အလ်-ဗကရ · 65/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَلَقَدْ عَلِمْتُمُ الَّذِينَ اعْتَدَوْا مِنكُمْ فِي السَّبْتِ فَقُلْنَا لَهُمْ كُونُوا قِرَدَةً خَاسِئِينَ ۝٦٥
Wa laqad `alimtumul lazeena`-tadaw minkum fis Sabti faqulnaa lahum koonoo qiradatan khaasi`een
📖 မြန်မာဘာသာ
င်းပြင် အသင်တို့အနက်မှ ဥပုသ်သီတင်းနေ့နှင့် စပ်လျဉ်း၍ (တရားတော်၏ ပညတ်ချက်များကို) ဖောက်ဖျက် ကျူးလွန်ကြကုန်သော သူများအား ငါအရှင်က အသင်တို့သည် ယုတ်ညံ့သိမ်ဖျင်းသော မျောက်တိရစ္ဆာန်များ ဖြစ်ကြကုန်လော့ဟု မိန့်ကြားတော်မူခဲ့ဘူးသည်ကို အသင်တို့သည် မုချအသိပင် ဖြစ်ကြသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းဖြစ်သော စကားလုံးများ၏ အဓိပ္ပာယ်များ:
  • စဗ်သ္ (السبت): ဂျူးလူမျိုးများအတွက် သန့်ရှင်းသောနေ့ဖြစ်ပြီး၊ ထိုနေ့တွင် အလုပ်လုပ်ခြင်း၊ အထူးသဖြင့် ငါးဖမ်းခြင်းကို တားမြစ်ထားသည်။
  • အီအ်သိဒါဝါ (اعتدوا): ကျူးလွန်ခြင်း၊ စည်းမျဉ်းကို ချိုးဖောက်ခြင်း၊ အတိုင်းအတာကို ကျော်လွန်ခြင်း။
  • ကိုနူ (كونوا): ဖြစ်လာကြပါစေ၊ ပြောင်းလဲသွားကြပါစေ။
  • ကိရဒသန် (قردة): မျောက်များ။
  • ခါစိအိန် (خاسئين): နှင်ထုတ်ခံရသူများ၊ စွန့်ပစ်ခံရသူများ၊ အရှက်ရဖွယ်ဖြစ်သွားသူများ။
  1. ဤအာယသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အို ဂျူးအမျိုးသားတို့၊ သင်တို့၏ ဘိုးဘေးများထဲမှ စဗ်သ္နေ့ကို လေးစားရန် အမိန့်ပေးခံခဲ့ရသော်လည်း၊ ထိုနေ့တွင် ငါးဖမ်းခြင်းကို တားမြစ်ထားသည်ကို သိရှိပါလျက် လိမ်လည်လှည့်ဖြားသော နည်းလမ်းဖြင့် ကျူးလွန်ခဲ့ကြသူများ၏ အဖြစ်အပျက်ကို သင်တို့ အသေအချာ သိရှိပြီးဖြစ်သည်။ သူတို့သည် စဗ်သ္နေ့မတိုင်မီ ငါးဖမ်းပိုက်များကို ချထားပြီး၊ စဗ်သ္နေ့ ကုန်ဆုံးသောအခါ တနင်္ဂနွေနေ့တွင် ထိုပိုက်များကို ဆွဲယူ၍ ငါးများကို ရယူကြသည်။ ဤသို့ဖြင့် ဟရာမ်ဖြစ်သော အလုပ်ကို ဟလာလ်ဖြစ်သော နည်းလမ်းဖြင့် ပြုလုပ်သည်ဟု ထင်မှတ်ကာ လိမ်လည်မှုကို ကျူးလွန်ကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် သူတို့အား မျောက်များအဖြစ် ပြောင်းလဲစေတော်မူပြီး၊ နှင်ထုတ်ခံရသူများ၊ စွန့်ပစ်ခံရသူများ ဖြစ်စေတော်မူသည်။ ဤသည်မှာ သူတို့၏ လှည့်ဖြားမှုအတွက် ပြစ်ဒဏ်ဖြစ်သည်။

  1. ဤအာယသ်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လှည့်ဖြားသော နည်းလမ်းများဖြင့် ချိုးဖောက်ခြင်းသည် အလွန်ကြီးလေးသော အပြစ်ဖြစ်သည်။ ဟရာမ်ကို ဟလာလ်ဟု ထင်မှတ်စေရန် လိမ်လည်သော နည်းလမ်းများကို အသုံးပြုခြင်းသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် လက်ခံနိုင်ဖွယ်မရှိပါ။
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသည်။ အရှင်မြတ်သည် အလိုတော်ရှိပါက လူသားများကို အခြားသတ္တဝါများအဖြစ် ပြောင်းလဲစေနိုင်သည်။ ဤသည်မှာ အရှင်မြတ်၏ တန်ခိုးတော်ကို ထင်ရှားစေသည်။
  • အပြစ


📜 အာယာသ် 63-67 — စူရာ အလ်-ဗကရ

63وَإِذْ أَخَذْنَا مِيثَاقَكُمْ وَرَفَعْنَا فَوْقَكُمُ الطُّورَ خُذُوا مَا آتَيْنَاكُم بِقُوَّةٍ وَاذْكُرُوا مَا فِيهِ لَعَلَّكُمْ تَتَّقُونَ
(အို-အစ္စရာအီလီ မျိုးနွယ် အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်လော့) အခါတပါး၌ ငါအရှင်သည် အသင်တို့အထက်ဝယ် ‘တူရ်’ အမည် ရှိသောတောင်ကို ပင့်မြှောက်လျက် (တောင်ရာတ် ကျမ်းမြတ်နှင့်အညီ လိုက်နာကျင့် မူကြရမည့်အကြောင်း) အသင်တို့ထံမှ (ဤသို့) ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့လေသည်။ �သင်တို့အား ငါအရှင်ပေးသနား တော်မူသော တောင်ရာတ်ကျမ်းမြတ်ကို စွဲစွဲမြဲမြဲ လက်ကိုင်ထားကြကုန်။ ထို့နောက် ယင်းကျမ်းလာ တရားဒေသနာတော်များကိုလည်း (သတိဝီရိယနှင့်) လေ့ကျက်မှတ်သား(ကျင့်မူ) ကြကုန်လော့၊ သို့မှသာလျှင် အသင်တို့သည် (ဒုစရိုက်မှုများမှ) ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာ၏။
64ثُمَّ تَوَلَّيْتُم مِّن بَعْدِ ذَٰلِكَ ۖ فَلَوْلَا فَضْلُ اللَّهِ عَلَيْكُمْ وَرَحْمَتُهُ لَكُنتُم مِّنَ الْخَاسِرِينَ
ထို့နောက် အသင်တို့သည် (ထိုကဲ့သို့ တိကျခိုင်လုံစွာ) ပဋိညာဉ် ကတိသစ္စာကို ထုံးဖွဲ့ ပြီးသည့်နောက်(ကတိမတည်) နောက်သို့ ပြန်လှည့် ထွက်သွားခဲ့ကြကုန်၏။ထို့နောက် အကယ်၍ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် မဟာကရုဏာတော်သည် အသင်တို့အပေါ်ဝယ် သက်ရောက်ခြင်း မရှိခဲ့ပါမူ အသင်တို့သည် မုချဧကန် ဆုံးရှုံးနစ်နာပျက်စီးသူများ ဖြစ်ကြပေပြီ။
65وَلَقَدْ عَلِمْتُمُ الَّذِينَ اعْتَدَوْا مِنكُمْ فِي السَّبْتِ فَقُلْنَا لَهُمْ كُونُوا قِرَدَةً خَاسِئِينَ
င်းပြင် အသင်တို့အနက်မှ ဥပုသ်သီတင်းနေ့နှင့် စပ်လျဉ်း၍ (တရားတော်၏ ပညတ်ချက်များကို) ဖောက်ဖျက် ကျူးလွန်ကြကုန်သော သူများအား ငါအရှင်က အသင်တို့သည် ယုတ်ညံ့သိမ်ဖျင်းသော မျောက်တိရစ္ဆာန်များ ဖြစ်ကြကုန်လော့ဟု မိန့်ကြားတော်မူခဲ့ဘူးသည်ကို အသင်တို့သည် မုချအသိပင် ဖြစ်ကြသည်။
66فَجَعَلْنَاهَا نَكَالًا لِّمَا بَيْنَ يَدَيْهَا وَمَا خَلْفَهَا وَمَوْعِظَةً لِّلْمُتَّقِينَ
တဖန် ငါအရှင်မြတ်သည် ယင်းသူတို့၏ မျက်မှောက်၌ ရှိကြကုန်သော သူများနှင့် ယင်းသူ တို့၏ နောင်လာနောက်သားများ အဖို့အရာ ထိုအတ္ထုပ္ပတ္တိကို သတိသံဝေဂရဘွယ်ရာ အကြောင်း တရပ်အဖြစ်လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ် ကို ကြောက်ရွံ့ ရိုသေခြင်းအားဖြင့်) ပြစ်မှု ဒုစရိုက်များကို ကြဉ်ရှောင်ကြကုန်သော သူတော်စဉ်များ အဖို့အရာ ဆုံးမဩဝါဒတရပ်အဖြစ် လည်းကောင်း ပြုထားတော် မူခဲ့လေသည်။
67وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ إِنَّ اللَّهَ يَأْمُرُكُمْ أَن تَذْبَحُوا بَقَرَةً ۖ قَالُوا أَتَتَّخِذُنَا هُزُوًا ۖ قَالَ أَعُوذُ بِاللَّهِ أَنْ أَكُونَ مِنَ الْجَاهِلِينَ
၎င်းပြင် (အို-အစ္စရာအီလီ မျိုးနွယ်အပေါင်း တို့၊အသင်တို့သည် ပြန်လည်အောက်မေ့ သတိရ ကြကုန်လော့) အခါတစ်ပါး၌ နဗီတမန်တော်မူစာ (အလိုင်ဟစ္စလာမ်) ကမိမိအမျိုးသားများအား (ဤသို့) ပြောကြားလေသည်။ (ဟယ်အချင်းတို့) အသင်တို့အား အလ္လာဟ်အရှင်မြတ်က (မိမိနာမံတော်ဖြင့်) နွားမတစ်ကောင်ကို လှီးဖြတ်ကြရန် မိန့်ကြားတော်မူလေသည်၊ ထိုအခါ ယင်းအမျိုးသားတို့က (အိုနဗီတမန်တော်မူစာ) အသင်သည် အကျွန်ုပ်တို့ကို ပြက်ရယ်ကျီစယ်ဘွယ် ပြုလုပ်ပါ သလောဟု မေးမြန်းကြကုန်သည်။ ထိုအခါ နဗီ တမန်တော်မူစာ (အလိုင်ဟစ္စလာမ်) က(ဟယ်အချင်းတို့၊ ပြက်ရယ်ကျီစယ်မှုသည် လူ့ဗာလများ၏အလေ့အထ မျှသာ ဖြစ်သည်၊ ကျွန်ုပ်သည်ကား လူ့ဗာလ မဟုတ်၊ သို့ဖြစ်ရာ) အကျွန်ုပ်သည် အသိအလိမ္မာ ဉာဏ်ပညာကင်းမဲ့ကြကုန်သော လူ့ဗာလတို့အနက် အပါအဝင်မဖြစ်ရန် အလ္လာဟ်အရှင်မြတ်အထံတော်၌ ခိုလှုံပါ၏ဟု ပြန်လည် ဖြေကြား လေသည်။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
65အာယာသ်

ဘာသာပြန် — အလ်-ဗကရ 65

စူရာ အလ်-ဗကရ အာယာသ် 65 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : င်းပြင် အသင်တို့အနက်မှ ဥပုသ်သီတင်းနေ့နှင့် စပ်လျဉ်း၍ (တရားတော်၏ ပညတ်ချက်များကို) ဖောက်ဖျက် ကျူးလွန်ကြကုန်သော သူများအား ငါအရှင်က…

စူရာ အာယာသ် 65/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 63–67. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers