အလ်-ဗကရ · 89/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَلَمَّا جَاءَهُمْ كِتَابٌ مِّنْ عِندِ اللَّهِ مُصَدِّقٌ لِّمَا مَعَهُمْ وَكَانُوا مِن قَبْلُ يَسْتَفْتِحُونَ عَلَى الَّذِينَ كَفَرُوا فَلَمَّا جَاءَهُم مَّا عَرَفُوا كَفَرُوا بِهِ ۚ فَلَعْنَةُ اللَّهِ عَلَى الْكَافِرِينَ ۝٨٩
Wa lammaa jaaa`ahum Kitaabum min `indil laahi musaddiqul limaa ma`ahum wa kaanoo min qablu yastaftihoona `alal lazeena kafaroo falammaa jaaa`ahum maa `arafoo kafaroo bih; fala `natul laahi `alal kaafireen
📖 မြန်မာဘာသာ
အခါတစ်ပါး၌ အလ္လာဟ် အရှင်မြတ်အထံ တော်မှ ကျမ်းဂန်တစ်စောင် (ကုရ်အာန်) သည် ယင်း(ယဟူဒီ)များထံ ရောက်ရှိလာခဲ့လေသည်၊ ထို(ကုရ်အာန်) ကျမ်းမြတ်သည ၎င်းတို့ထံ ရှိနှင့်ပြီး ဖြစ်သော (တောင်ရာတ်) ကျမ်းကိုပင်ထောက်ခံလျက် ရှိပေသည်။ စင်စစ်ဆိုသော် ယင်းသူတို့(ကိုယ်တိုင်) သည်လည်း (ထိုကျမ်းဂန်နှင့် ကျမ်းဂန်ကိုယူဆောင် လာမည့် နဗီတမန်တော်၏ အကြောင်းများကို ထိုကျမ်းဂန် မကျရောက်သေးမီကပင် အရဗ်လူမျိုး) ကာဖိရ်တို့အား ထုတ်ဖော် ပြောဆိုလေ့ ရှိခဲ့လေသည်။ ပြီးနောက်တဖန် ထိုသူတို့သည် မိမိတို့ထံ မိမိတို့ သိနှင့်ပြီးဖြစ်သော (ကုရ်အာန်)ကျမ်းမြတ် သည် ရောက်ရှိလာသောအခါ ယင်း(ကုရ်အာန်) ကျမ်းမြတ်ကိုပင် ငြင်းပယ်ကြကုန်သည်။ သို့ဖြစ်လေရာ (ယင်းကဲ့သို့) သွေဖည်ငြင်းပယ်သော သူတို့အဘို့မှာကား အလ္လာဟ် အရှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးခြင်းသာ ရှိပေတော့သည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • كِتَابٌ (ကိတာဗွန်) — ကျမ်းတော်။ ဤနေရာတွင် ကုရ်အာန်ကျမ်းတော်မြတ်ကို ဆိုလိုသည်။
  • مُصَدِّقٌ (မုဆဒ္ဒိကွန်) — ထောက်ခံအတည်ပြုသူ။ မိမိအလျင်ရှိခဲ့သော ကျမ်းများနှင့် ကိုက်ညီအတည်ပြုပေးသူ။
  • يَسْتَفْتِحُونَ (ယပ်စ်သာဖ်သိဟူန) — အကူအညီတောင်းခံကြသည်၊ အောင်မြင်မှုရရန် ဆုတောင်းကြသည်။
  • فَلَعْنَةُ اللَّهِ (ဖလအ်နသုလ္လာဟ်) — အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးစေခြင်း၊ မောင်းထုတ်ခြင်း။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျမ်းတော်တစ်စောင်—တနည်းအားဖြင့် ကုရ်အာန်ကျမ်းတော်မြတ်—သည် သူတို့ထံသို့ ရောက်ရှိလာသောအခါ၊ ထိုကျမ်းတော်သည် သူတို့လက်ဝယ်ရှိနှင့်ပြီးဖြစ်သော တောင်ရာသ်ကျမ်းနှင့် ကိုက်ညီအတည်ပြုပေးလျက်ရှိ၏။ ရှေးအခါက သူတို့သည် မုရှ်ရိက်ကိုးကွယ်သူများအပေါ် အောင်မြင်မှုရရန် ဤနောက်ဆုံးကာလတွင် ပွင့်တော်မူမည့် တမန်တော်ကို