အလ်-ကဟ်ဖ် · 82/110
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကဟ်ဖ်
وَأَمَّا الْجِدَارُ فَكَانَ لِغُلَامَيْنِ يَتِيمَيْنِ فِي الْمَدِينَةِ وَكَانَ تَحْتَهُ كَنزٌ لَّهُمَا وَكَانَ أَبُوهُمَا صَالِحًا فَأَرَادَ رَبُّكَ أَن يَبْلُغَا أَشُدَّهُمَا وَيَسْتَخْرِجَا كَنزَهُمَا رَحْمَةً مِّن رَّبِّكَ ۚ وَمَا فَعَلْتُهُ عَنْ أَمْرِي ۚ ذَٰلِكَ تَأْوِيلُ مَا لَمْ تَسْطِع عَّلَيْهِ صَبْرًا ۝٨٢
Wa ammal jidaaru fakaana lighulaamaini yateemaini fil madeenati wa kaana tahtahoo kanzul lahumaa wa kaana aboohumaa saalihan fa araada Rabbuka any yablughaaa ashuddahumaa wa yastakhrijaa kanzahumaa rahmatam mir Rabbik; wa maa fa`altuhoo `an amree; zaalika taaweelu maa lam tasti` `alaihi sabra
📖 မြန်မာဘာသာ
ထို့ပြင် ယင်းတံတိုင်းကား ထိုမြို့မှ မိဘမဲ့သူငယ်နှစ်ဦးတို့၏တံတိုင်းပင်ဖြစ်ခဲ့ပေသည်။ ၎င်းပြင် ယင်းတံတိုင်း၏အောက်တွင် ထိုသူငယ်နှစ်ဦးအဖို့ စုဆောင်းထားသော ဘဏ္ဍာပစ္စည်းသည် ရှိနေပေသည်။ ထိုမှတစ်ပါး ထိုသူငယ်နှစ်ဦး၏ဖခင်မှာလည်း သူမွန်သူမြတ်တစ်ပါးပင် ဖြစ်ခဲ့ပေရာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့နှစ်ဦး မိမိတို့ လူလားမြောက်သောအရွယ်သို့ ရောက်ကြသော အခါအသင်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကရုဏာတော်အားဖြင့် မိမိတို့၏ဘဏ္ဍာပစ္စည်းကို ဖော်ထုတ်ယူကြရန် ရည်ရွယ်တော်မူခဲ့ပေသည်။ စင်စစ် ကျွန်ုပ်သည် ဤကိစ္စကိုမိမိသဘောနှင့်ပြုလုပ်ခဲ့သည် မဟုတ်ပေ။ ဤသည် အသင်သည်းခံ၍ မနေနိုင်ခဲ့သောကိစ္စ၏ အဖြစ်မှန်ပင်ဖြစ် ပေသည်တကား။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • الْجِدَارُ (အလ်ဂျိဒါရ်) — နံရံ။
  • غُلَامَيْنِ (ဂုလာမိုင်နိ) — လူငယ်လေးနှစ်ဦး၊ ကလေးနှစ်ဦး။
  • يَتِيمَيْنِ (ယသီမိုင်နိ) — အဖေကွယ်လွန်သွားသော မိဘမဲ့နှစ်ဦး။
  • كَنزٌ (ကန်ဇွန်) — မြေအောက်တွင် မြှုပ်နှံထားသော ဥစ္စာပစ္စည်း။
  • أَشُدَّهُمَا (အရှုဒ်ဒဟုမာ) — သူတို့နှစ်ဦး၏ အရွယ်ရောက်ချိန်၊ ခွန်အားပြည့်ဝသော အရွယ်။
  • رَحْمَةً (ရဟ်မသန်) — ကရုဏာတော်၊ ကျေးဇူးတော်။
  • تَأْوِيلُ (တъအ်ဝီလ်) — အနက်အဓိပ္ပာယ်၊ အဆုံးသတ် ရှင်းလင်းချက်။
  • تَسْطِع (တပ်စ်သိъ) — သင်စွမ်းနိုင်သည်၊ ခံနိုင်ရည်ရှိသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ငါပြုပြင်လိုက်သော နံရံနှင့် ပတ်သက်၍ ပြောရလျှင် ထိုနံရံသည် မြို့ထဲတွင် နေထိုင်သော အဖေကွယ်လွန်ပြီးဖြစ်သည့် လူငယ်လေးနှစ်ဦး၏ ပိုင်ဆိုင်မှုဖြစ်သည်။ ထိုနံရံအောက်တွင် သူတို့နှစ်ဦးအတွက် မြှုပ်နှံထားသော ဥစ္စာပစ္စည်းတစ်ခု ရှိသည်။ သူတို့၏ ဖခင်သည် သီလတရားနှင့် ပြည့်စုံသော သူတော်ကောင်းတစ်ဦး ဖြစ်ခဲ့သည်။ ထို့ကြောင့် သင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထိုလူငယ်လေးနှစ်ဦး အရွယ်ရောက်၍ ကြီးထွားလာပြီးနောက် သူတို့၏ မြှုပ်နှံထားသော ဥစ္စာပစ္စည်းကို ထုတ်ယူနိုင်စေရန် ရည်ရွယ်တော်မူခဲ့သည်။ ဤအရာသည် သင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကရုဏာတော်ကြောင့် ဖြစ်သည်။ အို—မူစာ၊ ငါပြုလုပ်ခဲ့သမျှသော ကိစ္စအဝဝသည် ငါ၏ ကိုယ်ပိုင်ဆန္ဒအရ မဟုတ်ပေ။ အရှင်မြတ်၏ အမိန့်တော်နှင့် လမ်းညွှန်မှုအရသာ ဖြစ်သည်။ ဤသည်ကား သင်သည် သည်းခံနိုင်ရည်မရှိဘဲ မေးခွန်းထုတ်ခဲ့သော ကိစ္စများ၏ နောက်ဆုံးအနက်အဓိပ္ပာယ်နှင့် ရှင်းလင်းချက် ဖြစ်ပေသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

၁။ သူတော်ကောင်း၏ သားသမီးများသည် ကောင်းချီးမင်္ဂလာကို ခံစားရသည်။ ဖခင်သည် သီလတရားနှင့် ပြည့်စုံသော သူတော်ကောင်းဖြစ်ခဲ့သောကြောင့် အလ္လာဟ်အရှင်မြတ်သည် သူ၏ သားသမီးများကို ကာကွယ်စောင့်ရှောက်တော်မူခဲ့သည်။ ဤသည်က မွတ်စ်လင်မ်တစ်ဦးအနေဖြင့



📜 အာယာသ် 80-84 — စူရာ အလ်-ကဟ်ဖ်

80وَأَمَّا الْغُلَامُ فَكَانَ أَبَوَاهُ مُؤْمِنَيْنِ فَخَشِينَا أَن يُرْهِقَهُمَا طُغْيَانًا وَكُفْرًا
၎င်းပြင် ထိုသူငယ်ကား ၎င်း၏မိဘနှစ်ပါးမှာမုအ်မင်န်သက်ဝင်ယုံကြည်သူများ ဖြစ်ခဲ့ကြရာ ယင်းသူငယ်သည်(မိမိ)၏ ဆိုးသွမ်းမှုဖြင့်လည်းကောင်း၊ သွေဖည်မှုဖြင့်လည်းကောင်း၊ ထိုမိဘနှစ်ပါးအား ဖိစီးနှိပ်စက်မည်ကို ကျွန်ုပ်တို့စိုးရိမ် ခဲ့ပေသည်။
81فَأَرَدْنَا أَن يُبْدِلَهُمَا رَبُّهُمَا خَيْرًا مِّنْهُ زَكَاةً وَأَقْرَبَ رُحْمًا
သို့ဖြစ်ပေရာ ၎င်းတို့နှစ်ဦးအား ၎င်းတို့၏ အရှင်မြတ်က ထိုသူငယ်ထက်(အကျင့်စာရိတ္တ)စင်ကြယ်သန့်ရှင်းရာတွင် ပိုမိုကောင်းမြတ်၍ (မိဘနှစ်ပါးအား) ချစ်ခင်မြတ်နိုး၍ထောက်ပံ့ရာတွင်လည်း ပိုမိုထူးကဲသော(သားသမီးမျိုးကို)အစားပေးတော်မူရန် ကျွန်ုပ်ရည်ရွယ်ခဲ့ပေသတည်း။
82وَأَمَّا الْجِدَارُ فَكَانَ لِغُلَامَيْنِ يَتِيمَيْنِ فِي الْمَدِينَةِ وَكَانَ تَحْتَهُ كَنزٌ لَّهُمَا وَكَانَ أَبُوهُمَا صَالِحًا فَأَرَادَ رَبُّكَ أَن يَبْلُغَا أَشُدَّهُمَا وَيَسْتَخْرِجَا كَنزَهُمَا رَحْمَةً مِّن رَّبِّكَ ۚ وَمَا فَعَلْتُهُ عَنْ أَمْرِي ۚ ذَٰلِكَ تَأْوِيلُ مَا لَمْ تَسْطِع عَّلَيْهِ صَبْرًا
ထို့ပြင် ယင်းတံတိုင်းကား ထိုမြို့မှ မိဘမဲ့သူငယ်နှစ်ဦးတို့၏တံတိုင်းပင်ဖြစ်ခဲ့ပေသည်။ ၎င်းပြင် ယင်းတံတိုင်း၏အောက်တွင် ထိုသူငယ်နှစ်ဦးအဖို့ စုဆောင်းထားသော ဘဏ္ဍာပစ္စည်းသည် ရှိနေပေသည်။ ထိုမှတစ်ပါး ထိုသူငယ်နှစ်ဦး၏ဖခင်မှာလည်း သူမွန်သူမြတ်တစ်ပါးပင် ဖြစ်ခဲ့ပေရာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့နှစ်ဦး မိမိတို့ လူလားမြောက်သောအရွယ်သို့ ရောက်ကြသော အခါအသင်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကရုဏာတော်အားဖြင့် မိမိတို့၏ဘဏ္ဍာပစ္စည်းကို ဖော်ထုတ်ယူကြရန် ရည်ရွယ်တော်မူခဲ့ပေသည်။ စင်စစ် ကျွန်ုပ်သည် ဤကိစ္စကိုမိမိသဘောနှင့်ပြုလုပ်ခဲ့သည် မဟုတ်ပေ။ ဤသည် အသင်သည်းခံ၍ မနေနိုင်ခဲ့သောကိစ္စ၏ အဖြစ်မှန်ပင်ဖြစ် ပေသည်တကား။
83وَيَسْأَلُونَكَ عَن ذِي الْقَرْنَيْنِ ۖ قُلْ سَأَتْلُو عَلَيْكُم مِّنْهُ ذِكْرًا
ထိုမှတစ်ပါး ၎င်း(ကုရိုက်ရှ်အမျိုးသား)တို့သည်ဇုလ်ကရ်နိုင်န် နှင့်ပတ်သက်၍ အသင့်အား မေးမြန်းကြလေသည်။ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား (အချင်းတို့၊) ငါသည် ယခုပင် ယင်း(ဇုလ်ကရ်နိုင်န်)၏ (အကြောင်းများ)အနက် အကြောင်းတစ်ခုကို အသင်တို့ရှေ့ဝယ် ပြန်၍ပြောပြမည်ဟူ၍ ပြောကြားပါလေ။
84إِنَّا مَكَّنَّا لَهُ فِي الْأَرْضِ وَآتَيْنَاهُ مِن كُلِّ شَيْءٍ سَبَبًا
ဧကန်မလွဲ ငါအရှင်မြတ်သည် ယင်းဇုလ်ကရ်နိုင်န်အား ကမ္ဘာမြေဝယ် အုပ်ချုပ်မှုအာဏာပေးတော်မူခဲ့၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းအား ခပ်သိမ်းသောအရာတို့သို့၊ လမ်းတစ်ခုကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။(တစ်နည်း)အရာခပ်သိမ်းတို့နှင့် စပ်လျဉ်း၍ နည်းလမ်း(ဥစ္စာပစ္စည်းလက်နက်ကိရိယာအမျိုးမျိုး)ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။
အလ်-ကဟ်ဖ်ကုရ်အာန် ညွှန်းကိန်း
110အာယာသ်
MeccanRevelation
82အာယာသ်

ဘာသာပြန် — အလ်-ကဟ်ဖ် 82

စူရာ အလ်-ကဟ်ဖ် အာယာသ် 82 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် ယင်းတံတိုင်းကား ထိုမြို့မှ မိဘမဲ့သူငယ်နှစ်ဦးတို့၏တံတိုင်းပင်ဖြစ်ခဲ့ပေသည်။ ၎င်းပြင် ယင်းတံတိုင်း၏အောက်တွင် ထိုသူငယ်နှစ်ဦးအဖို့ စုဆောင်းထားသော ဘဏ္ဍာပစ္စည်းသည် ရှိနေပေသည်။…

စူရာ အာယာသ် 82/110 — စူရာ အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကဟ်ဖ် နားထောင်, စူရာ အလ်-ကဟ်ဖ် ဘာသာပြန်, စူရာ အလ်-ကဟ်ဖ် mp3, စူရာ အလ်-ကဟ်ဖ် pdf. အာယာသ် 80–84. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers