📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 245
قَالَ مَعَاذَ ٱللَّهِ أَن نَّأۡخُذَ إِلَّا مَن وَجَدۡنَا مَتَٰعَنَا عِندَهُۥٓ إِنَّآ إِذًا لَّظَٰلِمُونَ  ۝٧٩ فَلَمَّا ٱسۡتَيۡـَٔسُواْ مِنۡهُ خَلَصُواْ نَجِيًّاۖ قَالَ كَبِيرُهُمۡ أَلَمۡ تَعۡلَمُوٓاْ أَنَّ أَبَاكُمۡ قَدۡ أَخَذَ عَلَيۡكُم مَّوۡثِقًا مِّنَ ٱللَّهِ وَمِن قَبۡلُ مَا فَرَّطتُمۡ فِي يُوسُفَۖ فَلَنۡ أَبۡرَحَ ٱلۡأَرۡضَ حَتَّىٰ يَأۡذَنَ لِيٓ أَبِيٓ أَوۡ يَحۡكُمَ ٱللَّهُ لِيۖ وَهُوَ خَيۡرُ ٱلۡحَٰكِمِينَ  ۝٨٠ ٱرۡجِعُوٓاْ إِلَىٰٓ أَبِيكُمۡ فَقُولُواْ يَٰٓأَبَانَآ إِنَّ ٱبۡنَكَ سَرَقَ وَمَا شَهِدۡنَآ إِلَّا بِمَا عَلِمۡنَا وَمَا كُنَّا لِلۡغَيۡبِ حَٰفِظِينَ  ۝٨١ وَسۡـَٔلِ ٱلۡقَرۡيَةَ ٱلَّتِي كُنَّا فِيهَا وَٱلۡعِيرَ ٱلَّتِيٓ أَقۡبَلۡنَا فِيهَاۖ وَإِنَّا لَصَٰدِقُونَ  ۝٨٢ قَالَ بَلۡ سَوَّلَتۡ لَكُمۡ أَنفُسُكُمۡ أَمۡرًاۖ فَصَبۡرٌ جَمِيلٌۖ عَسَى ٱللَّهُ أَن يَأۡتِيَنِي بِهِمۡ جَمِيعًاۚ إِنَّهُۥ هُوَ ٱلۡعَلِيمُ ٱلۡحَكِيمُ  ۝٨٣ وَتَوَلَّىٰ عَنۡهُمۡ وَقَالَ يَٰٓأَسَفَىٰ عَلَىٰ يُوسُفَ وَٱبۡيَضَّتۡ عَيۡنَاهُ مِنَ ٱلۡحُزۡنِ فَهُوَ كَظِيمٌ  ۝٨٤ قَالُواْ تَٱللَّهِ تَفۡتَؤُاْ تَذۡكُرُ يُوسُفَ حَتَّىٰ تَكُونَ حَرَضًا أَوۡ تَكُونَ مِنَ ٱلۡهَٰلِكِينَ  ۝٨٥ قَالَ إِنَّمَآ أَشۡكُواْ بَثِّي وَحُزۡنِيٓ إِلَى ٱللَّهِ وَأَعۡلَمُ مِنَ ٱللَّهِ مَا لَا تَعۡلَمُونَ  ۝٨٦
12:79
قَالَ مَعَاذَ ٱللَّهِ أَن نَّأۡخُذَ إِلَّا مَن وَجَدۡنَا مَتَٰعَنَا عِندَهُۥٓ إِنَّآ إِذًا لَّظَٰلِمُونَ  ۝٧٩
(ထိုရောအခါ) ယင်းယူဆွဖ်က (ဤသို့) ပြောဆိုဖြေကြားခဲ့၏။ ငါတို့သည် မိမိတို့ပစ္စည်းကို တွေ့ရှိသောသူမှတစ်ပါး အခြားသူအား ဖမ်းဆီးခြင်းကို မပြုမိကြရန် အလ္လာဟ်အရှင်မြတ်၏ ကာကွယ်စောင့်ရှောက်မှုကို ရှာဖွေကြပေသည်။ဧကန်စင်စစ် ငါတို့သည် (ထို)သို့ (ပြုခဲ့ကြ)ပါလျှင် အမှန်ပင်မတရားသောသူများ ဖြစ်ကြမည်သာတည်း။
12:80
فَلَمَّا ٱسۡتَيۡـَٔسُواْ مِنۡهُ خَلَصُواْ نَجِيًّاۖ قَالَ كَبِيرُهُمۡ أَلَمۡ تَعۡلَمُوٓاْ أَنَّ أَبَاكُمۡ قَدۡ أَخَذَ عَلَيۡكُم مَّوۡثِقًا مِّنَ ٱللَّهِ وَمِن قَبۡلُ مَا فَرَّطتُمۡ فِي يُوسُفَۖ فَلَنۡ أَبۡرَحَ ٱلۡأَرۡضَ حَتَّىٰ يَأۡذَنَ لِيٓ أَبِيٓ أَوۡ يَحۡكُمَ ٱللَّهُ لِيۖ وَهُوَ خَيۡرُ ٱلۡحَٰكِمِينَ  ۝٨٠
(သို့ဖြစ်ပေရာ ထိုနောင်တော်များသည် ယင်းယူဆွဖ်ထံမှ မျှော်လင့်ချက်ကင်းမဲ့ခဲ့ကြသောအခါဝယ် ၎င်း၏ထံမှ) ဆုတ်ခွာခဲ့ကြကာ လျှို့ဝှက်တိုင်ပင်ကြပြန်သည်။ (ထိုအခါ) ၎င်းတို့အနက်မှ အကြီးဆုံးဖြစ်သူက (ဤသို့)ပြောဆိုခဲ့လေ၏။ (အို-ငါ့ညီတော်များ) အသင်တို့သည် အသင်တို့ဖခင်က အသင်တို့ထံမှ (ယင်းညီတော်နှင့်ပတ်သက်၍) အလ္လာဟ်အရှင်မြတ်အား တိုင်တည်စေပြီး (အခိုင်အမာ) ကတိဝန်ခံချက်ယူခဲ့သည်ကိုလည်းကောင်း၊ အသင်တို့သည် ယခင်ကယူဆွဖ်နှင့်ပတ်သက်၍ (ကတိ)ပျက်ကွက် လစ်ဟင်းခဲ့ ကြသည်ကိုလည်းကောင်း၊ မသိခဲ့ကြပါသလော။ သို့ဖြစ်ပေရာ ငါ၏ဖခင်သည် ငါ့အား ခွင့်မပြုသမျှသော်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည် ငါ၏အဖို့ စီရင်ဆုံးဖြတ်တော်မူခြင်း မပြုတော်မူသမျှသော်လည်းကောင်း၊ ငါသည် ဤ(အီဂျစ်)တိုင်းပြည်မှအလျှင်း စွန့်ခွာမည်မဟုတ်ပေ။ စင်စစ်သော်ကား ထိုအလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး စီရင်ဆုံးဖြတ်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်တကား။
12:81
ٱرۡجِعُوٓاْ إِلَىٰٓ أَبِيكُمۡ فَقُولُواْ يَٰٓأَبَانَآ إِنَّ ٱبۡنَكَ سَرَقَ وَمَا شَهِدۡنَآ إِلَّا بِمَا عَلِمۡنَا وَمَا كُنَّا لِلۡغَيۡبِ حَٰفِظِينَ  ۝٨١
အသင်တို့သည် မိမိတို့၏ ဖခင်ထံသို့ ပြန်၍ သွားကြပြီးလျှင်(ဤသို့)ပြောဆိုလျှောက်ထားကြလေကုန်။ အို-မွေးသဖခင်၊ မလွဲဧကန် အသင်ဖခင်၏ သားတော်သည် ခိုးဝှက်ခဲ့ပါသည်။ ၎င်းပြင် ကျွန်တော်မျိုးတို့သည် မိမိတို့(မျက်မြင်ကိုယ်တွေ့) သိရှိခဲ့ကြသည်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုသက်သေခံကြသည် မဟုတ်ပါ။ စင်စစ်မှာမူကား ကျွန် တော်မျိုးတို့သည် အကွယ်၌ရှိသော ကိစ္စများကို သိရှိကြသည် မဟုတ်ပါ။
12:82
وَسۡـَٔلِ ٱلۡقَرۡيَةَ ٱلَّتِي كُنَّا فِيهَا وَٱلۡعِيرَ ٱلَّتِيٓ أَقۡبَلۡنَا فِيهَاۖ وَإِنَّا لَصَٰدِقُونَ  ۝٨٢
၎င်းပြင် အသင်(ဖခင်)သည် ကျွန်တော်တို့ နေထိုင်ခဲ့ကြသော (အီဂျစ်)မြို့သူမြို့သားများကို လည်းကောင်း၊ကျွန်တော်မျိုးတို့နှင့် အတူလာခဲ့ကြသော ခရီးသည်စုကိုလည်းကောင်း၊ စုံစမ်းမေးမြန်း၍ကြည့်ပါ။ ဧကန်မလွဲ ကျွန်တော်တို့သည် သစ္စာဝါဒီများပင် ဖြစ်ကြပါသတည်း။
12:83
قَالَ بَلۡ سَوَّلَتۡ لَكُمۡ أَنفُسُكُمۡ أَمۡرًاۖ فَصَبۡرٌ جَمِيلٌۖ عَسَى ٱللَّهُ أَن يَأۡتِيَنِي بِهِمۡ جَمِيعًاۚ إِنَّهُۥ هُوَ ٱلۡعَلِيمُ ٱلۡحَكِيمُ  ۝٨٣
ထို(အခါ)ဖခင်က ထိုသို့အလျှင်းမဟုတ်။ အမှန်စင်စစ်မှာမူကား အသင်တို့၏ စိတ်နှလုံးသည် အသင်တို့အဖို့အမှုကိစ္စတစ်ခုကို ကြံစည်ဖန်တီးခဲ့ ခြင်းသာဖြစ်ပေသည်။သို့ဖြစ်ပေရာ သည်းခံခြင်းသာလျှင် အကောင်းဆုံးပင်ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အားလုံးတို့အား ငါ့ထံသို့ ပြန်လည်ရောက်စေတော်မူလိမ့်မည်ဟု မျှော်လင့်ရာ၏။ဧကန်မလွဲ ထိုအရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
12:84
وَتَوَلَّىٰ عَنۡهُمۡ وَقَالَ يَٰٓأَسَفَىٰ عَلَىٰ يُوسُفَ وَٱبۡيَضَّتۡ عَيۡنَاهُ مِنَ ٱلۡحُزۡنِ فَهُوَ كَظِيمٌ  ۝٨٤
ထို့နောက်၊ ထိုခမည်းတော်သည် ၎င်းတို့ဘက်မှမျက်နှာလွှဲခဲ့ပြီးလျှင် ဪ-ယူဆွဖ်၊ ဖြစ်မှဖြစ်ရလေခြင်းဟုပြောဆို(ညည်းညူ)ခဲ့လေသည်။ ၎င်းပြင် ယင်း၏မျက်စိနှစ်လုံးတို့မှာလည်း ဝမ်းနည်းပူဆွေးမှုကြောင့် ဖြူ၍သွားခဲ့လေသည်။သို့တစေလည်း ယင်းသည်(မိမိ)မျိုသိပ်လျက် ရှိနေခဲ့ရရှာလေသတည်း။
12:85
قَالُواْ تَٱللَّهِ تَفۡتَؤُاْ تَذۡكُرُ يُوسُفَ حَتَّىٰ تَكُونَ حَرَضًا أَوۡ تَكُونَ مِنَ ٱلۡهَٰلِكِينَ  ۝٨٥
ယင်း(သား)တို့က (အို-ခမည်းတော်) အလ္လာဟ်အရှင်မြတ်၏ကစမ်၊ အသင်ခမည်းတော်သည် ယူဆွဖ်အားအမြဲမပြတ် တမ်းတသတိရလျက်ပင်ရှိနေသည် ဖြစ်ရာ နောက်ဆုံးတွင်မူ အသင်ဖခင်သည် ကျန်းမာရေး ချွတ်ယွင်းသူသော်လည်းကောင်း၊ အသက်ဇီဝိန် ချုပ်ငြိမ်းသူသော်လည်းကောင်း၊ဖြစ်ရပါတော့မည် ဟုပြောဆိုကြကုန်၏။
12:86
قَالَ إِنَّمَآ أَشۡكُواْ بَثِّي وَحُزۡنِيٓ إِلَى ٱللَّهِ وَأَعۡلَمُ مِنَ ٱللَّهِ مَا لَا تَعۡلَمُونَ  ۝٨٦
(ထိုအခါ) ယင်းခမည်းတော်သည်(ဤသို့) ပြောဆိုဖြေကြားခဲ့လေ၏။ ငါသည် အလ္လာဟ်အရှင်မြတ်၏အထံတော်၌သာလျှင် မိမိစိတ်သောကဖြစ်မှုကို လည်းကောင်း၊မိမိပူဆွေးမှုကိုလည်းကောင်း၊ လျှောက်ထားခြင်း ဖြစ်ပေသည်။စင်စစ်မှာမူကား ငါသည် အလ္လာဟ်အရှင်မြတ်ထံတော်မှအသင်တို့ မသိကြသောအရာကို သိရှိရပေသတည်း။


📚Juz 13 📄245 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Tuesday, August 25, 2026

Don't forget us in your sincere prayers