အလ်-ဗကရ · 133/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
أَمْ كُنتُمْ شُهَدَاءَ إِذْ حَضَرَ يَعْقُوبَ الْمَوْتُ إِذْ قَالَ لِبَنِيهِ مَا تَعْبُدُونَ مِن بَعْدِي قَالُوا نَعْبُدُ إِلَٰهَكَ وَإِلَٰهَ آبَائِكَ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ إِلَٰهًا وَاحِدًا وَنَحْنُ لَهُ مُسْلِمُونَ ۝١٣٣
Am kuntum shuhadaaa`a iz hadara Ya`qoobal mawtu iz qaala libaneehi maa ta`budoona mim ba`dee qaaloo na`budu ilaahaka wa ilaaha aabaaa`ika Ibraaheema wa Ismaa`eela wa Ishaaqa Ilaahanw waahidanw wa nahnu lahoo muslimoon
📖 မြန်မာဘာသာ
နဗီတမန်တော် ယအ်ကူဗ်(အ) သည် အလ္လာဟ် ၏အမိန့်တော် ခံယူမည့်ဆဲဆဲ၌ မိမိ၏ သားများကို(အမောင်တို့) အသင်တို့သည် ငါကွယ်လွန်ပြီးသည့်နောက် မည်သည်ကို ဆည်းကပ် ကိုးကွယ်ကြမည်နည်းဟု မေးမြန်းတော်မူရာ သားများက (အို-ဖခမည်းတော်) ကျွန်တော်တို့သည် ကျေးဇူးရှင် မွေးသဖခင်နှင့်တကွ ဘခင်၏ ဘိုးဘေးများ ဖြစ်သော နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)၊ နဗီတမန်တော် အစ္စမာအီလ်(အ)နှင့် နဗီတမန်တော် အစ္စဟာက်(အ) တို့၏ ကိုးကွယ်ဆည်းကပ်ရာ တစ်ဆူတည်းသော အလ္လာဟ် အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြပါမည်။ ထိုအရှင်၏ တရား ဒေသနာတော်များကိုသာလျှင် မြေဝယ်မကျ နာခံကြမည့် မုစ်လင်မ်များ ဖြစ်ကြပါမည်ဟု ဖြေကြား ကြလေသည်။ နဗီတမန်တော် ယအ်ကူဗ်(အ)သည် မိမိ၏သားများကို ယင်းသို့မှာ ကြားနေစဉ်အသင်တို့သည် မိမိတို့ကိုယ်တိုင် ရှိခဲ့ကြပါသလော၊ (အမှန်သော် သင်တို့သည် ထိုအချိန်၌မရှိခဲ့ချေ။ သို့ဖြစ်ပါလျက် ထိုနဗီတမန်တော်များနှင့် စပ်လျဉ်း၍ အသင်တို့သည် ယခုအခါ၌ မည်သည့် နည်းဖြင့် ဤသို့ မဟုတ်မမှန်သော စကားကိုပြောဆိုနိုင်�ြပါသနည်း။)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • أَمْ (အမ်) — “သို့မဟုတ်” ဟု အဓိပ္ပာယ်ရပြီး ဤနေရာတွင် ရှေးယခင်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တစ်ခုကို ငြင်းဆိုသည့် သဘောဖြင့် လာသည်။
  • كُنتُمْ (ကုန္တုမ်) — “သင်တို့သည် ဖြစ်ခဲ့ကြသည်” ဟု အဓိပ္ပာယ်ရသည်။
  • شُهَدَاءَ (ရှုဟဒါအ) — “မျက်မြင်သက်သေများ” သို့မဟုတ် “ရှိနေကြသူများ” ဟု အဓိပ္ပာယ်ရသည်။
  • حَضَرَ (ဟဒါရာ) — “ရောက်လာသည်၊ ချဉ်းကပ်လာသည်” ဟု အဓိပ္ပာယ်ရသည်။
  • الْمَوْتُ (အလ်မောသ်) — “သေခြင်း” ဟု အဓိပ္ပာယ်ရသည်။
  • مَا تَعْبُدُونَ (မာ တအ်ဗုဒူန) — “သင်တို့သည် မည်သည့်အရာကို ကိုးကွယ်ကြမည်နည်း” ဟု အဓိပ္ပာယ်ရသည်။
  • إِلَٰهًا وَاحِدًا (ဣလာဟန် ဝါဟိဒန်) — “တစ်ဆူတည်းသော ဘုရားသခင်” ဟု အဓိပ္ပာယ်ရသည်။
  • مُسْلِمُونَ (မုစ်လိမူန) — “အလ္လာဟ်အရှင်မြတ်ထံ အပ်နှံအပ်သူများ၊ နာခံသူများ” ဟု အဓိပ္ပာယ်ရသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို ယဟူဒီများ၊ သင်တို့သည် ယအ်ကူဗ် (အလိုင်ဟိစ်စလာမ်) ထံသို့ သေခြင်းရောက်လာချိန်၌ သူသည် မိမိ၏သားများကို “ငါသေဆုံးပြီးနောက် သင်တို့သည် မည်သည့်အရာကို ကိုးကွယ်ကြမည်နည်း” ဟု မေးမြန်းစဉ် သင်တို့သည် ထိုအချိန်တွင် ရှိနေခဲ့ကြသလော။ သူ၏သားများက “ကျွန်ုပ်တို့သည် အသင်၏ဘုရားသခင်ကိုလည်းကောင်း၊ အသင်၏ဘိုးဘေးများဖြစ်ကြသော ဣဗ်ရာဟီမ်၊ ဣစ်မာအီလ်နှင့် ဣစ်ဟာက်တို့၏ ဘုရားသခင်ကိုလည်းကောင်း ကိုးကွယ်ပါမည်။ ထိုအရှင်မြတ်သည် တစ်ဆူတည်းသော ဘုရားသခင်ဖြစ်တော်မူပြီး ကျွန်ုပ်တို့သည် ထိုအရှင်မြတ်အား နာခံအပ်နှံသူများ ဖြစ်ပါသည်” ဟု ဖြေကြားခဲ့ကြသည်။

ဤအာယသ်တော်သည် ယဟူဒီများအား သူတို့၏ဘိုးဘေးကြီး ယအ်ကူဗ် (အလိုင်ဟိစ်စလာမ်) ၏ အခြေအနေကို သတိပေးနေခြင်းဖြစ်သည်။ ယအ်ကူဗ်သည် သေခါနီးအချိန်တွင် မိမိသားများကို ကိုးကွယ်မှုအခြေခံအုတ်မြစ်အကြောင်း မေးမြန်းခဲ့သည်။ သူ၏သားများက အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ ကိုးကွယ်ကြမည်ဖြစ်ပြီး အရှင်မြတ်အား နာခံအပ်နှံသူများဖြစ်ကြောင်း ပြတ်သားစွာ ဖြေကြားခဲ့ကြသည်။ ဤတွင် ဣစ်မာအီလ်သည် ယအ်ကူဗ်၏ ဦးရီးတော်ဖြစ်သော်လည်း အာရဗ်ဘ



📜 အာယာသ် 131-135 — စူရာ အလ်-ဗကရ

131إِذْ قَالَ لَهُ رَبُّهُ أَسْلِمْ ۖ قَالَ أَسْلَمْتُ لِرَبِّ الْعَالَمِينَ
(ပြန်လည်အောက်မေ့သတိရကြကုန်လော့) အကြင်အခါ၌ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)ကို အလ္လာဟ် အရှင်မြတ်က [အို-အစ်ဗ်ရာဟီမ်(အ) အသင်သည် ငါအရှင်မြတ်၏]အမိန့်နာခံသူ (မုစ်လင်မ်) ဖြစ်ပါလေဟု မိန့်ကြားတော် မူခဲ့၏။ ထိုအခါ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)က ကျွန်တော်မျိုးသည် ခပ်သိမ်းကုန်သော စကြာဝဠာအပေါင်းတို့က မွေးမြူတော် မူထသောအရှင်မြတ်၏ အမိန့်တော်ကို ကြည်ဖြူစွာ ခံယူပါပြီဟု တင်လျှောက် ခဲ့လေသတည်း။
132وَوَصَّىٰ بِهَا إِبْرَاهِيمُ بَنِيهِ وَيَعْقُوبُ يَا بَنِيَّ إِنَّ اللَّهَ اصْطَفَىٰ لَكُمُ الدِّينَ فَلَا تَمُوتُنَّ إِلَّا وَأَنتُم مُّسْلِمُونَ
ထို့ပြင် နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)နှင့် နဗီတမန်တော် ယအ်ကူဗ်(အ)တို့သည် ထိုအကြောင်း ကိစ္စနှင့် စပ်လျဉ်း၍ မိမိတို့၏သားများကို အို-ငါ၏ သားအပေါင်းတို့ မုချဧကန် အလ္လာဟ် အရှင်မြတ်သည် အသင်တို့အဘို့ရာ (အစ္စလာမ်) သာသနာ တော်ကို ရွေးချယ်တော်မူပြီး ဖြစ်ရာအသင်တို့သည် အမိန့်တော်ကို နာခံသော မုစ်လင်မ်များ အဖြစ်နှင့် သာလျှင် သေဆုံးကြလေလော့ဟု နောက်ဆုံး စကား မှာကြားခဲ့လေသည်။
133أَمْ كُنتُمْ شُهَدَاءَ إِذْ حَضَرَ يَعْقُوبَ الْمَوْتُ إِذْ قَالَ لِبَنِيهِ مَا تَعْبُدُونَ مِن بَعْدِي قَالُوا نَعْبُدُ إِلَٰهَكَ وَإِلَٰهَ آبَائِكَ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ إِلَٰهًا وَاحِدًا وَنَحْنُ لَهُ مُسْلِمُونَ
နဗီတမန်တော် ယအ်ကူဗ်(အ) သည် အလ္လာဟ် ၏အမိန့်တော် ခံယူမည့်ဆဲဆဲ၌ မိမိ၏ သားများကို(အမောင်တို့) အသင်တို့သည် ငါကွယ်လွန်ပြီးသည့်နောက် မည်သည်ကို ဆည်းကပ် ကိုးကွယ်ကြမည်နည်းဟု မေးမြန်းတော်မူရာ သားများက (အို-ဖခမည်းတော်) ကျွန်တော်တို့သည် ကျေးဇူးရှင် မွေးသဖခင်နှင့်တကွ ဘခင်၏ ဘိုးဘေးများ ဖြစ်သော နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)၊ နဗီတမန်တော် အစ္စမာအီလ်(အ)နှင့် နဗီတမန်တော် အစ္စဟာက်(အ) တို့၏ ကိုးကွယ်ဆည်းကပ်ရာ တစ်ဆူတည်းသော အလ္လာဟ် အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြပါမည်။ ထိုအရှင်၏ တရား ဒေသနာတော်များကိုသာလျှင် မြေဝယ်မကျ နာခံကြမည့် မုစ်လင်မ်များ ဖြစ်ကြပါမည်ဟု ဖြေကြား ကြလေသည်။ နဗီတမန်တော် ယအ်ကူဗ်(အ)သည် မိမိ၏သားများကို ယင်းသို့မှာ ကြားနေစဉ်အသင်တို့သည် မိမိတို့ကိုယ်တိုင် ရှိခဲ့ကြပါသလော၊ (အမှန်သော် သင်တို့သည် ထိုအချိန်၌မရှိခဲ့ချေ။ သို့ဖြစ်ပါလျက် ထိုနဗီတမန်တော်များနှင့် စပ်လျဉ်း၍ အသင်တို့သည် ယခုအခါ၌ မည်သည့် နည်းဖြင့် ဤသို့ မဟုတ်မမှန်သော စကားကိုပြောဆိုနိုင်�ြပါသနည်း။)
134تِلْكَ أُمَّةٌ قَدْ خَلَتْ ۖ لَهَا مَا كَسَبَتْ وَلَكُم مَّا كَسَبْتُمْ ۖ وَلَا تُسْأَلُونَ عَمَّا كَانُوا يَعْمَلُونَ
(မည်သို့ပင်ဖြစ်စေ) ယင်းသူတို့သည် (အတိတ်ကာလ၌) လွန်လေပြီးသော သာသနာဝင် လူစုဖြစ်ကြ၍ ယင်းသူတို့ ပြုကျင့် ဆည်းပူးခဲ့သမျှသော သုစရိုက်မှု ကုသိုလ်ကံ၊ ဒုစရိုက်မှု အကုသိုလ်ကံတို့သည် ယင်းသူတို့ အဖို့သာတည်း။ထိုနည်းတူစွာ အသင်တို့ ပြုကျင့်ဆည်းပူးခဲ့သမျှသော (ကောင်းမှု မကောင်းမှု) တို့၏ ကျိုးသည်လည်း အသင်တို့အဖို့သာတည်း။ ထိုမှတပါးတုံ အသင်တို့သည် ယင်းသူတို့ ပြုကျင့်ခဲ့လေသော ကိစ္စများနှင့် စပ်လျဉ်း၍ စောကြော မေးမြန်းခြင်းကို ခံကြရမည် မဟုတ်ပေ။
135وَقَالُوا كُونُوا هُودًا أَوْ نَصَارَىٰ تَهْتَدُوا ۗ قُلْ بَلْ مِلَّةَ إِبْرَاهِيمَ حَنِيفًا ۖ وَمَا كَانَ مِنَ الْمُشْرِكِينَ
ထို့ပြင်တဝ ယဟူဒီနှင့် ခရစ်ယာန်ဘာသာဝင်တို့က မုစ်လင်မ်တို့အား ပြောဆိုကြသည်မှာ အသင်တို့သည်ယဟူဒီ ဘာသာဝင်များသော် လည်းကောင်း၊ ခရစ်ယာန် ဘာသာဝင်များ သော်လည်းကောင်း၊ ဖြစ်ကြကုန်လော့။ သို့မှသာလျှင် အသင်တို့သည် မှန်ကန်သော တရားလမ်းကို ရရှိကြလတ္တံ့ဟု ပြောဆိုကြသည်။ အို-နဗီတမန်တော် အသင်သည် သူတို့သူတို့အား ဤသို့ ပြန်လည် ဖြေကြားပါလေ။ (ဟယ်-အချင်းတို့) အသင်တို့ ပြောစကားမှားစွ၊ ငါတို့သည် နဗီတမန်တော် ဣဗ်လရာဟီမ်(အ)၏ သာသနာကို ယုံကြည် မြတ်နိုးသူများသာ ဖြစ်ကြ ကုန်၏။ ထိုနဗီ တမန်တော်သည် ဖြောင့်မတ်သော ပုဂ္ဂိုလ်မြတ်ဖြစ်၏၊ ထိုနဗီတမန်တော်သည် အလ္လာဟ် နှင့် တွဲဘက် ကိုးကွယ်သူများတွင် အပါအဝင်လည်း မဟုတ်ချေ။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
133အာယာသ်

ဘာသာပြန် — အလ်-ဗကရ 133

စူရာ အလ်-ဗကရ အာယာသ် 133 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : နဗီတမန်တော် ယအ်ကူဗ်(အ) သည် အလ္လာဟ် ၏အမိန့်တော် ခံယူမည့်ဆဲဆဲ၌ မိမိ၏ သားများကို(အမောင်တို့) အသင်တို့သည် ငါကွယ်လွန်ပြီးသည့်နောက်…

စူရာ အာယာသ် 133/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 131–135. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers