وَإِذْ أَخَذْنَا مِيثَاقَكُمْ وَرَفَعْنَا فَوْقَكُمُ الطُّورَ خُذُوا مَا آتَيْنَاكُم بِقُوَّةٍ وَاسْمَعُوا ۖ قَالُوا سَمِعْنَا وَعَصَيْنَا وَأُشْرِبُوا فِي قُلُوبِهِمُ الْعِجْلَ بِكُفْرِهِمْ ۚ قُلْ بِئْسَمَا يَأْمُرُكُم بِهِ إِيمَانُكُمْ إِن كُنتُم مُّؤْمِنِينَ ٩٣
🔤 Transliteration
Wa iz akhaznaa meesaaqakum wa rafa`naa fawqa kumut Toora khuzoo maaa aatainaakum biquwwatinw wasma`oo qaaloo sami`naa wa `asainaa wa ushriboo fee quloobihimul `ijla bikufrihim; qul bi`samaa yaamurukum biheee eemaanukum in kuntum m`mineen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတပါးတုံ (အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့၊ အသင်တို့သည် ပြန်လည်အောက်မေ့သတိရကြ ကုန်လော့) အခါတပါး၌ ငါအရှင်သည် အသင်တို့ထက်ဝယ် တူရ် မည်သော တောင်ကို ပင့်မြှောက်ကာ အသင်တို့ထံသို့ ငါအရှင်ထုတ်ပြန် ပို့ချပေးသနားတော်မူသော (တောင်ရာတ်ကျမ်းမြတ်ကို) ခိုင်မြဲစွာ လက်ဆုပ်လက်ကိုင်ပြု၍ (ထိုကျမ်းမြတ်လာ ဒေသနာတော်များကို စိတ်ရောကိုယ်ပါ) နာယူကြရန် အသင်တို့ထံမှ ပဋိညာဉ်ဝန်ခံချက်ကို ယူခဲ့ပြီးဖြစ်သည်။ (ထိုကဲ့သို့ကတိဝန်ခံချက်ကို ယူတော်မူသည့် အခါ) ထိုသူတို့က ကျွန်တော်မျိုးတို့ ကြားကြပါပြီ၊ သို့သော် မနာခံကြပါ ဟုဆိုကြ လေသည်။(ထိုကဲ့သို့ သွေဖည် ငြင်းဆိုခြင်း၏) အကြောင်းမှာ ယင်းသူတို့၏နှလုံးသည်းပွတ်တွင်းသို့ နွားငယ်(၏မေတ္တာ) သည် သက်ဝင် ကိန်းအောင်းလျက် ရှိနေခြင်းကြောင့်တည်း။
🌐 Additional reference in ภาษาไทย
وَإِذۡ أَخَذۡنَا مِيثَٰقَكُمۡ وَرَفَعۡنَا فَوۡقَكُمُ ٱلطُّورَ خُذُواْ مَآ ءَاتَيۡنَٰكُم بِقُوَّةٍ وَٱسۡمَعُواْۖ قَالُواْ سَمِعۡنَا وَعَصَيۡنَا وَأُشۡرِبُواْ فِي قُلُوبِهِمُ ٱلۡعِجۡلَ بِكُفۡرِهِمۡۚ قُلۡ بِئۡسَمَا يَأۡمُرُكُم بِهِۦٓ إِيمَٰنُكُمۡ إِن كُنتُم مُّؤۡمِنِينَ ٩٣
ထိုမှတပါးတုံ (အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့၊ အသင်တို့သည် ပြန်လည်အောက်မေ့သတိရကြ ကုန်လော့) အခါတပါး၌ ငါအရှင်သည် အသင်တို့ထက်ဝယ် တူရ် မည်သော တောင်ကို ပင့်မြှောက်ကာ အသင်တို့ထံသို့ ငါအရှင်ထုတ်ပြန် ပို့ချပေးသနားတော်မူသော (တောင်ရာတ်ကျမ်းမြတ်ကို) ခိုင်မြဲစွာ လက်ဆုပ်လက်ကိုင်ပြု၍ (ထိုကျမ်းမြတ်လာ ဒေသနာတော်များကို စိတ်ရောကိုယ်ပါ) နာယူကြရန် အသင်တို့ထံမှ ပဋိညာဉ်ဝန်ခံချက်ကို ယူခဲ့ပြီးဖြစ်သည်။ (ထိုကဲ့သို့ကတိဝန်ခံချက်ကို ယူတော်မူသည့် အခါ) ထိုသူတို့က ကျွန်တော်မျိုးတို့ ကြားကြပါပြီ၊ သို့သော် မနာခံကြပါ ဟုဆိုကြ လေသည်။(ထိုကဲ့သို့ သွေဖည် ငြင်းဆိုခြင်း၏) အကြောင်းမှာ ယင်းသူတို့၏နှလုံးသည်းပွတ်တွင်းသို့ နွားငယ်(၏မေတ္တာ) သည် သက်ဝင် ကိန်းအောင်းလျက် ရှိနေခြင်းကြောင့်တည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 91-95 — စူရာ အလ်-ဗကရ
91 وَإِذَا قِيلَ لَهُمْ آمِنُوا بِمَا أَنزَلَ اللَّهُ قَالُوا نُؤْمِنُ بِمَا أُنزِلَ عَلَيْنَا وَيَكْفُرُونَ بِمَا وَرَاءَهُ وَهُوَ الْحَقُّ مُصَدِّقًا لِّمَا مَعَهُمْ ۗ قُلْ فَلِمَ تَقْتُلُونَ أَنبِيَاءَ اللَّهِ مِن قَبْلُ إِن كُنتُم مُّؤْمِنِينَ
အလ္လာဟ် အရှင်မြတ် အထံတော်မှ (နဗီတမန်တော် အသီးသီးတို့ထံ) ထုတ်ပြန် ပို့ချတော်မူသော ဓမ္မဒေသနာ ကျမ်းဂန်များကို ယုံကြည်၍ လိုက်နာ ကျင့်မူကြပါကုန်ဟု ထိုယဟူဒီ ဘာသာဝင်တို့အား ပြောဆိုကြသည့်အခါ ထို(ယဟူဒီဘာသာဝင်)များက အကျွန်ုပ်တို့သည် မိမိတို့အပေါ်ဝယ် ထုတ်ပြန် ပို့ချပြီးဖြစ်သော (တောင်ရာတ်) ကျမ်းမြတ်ကိုသာ ယုံကြည်(လိုက်နာ ကျင့်မူ) ကြပါ၏ ဟု တုံ့ပြန်ဖြေကြားကြလေသည်။ စင်စစ်တမူကား (ထိုသူတို့ ငြင်းပယ်သော) ထိုကျမ်း မြတ်သည်မှန်ကန်သော ကျမ်းမြတ် ဖြစ်သည့်ပြင် ယင်းသူတို့ထံဝယ်ထုတ်ပြန်ပို့ချပြီး ဖြစ်သော (တောင်ရာတ်ကျမ်း) ကိုလည်းထောက်ခံအတည် ပြုလျက်ရှိ၏။ မည်သို့ပင်ဖြစ်စေ၊ အိုနဗီတမန်တော်) အသင်သည် ယင်းသူတို့ကို ဟယ်-အချင်းတို့၊အကယ်၍သာ အသင်တို့သည် (တောင်ရာတ်ကျမ်း တော်ကို) ယုံကြည်လိုက်နာ ကျင့်မူကြသူများသာ ဖြစ်ခဲ့ကြပါလျှင် ရှေးအထက်ကျော်ကာလက (အသင်တို့အား ထိုတောင်ရာတ်ကျမ်းမြတ်နှင့် လျော်ညီစွာ လိုက်နာကျင့်မူကြရန် သွန်သင်ဆုံးမဩဝါဒ ပေးကြကုန်သော) အလ္လာဟ် အရှင်မြတ်၏ နဗီတမန်တော်များကို အဘယ့်ကြောင့် သတ်ဖြတ် ကြပါသနည်းဟု စုံစမ်းမေးမြန်းပါလေ။
92 ۞ وَلَقَدْ جَاءَكُم مُّوسَىٰ بِالْبَيِّنَاتِ ثُمَّ اتَّخَذْتُمُ الْعِجْلَ مِن بَعْدِهِ وَأَنتُمْ ظَالِمُونَ
ထိုတွင်မျှမကသေးချေ၊ အသင်တို့ထံသို့ နဗီတမန်တော် မူစာ(အလိုင်ဟစ္စလာမ်) သည် ထင်ရှားလှစွာသော သက်သေခံလက္ခဏာ တန်ခိုး ပြာဋိဟာများနှင့်တကွ ကြွလာချေပြီ။ ထို့နောက်သော်မှပင် အသင်တို့သည် ထို(နဗီတမန်တော်) မူစာ (အလိုင်ဟစ္စလာမ်တူရ်တောင်ပေါ်သို့ခေတ္တခဏ<ကမြန်းနေခိုက်၊ ယင်းနဗီတမန်တော်၏) နောက် ကွယ်ရာ၌၊ နွားငယ်ကို (မိမိတို့ကိုးကွယ်ရာအရှင် ဟု မှတ်ယူ) ကိုးကွယ်ခဲ့ကြသည်။ စင်စစ်သော်ကား အသင်တို့သည် (မိမိတို့ကိုယ်ကိုမိမိတို့ပင်အမြဲ)ညှဉ်းပန်းနှိပ်စက်ကလူ ပြုလေ့ရှိကြသူများသာတည်း။
93 وَإِذْ أَخَذْنَا مِيثَاقَكُمْ وَرَفَعْنَا فَوْقَكُمُ الطُّورَ خُذُوا مَا آتَيْنَاكُم بِقُوَّةٍ وَاسْمَعُوا ۖ قَالُوا سَمِعْنَا وَعَصَيْنَا وَأُشْرِبُوا فِي قُلُوبِهِمُ الْعِجْلَ بِكُفْرِهِمْ ۚ قُلْ بِئْسَمَا يَأْمُرُكُم بِهِ إِيمَانُكُمْ إِن كُنتُم مُّؤْمِنِينَ
ထိုမှတပါးတုံ (အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့၊ အသင်တို့သည် ပြန်လည်အောက်မေ့သတိရကြ ကုန်လော့) အခါတပါး၌ ငါအရှင်သည် အသင်တို့ထက်ဝယ် တူရ် မည်သော တောင်ကို ပင့်မြှောက်ကာ အသင်တို့ထံသို့ ငါအရှင်ထုတ်ပြန် ပို့ချပေးသနားတော်မူသော (တောင်ရာတ်ကျမ်းမြတ်ကို) ခိုင်မြဲစွာ လက်ဆုပ်လက်ကိုင်ပြု၍ (ထိုကျမ်းမြတ်လာ ဒေသနာတော်များကို စိတ်ရောကိုယ်ပါ) နာယူကြရန် အသင်တို့ထံမှ ပဋိညာဉ်ဝန်ခံချက်ကို ယူခဲ့ပြီးဖြစ်သည်။ (ထိုကဲ့သို့ကတိဝန်ခံချက်ကို ယူတော်မူသည့် အခါ) ထိုသူတို့က ကျွန်တော်မျိုးတို့ ကြားကြပါပြီ၊ သို့သော် မနာခံကြပါ ဟုဆိုကြ လေသည်။(ထိုကဲ့သို့ သွေဖည် ငြင်းဆိုခြင်း၏) အကြောင်းမှာ ယင်းသူတို့၏နှလုံးသည်းပွတ်တွင်းသို့ နွားငယ်(၏မေတ္တာ) သည် သက်ဝင် ကိန်းအောင်းလျက် ရှိနေခြင်းကြောင့်တည်း။
94 قُلْ إِن كَانَتْ لَكُمُ الدَّارُ الْآخِرَةُ عِندَ اللَّهِ خَالِصَةً مِّن دُونِ النَّاسِ فَتَمَنَّوُا الْمَوْتَ إِن كُنتُمْ صَادِقِينَ
(အို-နဗီတမန်တော်) အသင်သည် (ထို ယဟူဒီဘာသာဝင်တို့အား ဤသို့ချေပပြောဆိုပါလေ၊ ဟယ်-အချင်းတို့) အကယ်၍ အလ္လာဟ် အရှင်မြတ် အထံတော်၌ရှိသော နောင်တမလွန်ဘဝ(၏ အမတ သုခချမ်းသာများ)သည် အခြားလူခပ်သိမ်းတို့နှင့် အလျင်းမသက်ဆိုင်ဘဲ အသင်တို့အဖို့သာလျှင် ဖြစ်သည်ဟု (ယုံကြည်ပါမူ) အသင်တို့သည် (ဆောလျင်စွာ) မရဏသေခြင်းကို လိုလားတောင်းတကြလေကုန်။ (ဟယ်-အချင်းတို့) အသင်တို့သည် ဟုတ်မှန်ရာကို ထုတ်ဖော်ပြောဆိုသူများ ဖြစ်ကြပါလျှင် မရဏသေခြင်းကို စင်စစ်တောင်းတကြရမည်၊ (သို့ရာတွင် အသင်တို့၌ ဤကဲ့သို့ တောင်းတသူဟူ၍ မတွေ့ရပါရပါတကား)။
95 وَلَن يَتَمَنَّوْهُ أَبَدًا بِمَا قَدَّمَتْ أَيْدِيهِمْ ۗ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ
သို့ရာတွင် ထိုသူတို့သည် မိမိတို့ကိုယ်တိုင် ကျင့်မူ၍ (ငါအသျှင်ထံသို့) တင်ကြို၍ ပို့ထား ခဲ့လေပြီးဖြစ်သော(အကုသိုလ်ဒုစရိုက်များ၏ ပြစ်ဒဏ် များကို စိုးရိမ်ကြောင့်ကြသော) ကြောင့် မည်သည့် အခါမျှမရဏသေခြင်းကို အလျင်းလိုလား တောင်းတ ကြလိမ့်မည်မဟုတ်။ စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် ကျူးလွန်သူများ(၏ အကြောင်းများ) ကို အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
ဘာသာပြန် — အလ်-ဗကရ 93 စူရာ အလ်-ဗကရ အာယာသ် 93 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတပါးတုံ (အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့၊ အသင်တို့သည် ပြန်လည်အောက်မေ့သတိရကြ ကုန်လော့) အခါတပါး၌ ငါအရှင်သည် အသင်တို့ထက်ဝယ် တူရ်…
စူရာ အာယာသ် 93/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 91–95. မြန်မာဘာသာ: ภาษาไทย.