📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 475
هُوَ ٱلَّذِي خَلَقَكُم مِّن تُرَابٍ ثُمَّ مِن نُّطۡفَةٍ ثُمَّ مِنۡ عَلَقَةٍ ثُمَّ يُخۡرِجُكُمۡ طِفۡلًا ثُمَّ لِتَبۡلُغُوٓاْ أَشُدَّكُمۡ ثُمَّ لِتَكُونُواْ شُيُوخًاۚ وَمِنكُم مَّن يُتَوَفَّىٰ مِن قَبۡلُۖ وَلِتَبۡلُغُوٓاْ أَجَلًا مُّسَمًّى وَلَعَلَّكُمۡ تَعۡقِلُونَ  ۝٦٧ هُوَ ٱلَّذِي يُحۡيِۦ وَيُمِيتُۖ فَإِذَا قَضَىٰٓ أَمۡرًا فَإِنَّمَا يَقُولُ لَهُۥ كُن فَيَكُونُ  ۝٦٨ أَلَمۡ تَرَ إِلَى ٱلَّذِينَ يُجَٰدِلُونَ فِيٓ ءَايَٰتِ ٱللَّهِ أَنَّىٰ يُصۡرَفُونَ  ۝٦٩ ٱلَّذِينَ كَذَّبُواْ بِٱلۡكِتَٰبِ وَبِمَآ أَرۡسَلۡنَا بِهِۦ رُسُلَنَاۖ فَسَوۡفَ يَعۡلَمُونَ  ۝٧٠ إِذِ ٱلۡأَغۡلَٰلُ فِيٓ أَعۡنَٰقِهِمۡ وَٱلسَّلَٰسِلُ يُسۡحَبُونَ  ۝٧١ فِي ٱلۡحَمِيمِ ثُمَّ فِي ٱلنَّارِ يُسۡجَرُونَ  ۝٧٢ ثُمَّ قِيلَ لَهُمۡ أَيۡنَ مَا كُنتُمۡ تُشۡرِكُونَ  ۝٧٣ مِن دُونِ ٱللَّهِۖ قَالُواْ ضَلُّواْ عَنَّا بَل لَّمۡ نَكُن نَّدۡعُواْ مِن قَبۡلُ شَيۡـًٔاۚ كَذَٰلِكَ يُضِلُّ ٱللَّهُ ٱلۡكَٰفِرِينَ  ۝٧٤ ذَٰلِكُم بِمَا كُنتُمۡ تَفۡرَحُونَ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّ وَبِمَا كُنتُمۡ تَمۡرَحُونَ  ۝٧٥ ٱدۡخُلُوٓاْ أَبۡوَٰبَ جَهَنَّمَ خَٰلِدِينَ فِيهَاۖ فَبِئۡسَ مَثۡوَى ٱلۡمُتَكَبِّرِينَ  ۝٧٦ فَٱصۡبِرۡ إِنَّ وَعۡدَ ٱللَّهِ حَقٌّۚ فَإِمَّا نُرِيَنَّكَ بَعۡضَ ٱلَّذِي نَعِدُهُمۡ أَوۡ نَتَوَفَّيَنَّكَ فَإِلَيۡنَا يُرۡجَعُونَ  ۝٧٧
40:67
هُوَ ٱلَّذِي خَلَقَكُم مِّن تُرَابٍ ثُمَّ مِن نُّطۡفَةٍ ثُمَّ مِنۡ عَلَقَةٍ ثُمَّ يُخۡرِجُكُمۡ طِفۡلًا ثُمَّ لِتَبۡلُغُوٓاْ أَشُدَّكُمۡ ثُمَّ لِتَكُونُواْ شُيُوخًاۚ وَمِنكُم مَّن يُتَوَفَّىٰ مِن قَبۡلُۖ وَلِتَبۡلُغُوٓاْ أَجَلًا مُّسَمًّى وَلَعَلَّكُمۡ تَعۡقِلُونَ  ۝٦٧
ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် အသင်တို့အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ကလလရေကြည်ဖြင့် ထို့နောက် သွေးခဲဖြင့်၊ ထို့နောက် ထိုအရှင်မြတ်သည် အသင်တို့အား ကလေးသူငယ်များအဖြစ် ထွက်စေတော်မူ၏။ ထို့နောက် အသင်တို့သည် မိမိတို့၏လူလားမြောက်အရွယ်ရောက်သော အချိန်ကာလတိုင်အောင် ရောက်ရှိကြအံ့သောငှာ(အသက်ရှင်စေတော်မူ၏)။ ထို့နောက်တစ်ဖန် အသင်တို့သည် ဇရာအိုများအရွယ်သို့ ရောက်ရှိကြအံ့သောငှာ (အသက်ရှင်စေတော်မူ၏)။ ၎င်းပြင် အသင်တို့အနက်(လူလားမြောက်ခြင်း အရွယ်သို့လည်းကောင်း၊ ဇရာအိုအရွယ်သို့လည်းကောင်း၊ မရောက်မီ) ရှေးဦးမဆွ၌ပင် သေဆုံးကြရသူများလည်း ရှိကြပေသည်။ ထို့ပြင် အသင်တို့သည် သတ်မှတ်ပြဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ရောက်ရှိအံ့သောငှာလည်းကောင်း၊ အသင်တို့သည် သိနားလည်ကြအံ့သောငှာလည်းကောင်း၊(ထိုအရှင်မြတ်သည် အသင်တို့အား ရွှေ့ဆိုင်းထားတော်မူ၏။)
40:68
هُوَ ٱلَّذِي يُحۡيِۦ وَيُمِيتُۖ فَإِذَا قَضَىٰٓ أَمۡرًا فَإِنَّمَا يَقُولُ لَهُۥ كُن فَيَكُونُ  ۝٦٨
ထိုအရှင်မြတ်သည်ပင် အသက်ရှင်စေတော်မူ၏။ အသက်သေစေတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည် အရေးကိစ္စတစ်စုံတစ်ရာကို ပြဌာန်းလိုတော်မူသောအခါ ဖြစ်စေဟု မိန့်ကြားတော်မူရုံဖြင့် ယင်းအရေးကိစ္စမှာ(ချက်ချင်း)ဖြစ်ပေါ်လာလေသတည်း။
40:69
أَلَمۡ تَرَ إِلَى ٱلَّذِينَ يُجَٰدِلُونَ فِيٓ ءَايَٰتِ ٱللَّهِ أَنَّىٰ يُصۡرَفُونَ  ۝٦٩
(အို-နဗီတမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များ၌ အငြင်းပွားလျက် ရှိကြသောသူတို့အား မမြင်လေသလော။ ၎င်းတို့သည် အဘယ်သို့ ပြန်လှည့်သွားနေကြသနည်း။
40:70
ٱلَّذِينَ كَذَّبُواْ بِٱلۡكِتَٰبِ وَبِمَآ أَرۡسَلۡنَا بِهِۦ رُسُلَنَاۖ فَسَوۡفَ يَعۡلَمُونَ  ۝٧٠
အကြင်သူတို့သည် (ဤကုရ်အာန်)ကျမ်းတော်မြတ်ကိုလည်းကောင်း၊ ငါအရှင်မြတ် မိမိ ရစူလ်တမန်တော်များအား ပေး၍ စေလွှတ်တော်မူသော(အယူဝါဒ အမိန့်ပညတ်စသည်တို့)ကိုလည်းကောင်း၊ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ မကြာမီပင် ၎င်းတို့သည် သိရှိကြရပေမည်။
40:71
إِذِ ٱلۡأَغۡلَٰلُ فِيٓ أَعۡنَٰقِهِمۡ وَٱلسَّلَٰسِلُ يُسۡحَبُونَ  ۝٧١
အကြင်အခါဝယ် ထိုသူတို့၏ လည်ကုပ်များ၌ လည်ကွင်းများနှင့် သံကြိုးများသည် ရှိနေကြပေမည်။(ထို့ပြင်)၎င်းတို့သည် ဒရွတ်တိုက်ဆွဲချခြင်းကို ခံကြရပေမည်။
40:72
فِي ٱلۡحَمِيمِ ثُمَّ فِي ٱلنَّارِ يُسۡجَرُونَ  ۝٧٢
ကျိုက်ကျိုက်ဆူလျက်ရှိသော ရေနွေးပူ၌။ ထို့နောက် ၎င်းတို့သည် ငရဲမီးထဲသို့ တွန်းထိုးခြင်းကို ခံကြရပေမည်။
40:73
ثُمَّ قِيلَ لَهُمۡ أَيۡنَ مَا كُنتُمۡ تُشۡرِكُونَ  ۝٧٣
ထို့နောက် ၎င်းတို့သည် (ဤသို့) ပြောဆို (မေးမြန်း)ခြင်းကို ခံကြရပေမည်။ အသင်တို့ တွဲဖက်နှိုင်းယှဉ်(ကိုးကွယ်)လေ့ရှိကြသော အရာများသည် အဘယ်မှာနည်း။
40:74
مِن دُونِ ٱللَّهِۖ قَالُواْ ضَلُّواْ عَنَّا بَل لَّمۡ نَكُن نَّدۡعُواْ مِن قَبۡلُ شَيۡـًٔاۚ كَذَٰلِكَ يُضِلُّ ٱللَّهُ ٱلۡكَٰفِرِينَ  ۝٧٤
အလ္လာဟ်အရှင်မြတ်နှင့်အတူ ၎င်းတို့က လျှောက်ထားကြပေမည်။ ၎င်းတို့မှာ ကျွန်တော်မျိုးတို့ထံမှ ပျောက်သွားကြပါပြီ။ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ကျွန်တော်မျိုးသည် ယခင်က မည်သည့် တစ်စုံတစ်ရာမျှပင် ဟစ်ခေါ်တသ(ဆည်းကပ်ကိုးကွယ်)ခြင်းမပြုခဲ့ကြပါ။ အလ္လာဟ်အရှင်မြတ်သည် ထိုနည်းအတိုင်းပင် "ကာဖိရ်" သွေဖည် ငြင်းပယ်ကြသောသူတို့အား လမ်းမှား၌ပင် နေမြဲနေစေတော်မူ၏။
40:75
ذَٰلِكُم بِمَا كُنتُمۡ تَفۡرَحُونَ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّ وَبِمَا كُنتُمۡ تَمۡرَحُونَ  ۝٧٥
ထို(ပြစ်ဒဏ်ကို ခံစားကြရခြင်း)မှာ အသင်တို့သည် ကမ္ဘာလောက၌ မတရားသဖြင့် ရွှင်မြူးလျက် ရှိခဲ့ကြသောကြောင့်လည်းကောင်း၊ ဝင့်ကြွားလျက် ရှိခဲ့ကြသောကြောင့်လည်းကောင်း၊ (ခံစားကြရခြင်း) ဖြစ်၏။
40:76
ٱدۡخُلُوٓاْ أَبۡوَٰبَ جَهَنَّمَ خَٰلِدِينَ فِيهَاۖ فَبِئۡسَ مَثۡوَى ٱلۡمُتَكَبِّرِينَ  ۝٧٦
(ယခုမူကား) အသင်တို့သည် "ဂျဟန္နမ်" ငရဲဘုံ၏တံခါးပေါက်များသို့ ယင်းဂျဟန္နမ် ငရဲဘုံ၌ အမြဲထာဝရ နေထိုင်ကြသူတို့အဖြစ် ဝင်ရောက်ကြကုန်လော့။ စင်စစ် ဘဝင်မြင့် မာန်မာနထောင်လွှားကြကုန်သောသူတို့၏ နေထိုင်ရာဌာနမှာမူကား လွန်စွာ ဆိုးရွားလှပေသတည်း။
40:77
فَٱصۡبِرۡ إِنَّ وَعۡدَ ٱللَّهِ حَقٌّۚ فَإِمَّا نُرِيَنَّكَ بَعۡضَ ٱلَّذِي نَعِدُهُمۡ أَوۡ نَتَوَفَّيَنَّكَ فَإِلَيۡنَا يُرۡجَعُونَ  ۝٧٧
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် သည်းခံပါလေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်၏ ကတိပြုတော်မူချက်သည် မှန်ကန်သော ကတိပြုချက်ပင်ဖြစ်၏။ ထို့နောက် အကယ်၍ ငါအရှင်မြတ်သည် ၎င်းတို့အား ငါအရှင်မြတ် ချိန်းချက်တော်မူသည်များအနက် အချို့ကို အသင့်အား ပြသတော်မူသည်ဖြစ်စေ၊ အသင့်အား သေဆုံးစေတော်မူသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့မှာမူကား ငါအရှင်မြတ်အထံတော်သို့ ပြန်လာကြရမည်သာတည်း။


📚Juz 24 📄475 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Saturday, August 29, 2026

Don't forget us in your sincere prayers