အကြောင်းပြု၍ အကူအညီတောင်းခံလေ့ရှိကြသည်။ သို့သော် သူတို့အသိအမှတ်ပြုထားပြီးဖြစ်သော ထိုတမန်တော်နှင့် ကျမ်းတော်သည် သူတို့ထံသို့ အမှန်တကယ် ရောက်ရှိလာသောအခါ သူတို့သည် မယုံကြည်ငြင်းပယ်ကြလေသည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးခြင်းသည် ငြင်းပယ်သူများအပေါ်၌ ကျရောက်စေတော်မူ၏။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • ကုရ်အာန်ကျမ်းတော်မြတ်သည် ယခင်ကျမ်းများကို အတည်ပြုပေးသော ကျမ်းတော်ဖြစ်ကြောင်း သိရှိရသည်။ ၎င်းသည် ကျမ်းတော်များ၏ အခြေခံအုတ်မြစ်ဖြစ်သော တစ်ဆူတည်းသော အလ္လာဟ်ကို ကိုးကွယ်ခြင်းနှင့် တမန်တော်များကို ယုံကြည်ခြင်းတို့တွင် ကိုက်ညီမှုရှိသည်။
  • ရှေးကျမ်းများတွင် နောက်ဆုံးတမန်တော် မုဟမ္မဒ် (ဆွ) ၏ လက္ခဏာများကို ဖော်ပြထားခဲ့ပြီး၊ သူတို့သည် ထိုတမန်တော်ကို အသိအမှတ်ပြုထားကြသည်။ သို့သော် မနာလိုမှုနှင့် မာန်မာနကြောင့် ငြင်းပယ်ခဲ့ကြသည်။ ဤအချက်က မာန်မာနနှင့် မနာလိုမှုသည် အမှန်တရားကို လက်ခံခြင်းမှ တားဆီးနိုင်ကြောင်း သင်ခန်းစာပေးသည်။
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်နှင့် ကျမ်းတော်ကို ငြ


📜 အာယာသ် 87-91 — စူရာ အလ်-ဗကရ

87وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ وَقَفَّيْنَا مِن بَعْدِهِ بِالرُّسُلِ ۖ وَآتَيْنَا عِيسَى ابْنَ مَرْيَمَ الْبَيِّنَاتِ وَأَيَّدْنَاهُ بِرُوحِ الْقُدُسِ ۗ أَفَكُلَّمَا جَاءَكُمْ رَسُولٌ بِمَا لَا تَهْوَىٰ أَنفُسُكُمُ اسْتَكْبَرْتُمْ فَفَرِيقًا كَذَّبْتُمْ وَفَرِيقًا تَقْتُلُونَ
ထို့ပြင် (အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့၊ အသင်တို့ တရားရစိမ့်သောငှါ) ငါအရှင်သည် (နဗီတမန်တော်) မူစာအား (တောင်ရာတ်) ကျမ်းတော်ကို မုချ ထုတ်ပြန်ပို့ချ ပေးသနား တော်မူခဲ့လေသည်။ တဖန် ထို (နဗီတမန်တော်) မူစာ၏ နောက်၌ (မြောက်မြားစွာသော) နဗီ တမန်တော်များကို တစ်ပါးပြီးတစ်ပါး အဆက်မပြတ် စေလွှတ် တော်မူခဲ့လေသည်။ ထို့နောက် မရ်ယမ် (သခင်မ)၏သားတော် နဗီတမန်တော် အီစာအား ထင်ရှားလှစွာသော သက်သေခံလက္ခဏာ တန်ခိုးပြာဋိဟာများကို ပေးသနားတော်မူခဲ့၏။ ၎င်းအပြင် ငါအရှင်သည် ထို’အီစာ’ အား ‘ရူဟုးလ်ကုဒုစ်’ (ဝါ) အပါးတော်စေတမန် ဂျိဗ်ရီလ်ကို စေလွှတ်ခြင်းဖြင့် ကူညီ အားပေးတော်မူခဲ့လေသည်။ သို့ဖြစ်ပါလျက်နှင့်ပင် မည်သည့် အခါမျိုးမဆို နဗီတမန်တော် တစ်ပါးပါးသည် အသင်တို့ မနှစ်သက်သော အမိန့်တော်များကို အသင်တို့ထံသို့ ယူ ဆောင်လာခဲ့သည်ရှိသော် အသင်တို့သည် မောက်မာပလွှားကြပြီး (ယင်းအမိန့်တော်များကို မလိုက်နာမကျင့်မူ လိုသောကြောင့် ထိုနဗီတမန်တော် များအနက်မှ) တစုကို မဟုတ်မလျား မုသားပြောဆိုကြသူများဟုစွပ်စွဲ၍ တစုကိုမူ (ရက်စက်ကြမ်းကြုတ်စွာ) သတ်ဖြတ်ကြကုန်သည်(မဟုတ်ပါလော)။
88وَقَالُوا قُلُوبُنَا غُلْفٌ ۚ بَل لَّعَنَهُمُ اللَّهُ بِكُفْرِهِمْ فَقَلِيلًا مَّا يُؤْمِنُونَ
တစ်ဖန် ယင်း(ယဟူဒီများက) ပြောဆိုကြပြန်သည်မှာ အကျွန်ုပ်တို့၏ စိတ်နှလုံးများသည် လုံးဝ ဖုံးအုပ်လျက်ရှိနေပေသည်။ (သို့ဖြစ်လေရာ အစ္စလာမ်သာသနာသည် ကျွန်ုပ်တို့၏ စိတ်နှလုံး တွင်းသို့ မစူးရှ မဝင်နိုင်ချေ)။ စင်စစ်သော်ကား ထိုသို့အလျင်းမဟုတ်၊ အမှန်မှာ ယင်းသူတို့၏ ငြင်းပယ်ဖီဆန်မှုကြောင့် အလ္လာဟ် အရှင်မြတ်သည် ထိုသူတို့အား မိမိကရုဏာတော်မှ ကင်းဝေးစေတော် မူသည်။ သို့ဖြစ်၍ ယင်းသူတို့၏ (စိတ်တွင်း၌) ယုံကြည်ခြင်းသဒ္ဓါတရားသည် အနည်းငယ် စိုးစဉ်မျှသာ ရှိလေသည်။
89وَلَمَّا جَاءَهُمْ كِتَابٌ مِّنْ عِندِ اللَّهِ مُصَدِّقٌ لِّمَا مَعَهُمْ وَكَانُوا مِن قَبْلُ يَسْتَفْتِحُونَ عَلَى الَّذِينَ كَفَرُوا فَلَمَّا جَاءَهُم مَّا عَرَفُوا كَفَرُوا بِهِ ۚ فَلَعْنَةُ اللَّهِ عَلَى الْكَافِرِينَ
အခါတစ်ပါး၌ အလ္လာဟ် အရှင်မြတ်အထံ တော်မှ ကျမ်းဂန်တစ်စောင် (ကုရ်အာန်) သည် ယင်း(ယဟူဒီ)များထံ ရောက်ရှိလာခဲ့လေသည်၊ ထို(ကုရ်အာန်) ကျမ်းမြတ်သည ၎င်းတို့ထံ ရှိနှင့်ပြီး ဖြစ်သော (တောင်ရာတ်) ကျမ်းကိုပင်ထောက်ခံလျက် ရှိပေသည်။ စင်စစ်ဆိုသော် ယင်းသူတို့(ကိုယ်တိုင်) သည်လည်း (ထိုကျမ်းဂန်နှင့် ကျမ်းဂန်ကိုယူဆောင် လာမည့် နဗီတမန်တော်၏ အကြောင်းများကို ထိုကျမ်းဂန် မကျရောက်သေးမီကပင် အရဗ်လူမျိုး) ကာဖိရ်တို့အား ထုတ်ဖော် ပြောဆိုလေ့ ရှိခဲ့လေသည်။ ပြီးနောက်တဖန် ထိုသူတို့သည် မိမိတို့ထံ မိမိတို့ သိနှင့်ပြီးဖြစ်သော (ကုရ်အာန်)ကျမ်းမြတ် သည် ရောက်ရှိလာသောအခါ ယင်း(ကုရ်အာန်) ကျမ်းမြတ်ကိုပင် ငြင်းပယ်ကြကုန်သည်။ သို့ဖြစ်လေရာ (ယင်းကဲ့သို့) သွေဖည်ငြင်းပယ်သော သူတို့အဘို့မှာကား အလ္လာဟ် အရှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးခြင်းသာ ရှိပေတော့သည်။
90بِئْسَمَا اشْتَرَوْا بِهِ أَنفُسَهُمْ أَن يَكْفُرُوا بِمَا أَنزَلَ اللَّهُ بَغْيًا أَن يُنَزِّلَ اللَّهُ مِن فَضْلِهِ عَلَىٰ مَن يَشَاءُ مِنْ عِبَادِهِ ۖ فَبَاءُوا بِغَضَبٍ عَلَىٰ غَضَبٍ ۚ وَلِلْكَافِرِينَ عَذَابٌ مُّهِينٌ
ထိုသူများသည် မိမိတို့အသက်များဖြင့် လဲလှယ်ဝယ်ယူကြသော အကြင်အရာသည် အလွန်တရာမျှ ဆိုးရွားလှ၏။ ထိုအရာကား အလ္လာဟ် အရှင်မြတ် ထုတ်ပြန် ချမှတ်တော်မူသော တရားဒေသနာတော်ကို ထိုသူများ၏ ငြင်းပယ်ခြင်းပင်ဖြစ်၏။ (ယင်းကဲ့သို့ ငြင်းပယ်ခြင်း အကြောင်းမှာလည်း ထိုသူများသည်) အလ္လာဟ် အရှင်မြတ်က မိမိ၏ ကျွန်များအနက် မိမိ နှစ်လိုတော်မူသော သူအား မိမိ၏ ကျေးဇူးပြုတော်မူသည်ကို မနာလို ဝန်တိုမစ္ဆရိယစိတ်ထား ကြခြင်းကြောင့်ပင်တည်း။ သို့အတွက်ကြောင့်ပင် ထိုသူများ သည် အမျက်တော်စူးရှခြင်း ခံရသည့်အပေါ်၌ ထပ်၍ပင် အမျက်တော် စူးရှခြင်းကို ခံကြရလေပြီ။ ဤမျှမကသေး၊ သွေဖည်ငြင်းပယ်သော သူများအတွက် ဂုဏ်အသရေ ယုတ်ညံ့သိမ်ဖျင်းစေသော အပြစ်ဒဏ်သည်လည်း အသင့်ရှိပေသတည်း။
91وَإِذَا قِيلَ لَهُمْ آمِنُوا بِمَا أَنزَلَ اللَّهُ قَالُوا نُؤْمِنُ بِمَا أُنزِلَ عَلَيْنَا وَيَكْفُرُونَ بِمَا وَرَاءَهُ وَهُوَ الْحَقُّ مُصَدِّقًا لِّمَا مَعَهُمْ ۗ قُلْ فَلِمَ تَقْتُلُونَ أَنبِيَاءَ اللَّهِ مِن قَبْلُ إِن كُنتُم مُّؤْمِنِينَ
အလ္လာဟ် အရှင်မြတ် အထံတော်မှ (နဗီတမန်တော် အသီးသီးတို့ထံ) ထုတ်ပြန် ပို့ချတော်မူသော ဓမ္မဒေသနာ ကျမ်းဂန်များကို ယုံကြည်၍ လိုက်နာ ကျင့်မူကြပါကုန်ဟု ထိုယဟူဒီ ဘာသာဝင်တို့အား ပြောဆိုကြသည့်အခါ ထို(ယဟူဒီဘာသာဝင်)များက အကျွန်ုပ်တို့သည် မိမိတို့အပေါ်ဝယ် ထုတ်ပြန် ပို့ချပြီးဖြစ်သော (တောင်ရာတ်) ကျမ်းမြတ်ကိုသာ ယုံကြည်(လိုက်နာ ကျင့်မူ) ကြပါ၏ ဟု တုံ့ပြန်ဖြေကြားကြလေသည်။ စင်စစ်တမူကား (ထိုသူတို့ ငြင်းပယ်သော) ထိုကျမ်း မြတ်သည်မှန်ကန်သော ကျမ်းမြတ် ဖြစ်သည့်ပြင် ယင်းသူတို့ထံဝယ်ထုတ်ပြန်ပို့ချပြီး ဖြစ်သော (တောင်ရာတ်ကျမ်း) ကိုလည်းထောက်ခံအတည် ပြုလျက်ရှိ၏။ မည်သို့ပင်ဖြစ်စေ၊ အိုနဗီတမန်တော်) အသင်သည် ယင်းသူတို့ကို ဟယ်-အချင်းတို့၊အကယ်၍သာ အသင်တို့သည် (တောင်ရာတ်ကျမ်း တော်ကို) ယုံကြည်လိုက်နာ ကျင့်မူကြသူများသာ ဖြစ်ခဲ့ကြပါလျှင် ရှေးအထက်ကျော်ကာလက (အသင်တို့အား ထိုတောင်ရာတ်ကျမ်းမြတ်နှင့် လျော်ညီစွာ လိုက်နာကျင့်မူကြရန် သွန်သင်ဆုံးမဩဝါဒ ပေးကြကုန်သော) အလ္လာဟ် အရှင်မြတ်၏ နဗီတမန်တော်များကို အဘယ့်ကြောင့် သတ်ဖြတ် ကြပါသနည်းဟု စုံစမ်းမေးမြန်းပါလေ။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
89အာယာသ်

ဘာသာပြန် — အလ်-ဗကရ 89

စူရာ အလ်-ဗကရ အာယာသ် 89 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အခါတစ်ပါး၌ အလ္လာဟ် အရှင်မြတ်အထံ တော်မှ ကျမ်းဂန်တစ်စောင် (ကုရ်အာန်) သည် ယင်း(ယဟူဒီ)များထံ ရောက်ရှိလာခဲ့လေသည်၊ ထို(ကုရ်အာန်)…

စူရာ အာယာသ် 89/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 87–91. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers