📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 20
အလ်-ဗကရ

အလ်-ဗကရ

2:127
وَإِذۡ يَرۡفَعُ إِبۡرَٰهِـۧمُ ٱلۡقَوَاعِدَ مِنَ ٱلۡبَيۡتِ وَإِسۡمَٰعِيلُ رَبَّنَا تَقَبَّلۡ مِنَّآۖ إِنَّكَ أَنتَ ٱلسَّمِيعُ ٱلۡعَلِيمُ ١٢٧
ထိုမှတပါး (ပြန်လည်အောက်မေ့သတိရကြ ကုန်လော့) အခါတပါး၌ နဗီတမန်တော် အစ်ဗ်ရာဟီမ် (အ) နှင့်(သားတော်) နဗီတမန်တော် အစ္စမာအီလ် (အ)တို့သည်(ကအ်ဗဟ်) ကျောင်းတော်မြတ်၏ ကျောက်နံရံကို မြှင့်တင်နေစဉ် (ဤသို့ဆုမွန်များကို တောင်းဆိုကြကုန်၏)။ အိုကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့ထံမှ (ဤကောင်းမှုကို မိမိ၏အနန္တကျေးဇူးတော်ဂုဏ်ဖြင့်) သဘောတူ လက်ခံယူတော်မူပါ၊ ဧကန်မုချ အရှင်သည်သာလျှင်(ကျွန်တော်မျိုးတို့ တောင်းဆိုသော ဆုများကို) ကြားတော်မူသောအရှင် (ကျွန်တော်မျိုး တို့၏အာသာန္ဒများကိုလည်း) သိတော်မူသောအရှင် ဖြစ်တော်မူပါ၏။
2:128
رَبَّنَا وَٱجۡعَلۡنَا مُسۡلِمَيۡنِ لَكَ وَمِن ذُرِّيَّتِنَآ أُمَّةً مُّسۡلِمَةً لَّكَ وَأَرِنَا مَنَاسِكَنَا وَتُبۡ عَلَيۡنَآۖ إِنَّكَ أَنتَ ٱلتَّوَّابُ ٱلرَّحِيمُ ١٢٨
အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ အရှင်သည် ကျွန်တော်မျိုးတို့အား မိမိ၏ အမိန့်တော်ကို ခံယူသူ မုစ်လင်မ်နှစ်ဦး ဖြစ်စေတော်မူပါ၊ ထိုနည်းတူစွာ ကျွန်တော်မျိုးတို့၏ သားစဉ်မြေးဆက် ကိုလည်း အရှင်၏ အမိန့်တော်ကို နာခံကြသူ မုစ်လင်မ်များ ဖြစ်စေတော်မူပါ၊ ထိုမှတပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား သာသနာရေး၌ လိုက်နာကြရမည်ဖြစ်သော နည်းနာနိဿရ အစီအစဉ်တို့ကိုလည်း စံနစ်တကျ ကျင့်သုံးနိုင်ကြစေခြင်းငှာ သင်ကြားပြသ ပေးသနားတော်မူပါ၊ ထို့ပြင်လည်း အရှင်မြတ်သည် ကျွန်တော်မျိုးတို့ဖက်သို့ ကရုဏာတော်ဖြင့် လှည့်တော်မူပါ၊ ဧကန်ဆတ်ဆတ် အရှင်မြတ်သည်သာလျှင် ကရုဏာတော်ဖြင့် အကြိမ်ကြိမ်အဖန်ဖန် လှည့်တော်မူသော အရှင်၊ အစဉ်အမြဲ သနားကြင်နာ ညှာတာတော်မူသော အရှင် ဖြစ်တော်မူပါ၏။
2:129
رَبَّنَا وَٱبۡعَثۡ فِيهِمۡ رَسُولًا مِّنۡهُمۡ يَتۡلُواْ عَلَيۡهِمۡ ءَايَٰتِكَ وَيُعَلِّمُهُمُ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَيُزَكِّيهِمۡۖ إِنَّكَ أَنتَ ٱلۡعَزِيزُ ٱلۡحَكِيمُ ١٢٩
အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသော အရှင်၊ (အရှင်မြတ်၏) တရားဒေသနာတော်များကို ယင်းသူတို့၏ ရှေ့မှောက်ဝယ် ရွတ်ဖတ်သရဇ္ဈာယ်ရန် အလို့ငှာလည်းကောင်း၊ ကျမ်းဂန်ဓမ္မက္ခန်နှင့်တကွ ဉာဏ်အမြော်အမြင်ကိုပါ သွန်သင်ပြသ သင်ကြားပေးရန်အလို့ငှာ လည်းကောင်း၊ ယင်းသူတို့အား အပြစ်ဒုစရိုက်မှုများမှ သန့်ရှင်းစင်ကြယ်စေရန် အလို့ငှာ လည်းကောင်း၊ ယင်းသူတို့အနက်မှပင်(ဆွေမျိုးသား ချင်းတော်စပ်သော) ရစူလ်တမန်တော် တစ်ပါးကို ထိုသူတို့ တွင် ပွင့်စေတော်မူပါ၊ ဧကန်မုချ အရှင်မြတ်သည် သာလျှင် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူထသောအရှင်၊ ထူးသော အသိဉာဏ် အမြော်အမြင်နှင့် ပြည့်စုံတော်မူ သောအရှင် ဖြစ်တော်မူပေသတည်းဟု [နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ) နှင့် သားတော် နဗီတမန်တော် အစ္စမာအီလ်(အ) တို့သည် ဆု တောင်းပတ္ထနာ ပြုကြလေသည်။
2:130
وَمَن يَرۡغَبُ عَن مِّلَّةِ إِبۡرَٰهِـۧمَ إِلَّا مَن سَفِهَ نَفۡسَهُۥۚ وَلَقَدِ ٱصۡطَفَيۡنَٰهُ فِي ٱلدُّنۡيَاۖ وَإِنَّهُۥ فِي ٱلۡأٓخِرَةِ لَمِنَ ٱلصَّٰلِحِينَ ١٣٠
မိမိကိုယ်ကို မိမိပင် လူမိုက်လူ့ဗာလဖြစ်စေသောသူမှအပ အဘယ်သူသည် နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)၏ သာသနာမှ မျက်နှာလွှဲဖယ် တိမ်းရှောင် သွားနိုင်ပါမည်နည်း။ စင်စစ်တမူကား ငါအရှင်မြတ်သည် ထိုနဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)အား ချစ်မြတ်နိုး၍ ဤလောက၌ နဗီတမန်တော်အဖြစ်ဖြင့် ရွေးချယ် ခြီးမြှင့်တော်မူခဲ့လေပြီ။ တဖန် နောင်တမလွန်ဘဝ၌လည်း ထိုနဗီတမန်တော်သည် ပါရမီရှင် သူမွန် သူမြတ်များအနက်မှ မလွဲဧကန် ဖြစ်လတ္တံ့။
2:131
إِذۡ قَالَ لَهُۥ رَبُّهُۥٓ أَسۡلِمۡۖ قَالَ أَسۡلَمۡتُ لِرَبِّ ٱلۡعَٰلَمِينَ ١٣١
(ပြန်လည်အောက်မေ့သတိရကြကုန်လော့) အကြင်အခါ၌ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)ကို အလ္လာဟ် အရှင်မြတ်က [အို-အစ်ဗ်ရာဟီမ်(အ) အသင်သည် ငါအရှင်မြတ်၏]အမိန့်နာခံသူ (မုစ်လင်မ်) ဖြစ်ပါလေဟု မိန့်ကြားတော် မူခဲ့၏။ ထိုအခါ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)က ကျွန်တော်မျိုးသည် ခပ်သိမ်းကုန်သော စကြာဝဠာအပေါင်းတို့က မွေးမြူတော် မူထသောအရှင်မြတ်၏ အမိန့်တော်ကို ကြည်ဖြူစွာ ခံယူပါပြီဟု တင်လျှောက် ခဲ့လေသတည်း။
2:132
وَوَصَّىٰ بِهَآ إِبۡرَٰهِـۧمُ بَنِيهِ وَيَعۡقُوبُ يَٰبَنِيَّ إِنَّ ٱللَّهَ ٱصۡطَفَىٰ لَكُمُ ٱلدِّينَ فَلَا تَمُوتُنَّ إِلَّا وَأَنتُم مُّسۡلِمُونَ ١٣٢
ထို့ပြင် နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)နှင့် နဗီတမန်တော် ယအ်ကူဗ်(အ)တို့သည် ထိုအကြောင်း ကိစ္စနှင့် စပ်လျဉ်း၍ မိမိတို့၏သားများကို အို-ငါ၏ သားအပေါင်းတို့ မုချဧကန် အလ္လာဟ် အရှင်မြတ်သည် အသင်တို့အဘို့ရာ (အစ္စလာမ်) သာသနာ တော်ကို ရွေးချယ်တော်မူပြီး ဖြစ်ရာအသင်တို့သည် အမိန့်တော်ကို နာခံသော မုစ်လင်မ်များ အဖြစ်နှင့် သာလျှင် သေဆုံးကြလေလော့ဟု နောက်ဆုံး စကား မှာကြားခဲ့လေသည်။
2:133
أَمۡ كُنتُمۡ شُهَدَآءَ إِذۡ حَضَرَ يَعۡقُوبَ ٱلۡمَوۡتُ إِذۡ قَالَ لِبَنِيهِ مَا تَعۡبُدُونَ مِنۢ بَعۡدِيۖ قَالُواْ نَعۡبُدُ إِلَٰهَكَ وَإِلَٰهَ ءَابَآئِكَ إِبۡرَٰهِـۧمَ وَإِسۡمَٰعِيلَ وَإِسۡحَٰقَ إِلَٰهًا وَٰحِدًا وَنَحۡنُ لَهُۥ مُسۡلِمُونَ ١٣٣
နဗီတမန်တော် ယအ်ကူဗ်(အ) သည် အလ္လာဟ် ၏အမိန့်တော် ခံယူမည့်ဆဲဆဲ၌ မိမိ၏ သားများကို(အမောင်တို့) အသင်တို့သည် ငါကွယ်လွန်ပြီးသည့်နောက် မည်သည်ကို ဆည်းကပ် ကိုးကွယ်ကြမည်နည်းဟု မေးမြန်းတော်မူရာ သားများက (အို-ဖခမည်းတော်) ကျွန်တော်တို့သည် ကျေးဇူးရှင် မွေးသဖခင်နှင့်တကွ ဘခင်၏ ဘိုးဘေးများ ဖြစ်သော နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)၊ နဗီတမန်တော် အစ္စမာအီလ်(အ)နှင့် နဗီတမန်တော် အစ္စဟာက်(အ) တို့၏ ကိုးကွယ်ဆည်းကပ်ရာ တစ်ဆူတည်းသော အလ္လာဟ် အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြပါမည်။ ထိုအရှင်၏ တရား ဒေသနာတော်များကိုသာလျှင် မြေဝယ်မကျ နာခံကြမည့် မုစ်လင်မ်များ ဖြစ်ကြပါမည်ဟု ဖြေကြား ကြလေသည်။ နဗီတမန်တော် ယအ်ကူဗ်(အ)သည် မိမိ၏သားများကို ယင်းသို့မှာ ကြားနေစဉ်အသင်တို့သည် မိမိတို့ကိုယ်တိုင် ရှိခဲ့ကြပါသလော၊ (အမှန်သော် သင်တို့သည် ထိုအချိန်၌မရှိခဲ့ချေ။ သို့ဖြစ်ပါလျက် ထိုနဗီတမန်တော်များနှင့် စပ်လျဉ်း၍ အသင်တို့သည် ယခုအခါ၌ မည်သည့် နည်းဖြင့် ဤသို့ မဟုတ်မမှန်သော စကားကိုပြောဆိုနိုင်�ြပါသနည်း။)
2:134
تِلۡكَ أُمَّةٌ قَدۡ خَلَتۡۖ لَهَا مَا كَسَبَتۡ وَلَكُم مَّا كَسَبۡتُمۡۖ وَلَا تُسۡـَٔلُونَ عَمَّا كَانُواْ يَعۡمَلُونَ ١٣٤
(မည်သို့ပင်ဖြစ်စေ) ယင်းသူတို့သည် (အတိတ်ကာလ၌) လွန်လေပြီးသော သာသနာဝင် လူစုဖြစ်ကြ၍ ယင်းသူတို့ ပြုကျင့် ဆည်းပူးခဲ့သမျှသော သုစရိုက်မှု ကုသိုလ်ကံ၊ ဒုစရိုက်မှု အကုသိုလ်ကံတို့သည် ယင်းသူတို့ အဖို့သာတည်း။ထိုနည်းတူစွာ အသင်တို့ ပြုကျင့်ဆည်းပူးခဲ့သမျှသော (ကောင်းမှု မကောင်းမှု) တို့၏ ကျိုးသည်လည်း အသင်တို့အဖို့သာတည်း။ ထိုမှတပါးတုံ အသင်တို့သည် ယင်းသူတို့ ပြုကျင့်ခဲ့လေသော ကိစ္စများနှင့် စပ်လျဉ်း၍ စောကြော မေးမြန်းခြင်းကို ခံကြရမည် မဟုတ်ပေ။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Wednesday, August 19, 2026
Don't forget us in your sincere prayers







