အလ်-ဂျုမ်အာ စူရာ အာရဗ်ဘာသာ နှင့် မြန်မာ
အလ်-ဂျုမ်အာ စူရာကို မြန်မာဘာသာပြန် ပြည့်စုံစွာ နှင့် အသံ တိလာဝတ် နှင့် ဖတ်ပါ။ (11 အာယာသ် — مدنية). အလ်-ဂျုမ်အာ နားထောင်, အလ်-ဂျုမ်အာ ဘာသာပြန်, အလ်-ဂျုမ်အာ mp3, အလ်-ဂျုမ်အာ pdf.အလ်-ဂျုမ်အာ စူရာ ဖတ်ရှူ နှင့် နားထောင်
🎧 အာယာသ်
M
Mishary Rashid Alafasy
✓
Mishary Rashid Alafasy
✓
M
Mahmoud Khalil Al-Husary
✓
Mahmoud Khalil Al-Husary
✓
A
Abdurrahman As-Sudais
✓
Abdurrahman As-Sudais
✓
M
Mohamed Siddiq Al-Minshawi
✓
Mohamed Siddiq Al-Minshawi
✓
A
Abdul Basit Abdul Samad
✓
Abdul Basit Abdul Samad
✓
A
Ali Al-Hudhaify
✓
Ali Al-Hudhaify
✓
A
Ahmed ibn Ali al-Ajamy
✓
Ahmed ibn Ali al-Ajamy
✓
A
Abu Bakr Ash-Shaatree
✓
Abu Bakr Ash-Shaatree
✓
M
Muhammad Ayyoub
✓
Muhammad Ayyoub
✓
A
Abdullah Basfar
✓
Abdullah Basfar
✓
A
Abdullah Al-Juhani
✓
Abdullah Al-Juhani
✓
M
Maher Al Muaiqly
✓
Maher Al Muaiqly
✓
—
x1
يُسَبِّحُ لِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ الْمَلِكِ الْقُدُّوسِ الْعَزِيزِ الْحَكِيمِ ١
📖 ဘာသာပြန်
အာယာသ် 1
မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည်လည်းကောင်း၊ စိုးမိုးအုပ်ချုပ်တော်မူသော၊ စင်ကြယ်သန့်ရှင်း အပြစ်ကင်းတော်မူသော၊အလွန်တရာ ခန့်ညားတော်မူသော၊ လွန်စွာ နူးညံ့သိမ်မွေ့သော၊ ဆင်ခြင်တုံတရားနှင့် ပြည့် စုံတော်မူသော အလ္လာဟ်အရှင်မြတ်၊ စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို မြွက်ဆိုလျက် ရှိကြကုန်၏။
هُوَ الَّذِي بَعَثَ فِي الْأُمِّيِّينَ رَسُولًا مِّنْهُمْ يَتْلُو عَلَيْهِمْ آيَاتِهِ وَيُزَكِّيهِمْ وَيُعَلِّمُهُمُ الْكِتَابَ وَالْحِكْمَةَ وَإِن كَانُوا مِن قَبْلُ لَفِي ضَلَالٍ مُّبِينٍ ٢
📖 ဘာသာပြန်
အာယာသ် 2
ထိုအရှင်မြတ်သည်ပင် စာပေမတတ်သော သူတို့ထံ ၎င်းတို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူခဲ့၏။ ထိုရစူလ်တမန်တော်သည် ၎င်းတို့ရှေ့ဝယ် ထိုအရှင်မြတ်၏အာယတ်တော်များကို ဖတ်ကြားလေ၏။ ထို့ပြင် ၎င်းတို့အား စင်ကြယ်သန့်ရှင်းအောင် ပြုလုပ်လေ၏။ ထိုမှတစ်ပါး ထိုသူတို့အား ကျမ်းဂန်ကိုလည်းကောင်း၊ ဉာဏ်ပညာကိုလည်းကောင်း၊ သင်ကြားပို့ချလေ၏။ စင်စစ်မှာမူကား ၎င်းတို့သည် ယခင်က ထင်ရှားစွာသော လမ်းမှားမှု၌ပင် ရှိနေခဲ့ကြကုန်၏။
وَآخَرِينَ مِنْهُمْ لَمَّا يَلْحَقُوا بِهِمْ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ ٣
📖 ဘာသာပြန်
အာယာသ် 3
ထိုမှတစ်ပါး (ထိုအရှင်မြတ်သည်) ၎င်းတို့အနက်မှ ၎င်းတို့နှင့် လာရောက်ပူးပေါင်းခြင်း မရှိကြသေးသောသူတို့အဖို့လည်း(ထိုရစူလ်တမန်တော်အား စေလွှတ်တော်မူခဲ့၏)။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် လွန်စွာ ခန့်ညားတော်မူသောအရှင်၊ လွန်စွာ နူးညံ့သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင်။
ذَٰلِكَ فَضْلُ اللَّهِ يُؤْتِيهِ مَن يَشَاءُ ۚ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ ٤
📖 ဘာသာပြန်
အာယာသ် 4
ထိုသည်ကား အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ပင်၊ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ယင်းကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူ၏။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်သော ကျေးဇူးတော်ကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
مَثَلُ الَّذِينَ حُمِّلُوا التَّوْرَاةَ ثُمَّ لَمْ يَحْمِلُوهَا كَمَثَلِ الْحِمَارِ يَحْمِلُ أَسْفَارًا ۚ بِئْسَ مَثَلُ الْقَوْمِ الَّذِينَ كَذَّبُوا بِآيَاتِ اللَّهِ ۚ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ ٥
📖 ဘာသာပြန်
အာယာသ် 5
‘တောင်ရာတ်’ ကျမ်းတော်နှင့်စပ်လျဉ်း၍ တာဝန်ပေးခြင်းကို ခံခဲ့ကြရပြီးနောက် ယင်း ‘တောင်ရာတ်’ကျမ်းတော်ကို (တာဝန်ကျေပွန်စွာ) ထမ်းဆောင်ခြင်းမရှိခဲ့ကြသော သူတို့၏ဥပမာကား ကျမ်းစာအုပ်များကို တင်ဆောင်လျက်ရှိသော မြည်းတိရစ္ဆာန်၏ ဥပမာကဲ့သို့ပင်၊ အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြလေသော လူမျိုး၏ဥပမာကား လွန်စွာ ယုတ်ညံ့လှပေ၏။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် မတရားသောသူတို့အား လမ်းမှန်သို့ ပို့ပေးတော်မူသည် မဟုတ်ပေ။
قُلْ يَا أَيُّهَا الَّذِينَ هَادُوا إِن زَعَمْتُمْ أَنَّكُمْ أَوْلِيَاءُ لِلَّهِ مِن دُونِ النَّاسِ فَتَمَنَّوُا الْمَوْتَ إِن كُنتُمْ صَادِقِينَ ٦
📖 ဘာသာပြန်
အာယာသ် 6
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ အို-`ရေဝတီ` ဖြစ်ကြသောသူတို့၊ အကယ်၍ အသင်တို့သည် အခြားသူများမပါဘဲ မိမိတို့သည်သာလျှင် အလ္လာဟ်အရှင်မြတ်၏အချစ်တော်များ ဖြစ်ကြသည်ဟု ထင်မှတ်ကြလျှင်၊ အကယ်၍ အသင်တို့သည် (ယင်းသို့ ထင်မှတ်ပြောဆိုရာ၌)သစ္စာဝါဒီများ ဖြစ်ကြလျှင်၊ ‘မရဏ’ သေခြင်းတရားကို တောင့်တ ဆန္ဒပြုကြလေကုန်။
وَلَا يَتَمَنَّوْنَهُ أَبَدًا بِمَا قَدَّمَتْ أَيْدِيهِمْ ۚ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ ٧
📖 ဘာသာပြန်
အာယာသ် 7
သို့ရာတွင် ၎င်းတို့သည် မိမိတို့၏လက်များက တင်ကြိုပို့နှင့်ခဲ့သော အကျင့်အမူတို့ကြောင့် ယင်း ‘မရဏ’ သေခြင်းတရားကို မည်သည့်အခါမျှပင် တောင့်တ ဆန္ဒပြုကြမည်မဟုတ်ပြီ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် မတရားသောသူတို့အား ကောင်းစွာ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
قُلْ إِنَّ الْمَوْتَ الَّذِي تَفِرُّونَ مِنْهُ فَإِنَّهُ مُلَاقِيكُمْ ۖ ثُمَّ تُرَدُّونَ إِلَىٰ عَالِمِ الْغَيْبِ وَالشَّهَادَةِ فَيُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ ٨
📖 ဘာသာပြန်
အာယာသ် 8
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အသင်တို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသော ‘မရဏ’ သေခြင်းတရားမှာ ဧကန်မလွဲ အသင်တို့နှင့် တွေ့ဆုံမည်ပင်ဖြစ်၏။ ထို့နောက် အသင်တို့သည် လျှို့ဝှက်စွာ ရှိသည်တို့ကိုလည်းကောင်း၊ ထင်ရှားစွာ ရှိသည်တို့ကိုလည်းကောင်း၊ အကြွင်းမဲ့ သိတော်မူသော အရှင်မြတ်အထံတော်သို့ ပြန်လည်ရောက်စေခြင်းကို ခံကြရပေမည်။ ထိုအခါ ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ ကျင့်မူခဲ့ကြသည်တို့ကို သိစေတော်မူအံ့သတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نُودِيَ لِلصَّلَاةِ مِن يَوْمِ الْجُمُعَةِ فَاسْعَوْا إِلَىٰ ذِكْرِ اللَّهِ وَذَرُوا الْبَيْعَ ۚ ذَٰلِكُمْ خَيْرٌ لَّكُمْ إِن كُنتُمْ تَعْلَمُونَ ٩
📖 ဘာသာပြန်
အာယာသ် 9
အို-`မုအ်မင်န်` သက်ဝင်ယုံကြည်သူအပေါင်းတို့(ဂျူမုအဟ်)သောကြာနေ့တွင် ‘ဆွလာတ်’ ဝတ်ပြု အံ့သောငှာ’အဇာန်’ပေးသောအခါ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား တသ သတိရရှိရာသို့ အဆောတလျင် သွားကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ရောင်းဝယ်မှုကို စွန့်လွှတ်ကြလေကုန်။ အသင်တို့ သိရှိကြသည်ဖြစ်မူ အသင်တို့အဖို့ အကောင်းဆုံးပင်။
فَإِذَا قُضِيَتِ الصَّلَاةُ فَانتَشِرُوا فِي الْأَرْضِ وَابْتَغُوا مِن فَضْلِ اللَّهِ وَاذْكُرُوا اللَّهَ كَثِيرًا لَّعَلَّكُمْ تُفْلِحُونَ ١٠
📖 ဘာသာပြန်
အာယာသ် 10
ထို့နောက် ‘ဆွလာတ်’ ဝတ်ပြုမှု ပြီးဆုံးခဲ့သောအခါ အသင်တို့သည် ပထဝီမြေဝယ် အနှံ့အပြား သွားလာကြလျက် အလ္လာဟ်အရှင်မြတ်၏ကျေးဇူး တော်တည်းဟူသော ရိက္ခာကို ဖွေရှာဆည်းပူးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား များစွာ တသ သတိရလျက် ရှိကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြကုန် အံ့သတည်း။
وَإِذَا رَأَوْا تِجَارَةً أَوْ لَهْوًا انفَضُّوا إِلَيْهَا وَتَرَكُوكَ قَائِمًا ۚ قُلْ مَا عِندَ اللَّهِ خَيْرٌ مِّنَ اللَّهْوِ وَمِنَ التِّجَارَةِ ۚ وَاللَّهُ خَيْرُ الرَّازِقِينَ ١١
📖 ဘာသာပြန်
အာယာသ် 11
စင်စစ်သော်ကား ထိုသူတို့သည် အရောင်းအဝယ်၊ ရောင်းကုန်ဝယ်ကုန်ကို သော်လည်းကောင်း၊ ပျော်ပွဲရွှင်ပွဲကို သော်လည်းကောင်း၊ တွေ့မြင်ခဲ့ကြလေသောအခါ အသင့်အား မတ်တတ်ရပ်လျက် ထားခဲ့ပြီးလျှင် ယင်းရောင်းကုန်ဝယ်ကုန် သို့မဟုတ် ပျော်ပွဲ ရွှင်ပွဲရှိရာသို့ ကစဉ့်ကလျားပြေး၍ သွားခဲ့ကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အလ္လာဟ်အရှင်မြတ်အထံတော်၌ ရှိသောအရာသည် ရောင်းကုန်ဝယ်ကုန်ထက်လည်းကောင်း၊ ပျော်ပွဲရွှင်ပွဲထက်လည်းကောင်း၊ မွန်မြတ်လှပေသည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် ရိက္ခာချီးမြှင့် တော်မူသော အကောင်းဆုံးသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ဖတ်ရန် အလ်-ဂျုမ်အာ စူရာ မြန်မာဘာသာ – ဘာသာပြန် နှင့် အသံ
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers

