ယူစူဖ် · 92/111
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူစူဖ်
قَالَ لَا تَثْرِيبَ عَلَيْكُمُ الْيَوْمَ ۖ يَغْفِرُ اللَّهُ لَكُمْ ۖ وَهُوَ أَرْحَمُ الرَّاحِمِينَ ۝٩٢
Qaala laa tasreeba `alaikumul yawma yaghfirul laahu lakum wa Huwa arhamur raahimeen
📖 မြန်မာဘာသာ
ထို(အခါ) ယူဆွဖ်က ယနေ့ အသင်တို့အပေါ်၌ လုံးဝပြစ်တင်ခြင်းမရှိချေ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အပြစ်မှချမ်းသာပေးသနားတော်မူပါစေ။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် သနားကြင်နာသူ အပေါင်းတို့ထက်သာလွန်၍ သနားကြင်နာတော်မူဆုံးသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည်ဟု ပြောဆိုခဲ့လေသတည်း။

🎧 နားထောင်


📜 အာယာသ် 90-94 — စူရာ ယူစူဖ်

90قَالُوا أَإِنَّكَ لَأَنتَ يُوسُفُ ۖ قَالَ أَنَا يُوسُفُ وَهَٰذَا أَخِي ۖ قَدْ مَنَّ اللَّهُ عَلَيْنَا ۖ إِنَّهُ مَن يَتَّقِ وَيَصْبِرْ فَإِنَّ اللَّهَ لَا يُضِيعُ أَجْرَ الْمُحْسِنِينَ
(ထိုအခါ) ၎င်းတို့က ဧကန်စင်စစ် အသင်သည်ပင် ယူဆွဖ်ဖြစ်ပါသလောဟု ပြောဆိုခဲ့ကြလေသည်။(ထိုအခါ)ထိုယူဆွဖ်က ကျွန်ုပ်ယူဆွဖ်ပင်ဖြစ်သည်။ ဤသည် ကျွန်ုပ်၏ညီတော်ပင်ဖြစ်သည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ်ဝယ် ကျေးဇူးပြုတော်မူခဲ့လေသည်။ စင်စစ်ဧကန် မည်သူမဆို ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်အံ့။ ၎င်းပြင် ခန္တီတရားထားရှိအံ့။ သို့ဖြစ်လျှင် အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်းမြတ်သောသီလကို ဆောက်တည်သူတို့၏ အကျိုးကျေးဇူးကို အချည်းနှီးဖြစ်စေတော်မူမည်မဟုတ် ဟုပြောကြားခဲ့လေသည်။
91قَالُوا تَاللَّهِ لَقَدْ آثَرَكَ اللَّهُ عَلَيْنَا وَإِن كُنَّا لَخَاطِئِينَ
၎င်းတို့က အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင့်အား ကျွန်ုပ်တို့ထက်မြင့်မြတ်စေတော်မူခဲ့လေသည်။ ၎င်းပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည်သာလျှင် မှားယွင်းသူများ ဖြစ်ကြပေသည်ဟု (ဝန်ခံ)ပြောဆိုကြလေသတည်း။
92قَالَ لَا تَثْرِيبَ عَلَيْكُمُ الْيَوْمَ ۖ يَغْفِرُ اللَّهُ لَكُمْ ۖ وَهُوَ أَرْحَمُ الرَّاحِمِينَ
ထို(အခါ) ယူဆွဖ်က ယနေ့ အသင်တို့အပေါ်၌ လုံးဝပြစ်တင်ခြင်းမရှိချေ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အပြစ်မှချမ်းသာပေးသနားတော်မူပါစေ။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် သနားကြင်နာသူ အပေါင်းတို့ထက်သာလွန်၍ သနားကြင်နာတော်မူဆုံးသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည်ဟု ပြောဆိုခဲ့လေသတည်း။
93اذْهَبُوا بِقَمِيصِي هَٰذَا فَأَلْقُوهُ عَلَىٰ وَجْهِ أَبِي يَأْتِ بَصِيرًا وَأْتُونِي بِأَهْلِكُمْ أَجْمَعِينَ
အသင်တို့သည် အကျွန်ုပ်၏ ဤအင်္ကျီကို ယူသွားကြလေကုန်။ ထို့နောက် အသင်တို့သည် ယင်းအင်္ကျီကိုအကျွန်ုပ်၏ဖခမည်းတော်၏မျက်နှာပေါ်သို့ တင်ကြလေကုန်။ထိုဖခမည်းတော်သည် စက္ခုအလင်းရရှိလာအံ့။ ၎င်းပြင်အသင်တို့သည် မိမိတို့၏ အိမ်သူအိမ်သားများအားလုံးကို(လည်း) အကျွန်ုပ် ၏ထံသို့ (ခေါ်)ဆောင်၍ လာခဲ့ကြလေကုန်။
94وَلَمَّا فَصَلَتِ الْعِيرُ قَالَ أَبُوهُمْ إِنِّي لَأَجِدُ رِيحَ يُوسُفَ ۖ لَوْلَا أَن تُفَنِّدُونِ
တစ်ဖန် ခရီးသည်တစ်စုသည် (အီဂျစ်ပြည်မှ)ထွက်ခွာခဲ့လေသောအခါ ၎င်းတို့၏ ခမည်းတော်က အကယ်၍အသင်တို့သည် ငါ့အား သူငယ်ပြန်သည် မယူဆကြပါလျှင်ဧကန်စင်စစ် ငါသည် ယူဆွဖ်၏အနံ့ကို ရနေပေသည်ဟုပြောဆိုခဲ့လေ၏။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
92အာယာသ်

ဘာသာပြန် — ယူစူဖ် 92

စူရာ ယူစူဖ် အာယာသ် 92 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို(အခါ) ယူဆွဖ်က ယနေ့ အသင်တို့အပေါ်၌ လုံးဝပြစ်တင်ခြင်းမရှိချေ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အပြစ်မှချမ်းသာပေးသနားတော်မူပါစေ။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည်…

စူရာ အာယာသ် 92/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 90–94. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, September 8, 2026

Don't forget us in your sincere prayers