📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 246
يَٰبَنِيَّ ٱذۡهَبُواْ فَتَحَسَّسُواْ مِن يُوسُفَ وَأَخِيهِ وَلَا تَاْيۡـَٔسُواْ مِن رَّوۡحِ ٱللَّهِۖ إِنَّهُۥ لَا يَاْيۡـَٔسُ مِن رَّوۡحِ ٱللَّهِ إِلَّا ٱلۡقَوۡمُ ٱلۡكَٰفِرُونَ  ۝٨٧ فَلَمَّا دَخَلُواْ عَلَيۡهِ قَالُواْ يَٰٓأَيُّهَا ٱلۡعَزِيزُ مَسَّنَا وَأَهۡلَنَا ٱلضُّرُّ وَجِئۡنَا بِبِضَٰعَةٍ مُّزۡجَىٰةٍ فَأَوۡفِ لَنَا ٱلۡكَيۡلَ وَتَصَدَّقۡ عَلَيۡنَآۖ إِنَّ ٱللَّهَ يَجۡزِي ٱلۡمُتَصَدِّقِينَ  ۝٨٨ قَالَ هَلۡ عَلِمۡتُم مَّا فَعَلۡتُم بِيُوسُفَ وَأَخِيهِ إِذۡ أَنتُمۡ جَٰهِلُونَ  ۝٨٩ قَالُوٓاْ أَءِنَّكَ لَأَنتَ يُوسُفُۖ قَالَ أَنَا۠ يُوسُفُ وَهَٰذَآ أَخِيۖ قَدۡ مَنَّ ٱللَّهُ عَلَيۡنَآۖ إِنَّهُۥ مَن يَتَّقِ وَيَصۡبِرۡ فَإِنَّ ٱللَّهَ لَا يُضِيعُ أَجۡرَ ٱلۡمُحۡسِنِينَ  ۝٩٠ قَالُواْ تَٱللَّهِ لَقَدۡ ءَاثَرَكَ ٱللَّهُ عَلَيۡنَا وَإِن كُنَّا لَخَٰطِـِٔينَ  ۝٩١ قَالَ لَا تَثۡرِيبَ عَلَيۡكُمُ ٱلۡيَوۡمَۖ يَغۡفِرُ ٱللَّهُ لَكُمۡۖ وَهُوَ أَرۡحَمُ ٱلرَّٰحِمِينَ  ۝٩٢ ٱذۡهَبُواْ بِقَمِيصِي هَٰذَا فَأَلۡقُوهُ عَلَىٰ وَجۡهِ أَبِي يَأۡتِ بَصِيرًا وَأۡتُونِي بِأَهۡلِكُمۡ أَجۡمَعِينَ  ۝٩٣ وَلَمَّا فَصَلَتِ ٱلۡعِيرُ قَالَ أَبُوهُمۡ إِنِّي لَأَجِدُ رِيحَ يُوسُفَۖ لَوۡلَآ أَن تُفَنِّدُونِ  ۝٩٤ قَالُواْ تَٱللَّهِ إِنَّكَ لَفِي ضَلَٰلِكَ ٱلۡقَدِيمِ  ۝٩٥
12:87
يَٰبَنِيَّ ٱذۡهَبُواْ فَتَحَسَّسُواْ مِن يُوسُفَ وَأَخِيهِ وَلَا تَاْيۡـَٔسُواْ مِن رَّوۡحِ ٱللَّهِۖ إِنَّهُۥ لَا يَاْيۡـَٔسُ مِن رَّوۡحِ ٱللَّهِ إِلَّا ٱلۡقَوۡمُ ٱلۡكَٰفِرُونَ  ۝٨٧
အို-ငါ၏ချစ်သားတို့၊ အသင်တို့သည် ယူဆွဖ်အားလည်းကောင်း၊ ယင်းယူဆွဖ်၏ညီငယ်အား လည်းကောင်း၊သွား၍ရှာဖွေ စုံစမ်းကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက်မကင်းကြကုန်လင့်။ ဧကန်မလွဲ ကာဖိရ် သွေဖည်ငြင်းပယ်သူတို့သည်သာလျှင် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ မျှော်လင့်ချက် ကင်းကြပေသတည်း။
12:88
فَلَمَّا دَخَلُواْ عَلَيۡهِ قَالُواْ يَٰٓأَيُّهَا ٱلۡعَزِيزُ مَسَّنَا وَأَهۡلَنَا ٱلضُّرُّ وَجِئۡنَا بِبِضَٰعَةٍ مُّزۡجَىٰةٍ فَأَوۡفِ لَنَا ٱلۡكَيۡلَ وَتَصَدَّقۡ عَلَيۡنَآۖ إِنَّ ٱللَّهَ يَجۡزِي ٱلۡمُتَصَدِّقِينَ  ۝٨٨
တစ်ဖန် ၎င်းတို့သည် ထိုယူဆွဖ်ထံသို့ ဝင်ရောက်ခဲ့ကြသောအခါ(ဤသို့)ပြောဆိုလျှောက် ထားခဲ့ကြကုန်၏။ အိုအဇီဇ်၊ကျွန်ုပ်တို့၌လည်းကောင်း၊ ကျွန်ုပ်တို့၏ အိမ်သူအိမ်သားတို့၌လည်းကောင်း၊ (ငတ်မွတ်ခြင်း)ဘေးဒုက္ခသည် ဆိုက်ရောက်နေပါသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် အနည်းငယ်မျှသောအရင်းအနှီးပစ္စည်းကိုသာ ယူဆောင်လာခဲ့ကြပါသည်။ သို့ပါ၍အသင်အဇီဇ်သည် ကျွန်ုပ်တို့အား (စားနပ်ရိက္ခာကို) အပြည့်ခြင်၍ပေးပါ။ ၎င်းပြင် ကျွန်ုပ်တို့ အပေါ်၌ မေတ္တာလည်းထားပါ။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မေတ္တာတရားထားရှိသူတို့အား အကျိုးကျေးဇူးကို ချီးမြှင့်တော်မူပါ၏။
12:89
قَالَ هَلۡ عَلِمۡتُم مَّا فَعَلۡتُم بِيُوسُفَ وَأَخِيهِ إِذۡ أَنتُمۡ جَٰهِلُونَ  ۝٨٩
ထို(ရောအခါဝယ်) ယူဆွဖ်က (၎င်းတို့အား ဤသို့) ပြောဆိုမေးမြန်းခဲ့လေသည်။ အသင်တို့သည် မိမိတို့မသိမိုက်မဲသူများ ဖြစ်ခဲ့ကြစဉ်အခါက မိမိတို့သည် ယူစုဖ်နှင့်လည်းကောင်း၊ ယင်းယူဆွဖ်၏ ညီငယ်အားလည်းကောင်း၊ မည်သည့်အပြုအမူကို ပြုမူ ခဲ့ကြသည်ကို အသင်မှတ်မိကြသေးသလော။
12:90
قَالُوٓاْ أَءِنَّكَ لَأَنتَ يُوسُفُۖ قَالَ أَنَا۠ يُوسُفُ وَهَٰذَآ أَخِيۖ قَدۡ مَنَّ ٱللَّهُ عَلَيۡنَآۖ إِنَّهُۥ مَن يَتَّقِ وَيَصۡبِرۡ فَإِنَّ ٱللَّهَ لَا يُضِيعُ أَجۡرَ ٱلۡمُحۡسِنِينَ  ۝٩٠
(ထိုအခါ) ၎င်းတို့က ဧကန်စင်စစ် အသင်သည်ပင် ယူဆွဖ်ဖြစ်ပါသလောဟု ပြောဆိုခဲ့ကြလေသည်။(ထိုအခါ)ထိုယူဆွဖ်က ကျွန်ုပ်ယူဆွဖ်ပင်ဖြစ်သည်။ ဤသည် ကျွန်ုပ်၏ညီတော်ပင်ဖြစ်သည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ်ဝယ် ကျေးဇူးပြုတော်မူခဲ့လေသည်။ စင်စစ်ဧကန် မည်သူမဆို ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်အံ့။ ၎င်းပြင် ခန္တီတရားထားရှိအံ့။ သို့ဖြစ်လျှင် အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်းမြတ်သောသီလကို ဆောက်တည်သူတို့၏ အကျိုးကျေးဇူးကို အချည်းနှီးဖြစ်စေတော်မူမည်မဟုတ် ဟုပြောကြားခဲ့လေသည်။
12:91
قَالُواْ تَٱللَّهِ لَقَدۡ ءَاثَرَكَ ٱللَّهُ عَلَيۡنَا وَإِن كُنَّا لَخَٰطِـِٔينَ  ۝٩١
၎င်းတို့က အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင့်အား ကျွန်ုပ်တို့ထက်မြင့်မြတ်စေတော်မူခဲ့လေသည်။ ၎င်းပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည်သာလျှင် မှားယွင်းသူများ ဖြစ်ကြပေသည်ဟု (ဝန်ခံ)ပြောဆိုကြလေသတည်း။
12:92
قَالَ لَا تَثۡرِيبَ عَلَيۡكُمُ ٱلۡيَوۡمَۖ يَغۡفِرُ ٱللَّهُ لَكُمۡۖ وَهُوَ أَرۡحَمُ ٱلرَّٰحِمِينَ  ۝٩٢
ထို(အခါ) ယူဆွဖ်က ယနေ့ အသင်တို့အပေါ်၌ လုံးဝပြစ်တင်ခြင်းမရှိချေ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အပြစ်မှချမ်းသာပေးသနားတော်မူပါစေ။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် သနားကြင်နာသူ အပေါင်းတို့ထက်သာလွန်၍ သနားကြင်နာတော်မူဆုံးသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည်ဟု ပြောဆိုခဲ့လေသတည်း။
12:93
ٱذۡهَبُواْ بِقَمِيصِي هَٰذَا فَأَلۡقُوهُ عَلَىٰ وَجۡهِ أَبِي يَأۡتِ بَصِيرًا وَأۡتُونِي بِأَهۡلِكُمۡ أَجۡمَعِينَ  ۝٩٣
အသင်တို့သည် အကျွန်ုပ်၏ ဤအင်္ကျီကို ယူသွားကြလေကုန်။ ထို့နောက် အသင်တို့သည် ယင်းအင်္ကျီကိုအကျွန်ုပ်၏ဖခမည်းတော်၏မျက်နှာပေါ်သို့ တင်ကြလေကုန်။ထိုဖခမည်းတော်သည် စက္ခုအလင်းရရှိလာအံ့။ ၎င်းပြင်အသင်တို့သည် မိမိတို့၏ အိမ်သူအိမ်သားများအားလုံးကို(လည်း) အကျွန်ုပ် ၏ထံသို့ (ခေါ်)ဆောင်၍ လာခဲ့ကြလေကုန်။
12:94
وَلَمَّا فَصَلَتِ ٱلۡعِيرُ قَالَ أَبُوهُمۡ إِنِّي لَأَجِدُ رِيحَ يُوسُفَۖ لَوۡلَآ أَن تُفَنِّدُونِ  ۝٩٤
တစ်ဖန် ခရီးသည်တစ်စုသည် (အီဂျစ်ပြည်မှ)ထွက်ခွာခဲ့လေသောအခါ ၎င်းတို့၏ ခမည်းတော်က အကယ်၍အသင်တို့သည် ငါ့အား သူငယ်ပြန်သည် မယူဆကြပါလျှင်ဧကန်စင်စစ် ငါသည် ယူဆွဖ်၏အနံ့ကို ရနေပေသည်ဟုပြောဆိုခဲ့လေ၏။
12:95
قَالُواْ تَٱللَّهِ إِنَّكَ لَفِي ضَلَٰلِكَ ٱلۡقَدِيمِ  ۝٩٥
၎င်းတို့က အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ ဧကန်မလွဲ အသင်သည် မိမိ ရှေးဟောင်းလွဲမှားမှု၌ပင် ရှိနေပေသေးသည်ဟု ပြောဆိုကြကုန်၏။


📚Juz 13 📄246 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Tuesday, August 25, 2026

Don't forget us in your sincere prayers