အလ်-ဗကရ · 128/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
رَبَّنَا وَاجْعَلْنَا مُسْلِمَيْنِ لَكَ وَمِن ذُرِّيَّتِنَا أُمَّةً مُّسْلِمَةً لَّكَ وَأَرِنَا مَنَاسِكَنَا وَتُبْ عَلَيْنَا ۖ إِنَّكَ أَنتَ التَّوَّابُ الرَّحِيمُ ۝١٢٨
Rabbanaa waj`alnaa muslimaini laka wa min zurriyyatinaaa ummatam muslimatal laka wa arinaa manaasikanaa wa tub `alainaa innaka antat Tawwaabur Raheem
📖 မြန်မာဘာသာ
အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ အရှင်သည် ကျွန်တော်မျိုးတို့အား မိမိ၏ အမိန့်တော်ကို ခံယူသူ မုစ်လင်မ်နှစ်ဦး ဖြစ်စေတော်မူပါ၊ ထိုနည်းတူစွာ ကျွန်တော်မျိုးတို့၏ သားစဉ်မြေးဆက် ကိုလည်း အရှင်၏ အမိန့်တော်ကို နာခံကြသူ မုစ်လင်မ်များ ဖြစ်စေတော်မူပါ၊ ထိုမှတပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား သာသနာရေး၌ လိုက်နာကြရမည်ဖြစ်သော နည်းနာနိဿရ အစီအစဉ်တို့ကိုလည်း စံနစ်တကျ ကျင့်သုံးနိုင်ကြစေခြင်းငှာ သင်ကြားပြသ ပေးသနားတော်မူပါ၊ ထို့ပြင်လည်း အရှင်မြတ်သည် ကျွန်တော်မျိုးတို့ဖက်သို့ ကရုဏာတော်ဖြင့် လှည့်တော်မူပါ၊ ဧကန်ဆတ်ဆတ် အရှင်မြတ်သည်သာလျှင် ကရုဏာတော်ဖြင့် အကြိမ်ကြိမ်အဖန်ဖန် လှည့်တော်မူသော အရှင်၊ အစဉ်အမြဲ သနားကြင်နာ ညှာတာတော်မူသော အရှင် ဖြစ်တော်မူပါ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 126-130 — စူရာ အလ်-ဗကရ

126وَإِذْ قَالَ إِبْرَاهِيمُ رَبِّ اجْعَلْ هَٰذَا بَلَدًا آمِنًا وَارْزُقْ أَهْلَهُ مِنَ الثَّمَرَاتِ مَنْ آمَنَ مِنْهُم بِاللَّهِ وَالْيَوْمِ الْآخِرِ ۖ قَالَ وَمَن كَفَرَ فَأُمَتِّعُهُ قَلِيلًا ثُمَّ أَضْطَرُّهُ إِلَىٰ عَذَابِ النَّارِ ۖ وَبِئْسَ الْمَصِيرُ
ထို့ပြင်တဝ(ပြန်လည်အောက်မေ့ သတိရ ကြကုန်လော့) တပါးသောအခါ၌ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)သည် (အလ္လာဟ် အရှင်မြတ် အထံတော်၌ ဤသို့ လျှောက်ထား ပန်ကြားသည်၊) အို-ကျွန်တော်မျိုးအား မွေးမြူတော်မူသော အရှင်၊ ဤဒေသကို (ခပ်သိမ်းကုန်သော ဘေးရန်တို့မှ ကင်းစေ၍) ငြိမ်းချမ်းသာယာ (စည်ကားလှသော) မြို့တော် ဖြစ်ပါစေသတည်း၊ ထို့ပြင်ဤဒေသ၌ (မှီတင်းနေထိုင်ကြကုန်သော) မြို့သူမြို့သားများ အနက်မှ အလ္လာဟ် အရှင်မြတ်ကိုလည်းကောင်း၊ (သေပြီးနောက် ပြန်လည်ရှင်ထမည့်) နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်သူ (အပေါင်း) တို့အားလည်း သစ်သီးဝလံ ခဲဘွယ်ဘောဇဉ် အမျိုးမျိုးကို စားသောက်သုံးစွဲရန်အလို့ငှာ ပေးသနားတော်မူပါ။(ထိုရောအခါ) အလ္လာဟ် အရှင်မြတ်က [အစ်ဗ်ရာဟီမ်] အသင်တင်လျှောက်သည့် ပတ္ထနာ ဆုမွန်ကို ငါအရှင်မြတ်သည် လက်ခံတော်မူလေပြီ။ သို့ငြားလည်း ငါအရှင်မြတ်သည် ဤမြို့သူမြို့သားများအနက်မှ ငါအရှင်မြတ်ကို မယုံမကြည ်သွေဖည် ငြင်းပယ်သူတို့အားလည်း အနည်းငယ် မျှကာလအဘို့ (လောကီ) စည်းစိမ်ကိုပေးသနားတော်မူမည်။ နောင် တမလွန်ဘဝ၌မူ ငါအရှင်မြတ်သည် ထိုသူတို့အား ငရဲမီးဘေးရှိရာသို့ အတင်းအကြပ် မောင်းနှင် (ပို့ဆောင်) တော် မူမည်။ အမှန်စင်စစ် (ယင်းသူတို့) လားရာခရီး လမ်းဆုံးစခန်း သည် အလွန်ပင်ဆိုးဝါးလှပေသည်တကား ဟု မိန့်ကြား တော်မူလေသည်။
127وَإِذْ يَرْفَعُ إِبْرَاهِيمُ الْقَوَاعِدَ مِنَ الْبَيْتِ وَإِسْمَاعِيلُ رَبَّنَا تَقَبَّلْ مِنَّا ۖ إِنَّكَ أَنتَ السَّمِيعُ الْعَلِيمُ
ထိုမှတပါး (ပြန်လည်အောက်မေ့သတိရကြ ကုန်လော့) အခါတပါး၌ နဗီတမန်တော် အစ်ဗ်ရာဟီမ် (အ) နှင့်(သားတော်) နဗီတမန်တော် အစ္စမာအီလ် (အ)တို့သည်(ကအ်ဗဟ်) ကျောင်းတော်မြတ်၏ ကျောက်နံရံကို မြှင့်တင်နေစဉ် (ဤသို့ဆုမွန်များကို တောင်းဆိုကြကုန်၏)။ အိုကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့ထံမှ (ဤကောင်းမှုကို မိမိ၏အနန္တကျေးဇူးတော်ဂုဏ်ဖြင့်) သဘောတူ လက်ခံယူတော်မူပါ၊ ဧကန်မုချ အရှင်သည်သာလျှင်(ကျွန်တော်မျိုးတို့ တောင်းဆိုသော ဆုများကို) ကြားတော်မူသောအရှင် (ကျွန်တော်မျိုး တို့၏အာသာန္ဒများကိုလည်း) သိတော်မူသောအရှင် ဖြစ်တော်မူပါ၏။
128رَبَّنَا وَاجْعَلْنَا مُسْلِمَيْنِ لَكَ وَمِن ذُرِّيَّتِنَا أُمَّةً مُّسْلِمَةً لَّكَ وَأَرِنَا مَنَاسِكَنَا وَتُبْ عَلَيْنَا ۖ إِنَّكَ أَنتَ التَّوَّابُ الرَّحِيمُ
အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ အရှင်သည် ကျွန်တော်မျိုးတို့အား မိမိ၏ အမိန့်တော်ကို ခံယူသူ မုစ်လင်မ်နှစ်ဦး ဖြစ်စေတော်မူပါ၊ ထိုနည်းတူစွာ ကျွန်တော်မျိုးတို့၏ သားစဉ်မြေးဆက် ကိုလည်း အရှင်၏ အမိန့်တော်ကို နာခံကြသူ မုစ်လင်မ်များ ဖြစ်စေတော်မူပါ၊ ထိုမှတပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား သာသနာရေး၌ လိုက်နာကြရမည်ဖြစ်သော နည်းနာနိဿရ အစီအစဉ်တို့ကိုလည်း စံနစ်တကျ ကျင့်သုံးနိုင်ကြစေခြင်းငှာ သင်ကြားပြသ ပေးသနားတော်မူပါ၊ ထို့ပြင်လည်း အရှင်မြတ်သည် ကျွန်တော်မျိုးတို့ဖက်သို့ ကရုဏာတော်ဖြင့် လှည့်တော်မူပါ၊ ဧကန်ဆတ်ဆတ် အရှင်မြတ်သည်သာလျှင် ကရုဏာတော်ဖြင့် အကြိမ်ကြိမ်အဖန်ဖန် လှည့်တော်မူသော အရှင်၊ အစဉ်အမြဲ သနားကြင်နာ ညှာတာတော်မူသော အရှင် ဖြစ်တော်မူပါ၏။
129رَبَّنَا وَابْعَثْ فِيهِمْ رَسُولًا مِّنْهُمْ يَتْلُو عَلَيْهِمْ آيَاتِكَ وَيُعَلِّمُهُمُ الْكِتَابَ وَالْحِكْمَةَ وَيُزَكِّيهِمْ ۚ إِنَّكَ أَنتَ الْعَزِيزُ الْحَكِيمُ
အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသော အရှင်၊ (အရှင်မြတ်၏) တရားဒေသနာတော်များကို ယင်းသူတို့၏ ရှေ့မှောက်ဝယ် ရွတ်ဖတ်သရဇ္ဈာယ်ရန် အလို့ငှာလည်းကောင်း၊ ကျမ်းဂန်ဓမ္မက္ခန်နှင့်တကွ ဉာဏ်အမြော်အမြင်ကိုပါ သွန်သင်ပြသ သင်ကြားပေးရန်အလို့ငှာ လည်းကောင်း၊ ယင်းသူတို့အား အပြစ်ဒုစရိုက်မှုများမှ သန့်ရှင်းစင်ကြယ်စေရန် အလို့ငှာ လည်းကောင်း၊ ယင်းသူတို့အနက်မှပင်(ဆွေမျိုးသား ချင်းတော်စပ်သော) ရစူလ်တမန်တော် တစ်ပါးကို ထိုသူတို့ တွင် ပွင့်စေတော်မူပါ၊ ဧကန်မုချ အရှင်မြတ်သည် သာလျှင် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူထသောအရှင်၊ ထူးသော အသိဉာဏ် အမြော်အမြင်နှင့် ပြည့်စုံတော်မူ သောအရှင် ဖြစ်တော်မူပေသတည်းဟု [နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ) နှင့် သားတော် နဗီတမန်တော် အစ္စမာအီလ်(အ) တို့သည် ဆု တောင်းပတ္ထနာ ပြုကြလေသည်။
130وَمَن يَرْغَبُ عَن مِّلَّةِ إِبْرَاهِيمَ إِلَّا مَن سَفِهَ نَفْسَهُ ۚ وَلَقَدِ اصْطَفَيْنَاهُ فِي الدُّنْيَا ۖ وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ
မိမိကိုယ်ကို မိမိပင် လူမိုက်လူ့ဗာလဖြစ်စေသောသူမှအပ အဘယ်သူသည် နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)၏ သာသနာမှ မျက်နှာလွှဲဖယ် တိမ်းရှောင် သွားနိုင်ပါမည်နည်း။ စင်စစ်တမူကား ငါအရှင်မြတ်သည် ထိုနဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)အား ချစ်မြတ်နိုး၍ ဤလောက၌ နဗီတမန်တော်အဖြစ်ဖြင့် ရွေးချယ် ခြီးမြှင့်တော်မူခဲ့လေပြီ။ တဖန် နောင်တမလွန်ဘဝ၌လည်း ထိုနဗီတမန်တော်သည် ပါရမီရှင် သူမွန် သူမြတ်များအနက်မှ မလွဲဧကန် ဖြစ်လတ္တံ့။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
128အာယာသ်

ဘာသာပြန် — အလ်-ဗကရ 128

စူရာ အလ်-ဗကရ အာယာသ် 128 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ အရှင်သည် ကျွန်တော်မျိုးတို့အား မိမိ၏ အမိန့်တော်ကို ခံယူသူ မုစ်လင်မ်နှစ်ဦး ဖြစ်စေတော်မူပါ၊ ထိုနည်းတူစွာ…

စူရာ အာယာသ် 128/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 126–130. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers