အလ်-ဗကရ · 68/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
قَالُوا ادْعُ لَنَا رَبَّكَ يُبَيِّن لَّنَا مَا هِيَ ۚ قَالَ إِنَّهُ يَقُولُ إِنَّهَا بَقَرَةٌ لَّا فَارِضٌ وَلَا بِكْرٌ عَوَانٌ بَيْنَ ذَٰلِكَ ۖ فَافْعَلُوا مَا تُؤْمَرُونَ ۝٦٨
Qaalud-`u lanaa rabbaka yubaiyil lanaa maa hee; qaala innahoo yaqoolu innahaa baqaratul laa faaridunw wa laa bikrun `awaanum baina zaalika faf`aloo maa tu`maroon
📖 မြန်မာဘာသာ
(ထိုအခါ) ယင်းအမျိုးသားတို့က အို-နဗီ တမန်တော်မူစာ(အလိုင်ဟစ္စလာမ်) အသင်သည် မိမိအား မွေးမြူတော် မူသောအရှင်မြတ်၏အထံတော်၌ ကျွန်တော်များ သိနားလည်နိုင်ရန်အဖို့ ထိုနွားမဖြစ်သည် အဘယ်ကဲ့သို့ သောနွားမဖြစ်သည်ကို ရှင်းလင်း ဖော်ပြပါမည့်အကြောင်း လျှောက်ထားပန်ကြား၍ ပေးတော်မူပါ ဟု တောင်းပန်လျှောက်ထား ကြကုန်၏။ ထိုအခါ မူစာ(အလိုင်ဟစ္စလာမ်) က (ဟယ်-အချင်းတို့) ထိုအရှင်မြတ်က ဧကန်စင်စစ် ထိုနွားမသည် အသက်ကြီး၍ အိုမင်းရင့်ရော်ခြင်းသည်လည်း မရှိစေရ၊ အလွန်နုပျိုသော နွားမတမ်းလည်းမဖြစ်စေရ၊ ယင်း နှစ်မျိုး၏အကြား၌ (အသက်အရွယ်အားဖြင့် မကြီး မငယ်) အလတ်စားပင် ဖြစ်စေရမည်ဟုမိန့်ကြားတော် မူသည်။ သို့ဖြစ်ရာ သင်တို့သည် အမိန့်တော်အတိုင်း လိုက်နာကျင့်မူ ကြကုန်လော့ဟူ၍ ဖြေကြားခဲ့လေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
  • ဖာရိဒ် (فَارِضٌ): အလွန်အိုမင်းသော၊ သားမမွေးတော့သော နွားမ။
  • ဗိကရ် (بِكْرٌ): ငယ်ရွယ်သေးသော၊ တစ်ခါမျှ သားမမွေးဖူးသေးသော နွားမ။
  • အဝါန် (عَوَانٌ): အလယ်အလတ်အရွယ်၊ သားတစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် မွေးဖူးပြီးသော နွားမ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အစ္စရာအီလ်လူမျိုးတို့သည် မူစာ (အလိုင်ဟိစ္စလာမ်) အား “ကျွန်ုပ်တို့အတွက် သင့်အရှင်သခင်ထံ ဆုတောင်းပေးပါ။ ကျွန်ုပ်တို့ သတ်ရမည့် နွားမ၏ အသွင်အပြင်ကို ရှင်းလင်းစွာ ဖော်ပြပေးပါစေ” ဟု ပြောဆိုတောင်းဆိုကြသည်။ ထိုအခါ မူစာ (အလိုင်ဟိစ္စလာမ်) က “အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်မှာ ထိုနွားမသည် အလွန်အိုမင်းသော နွားမလည်း မဟုတ်၊ အလွန်ငယ်ရွယ်သော နွားမလည်း မဟုတ်၊ ထိုနှစ်ခုကြားရှိ အလယ်အလတ်အရွယ်ရှိသော နွားမဖြစ်သည်” ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် “သင်တို့အား ညွှန်ကြားထားသည့်အတိုင်း ချက်ချင်းလိုက်နာဆောင်ရွက်ကြလော့” ဟု တိုက်တွန်းခဲ့သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို ဆိုင်းငံ့ခြင်းမရှိဘဲ ချက်ချင်းလိုက်နာဆောင်ရွက်ခြင်းသည် အီမာန်ယုံကြည်မှု၏ အရည်အသွေးကို ပြသသည်။
  • မေးခွန်းများကို အဆက်မပြတ်မေးခြင်းဖြင့် အချိန်ဆွဲခြင်းသည် အမိန့်တော်ကို လိုက်နာရန် ပျက်ကွက်စေနိုင်သည်။ ထို့ကြောင့် ပညတ်တော်များကို ရိုးရှင်းစွာ လိုက်နာခြင်းသည် အကောင်းဆုံးဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် မိမိဖန်ဆင်းခံများ၏ အခြေအနေကို အသေးစိတ်သိတော်မူပြီး၊ မိမိ၏ အမိန့်တော်များတွင် လူသားတို့ လိုက်နာနိုင်သည့် သတ်မှတ်ချက်များကို ထည့်သွင်းပေးတော်မူသည်။
  • ဤဖြစ်ရပ်သည် အစ္စရာအီလ်လူမျိုးတို့၏ ခေါင်းမာမှုနှင့် အမိန့်တော်ကို ဆွဲဆန့်လိုသော သဘောထားကို ဖော်ပြသည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်များမှတစ်ဆင့် လမ်းညွှန်မှုကို အဆက်မပြတ် ပေးအပ်တော်မူသည်။
  • ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာရာတွင် စိတ်ရှည်သည်းခံခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းနှင့် ချက်ချင်းဆောင်ရွက်ခြင်း၏ အရေးပါမှုကို သွန်သင်ပေးသည်။
  • အစ္စလာမ်သာသနာသည် အလ္လာဟ်အရှင်မြတ်နှင့် လူသားတို့


📜 အာယာသ် 66-70 — စူရာ အလ်-ဗကရ

66فَجَعَلْنَاهَا نَكَالًا لِّمَا بَيْنَ يَدَيْهَا وَمَا خَلْفَهَا وَمَوْعِظَةً لِّلْمُتَّقِينَ
တဖန် ငါအရှင်မြတ်သည် ယင်းသူတို့၏ မျက်မှောက်၌ ရှိကြကုန်သော သူများနှင့် ယင်းသူ တို့၏ နောင်လာနောက်သားများ အဖို့အရာ ထိုအတ္ထုပ္ပတ္တိကို သတိသံဝေဂရဘွယ်ရာ အကြောင်း တရပ်အဖြစ်လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ် ကို ကြောက်ရွံ့ ရိုသေခြင်းအားဖြင့်) ပြစ်မှု ဒုစရိုက်များကို ကြဉ်ရှောင်ကြကုန်သော သူတော်စဉ်များ အဖို့အရာ ဆုံးမဩဝါဒတရပ်အဖြစ် လည်းကောင်း ပြုထားတော် မူခဲ့လေသည်။
67وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ إِنَّ اللَّهَ يَأْمُرُكُمْ أَن تَذْبَحُوا بَقَرَةً ۖ قَالُوا أَتَتَّخِذُنَا هُزُوًا ۖ قَالَ أَعُوذُ بِاللَّهِ أَنْ أَكُونَ مِنَ الْجَاهِلِينَ
၎င်းပြင် (အို-အစ္စရာအီလီ မျိုးနွယ်အပေါင်း တို့၊အသင်တို့သည် ပြန်လည်အောက်မေ့ သတိရ ကြကုန်လော့) အခါတစ်ပါး၌ နဗီတမန်တော်မူစာ (အလိုင်ဟစ္စလာမ်) ကမိမိအမျိုးသားများအား (ဤသို့) ပြောကြားလေသည်။ (ဟယ်အချင်းတို့) အသင်တို့အား အလ္လာဟ်အရှင်မြတ်က (မိမိနာမံတော်ဖြင့်) နွားမတစ်ကောင်ကို လှီးဖြတ်ကြရန် မိန့်ကြားတော်မူလေသည်၊ ထိုအခါ ယင်းအမျိုးသားတို့က (အိုနဗီတမန်တော်မူစာ) အသင်သည် အကျွန်ုပ်တို့ကို ပြက်ရယ်ကျီစယ်ဘွယ် ပြုလုပ်ပါ သလောဟု မေးမြန်းကြကုန်သည်။ ထိုအခါ နဗီ တမန်တော်မူစာ (အလိုင်ဟစ္စလာမ်) က(ဟယ်အချင်းတို့၊ ပြက်ရယ်ကျီစယ်မှုသည် လူ့ဗာလများ၏အလေ့အထ မျှသာ ဖြစ်သည်၊ ကျွန်ုပ်သည်ကား လူ့ဗာလ မဟုတ်၊ သို့ဖြစ်ရာ) အကျွန်ုပ်သည် အသိအလိမ္မာ ဉာဏ်ပညာကင်းမဲ့ကြကုန်သော လူ့ဗာလတို့အနက် အပါအဝင်မဖြစ်ရန် အလ္လာဟ်အရှင်မြတ်အထံတော်၌ ခိုလှုံပါ၏ဟု ပြန်လည် ဖြေကြား လေသည်။
68قَالُوا ادْعُ لَنَا رَبَّكَ يُبَيِّن لَّنَا مَا هِيَ ۚ قَالَ إِنَّهُ يَقُولُ إِنَّهَا بَقَرَةٌ لَّا فَارِضٌ وَلَا بِكْرٌ عَوَانٌ بَيْنَ ذَٰلِكَ ۖ فَافْعَلُوا مَا تُؤْمَرُونَ
(ထိုအခါ) ယင်းအမျိုးသားတို့က အို-နဗီ တမန်တော်မူစာ(အလိုင်ဟစ္စလာမ်) အသင်သည် မိမိအား မွေးမြူတော် မူသောအရှင်မြတ်၏အထံတော်၌ ကျွန်တော်များ သိနားလည်နိုင်ရန်အဖို့ ထိုနွားမဖြစ်သည် အဘယ်ကဲ့သို့ သောနွားမဖြစ်သည်ကို ရှင်းလင်း ဖော်ပြပါမည့်အကြောင်း လျှောက်ထားပန်ကြား၍ ပေးတော်မူပါ ဟု တောင်းပန်လျှောက်ထား ကြကုန်၏။ ထိုအခါ မူစာ(အလိုင်ဟစ္စလာမ်) က (ဟယ်-အချင်းတို့) ထိုအရှင်မြတ်က ဧကန်စင်စစ် ထိုနွားမသည် အသက်ကြီး၍ အိုမင်းရင့်ရော်ခြင်းသည်လည်း မရှိစေရ၊ အလွန်နုပျိုသော နွားမတမ်းလည်းမဖြစ်စေရ၊ ယင်း နှစ်မျိုး၏အကြား၌ (အသက်အရွယ်အားဖြင့် မကြီး မငယ်) အလတ်စားပင် ဖြစ်စေရမည်ဟုမိန့်ကြားတော် မူသည်။ သို့ဖြစ်ရာ သင်တို့သည် အမိန့်တော်အတိုင်း လိုက်နာကျင့်မူ ကြကုန်လော့ဟူ၍ ဖြေကြားခဲ့လေသည်။
69قَالُوا ادْعُ لَنَا رَبَّكَ يُبَيِّن لَّنَا مَا لَوْنُهَا ۚ قَالَ إِنَّهُ يَقُولُ إِنَّهَا بَقَرَةٌ صَفْرَاءُ فَاقِعٌ لَّوْنُهَا تَسُرُّ النَّاظِرِينَ
(တဖန်) ယင်းအမျိုးသားများက (အို-နဗီ တမန်တော်မူစာ) ကျွန်တော်မျိုးများ သိနားလည်ရန်အဖို့ အသင့်အားမွေးမြူတော်မူသော အရှင်၏အထံ တော်၌ ထိုနွားမ၏ အသွေးအရောင် အဘယ်ကဲ့သို့ဖြစ်သည်ကို ကျွန်တော်မျိုးတို့အား ရှင်းလင်းဖော်ပြ ပေးသနားတော်မူရန် ဆုတောင်းပတ္ထနာ ပြုပေးပါဦး ဟု တောင်းပန် လျှောက်ထားကြသည်။ ထိုအခါ နဗီ တမန်တော်မူစာ (အလိုင်ဟစ္စလာမ်) က ပြန်လည်ဖြေ ကြားတော်မူသည်မှာ (အို-အချင်းတို့) ဧကန်စင်စစ် ယင်းနွားမသည် အဝါရင့်ရောင် တောက်ပြောင် လျက်ရှိပြီးကြည့်ရှုသူများအား စက္ခုပသာဒဖြစ်စေ၍ (စိတ်ကို) ကြည်လင်ရွှင်လန်းစေနိုင်သော နွားမပင်ဖြစ်စေရမည် ဟု အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။
70قَالُوا ادْعُ لَنَا رَبَّكَ يُبَيِّن لَّنَا مَا هِيَ إِنَّ الْبَقَرَ تَشَابَهَ عَلَيْنَا وَإِنَّا إِن شَاءَ اللَّهُ لَمُهْتَدُونَ
ယင်းသူတို့က (ထပ်မံ၍) ပြောဆိုကြသည်မှာ(အို-နဗီတမန်တော်မူစာ) ကျွန်တော်မျိုးတို့၏ မျက်မြင်တွင်မူ နွားများသည် ရုပ်ဆင်းသဏ္ဌာန်အရာ၌ (တစ်ကောင်နှင့်တစ်ကောင်) ဆင်တူရိုးမှား ဖြစ်နေကြသဖြင့် ကျွန်တော်များ အဖို့ထိုနွားမသည် အဘယ်ကဲ့သို့သော (ကြန်အင်လက္ခဏာ) ရှိသည်ကို ရှင်းလင်း ဖော်ပြပေးသနားတော်မူပါရန် အသင့်ကို မွေးမြူတော်မူသော အရှင့်အထံတော်၌ ဆုတောင်း ပတ္တနာပြုပေးတော်မူပါဦး၊ အကယ်၍သာ အလ္လာဟ် အရှင်မြတ်၏အလိုတော်ရှိခဲ့ပါလျှင် ကျွန်တော်မျိုးတို့သည်(ထိုနွားမကိုရှာဖွေရာ၌) နည်းမှန်လမ်းမှန်ကို ဧကန်မလွဲ တွေ့ရှိ သောသူများ ဖြစ်ကြပါအံ့။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
68အာယာသ်

ဘာသာပြန် — အလ်-ဗကရ 68

စူရာ အလ်-ဗကရ အာယာသ် 68 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုအခါ) ယင်းအမျိုးသားတို့က အို-နဗီ တမန်တော်မူစာ(အလိုင်ဟစ္စလာမ်) အသင်သည် မိမိအား မွေးမြူတော် မူသောအရှင်မြတ်၏အထံတော်၌ ကျွန်တော်များ သိနားလည်နိုင်ရန်အဖို့…

စူရာ အာယာသ် 68/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 66–70. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers