وَمَن يَرْغَبُ عَن مِّلَّةِ إِبْرَاهِيمَ إِلَّا مَن سَفِهَ نَفْسَهُ ۚ وَلَقَدِ اصْطَفَيْنَاهُ فِي الدُّنْيَا ۖ وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ ١٣٠
🔤 Transliteration
Wa manny yarghabu `am-Millarti Ibraaheema illaa man safiha nafsah; wa laqadis tafainaahu fid-dunyaa wa innaho fil aakhirati laminas saaliheen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
မိမိကိုယ်ကို မိမိပင် လူမိုက်လူ့ဗာလဖြစ်စေသောသူမှအပ အဘယ်သူသည် နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)၏ သာသနာမှ မျက်နှာလွှဲဖယ် တိမ်းရှောင် သွားနိုင်ပါမည်နည်း။ စင်စစ်တမူကား ငါအရှင်မြတ်သည် ထိုနဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)အား ချစ်မြတ်နိုး၍ ဤလောက၌ နဗီတမန်တော်အဖြစ်ဖြင့် ရွေးချယ် ခြီးမြှင့်တော်မူခဲ့လေပြီ။ တဖန် နောင်တမလွန်ဘဝ၌လည်း ထိုနဗီတမန်တော်သည် ပါရမီရှင် သူမွန် သူမြတ်များအနက်မှ မလွဲဧကန် ဖြစ်လတ္တံ့။
🌐 Additional reference in ภาษาไทย
၁။ ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
ရဂျိဘာ (يَرْغَبُ ): လိုလားခြင်း၊ တောင့်တခြင်း။ ဤနေရာတွင် “ရဂျိဘာ အန်” (يَرْغَبُ عَن ) ဟူသောအခါ လှည့်ထွက်ခြင်း၊ စွန့်လွှတ်ခြင်း၊ မလိုလားခြင်းဟု အဓိပ္ပာယ်ရသည်။ မီလ္လသ် (مِّلَّةِ ): လမ်းစဉ်၊ သာသနာ၊ ဒီန်။ စဖိဟာ (سَفِهَ ): မိုက်မဲခြင်း၊ အသိဉာဏ်ချို့တဲ့ခြင်း၊ မိမိကိုယ်ကို နိမ့်ကျစေခြင်း။ ဣဆ္တွဖိုင်နာဟု (اصْطَفَيْنَاهُ ): ငါအရှင်မြတ်သည် သူ့ကို ရွေးချယ်ခဲ့သည်။ ဆွာလိဟီန် (الصَّالِحِينَ ): ကောင်းမြတ်သောသူများ၊ သူတော်ကောင်းများ။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
တမန်တော် အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) ၏ သာသနာသည် အစ္စလာမ်သာသနာပင်ဖြစ်သည်။ ထိုသာသနာမှ လှည့်ထွက်သွားသူသည် မိမိကိုယ်ကို မိုက်မဲစွာ နိမ့်ကျစေသူသာ ဖြစ်သည်။ အမှန်တရားကို စွန့်လွှတ်၍ လမ်းမှားသို့ လိုက်ခြင်းဖြင့် မိမိကိုယ်ကို ဆုံးရှုံးစေသူ၊ ဂုဏ်သိက္ခာကို နိမ့်ကျစေသူသာ ထိုသို့ လှည့်ထွက်လေ့ရှိသည်။ ဉာဏ်ပညာရှိသူတစ်ဦးမှာ ထိုသို့သော မှန်ကန်သည့်လမ်းစဉ်မှ လှည့်ထွက်မည် မဟုတ်ပေ။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် တမန်တော် အိဗ်ရာဟီမ်ကို ဤလောကတွင် ရွေးချယ်မြှောက်စားခဲ့ကြောင်း၊ သူ့ကို ရစူလ်တမန်တော်အဖြစ်လည်းကောင်း၊ ချစ်ခင်မြတ်နိုးခံရသူ (ခလီလ်) အဖြစ်လည်းကောင်း ဂုဏ်ပြုခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် သူသည် နောင်တမလွန်ဘဝတွင်လည်း သူတော်ကောင်းများထဲတွင် အပါအဝင်ဖြစ်မည်ဖြစ်ပြီး၊ အမြင့်ဆုံးသော ဂုဏ်ထူးများကို ရရှိမည့်သူများထဲတွင် ပါဝင်မည်ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
အစ္စလာမ်သာသနာသည် တမန်တော် အိဗ်ရာဟီမ်၏ လမ်းစဉ်ဖြစ်ပြီး၊ ထိုလမ်းစဉ်မှ လှည့်ထွက်ခြင်းသည် မိမိကိုယ်ကို ဆုံးရှုံးစေသော မိုက်မဲမှုသာ ဖြစ်သည်။ အမှန်တရားကို လက်ခံခြင်းသည် ဉာဏ်ပညာရှိခြင်း၏ အမှတ်လက္ခဏာဖြစ်ပြီး၊ မှန်ကန်သောလမ်းကို စွန့်လွှတ်ခြင်းသည် မိမိကိုယ်ကို နိမ့်ကျစေခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိသူများကို ဤလောကတွင်ရော နောင်တမလွန်ဘဝတွင်ပါ မြှောက်စားပေးသည်။ တမန်တော် အိဗ်ရာဟီမ်ကဲ့သို့ သူတော်ကောင်းများထ
وَمَن يَرۡغَبُ عَن مِّلَّةِ إِبۡرَٰهِـۧمَ إِلَّا مَن سَفِهَ نَفۡسَهُۥۚ وَلَقَدِ ٱصۡطَفَيۡنَٰهُ فِي ٱلدُّنۡيَاۖ وَإِنَّهُۥ فِي ٱلۡأٓخِرَةِ لَمِنَ ٱلصَّٰلِحِينَ ١٣٠
မိမိကိုယ်ကို မိမိပင် လူမိုက်လူ့ဗာလဖြစ်စေသောသူမှအပ အဘယ်သူသည် နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)၏ သာသနာမှ မျက်နှာလွှဲဖယ် တိမ်းရှောင် သွားနိုင်ပါမည်နည်း။ စင်စစ်တမူကား ငါအရှင်မြတ်သည် ထိုနဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)အား ချစ်မြတ်နိုး၍ ဤလောက၌ နဗီတမန်တော်အဖြစ်ဖြင့် ရွေးချယ် ခြီးမြှင့်တော်မူခဲ့လေပြီ။ တဖန် နောင်တမလွန်ဘဝ၌လည်း ထိုနဗီတမန်တော်သည် ပါရမီရှင် သူမွန် သူမြတ်များအနက်မှ မလွဲဧကန် ဖြစ်လတ္တံ့။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 128-132 — စူရာ အလ်-ဗကရ
128 رَبَّنَا وَاجْعَلْنَا مُسْلِمَيْنِ لَكَ وَمِن ذُرِّيَّتِنَا أُمَّةً مُّسْلِمَةً لَّكَ وَأَرِنَا مَنَاسِكَنَا وَتُبْ عَلَيْنَا ۖ إِنَّكَ أَنتَ التَّوَّابُ الرَّحِيمُ
အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ အရှင်သည် ကျွန်တော်မျိုးတို့အား မိမိ၏ အမိန့်တော်ကို ခံယူသူ မုစ်လင်မ်နှစ်ဦး ဖြစ်စေတော်မူပါ၊ ထိုနည်းတူစွာ ကျွန်တော်မျိုးတို့၏ သားစဉ်မြေးဆက် ကိုလည်း အရှင်၏ အမိန့်တော်ကို နာခံကြသူ မုစ်လင်မ်များ ဖြစ်စေတော်မူပါ၊ ထိုမှတပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား သာသနာရေး၌ လိုက်နာကြရမည်ဖြစ်သော နည်းနာနိဿရ အစီအစဉ်တို့ကိုလည်း စံနစ်တကျ ကျင့်သုံးနိုင်ကြစေခြင်းငှာ သင်ကြားပြသ ပေးသနားတော်မူပါ၊ ထို့ပြင်လည်း အရှင်မြတ်သည် ကျွန်တော်မျိုးတို့ဖက်သို့ ကရုဏာတော်ဖြင့် လှည့်တော်မူပါ၊ ဧကန်ဆတ်ဆတ် အရှင်မြတ်သည်သာလျှင် ကရုဏာတော်ဖြင့် အကြိမ်ကြိမ်အဖန်ဖန် လှည့်တော်မူသော အရှင်၊ အစဉ်အမြဲ သနားကြင်နာ ညှာတာတော်မူသော အရှင် ဖြစ်တော်မူပါ၏။
129 رَبَّنَا وَابْعَثْ فِيهِمْ رَسُولًا مِّنْهُمْ يَتْلُو عَلَيْهِمْ آيَاتِكَ وَيُعَلِّمُهُمُ الْكِتَابَ وَالْحِكْمَةَ وَيُزَكِّيهِمْ ۚ إِنَّكَ أَنتَ الْعَزِيزُ الْحَكِيمُ
အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသော အရှင်၊ (အရှင်မြတ်၏) တရားဒေသနာတော်များကို ယင်းသူတို့၏ ရှေ့မှောက်ဝယ် ရွတ်ဖတ်သရဇ္ဈာယ်ရန် အလို့ငှာလည်းကောင်း၊ ကျမ်းဂန်ဓမ္မက္ခန်နှင့်တကွ ဉာဏ်အမြော်အမြင်ကိုပါ သွန်သင်ပြသ သင်ကြားပေးရန်အလို့ငှာ လည်းကောင်း၊ ယင်းသူတို့အား အပြစ်ဒုစရိုက်မှုများမှ သန့်ရှင်းစင်ကြယ်စေရန် အလို့ငှာ လည်းကောင်း၊ ယင်းသူတို့အနက်မှပင်(ဆွေမျိုးသား ချင်းတော်စပ်သော) ရစူလ်တမန်တော် တစ်ပါးကို ထိုသူတို့ တွင် ပွင့်စေတော်မူပါ၊ ဧကန်မုချ အရှင်မြတ်သည် သာလျှင် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူထသောအရှင်၊ ထူးသော အသိဉာဏ် အမြော်အမြင်နှင့် ပြည့်စုံတော်မူ သောအရှင် ဖြစ်တော်မူပေသတည်းဟု [နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ) နှင့် သားတော် နဗီတမန်တော် အစ္စမာအီလ်(အ) တို့သည် ဆု တောင်းပတ္ထနာ ပြုကြလေသည်။
130 وَمَن يَرْغَبُ عَن مِّلَّةِ إِبْرَاهِيمَ إِلَّا مَن سَفِهَ نَفْسَهُ ۚ وَلَقَدِ اصْطَفَيْنَاهُ فِي الدُّنْيَا ۖ وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ
မိမိကိုယ်ကို မိမိပင် လူမိုက်လူ့ဗာလဖြစ်စေသောသူမှအပ အဘယ်သူသည် နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)၏ သာသနာမှ မျက်နှာလွှဲဖယ် တိမ်းရှောင် သွားနိုင်ပါမည်နည်း။ စင်စစ်တမူကား ငါအရှင်မြတ်သည် ထိုနဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)အား ချစ်မြတ်နိုး၍ ဤလောက၌ နဗီတမန်တော်အဖြစ်ဖြင့် ရွေးချယ် ခြီးမြှင့်တော်မူခဲ့လေပြီ။ တဖန် နောင်တမလွန်ဘဝ၌လည်း ထိုနဗီတမန်တော်သည် ပါရမီရှင် သူမွန် သူမြတ်များအနက်မှ မလွဲဧကန် ဖြစ်လတ္တံ့။
131 إِذْ قَالَ لَهُ رَبُّهُ أَسْلِمْ ۖ قَالَ أَسْلَمْتُ لِرَبِّ الْعَالَمِينَ
(ပြန်လည်အောက်မေ့သတိရကြကုန်လော့) အကြင်အခါ၌ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)ကို အလ္လာဟ် အရှင်မြတ်က [အို-အစ်ဗ်ရာဟီမ်(အ) အသင်သည် ငါအရှင်မြတ်၏]အမိန့်နာခံသူ (မုစ်လင်မ်) ဖြစ်ပါလေဟု မိန့်ကြားတော် မူခဲ့၏။ ထိုအခါ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)က ကျွန်တော်မျိုးသည် ခပ်သိမ်းကုန်သော စကြာဝဠာအပေါင်းတို့က မွေးမြူတော် မူထသောအရှင်မြတ်၏ အမိန့်တော်ကို ကြည်ဖြူစွာ ခံယူပါပြီဟု တင်လျှောက် ခဲ့လေသတည်း။
132 وَوَصَّىٰ بِهَا إِبْرَاهِيمُ بَنِيهِ وَيَعْقُوبُ يَا بَنِيَّ إِنَّ اللَّهَ اصْطَفَىٰ لَكُمُ الدِّينَ فَلَا تَمُوتُنَّ إِلَّا وَأَنتُم مُّسْلِمُونَ
ထို့ပြင် နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)နှင့် နဗီတမန်တော် ယအ်ကူဗ်(အ)တို့သည် ထိုအကြောင်း ကိစ္စနှင့် စပ်လျဉ်း၍ မိမိတို့၏သားများကို အို-ငါ၏ သားအပေါင်းတို့ မုချဧကန် အလ္လာဟ် အရှင်မြတ်သည် အသင်တို့အဘို့ရာ (အစ္စလာမ်) သာသနာ တော်ကို ရွေးချယ်တော်မူပြီး ဖြစ်ရာအသင်တို့သည် အမိန့်တော်ကို နာခံသော မုစ်လင်မ်များ အဖြစ်နှင့် သာလျှင် သေဆုံးကြလေလော့ဟု နောက်ဆုံး စကား မှာကြားခဲ့လေသည်။
ဘာသာပြန် — အလ်-ဗကရ 130 စူရာ အလ်-ဗကရ အာယာသ် 130 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မိမိကိုယ်ကို မိမိပင် လူမိုက်လူ့ဗာလဖြစ်စေသောသူမှအပ အဘယ်သူသည် နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)၏ သာသနာမှ မျက်နှာလွှဲဖယ် တိမ်းရှောင် သွားနိုင်ပါမည်နည်း။…
စူရာ အာယာသ် 130/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 128–132. မြန်မာဘာသာ: ภาษาไทย.