📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 331
لَا يَسۡمَعُونَ حَسِيسَهَاۖ وَهُمۡ فِي مَا ٱشۡتَهَتۡ أَنفُسُهُمۡ خَٰلِدُونَ  ۝١٠٢ لَا يَحۡزُنُهُمُ ٱلۡفَزَعُ ٱلۡأَكۡبَرُ وَتَتَلَقَّىٰهُمُ ٱلۡمَلَٰٓئِكَةُ هَٰذَا يَوۡمُكُمُ ٱلَّذِي كُنتُمۡ تُوعَدُونَ  ۝١٠٣ يَوۡمَ نَطۡوِي ٱلسَّمَآءَ كَطَيِّ ٱلسِّجِلِّ لِلۡكُتُبِۚ كَمَا بَدَأۡنَآ أَوَّلَ خَلۡقٍ نُّعِيدُهُۥۚ وَعۡدًا عَلَيۡنَآۚ إِنَّا كُنَّا فَٰعِلِينَ  ۝١٠٤ وَلَقَدۡ كَتَبۡنَا فِي ٱلزَّبُورِ مِنۢ بَعۡدِ ٱلذِّكۡرِ أَنَّ ٱلۡأَرۡضَ يَرِثُهَا عِبَادِيَ ٱلصَّٰلِحُونَ  ۝١٠٥ إِنَّ فِي هَٰذَا لَبَلَٰغًا لِّقَوۡمٍ عَٰبِدِينَ  ۝١٠٦ وَمَآ أَرۡسَلۡنَٰكَ إِلَّا رَحۡمَةً لِّلۡعَٰلَمِينَ  ۝١٠٧ قُلۡ إِنَّمَا يُوحَىٰٓ إِلَيَّ أَنَّمَآ إِلَٰهُكُمۡ إِلَٰهٌ وَٰحِدٌۖ فَهَلۡ أَنتُم مُّسۡلِمُونَ  ۝١٠٨ فَإِن تَوَلَّوۡاْ فَقُلۡ ءَاذَنتُكُمۡ عَلَىٰ سَوَآءٍۖ وَإِنۡ أَدۡرِيٓ أَقَرِيبٌ أَم بَعِيدٌ مَّا تُوعَدُونَ  ۝١٠٩ إِنَّهُۥ يَعۡلَمُ ٱلۡجَهۡرَ مِنَ ٱلۡقَوۡلِ وَيَعۡلَمُ مَا تَكۡتُمُونَ  ۝١١٠ وَإِنۡ أَدۡرِي لَعَلَّهُۥ فِتۡنَةٌ لَّكُمۡ وَمَتَٰعٌ إِلَىٰ حِينٍ  ۝١١١ قَٰلَ رَبِّ ٱحۡكُم بِٱلۡحَقِّۗ وَرَبُّنَا ٱلرَّحۡمَٰنُ ٱلۡمُسۡتَعَانُ عَلَىٰ مَا تَصِفُونَ  ۝١١٢
21:102
لَا يَسۡمَعُونَ حَسِيسَهَاۖ وَهُمۡ فِي مَا ٱشۡتَهَتۡ أَنفُسُهُمۡ خَٰلِدُونَ  ۝١٠٢
၎င်းတို့သည် ယင်းဂျဟန္နမ်ငရဲဘုံ၏ လေသံကိုသဲ့သဲ့မျှပင် ကြားကြရလိမ့်မည်မဟုတ်ပေ။ စင်စစ် ၎င်းတို့သည် မိမိစိတ်ကြိုက် စည်းစိမ်များတွင် ထာဝစဉ်မွေ့လျော်ခံစားသူများပင် ဖြစ်ကြပေမည်။
21:103
لَا يَحۡزُنُهُمُ ٱلۡفَزَعُ ٱلۡأَكۡبَرُ وَتَتَلَقَّىٰهُمُ ٱلۡمَلَٰٓئِكَةُ هَٰذَا يَوۡمُكُمُ ٱلَّذِي كُنتُمۡ تُوعَدُونَ  ۝١٠٣
၎င်းတို့သည် ထိုအကြီးဆုံးသော ထိတ်လန့်ဖွယ်(ဖြစ်သောကိယာမသ်နေ့သည်)ပင်လျှင် စိတ်ဒုက္ခရောက်စေမည်မဟုတ်။ ၎င်းအပြင်(ထိုနေ့တွင်) မလာအိကဟ်ကောင်းကင်တမန်များက ၎င်းတို့အား "ဤနေ့သည်ကား အသင်တို့အားချိန်းချက်ထားသောနေ့ ဖြစ်သည်" ဟူ၍ပင် ကြိုဆိုဧည့်ခံကြအံ့သတည်း။
21:104
يَوۡمَ نَطۡوِي ٱلسَّمَآءَ كَطَيِّ ٱلسِّجِلِّ لِلۡكُتُبِۚ كَمَا بَدَأۡنَآ أَوَّلَ خَلۡقٍ نُّعِيدُهُۥۚ وَعۡدًا عَلَيۡنَآۚ إِنَّا كُنَّا فَٰعِلِينَ  ۝١٠٤
(အို-နဗီတမန်တော်)အကြင်(နေ့၏အကြောင်းကိုလည်းပြောကြားပါလေ။)ထိုနေ့တွင် ငါအရှင်မြတ်သည် မိုးကောင်းကင်ကို ရေးသားထားသော မှတ်တမ်းစာရွက်လိပ်ကဲ့သို့ပင် ခေါက်လိပ်တော်မူမည်။ ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပထမအကြိမ်စတင် ဖန်ဆင်းတော်မူသကဲ့သို့ ထိုအရာကိုပင် ထပ်မံ၍ပြုလုပ်(ဖန်ဆင်း)တော်မူပေမည်။ (ဤသည် ငါအရှင်မြတ်) မိမိအပေါ်၌ကတိပြု(တာဝန်ယူ)တော်မူခြင်းပင် ဖြစ်ပေရာ ဧကန်အမှန် ငါအရှင်မြတ်သည် (မိမိကတိတော်အတိုင်း)ပြုလုပ်တော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
21:105
وَلَقَدۡ كَتَبۡنَا فِي ٱلزَّبُورِ مِنۢ بَعۡدِ ٱلذِّكۡرِ أَنَّ ٱلۡأَرۡضَ يَرِثُهَا عِبَادِيَ ٱلصَّٰلِحُونَ  ۝١٠٥
မချွတ်မလွဲ ငါအရှင်မြတ်သည် "လောက်ဟ်မဟ်ဖူဇ်" သင်ပုန်း( ၌ရေးသားတော်မူပြီး)နောက်၊ ကောင်းကင်ကျကျမ်းတော်(လည်း) ဧကန်စင်စစ် မြေကို ငါအရှင်မြတ်၏ သူတော်စင် ကျွန်များပင် အမွေဆက်ခံကြမည်ဟု ရေးသားတော်မူခဲ့ပြီးဖြစ်ပေသတည်း။
21:106
إِنَّ فِي هَٰذَا لَبَلَٰغًا لِّقَوۡمٍ عَٰبِدِينَ  ۝١٠٦
မလွဲဧကန် ဤ(ကုရ်အာန်ကျမ်းတော်)၌ ခဝပ်ကိုးကွယ်သူတို့အဖို့ အမှန်ပင် (ရှင်းလင်းသော) အကြောင်းကြားချက်သည် ရှိပေသည်။
21:107
وَمَآ أَرۡسَلۡنَٰكَ إِلَّا رَحۡمَةً لِّلۡعَٰلَمِينَ  ۝١٠٧
စင်စစ်သော်ကား (အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ကမ္ဘာခပ်သိမ်းတို့အဖို့ ကရုဏာ တော်အဖြစ်နှင့်သာလျှင် စေလွှတ်တော်မူခဲ့ပေသည်။
21:108
قُلۡ إِنَّمَا يُوحَىٰٓ إِلَيَّ أَنَّمَآ إِلَٰهُكُمۡ إِلَٰهٌ وَٰحِدٌۖ فَهَلۡ أَنتُم مُّسۡلِمُونَ  ۝١٠٨
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားအချင်းတို့) တစ်ဆူတည်းသောကိုးကွယ်ရာအရှင်မြတ် သည်သာလျှင် အသင်တို့၏ ကိုးကွယ်ရာအရှင် ဖြစ်တော်မူကြောင်းငါ့ထံသို့ "ဝဟ်ယ်" အမိန့်တော် ပေးပို့ခြင်းခံရသည်။ သို့ဖြစ်ပေရာအသင်တို့သည် (အမိန့်တော်ကိုနာခံသူ) မုစ်လင်မ်များ ဖြစ်ကြမည်လောဟု ပြောဆို(မေးမြန်း)ပါလေ။
21:109
فَإِن تَوَلَّوۡاْ فَقُلۡ ءَاذَنتُكُمۡ عَلَىٰ سَوَآءٍۖ وَإِنۡ أَدۡرِيٓ أَقَرِيبٌ أَم بَعِيدٌ مَّا تُوعَدُونَ  ۝١٠٩
သို့ပါလျက် အကယ်၍ ၎င်းတို့သည် မျက်နှာလွှဲ ငြင်းဆန်ခဲ့ကြပါလျှင် အသင်သည် (၎င်းတို့အား အချင်းတို့) ငါသည်အသင်တို့အား တိလင်းထင်ရှားစွာ အသိပေး(ကြေညာ) ခဲ့ပြီးဖြစ်သည်။ အသင်တို့ ချိန်းချက် ခြင်းခံကြရသောကိစ္စသည်နီးသည် ဝေးသည်ကိုမူ ငါမသိဟု ပြောကြားပါလေ။
21:110
إِنَّهُۥ يَعۡلَمُ ٱلۡجَهۡرَ مِنَ ٱلۡقَوۡلِ وَيَعۡلَمُ مَا تَكۡتُمُونَ  ۝١١٠
ဧကန်မလွဲ ထိုအရှင်မြတ်သည် (အသင်တို့၏)ထင်ရှားစွာ ပြောဆိုချက်ကိုလည်း သိရှိတော်မူ၏။ ထိုနည်းတူစွာထိုအရှင်မြတ်သည် အသင်တို့လျှို့ဝှက် ထားကြသည်ကိုလည်းသိရှိတော်မူပေသည်။
21:111
وَإِنۡ أَدۡرِي لَعَلَّهُۥ فِتۡنَةٌ لَّكُمۡ وَمَتَٰعٌ إِلَىٰ حِينٍ  ۝١١١
ထို့ပြင် ယင်းချိန်းချက်မှု (ကိုဆောလျင်စွာပြုတော်မမူဘဲ ဆိုင်းငံ့၍ထားတော်မူခြင်း)သည် အသင်တို့အားစမ်းသပ်ခြင်းဖြစ်တန်ရာသည်။ သတ်မှတ်ထားသော အချိန်ကာလတိုင်အောင် အကျိုးကျေးဇူး ခံစားခွင့်ပေးထားခြင်းလည်း ဖြစ်တန်ရာသည်။ ငါသည် အတိအကျမသိပေ။
21:112
قَٰلَ رَبِّ ٱحۡكُم بِٱلۡحَقِّۗ وَرَبُّنَا ٱلرَّحۡمَٰنُ ٱلۡمُسۡتَعَانُ عَلَىٰ مَا تَصِفُونَ  ۝١١٢
(နဗီတမန်တော်မြတ်သည် ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အရှင်မြတ်သည် မှန်ကန်စွာစီရင်ဆုံးဖြတ်၍ ပေးသနားတော်မူပါ။ စင်စစ်ငါတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် "ရဟ်မာန်" အနန္တ ကရုဏာတော်ရှင် ဖြစ်တော်မူပေသည်။ ထိုအရှင်မြတ်သည် အသင်တို့ထုတ်ဖော်ပြောဆိုကြကုန်သော အကြောင်းအရာ များနှင့်စပ်လျဉ်း၍ အကူအညီတောင်းခြင်းကို ခံရတော် မူသောအရှင်လည်း ဖြစ်တော်မူပေသတည်း


📚Juz 17 📄331 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Tuesday, August 25, 2026

Don't forget us in your sincere prayers