အလ်-အာအ်ရာဖ် · 75/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
قَالَ الْمَلَأُ الَّذِينَ اسْتَكْبَرُوا مِن قَوْمِهِ لِلَّذِينَ اسْتُضْعِفُوا لِمَنْ آمَنَ مِنْهُمْ أَتَعْلَمُونَ أَنَّ صَالِحًا مُّرْسَلٌ مِّن رَّبِّهِ ۚ قَالُوا إِنَّا بِمَا أُرْسِلَ بِهِ مُؤْمِنُونَ ۝٧٥
Qaalal mala ul lazeenas takbaroo min qawmihee lillazeenas tud`ifoo liman aamana minhum ata`almoona anna Saaliham mursalum mir Rabbih; qaalooo innaa bimaaa ursila bihee mu`minoon
📖 မြန်မာဘာသာ
ထိုအခါ (နဗီတမန်တော် ဆွာလိဟ်)၏ အမျိုးသားတို့အနက် မောက်မာပလွှားသော အကြီးအကဲများက အားနည်းသူများဟု အထင်ခံကြရသူတို့အနက်မှ သက်ဝင်ယုံကြည်သူတို့အားဆွာလိဟ်သည် ၎င်း၏အရှင်မြတ်အထံတော်မှ စေလွှတ်တော်မူသော ရစူလ်တမန်တော်ဖြစ်ကြောင်း အသင်တို့ယုံကြည်ကြပါသလောဟုမေးမြန်းကြကုန်၏။ ထိုအခါ၎င်း(သက်ဝင်ယုံကြည်သူ)တို့က ကျွန်ုပ်တို့သည် ထို(ရစူလ်တမန်တော်)ဆွာလိဟ် ယူဆောင်လာသော အမိန့်တော်များကို သက် ဝင်ယုံကြည်သူများပင် ဖြစ်ကြပါသည် ဟု ဖြေကြားကြလေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 73-77 — စူရာ အလ်-အာအ်ရာဖ်

73وَإِلَىٰ ثَمُودَ أَخَاهُمْ صَالِحًا ۗ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ ۖ قَدْ جَاءَتْكُم بَيِّنَةٌ مِّن رَّبِّكُمْ ۖ هَٰذِهِ نَاقَةُ اللَّهِ لَكُمْ آيَةً ۖ فَذَرُوهَا تَأْكُلْ فِي أَرْضِ اللَّهِ ۖ وَلَا تَمَسُّوهَا بِسُوءٍ فَيَأْخُذَكُمْ عَذَابٌ أَلِيمٌ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) ဆမူဒ်အမျိုးသားတို့ထံ ၎င်းတို့၏ညီအစ်ကိုသားချင်းဖြစ်သော (နဗီတမန်တော်) ဆွာလိဟ် အား (စေလွှတ်တော်မူခဲ့လေသည်)။ထိုအခါ ယင်း(နဗီတမန်တော် ဆွာလိဟ်က (မိမိ၏အမျိုးသားတို့အား) အို-ငါ၏ အမျိုးသားတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်(တစ်ဆူတည်းကိုသာလျှင်)ခဝပ်ကိုးကွယ်ကြလေကုန်။(စင်စစ်တမူကား) အသင်တို့၌ ထိုအရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိပြီ။ ဧကန်စင်စစ် အသင်တို့ထံ အသင်တို့၏အရှင်မြတ် အထံတော်မှ ထင်ရှားလှစွာသောသက်သေသာဓကသည် ရောက်ရှိခဲ့ချေပြီ။ ဤသည် အလ္လာဟ်အရှင်မြတ်၏ ကုလားအုတ်မပင်ဖြစ်သည်။ အသင်တို့အဖို့လက္ခဏာတစ်ရပ်အဖြစ် (စေလွှတ်တော်မူ�။) သို့ဖြစ်ရာအသင်တို့သည် ထိုကုလားအုတ်မကို အလ္လာဟ်အရှင်မြတ်၏ပထဝီမြေပြင်ဝယ် စားသောက်(သွားလာ)ရန် လွှတ်ထားကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုကုလားအုတ်မကိုမကောင်းသောစေတနာနှင့် မထိကြကုန်လင့်။ သို့မဟုတ်လျှင်ပြင်းပြနာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်သည် အသင်တို့အား ဖမ်းဆီးကွပ်မျက်လိမ့်မည် ဟု ပြောကြားတော်မူခဲ့လေသတည်း။
74وَاذْكُرُوا إِذْ جَعَلَكُمْ خُلَفَاءَ مِن بَعْدِ عَادٍ وَبَوَّأَكُمْ فِي الْأَرْضِ تَتَّخِذُونَ مِن سُهُولِهَا قُصُورًا وَتَنْحِتُونَ الْجِبَالَ بُيُوتًا ۖ فَاذْكُرُوا آلَاءَ اللَّهِ وَلَا تَعْثَوْا فِي الْأَرْضِ مُفْسِدِينَ
၎င်းပြင် (အို-ဆမူဒ် အမျိုးသားအပေါင်းတို့)အသင်တို့သည် မိမိတို့ိအား ထိုအရှင်မြတ်က အားဒ်အမျိုးသားများမရှိသည့်နောက်တွင် ကိုယ်စားလည်များအဖြစ် ခန့်အပ်တော်မူခဲ့သည်ကိုလည်းကောင်း၊ ပထဝီမြေ၌ မိမိတို့အားနေရာချပေးတော်မူခဲ့သည်ကိုလည်းကောင်း၊ ပြန်လည်သတိရကြလေကုန်။ 4င်းအပြင် အသင်တို့သည် ထိုပထဝီမြေပြင်၏ နူးညံ့သော နေရာများတွင် ခမ်းနားသိုက်မြိုက်သည့် အဆောက်အအုံများ တည်ဆောက်ကြ ကုန်ကြ၏။ ၎င်းပြင် အသင်တို့သည်တောင်များကိုဖောက်ထွင်း ၍ နေအိမ်များ ပြုလုပ်ကြကုန်၏။သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏ကျေးဇူးတော်များကို ပြန်လည်သတိရ ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ပထဝီမြေပြင်ဝယ် ဖျက် ဆီးသောင်းကျန်းသူများအဖြစ်မဆိုးသွမ်းကြကုန်လင့်။
75قَالَ الْمَلَأُ الَّذِينَ اسْتَكْبَرُوا مِن قَوْمِهِ لِلَّذِينَ اسْتُضْعِفُوا لِمَنْ آمَنَ مِنْهُمْ أَتَعْلَمُونَ أَنَّ صَالِحًا مُّرْسَلٌ مِّن رَّبِّهِ ۚ قَالُوا إِنَّا بِمَا أُرْسِلَ بِهِ مُؤْمِنُونَ
ထိုအခါ (နဗီတမန်တော် ဆွာလိဟ်)၏ အမျိုးသားတို့အနက် မောက်မာပလွှားသော အကြီးအကဲများက အားနည်းသူများဟု အထင်ခံကြရသူတို့အနက်မှ သက်ဝင်ယုံကြည်သူတို့အားဆွာလိဟ်သည် ၎င်း၏အရှင်မြတ်အထံတော်မှ စေလွှတ်တော်မူသော ရစူလ်တမန်တော်ဖြစ်ကြောင်း အသင်တို့ယုံကြည်ကြပါသလောဟုမေးမြန်းကြကုန်၏။ ထိုအခါ၎င်း(သက်ဝင်ယုံကြည်သူ)တို့က ကျွန်ုပ်တို့သည် ထို(ရစူလ်တမန်တော်)ဆွာလိဟ် ယူဆောင်လာသော အမိန့်တော်များကို သက် ဝင်ယုံကြည်သူများပင် ဖြစ်ကြပါသည် ဟု ဖြေကြားကြလေသတည်း။
76قَالَ الَّذِينَ اسْتَكْبَرُوا إِنَّا بِالَّذِي آمَنتُم بِهِ كَافِرُونَ
(ထိုအခါ) မောက်မာပလွှားသော သူတို့က မုချဧကန် ငါတို့သည် အသင်တို့ယုံကြည်ကြသည့်အရာကို ငြင်းပယ်သူများပင် စင်စစ်ဖြစ်ကြသည် ဟု ပြောဆိုကြကုန်၏။
77فَعَقَرُوا النَّاقَةَ وَعَتَوْا عَنْ أَمْرِ رَبِّهِمْ وَقَالُوا يَا صَالِحُ ائْتِنَا بِمَا تَعِدُنَا إِن كُنتَ مِنَ الْمُرْسَلِينَ
နောက်ဆုံးတွင် ၎င်းတို့သည် ကုလားအုတ်မကို(လည်း)သတ်ဖြတ်ခဲ့ကြ၏။ မိမိတို့အရှင်မြတ်၏အမိန့်တော်ကိုလည်း မထီမဲ့မြင်ပြုလုပ်ခဲ့ကြ၏။ ထို့ပြင် ၎င်းတို့က ‘အို-ဆွာလိဟ် အသင်သည် အကယ်၍ ရစူလ်တမန်တော်တို့တွင်တစ်ပါး အပါအဝင်ဖြစ်ခဲ့လျှင် အသင် ကျွန်ုပ်တို့အား ခြိမ်းခြောက်လေ့ရှိသော (ပြစ်ဒဏ်)ကို ကျွန်ုပ်တို့ထံယူခဲ့ပါလေ’ဟူ၍လည်း ပြောဆိုခဲ့ကြကုန်၏။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
75အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 75

စူရာ အလ်-အာအ်ရာဖ် အာယာသ် 75 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအခါ (နဗီတမန်တော် ဆွာလိဟ်)၏ အမျိုးသားတို့အနက် မောက်မာပလွှားသော အကြီးအကဲများက အားနည်းသူများဟု အထင်ခံကြရသူတို့အနက်မှ သက်ဝင်ယုံကြည်သူတို့အားဆွာလိဟ်သည် ၎င်း၏အရှင်မြတ်အထံတော်မှ…

စူရာ အာယာသ် 75/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 73–77. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers