ယူစူဖ် · 80/111
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူစူဖ်
فَلَمَّا اسْتَيْأَسُوا مِنْهُ خَلَصُوا نَجِيًّا ۖ قَالَ كَبِيرُهُمْ أَلَمْ تَعْلَمُوا أَنَّ أَبَاكُمْ قَدْ أَخَذَ عَلَيْكُم مَّوْثِقًا مِّنَ اللَّهِ وَمِن قَبْلُ مَا فَرَّطتُمْ فِي يُوسُفَ ۖ فَلَنْ أَبْرَحَ الْأَرْضَ حَتَّىٰ يَأْذَنَ لِي أَبِي أَوْ يَحْكُمَ اللَّهُ لِي ۖ وَهُوَ خَيْرُ الْحَاكِمِينَ ۝٨٠
Falammas tay`asoo minhu khalasoo najiyyan qaala kabeeruhum alam ta`lamoon anna abaakum qad akhaza `alaikum mawsiqam minal laahi wa min qablu maa farrattum fee Yoosufa falan abrahal arda hattaa yaazana leee abeee aw yahkumal laahu lee wa huwa khairul lhaakimeen
📖 မြန်မာဘာသာ
(သို့ဖြစ်ပေရာ ထိုနောင်တော်များသည် ယင်းယူဆွဖ်ထံမှ မျှော်လင့်ချက်ကင်းမဲ့ခဲ့ကြသောအခါဝယ် ၎င်း၏ထံမှ) ဆုတ်ခွာခဲ့ကြကာ လျှို့ဝှက်တိုင်ပင်ကြပြန်သည်။ (ထိုအခါ) ၎င်းတို့အနက်မှ အကြီးဆုံးဖြစ်သူက (ဤသို့)ပြောဆိုခဲ့လေ၏။ (အို-ငါ့ညီတော်များ) အသင်တို့သည် အသင်တို့ဖခင်က အသင်တို့ထံမှ (ယင်းညီတော်နှင့်ပတ်သက်၍) အလ္လာဟ်အရှင်မြတ်အား တိုင်တည်စေပြီး (အခိုင်အမာ) ကတိဝန်ခံချက်ယူခဲ့သည်ကိုလည်းကောင်း၊ အသင်တို့သည် ယခင်ကယူဆွဖ်နှင့်ပတ်သက်၍ (ကတိ)ပျက်ကွက် လစ်ဟင်းခဲ့ ကြသည်ကိုလည်းကောင်း၊ မသိခဲ့ကြပါသလော။ သို့ဖြစ်ပေရာ ငါ၏ဖခင်သည် ငါ့အား ခွင့်မပြုသမျှသော်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည် ငါ၏အဖို့ စီရင်ဆုံးဖြတ်တော်မူခြင်း မပြုတော်မူသမျှသော်လည်းကောင်း၊ ငါသည် ဤ(အီဂျစ်)တိုင်းပြည်မှအလျှင်း စွန့်ခွာမည်မဟုတ်ပေ။ စင်စစ်သော်ကား ထိုအလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး စီရင်ဆုံးဖြတ်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်တကား။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၊ စူရဟ်ယူစူဖ် (၁၂)၊ အာယသ်တော် (၈၀) ၏ အနက်အဓိပ္ပာယ် ရှင်းလင်းချက်

အာယသ်တော်၏ အာရဗီစာသား:

فَلَمَّا اسْتَيْأَسُوا مِنْهُ خَلَصُوا نَجِيًّا ۖ قَالَ كَبِيرُهُمْ أَلَمْ تَعْلَمُوا أَنَّ أَبَاكُمْ قَدْ أَخَذَ عَلَيْكُم مَّوْثِقًا مِّنَ اللَّهِ وَمِن قَبْلُ مَا فَرَّطتُمْ فِي يُوسُفَ ۖ فَلَنْ أَبْرَحَ الْأَرْضَ حَتَّىٰ يَأْذَنَ لِي أَبِي أَوْ يَحْكُمَ اللَّهُ لِي ۖ وَهُوَ خَيْرُ الْحَاكِمِينَ

၁။ လိုအပ်သော စကားလုံးများ၏ အနက်အဓိပ္ပာယ်များ:

  • اسْتَيْأَسُوا (အစ်သယ်အာစူ): သူတို့သည် လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားကြသည်။ စိတ်ပျက်အားလျော့သွားကြသည်။
  • خَلَصُوا (ခလဆူ): သူတို့သည် သီးသန့် ဖြစ်သွားကြသည်။ လူအများနှင့် ကင်းကွာသွားကြသည်။
  • نَجِيًّا (နဂျီယန်): လျှို့ဝှက်စွာ တိုင်ပင်ဆွေးနွေးသူများ။ လျှို့ဝှက်အစည်းအဝေး ပြုလုပ်သူများ။
  • مَوْثِقًا (မောင်သီကာ): ခိုင်မာသော ကတိသစ္စာ။ အလ္လာဟ်အရှင်မြတ်ကို သက်သေထားပြီး ချုပ်ဆိုသော ပဋိညာဉ်။
  • فَرَّطتُمْ (ဖရ်ရသွန်သူ): သင်တို့သည် ပေါ့ဆခဲ့ကြသည်။ တာဝန်မကျေခဲ့ကြသည်။ လစ်ဟင်းခဲ့ကြသည်။
  • أَبْرَحَ (အဗ်ရဟာ): ငါသည် ခွဲခွာမည်။ စွန့်ခွာမည်။
  • يَحْكُمَ (ယဟ်ကုမ): အရှင်မြတ်သည် စီရင်ဆုံးဖြတ်တော်မူသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်:

တမန်တော် ယူစူဖ် (အလိုင်ဟိစ်စလာမ်) ထံမှ သူတို့၏ ညီငယ်ကို ပြန်လည်ပေးအပ်ရန် တောင်းဆိုမှုကို ငြင်းပယ်ခံရသောအခါ သူတို့သည် လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားကြပြီး လူအများနှင့် ကင်းကွာ၍ သီးသန့် လျှို့ဝှက်စွာ တိုင်ပင်ဆွေးနွေးကြလေသည်။ ထိုအခါ သူတို့ထဲမှ အသက်အကြီးဆုံးဖြစ်သူက ဤသို့ပြောဆိုလေသည်။

“သင်တို့သည် မိမိတို့ဖခင်က ညီငယ်ကို ပြန်လည်ခေါ်ဆောင်လာရမည်ဟု အလ္လာဟ်အရှင်မြတ်ကို သက်သေထားပြီး ခိုင်မာသော ကတိသစ္စာ ချုပ်ဆိုခဲ့သည်ကို မသိကြသလော။ ထို့အပြင် ယင်းမတိုင်မီက ယူစူဖ်၏ ကိစ္စတွင်လည်း သင်တို့သည် ပေါ့ဆခဲ့ကြပြီး တာဝန်မကျေခဲ့ကြပေ။ ထို့ကြောင့် ငါသည် ငါ့ဖခင်က ခွင့်ပြုသည်အထိ သို့မဟုတ် အလ္လာဟ်အရှင်မြတ်က ငါ့အတွက် စီရင်ဆုံးဖြတ်တော်မူသည်အထိ ဤမစ်သရ်ပြည်၏ မြေကို ဘယ်သောအခါမျှ စွန့်ခွာမည် မဟ



📜 အာယာသ် 78-82 — စူရာ ယူစူဖ်

78قَالُوا يَا أَيُّهَا الْعَزِيزُ إِنَّ لَهُ أَبًا شَيْخًا كَبِيرًا فَخُذْ أَحَدَنَا مَكَانَهُ ۖ إِنَّا نَرَاكَ مِنَ الْمُحْسِنِينَ
၎င်းတို့က ပြောဆိုခဲ့ကြပြန်သည်မှာ အို-အဇီဇ်၊ဧကန်စင်စစ် ထိုညီငယ်၌ အလွန်အိုမင်း အသက်အရွယ်ကြီးရင့်သော ဖခင်ကြီးတစ်ပါးရှိပါသည်။ သို့ဖြစ်ပေရာ အသင်သည် ၎င်း၏အစား ကျွန်ုပ်တို့အနက်မှ တစ်ဦးဦးကို ယူထားပါလေ။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား ကျေးဇူးပြုတတ်သူတစ်ဦး ဖြစ်သည်ဟူ၍ပင် မြင်ကြပေသည်။
79قَالَ مَعَاذَ اللَّهِ أَن نَّأْخُذَ إِلَّا مَن وَجَدْنَا مَتَاعَنَا عِندَهُ إِنَّا إِذًا لَّظَالِمُونَ
(ထိုရောအခါ) ယင်းယူဆွဖ်က (ဤသို့) ပြောဆိုဖြေကြားခဲ့၏။ ငါတို့သည် မိမိတို့ပစ္စည်းကို တွေ့ရှိသောသူမှတစ်ပါး အခြားသူအား ဖမ်းဆီးခြင်းကို မပြုမိကြရန် အလ္လာဟ်အရှင်မြတ်၏ ကာကွယ်စောင့်ရှောက်မှုကို ရှာဖွေကြပေသည်။ဧကန်စင်စစ် ငါတို့သည် (ထို)သို့ (ပြုခဲ့ကြ)ပါလျှင် အမှန်ပင်မတရားသောသူများ ဖြစ်ကြမည်သာတည်း။
80فَلَمَّا اسْتَيْأَسُوا مِنْهُ خَلَصُوا نَجِيًّا ۖ قَالَ كَبِيرُهُمْ أَلَمْ تَعْلَمُوا أَنَّ أَبَاكُمْ قَدْ أَخَذَ عَلَيْكُم مَّوْثِقًا مِّنَ اللَّهِ وَمِن قَبْلُ مَا فَرَّطتُمْ فِي يُوسُفَ ۖ فَلَنْ أَبْرَحَ الْأَرْضَ حَتَّىٰ يَأْذَنَ لِي أَبِي أَوْ يَحْكُمَ اللَّهُ لِي ۖ وَهُوَ خَيْرُ الْحَاكِمِينَ
(သို့ဖြစ်ပေရာ ထိုနောင်တော်များသည် ယင်းယူဆွဖ်ထံမှ မျှော်လင့်ချက်ကင်းမဲ့ခဲ့ကြသောအခါဝယ် ၎င်း၏ထံမှ) ဆုတ်ခွာခဲ့ကြကာ လျှို့ဝှက်တိုင်ပင်ကြပြန်သည်။ (ထိုအခါ) ၎င်းတို့အနက်မှ အကြီးဆုံးဖြစ်သူက (ဤသို့)ပြောဆိုခဲ့လေ၏။ (အို-ငါ့ညီတော်များ) အသင်တို့သည် အသင်တို့ဖခင်က အသင်တို့ထံမှ (ယင်းညီတော်နှင့်ပတ်သက်၍) အလ္လာဟ်အရှင်မြတ်အား တိုင်တည်စေပြီး (အခိုင်အမာ) ကတိဝန်ခံချက်ယူခဲ့သည်ကိုလည်းကောင်း၊ အသင်တို့သည် ယခင်ကယူဆွဖ်နှင့်ပတ်သက်၍ (ကတိ)ပျက်ကွက် လစ်ဟင်းခဲ့ ကြသည်ကိုလည်းကောင်း၊ မသိခဲ့ကြပါသလော။ သို့ဖြစ်ပေရာ ငါ၏ဖခင်သည် ငါ့အား ခွင့်မပြုသမျှသော်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည် ငါ၏အဖို့ စီရင်ဆုံးဖြတ်တော်မူခြင်း မပြုတော်မူသမျှသော်လည်းကောင်း၊ ငါသည် ဤ(အီဂျစ်)တိုင်းပြည်မှအလျှင်း စွန့်ခွာမည်မဟုတ်ပေ။ စင်စစ်သော်ကား ထိုအလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး စီရင်ဆုံးဖြတ်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်တကား။
81ارْجِعُوا إِلَىٰ أَبِيكُمْ فَقُولُوا يَا أَبَانَا إِنَّ ابْنَكَ سَرَقَ وَمَا شَهِدْنَا إِلَّا بِمَا عَلِمْنَا وَمَا كُنَّا لِلْغَيْبِ حَافِظِينَ
အသင်တို့သည် မိမိတို့၏ ဖခင်ထံသို့ ပြန်၍ သွားကြပြီးလျှင်(ဤသို့)ပြောဆိုလျှောက်ထားကြလေကုန်။ အို-မွေးသဖခင်၊ မလွဲဧကန် အသင်ဖခင်၏ သားတော်သည် ခိုးဝှက်ခဲ့ပါသည်။ ၎င်းပြင် ကျွန်တော်မျိုးတို့သည် မိမိတို့(မျက်မြင်ကိုယ်တွေ့) သိရှိခဲ့ကြသည်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုသက်သေခံကြသည် မဟုတ်ပါ။ စင်စစ်မှာမူကား ကျွန် တော်မျိုးတို့သည် အကွယ်၌ရှိသော ကိစ္စများကို သိရှိကြသည် မဟုတ်ပါ။
82وَاسْأَلِ الْقَرْيَةَ الَّتِي كُنَّا فِيهَا وَالْعِيرَ الَّتِي أَقْبَلْنَا فِيهَا ۖ وَإِنَّا لَصَادِقُونَ
၎င်းပြင် အသင်(ဖခင်)သည် ကျွန်တော်တို့ နေထိုင်ခဲ့ကြသော (အီဂျစ်)မြို့သူမြို့သားများကို လည်းကောင်း၊ကျွန်တော်မျိုးတို့နှင့် အတူလာခဲ့ကြသော ခရီးသည်စုကိုလည်းကောင်း၊ စုံစမ်းမေးမြန်း၍ကြည့်ပါ။ ဧကန်မလွဲ ကျွန်တော်တို့သည် သစ္စာဝါဒီများပင် ဖြစ်ကြပါသတည်း။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
80အာယာသ်

ဘာသာပြန် — ယူစူဖ် 80

စူရာ ယူစူဖ် အာယာသ် 80 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (သို့ဖြစ်ပေရာ ထိုနောင်တော်များသည် ယင်းယူဆွဖ်ထံမှ မျှော်လင့်ချက်ကင်းမဲ့ခဲ့ကြသောအခါဝယ် ၎င်း၏ထံမှ) ဆုတ်ခွာခဲ့ကြကာ လျှို့ဝှက်တိုင်ပင်ကြပြန်သည်။ (ထိုအခါ) ၎င်းတို့အနက်မှ အကြီးဆုံးဖြစ်သူက…

စူရာ အာယာသ် 80/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 78–82. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers