ဂါဖီရ် · 76/85
ဘာသာပြန် အသံနိုင်ငံ — စူရာ ဂါဖီရ်
ادْخُلُوا أَبْوَابَ جَهَنَّمَ خَالِدِينَ فِيهَا ۖ فَبِئْسَ مَثْوَى الْمُتَكَبِّرِينَ ۝٧٦
Udkhulooo abwaaba Jahannama khaalideena feehaa fabi`sa maswal mutakabbireen
📖 မြန်မာဘာသာ
(ယခုမူကား) အသင်တို့သည် "ဂျဟန္နမ်" ငရဲဘုံ၏တံခါးပေါက်များသို့ ယင်းဂျဟန္နမ် ငရဲဘုံ၌ အမြဲထာဝရ နေထိုင်ကြသူတို့အဖြစ် ဝင်ရောက်ကြကုန်လော့။ စင်စစ် ဘဝင်မြင့် မာန်မာနထောင်လွှားကြကုန်သောသူတို့၏ နေထိုင်ရာဌာနမှာမူကား လွန်စွာ ဆိုးရွားလှပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 74-78 — စူရာ ဂါဖီရ်

74مِن دُونِ اللَّهِ ۖ قَالُوا ضَلُّوا عَنَّا بَل لَّمْ نَكُن نَّدْعُو مِن قَبْلُ شَيْئًا ۚ كَذَٰلِكَ يُضِلُّ اللَّهُ الْكَافِرِينَ
အလ္လာဟ်အရှင်မြတ်နှင့်အတူ ၎င်းတို့က လျှောက်ထားကြပေမည်။ ၎င်းတို့မှာ ကျွန်တော်မျိုးတို့ထံမှ ပျောက်သွားကြပါပြီ။ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ကျွန်တော်မျိုးသည် ယခင်က မည်သည့် တစ်စုံတစ်ရာမျှပင် ဟစ်ခေါ်တသ(ဆည်းကပ်ကိုးကွယ်)ခြင်းမပြုခဲ့ကြပါ။ အလ္လာဟ်အရှင်မြတ်သည် ထိုနည်းအတိုင်းပင် "ကာဖိရ်" သွေဖည် ငြင်းပယ်ကြသောသူတို့အား လမ်းမှား၌ပင် နေမြဲနေစေတော်မူ၏။
75ذَٰلِكُم بِمَا كُنتُمْ تَفْرَحُونَ فِي الْأَرْضِ بِغَيْرِ الْحَقِّ وَبِمَا كُنتُمْ تَمْرَحُونَ
ထို(ပြစ်ဒဏ်ကို ခံစားကြရခြင်း)မှာ အသင်တို့သည် ကမ္ဘာလောက၌ မတရားသဖြင့် ရွှင်မြူးလျက် ရှိခဲ့ကြသောကြောင့်လည်းကောင်း၊ ဝင့်ကြွားလျက် ရှိခဲ့ကြသောကြောင့်လည်းကောင်း၊ (ခံစားကြရခြင်း) ဖြစ်၏။
76ادْخُلُوا أَبْوَابَ جَهَنَّمَ خَالِدِينَ فِيهَا ۖ فَبِئْسَ مَثْوَى الْمُتَكَبِّرِينَ
(ယခုမူကား) အသင်တို့သည် "ဂျဟန္နမ်" ငရဲဘုံ၏တံခါးပေါက်များသို့ ယင်းဂျဟန္နမ် ငရဲဘုံ၌ အမြဲထာဝရ နေထိုင်ကြသူတို့အဖြစ် ဝင်ရောက်ကြကုန်လော့။ စင်စစ် ဘဝင်မြင့် မာန်မာနထောင်လွှားကြကုန်သောသူတို့၏ နေထိုင်ရာဌာနမှာမူကား လွန်စွာ ဆိုးရွားလှပေသတည်း။
77فَاصْبِرْ إِنَّ وَعْدَ اللَّهِ حَقٌّ ۚ فَإِمَّا نُرِيَنَّكَ بَعْضَ الَّذِي نَعِدُهُمْ أَوْ نَتَوَفَّيَنَّكَ فَإِلَيْنَا يُرْجَعُونَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် သည်းခံပါလေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်၏ ကတိပြုတော်မူချက်သည် မှန်ကန်သော ကတိပြုချက်ပင်ဖြစ်၏။ ထို့နောက် အကယ်၍ ငါအရှင်မြတ်သည် ၎င်းတို့အား ငါအရှင်မြတ် ချိန်းချက်တော်မူသည်များအနက် အချို့ကို အသင့်အား ပြသတော်မူသည်ဖြစ်စေ၊ အသင့်အား သေဆုံးစေတော်မူသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့မှာမူကား ငါအရှင်မြတ်အထံတော်သို့ ပြန်လာကြရမည်သာတည်း။
78وَلَقَدْ أَرْسَلْنَا رُسُلًا مِّن قَبْلِكَ مِنْهُم مَّن قَصَصْنَا عَلَيْكَ وَمِنْهُم مَّن لَّمْ نَقْصُصْ عَلَيْكَ ۗ وَمَا كَانَ لِرَسُولٍ أَن يَأْتِيَ بِآيَةٍ إِلَّا بِإِذْنِ اللَّهِ ۚ فَإِذَا جَاءَ أَمْرُ اللَّهِ قُضِيَ بِالْحَقِّ وَخَسِرَ هُنَالِكَ الْمُبْطِلُونَ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အလျင် (မြောက်မြားစွာသော)ရစူလ်တမန်တော်များအား စေလွှတ်တော်မူခဲ့၏။ ၎င်းတို့အနက် အချို့သော ရစူလ်တမန်တော်များ၏ အတ္ထုပ္ပတ္တိကို ငါအရှင်မြတ်သည် အသင့်အား ပြောပြတော်မူခဲ့၍ အချို့၏အတ္တုပ္ပတ္တိကို ငါအရှင်မြတ်သည် အသင့်အား ပြောပြတော်မူခဲ့သည်မရှိချေ။ စင်စစ်သော်ကား မည်သည့် ရစူလ်တမန်တော်တစ်ပါးအဖို့မျှပင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်မရှိဘဲ တန်ခိုးပြာဋိဟာ တစ်စုံတစ်ရာမျှ ပြနိုင်စွမ်းမရှိပြီ။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏အမိန့်တော် ရောက်ရှိ၍လာသောအခါ၌မူကား တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်ပြီးသည့်ပြင် အမှားကိုလိုက်စားသော သူတို့သည် ထိုနေရာ၌ပင် ပျက်စီးဆုံးရှုံးခဲ့ကြ အံ့သတည်း။
ဂါဖီရ်ကုရ်အာန် ညွှန်းကိန်း
85အာယာသ်
MeccanRevelation
76အာယာသ်

ဘာသာပြန် — ဂါဖီရ် 76

စူရာ ဂါဖီရ် အာယာသ် 76 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ယခုမူကား) အသင်တို့သည် "ဂျဟန္နမ်" ငရဲဘုံ၏တံခါးပေါက်များသို့ ယင်းဂျဟန္နမ် ငရဲဘုံ၌ အမြဲထာဝရ နေထိုင်ကြသူတို့အဖြစ် ဝင်ရောက်ကြကုန်လော့။ စင်စစ်…

စူရာ အာယာသ် 76/85 — စူရာ ဂါဖီရ် غافر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဂါဖီရ် နားထောင်, စူရာ ဂါဖီရ် ဘာသာပြန်, စူရာ ဂါဖီရ် mp3, စူရာ ဂါဖီရ် pdf. အာယာသ် 74–78. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers