစားအစာအတွက် လိုအပ်မှုရှိနေသောကြောင့် ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အစ္စလာမ်သည် ဧည့်သည်များကို လက်ခံကျွေးမွေးခြင်း၏ အရေးပါမှုကို အလေးပေးသွန်သင်ထားသည်။ ဧည့်သည်များကို ငြင်းပယ်ခြင်းသည် မကောင်းသော အကျင့်တစ်ခုဖြစ်ကြောင်း ဤအာယသ်တော်မှ သင်ခန်းစာရရှိသည်။
  • ကောင်းမှုကုသိုလ်ပြုခြင်းတွင် အခကြေးငွေကို မျှော်လင့်ခြင်းထက် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်မှုကို ရှာဖွေခြင်းသည် ပိုမိုမြင့်မြတ်ကြောင်း သိရှိရသည်။ ခါဒိရ် (


📜 အာယာသ် 75-79 — စူရာ အလ်-ကဟ်ဖ်

75۞ قَالَ أَلَمْ أَقُل لَّكَ إِنَّكَ لَن تَسْتَطِيعَ مَعِيَ صَبْرًا
၎င်း (ခစ်ဿွ်ရ်)က (ဤသို့) ပြောဆိုခဲ့ပြန်၏(အချင်း-မူစာ) ဧကန်အမှန် အသင်သည် ကျွန်ုပ်တို့နှင့်အတူအလျှင်း သည်းခံ၍နေနိုင်မည်မဟုတ်ကြောင်း ကျွန်ုပ်အသင့်အား ပြောကြားခဲ့သည်မဟုတ်ပါသလော။
76قَالَ إِن سَأَلْتُكَ عَن شَيْءٍ بَعْدَهَا فَلَا تُصَاحِبْنِي ۖ قَدْ بَلَغْتَ مِن لَّدُنِّي عُذْرًا
ယင်း(မူစာ)က (အချင်း-ခစ်ဿွ်ရ်)အကယ်၍ကျွန်ုပ်သည် ဤသည့်နောက်တွင် အသင်အား တစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ပါလျှင် အသင်သည် ကျွန်ုပ်အား(မိမိနှင့်) အတူမထားပါနှင့်၊ ဧကန်မလွဲ အသင်သည်ကျွန်ုပ်ထံမှ ခွင့်လွှတ် ရန်အကြောင်းပြချက်(၏အဆုံးစွန်)သို့ရောက်ခဲ့ချေပြီဟု ပြော ဆိုခဲ့၏။
77فَانطَلَقَا حَتَّىٰ إِذَا أَتَيَا أَهْلَ قَرْيَةٍ اسْتَطْعَمَا أَهْلَهَا فَأَبَوْا أَن يُضَيِّفُوهُمَا فَوَجَدَا فِيهَا جِدَارًا يُرِيدُ أَن يَنقَضَّ فَأَقَامَهُ ۖ قَالَ لَوْ شِئْتَ لَتَّخَذْتَ عَلَيْهِ أَجْرًا
တစ်ဖန် ၎င်းတို့နှစ်ဦးသည်(ရှေ့သို့ဆက်လက်၍)လျှောက်သွားခဲ့ကြပြန်ရာ မြို့တစ်မြို့မှ မြို့သားတို့ထံရောက်လာ ခဲ့ကြသောအခါ ၎င်းတို့နှစ်ဦးကယင်းမြို့သားတို့ထံ(ဧည့်ခံကျွေး မွေးရန်မေတ္တာရပ်ခဲ့ကြ၏။)ထိုအခါ ယင်းမြို့သားတို့က ၎င်းတို့ နှစ်ဦးအားဧည့်ခံ(ကျွေးမွေး)ခြင်းကို ငြင်းပယ်ခဲ့ကြလေသည်။ ထို့နောက်၎င်းတို့နှစ်ဦးသည် ထိုမြို့တွင်း၌ တံတိုင်း တစ်ခုကိုတွေ့ရှိခဲ့ကြ၏။ ထိုတံတိုင်းမှာ ပြိုကျအံ့ဆဲဆဲ ဖြစ်နေလေရာယင်း(ခစ်ဿွ်ရ်)က ထိုတံတိုင်းကို ဖြောင့်မတ်စွာ ရပ်တည်စေခဲ့လေသည်။ (ထိုအခါ)ယင်း(မူစာ)က(အချင်း-ခစ်ဿွ်ရ်)အကယ် ၍အသင်သည် အလိုရှိခဲ့ပါမူ ဤ(တံတိုင်း တည့်မတ်ပေးရေး) နှင့်စပ်လျဉ်း၍ အမှန်ပင် လုပ်ခကိုယူနိုင်ခဲ့ပေသည်ဟုပြောဆို ခဲ့လေသည်။
78قَالَ هَٰذَا فِرَاقُ بَيْنِي وَبَيْنِكَ ۚ سَأُنَبِّئُكَ بِتَأْوِيلِ مَا لَمْ تَسْتَطِع عَّلَيْهِ صَبْرًا
(ထိုအခါ)ယင်း(ခစ်ဿွ်ရ်)က(အချင်း-မူစာ၊) ဤသည်ကား အသင်နှင့်ကျွန်ုပ်ခွဲခွာရန်(အချိန်)ပင်တည်း။ ယခုသော်ကား ကျွန်ုပ်သည် အသင်သည်းမခံ နိုင်ခဲ့သောကိစ္စနှင့်စပ်လျဉ်း၍ အဖြစ်မှန်ကို အသင့်အားသိစေပါတော့မည်ဟုပြော ဆိုခဲ့လေသတည်း။
79أَمَّا السَّفِينَةُ فَكَانَتْ لِمَسَاكِينَ يَعْمَلُونَ فِي الْبَحْرِ فَأَرَدتُّ أَنْ أَعِيبَهَا وَكَانَ وَرَاءَهُم مَّلِكٌ يَأْخُذُ كُلَّ سَفِينَةٍ غَصْبًا
စင်စစ် ထိုရွက်သင်္ဘောကား မြစ်ထဲတွင်လုပ်ကိုင်(စားသောက်)ကြရရှာသောသူဆင်းရဲများ၏ ရွက်သင်္ဘောပင်ဖြစ်ခဲ့ပေရာ ကျွန်ုပ်သည် ယင်းရွက်သင်္ဘော၌ အပြစ်အနာအဆာရှိစေရန် ရည်ရွယ်ခဲ့ပေသည်။ အကြောင်းသော်ကား၎င်း တို့(ရောက်ရှိကြမည့်)ရှေ့(စခန်း)တွင် ဘုရင်တစ်ပါးရှိသည်။ ထို ဘုရင်သည်(အပြစ်အနာအဆာကင်းသော)ရွက်သင်္ဘော မှန်သ မျှကို အဓမ္မနည်းနှင့် လုယူသိမ်းပိုက်လေ့ရှိသောကြောင့်ပင်တည်း။
အလ်-ကဟ်ဖ်ကုရ်အာန် ညွှန်းကိန်း
110အာယာသ်
MeccanRevelation
77အာယာသ်

ဘာသာပြန် — အလ်-ကဟ်ဖ် 77

စူရာ အလ်-ကဟ်ဖ် အာယာသ် 77 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တစ်ဖန် ၎င်းတို့နှစ်ဦးသည်(ရှေ့သို့ဆက်လက်၍)လျှောက်သွားခဲ့ကြပြန်ရာ မြို့တစ်မြို့မှ မြို့သားတို့ထံရောက်လာ ခဲ့ကြသောအခါ ၎င်းတို့နှစ်ဦးကယင်းမြို့သားတို့ထံ(ဧည့်ခံကျွေး မွေးရန်မေတ္တာရပ်ခဲ့ကြ၏။)ထိုအခါ ယင်းမြို့သားတို့က ၎င်းတို့ နှစ်ဦးအားဧည့်ခံ(ကျွေးမွေး)ခြင်းကို…

စူရာ အာယာသ် 77/110 — စူရာ အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကဟ်ဖ် နားထောင်, စူရာ အလ်-ကဟ်ဖ် ဘာသာပြန်, စူရာ အလ်-ကဟ်ဖ် mp3, စူရာ အလ်-ကဟ်ဖ် pdf. အာယာသ် 75–79. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers