يَوْمَ يَجْمَعُكُمْ لِيَوْمِ الْجَمْعِ ۖ ذَٰلِكَ يَوْمُ التَّغَابُنِ ۗ وَمَن يُؤْمِن بِاللَّهِ وَيَعْمَلْ صَالِحًا يُكَفِّرْ عَنْهُ سَيِّئَاتِهِ وَيُدْخِلْهُ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۚ ذَٰلِكَ الْفَوْزُ الْعَظِيمُ ٩
🔤 Transliteration
Ywma yajma`ukum li yawmil jam`i zaalika yawmut taghaabun; wa many-yumim billaahi wa ya`mal saalihany yukaffir `anhu sayyi aatihee wa yudkhilhu jannaatin tajree min tahtihal anhaaru khaalideena feehaaa abadaa; zaalikal fawzul `azeem
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အကြင်နေ့ကို (သတိရကြလေကုန်)။ ထိုအရှင်မြတ်သည် အသင်တို့အား စုရုံးရာနေ့တွင် စုရုံးတော်မူပေမည်။ ထိုနေ့ကား အရှုံးအနိုင်ကို အမှန်အတိုင်း သိရှိရမည့်နေ့ပင်။ စင်စစ်မှာမူကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်၍ ကောင်းမှုကို ကျင့်မူဆောက်တည်ပါလျှင် ထိုအရှင်မြတ်သည် ၎င်း၏ အကုသိုလ်ဒုစရိုက်များကို ၎င်းမှ ပပျောက်စေတော်မူမည့်ပြင် ၎င်းအား အကြင်ဥယျာဉ်များသို့လည်း အမြဲထာဝစဉ် နေထိုင်သူများအဖြစ် ဝင်ရောက်စေတော် မူမည်ဖြစ်၏။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက် ရှိကြပေမည်။ ထိုသည် ကြီးကျယ် လှစွာသော အောင်မြင်မှုပင်။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ يَوْمَ يَجْمَعُكُمْ — အလ္လာဟ်အရှင်မြတ်သည် သင်တို့အား စုရုံးစေတော်မူမည့်နေ့။لِيَوْمِ الْجَمْعِ — စုရုံးရာနေ့အတွက်၊ ဆိုလိုသည်မှာ ကိယာမသ်နေ့။التَّغَابُنِ — အရှုံးအမြတ် ထင်ရှားပေါ်လွင်မည့်နေ့။ “ဂါဗန်” ဟူသည် လျော့နည်းဆုံးရှုံးခြင်းကို ဆိုလိုသည်။يُكَفِّرْ عَنْهُ سَيِّئَاتِهِ — ထိုသူ၏ မကောင်းမှုများကို ဖုံးကွယ်ခွင့်လွှတ်တော်မူမည်။جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ — အောက်တွင် မြစ်ချောင်းများ စီးဆင်းနေသော ဥယျာဉ်များ။الْفَوْزُ الْعَظِيمُ — ကြီးကျယ်မြင့်မြတ်သော အောင်မြင်မှု။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အလ္လာဟ်အရှင်မြတ်သည် လူသားအားလုံးကို ရှေးဦးသူများနှင့် နောက်ဆုံးသူများ အားလုံးကို စုရုံးစေတော်မူမည့် ကိယာမသ်နေ့ကို သတိရပါ။ ထိုနေ့ကို “စုရုံးရာနေ့” ဟု ခေါ်ဆိုခြင်းမှာ ဖန်ဆင်းခံအားလုံး ထိုနေ့တွင် စုရုံးကြရမည် ဖြစ်သောကြောင့် ဖြစ်သည်။ ထိုနေ့သည် “အရှုံးအမြတ် ထင်ရှားမည့်နေ့” ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေ့တွင် ကာဖိရ်များနှင့် မုနာဖိက္များသည် အရှုံးသမားများ ဖြစ်ကြရပြီး မုအ်မင်န်များသည် အမြတ်ရသူများ ဖြစ်ကြရသည်။ မုအ်မင်န်များသည် ကာဖိရ်များအတွက် ပြင်ဆင်ထားသော ဂျန္နသ်နေရာများကို အမွေရကြပြီး ကာဖိရ်များသည် မုအ်မင်န်များအတွက် ပြင်ဆင်ထားသော နရက်နေရာများကို အမွေရကြသည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်ပြီး ကောင်းမှုကုသိုလ်များ ပြုလုပ်သူများအတွက် ကတိထားတော်မူသည်။ ထိုသူတို့၏ မကောင်းမှုများကို ခွင့်လွှတ်ဖုံးကွယ်ပေးတော်မူမည်။ ထို့နောက် အောက်ခြေတွင် မြစ်ချောင်းများ စီးဆင်းနေသော ဂျန္နသ်ဥယျာဉ်များထဲသို့ ဝင်ရောက်စေတော်မူမည်။ ထိုသူတို့သည် ထိုဥယျာဉ်များတွင် ထာဝရကာလအထိ နေထိုင်ကြရမည်။ မည်သည့်အခါမျှ ထွက်ခွာရမည် မဟုတ်သလို ထိုချမ်းသာမှုများလည်း မည်သည့်အခါမျှ ပြတ်တောက်မည် မဟုတ်ပါ။ ဤသို့ ရရှိခြင်းသည် အလွန်ကြီးကျယ်မြင့်မြတ်သော အောင်မြင်မှုဖြစ်ပြီး မည်သည့်အောင်မြင်မှုမျှ ဤအောင်မြင်မှုနှင့် နှိုင်းယှဉ်၍ မရနိုင်ပါ။
**၃။ ဤအာယသ်တော်မှ ရရှိသော အကျ
يَوۡمَ يَجۡمَعُكُمۡ لِيَوۡمِ ٱلۡجَمۡعِۖ ذَٰلِكَ يَوۡمُ ٱلتَّغَابُنِۗ وَمَن يُؤۡمِنۢ بِٱللَّهِ وَيَعۡمَلۡ صَٰلِحًا يُكَفِّرۡ عَنۡهُ سَيِّـَٔاتِهِۦ وَيُدۡخِلۡهُ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدًاۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ ٩
အကြင်နေ့ကို (သတိရကြလေကုန်)။ ထိုအရှင်မြတ်သည် အသင်တို့အား စုရုံးရာနေ့တွင် စုရုံးတော်မူပေမည်။ ထိုနေ့ကား အရှုံးအနိုင်ကို အမှန်အတိုင်း သိရှိရမည့်နေ့ပင်။ စင်စစ်မှာမူကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်၍ ကောင်းမှုကို ကျင့်မူဆောက်တည်ပါလျှင် ထိုအရှင်မြတ်သည် ၎င်း၏ အကုသိုလ်ဒုစရိုက်များကို ၎င်းမှ ပပျောက်စေတော်မူမည့်ပြင် ၎င်းအား အကြင်ဥယျာဉ်များသို့လည်း အမြဲထာဝစဉ် နေထိုင်သူများအဖြစ် ဝင်ရောက်စေတော် မူမည်ဖြစ်၏။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက် ရှိကြပေမည်။ ထိုသည် ကြီးကျယ် လှစွာသော အောင်မြင်မှုပင်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 7-11 — စူရာ အတ်-တဂါဘွန်း
7 زَعَمَ الَّذِينَ كَفَرُوا أَن لَّن يُبْعَثُوا ۚ قُلْ بَلَىٰ وَرَبِّي لَتُبْعَثُنَّ ثُمَّ لَتُنَبَّؤُنَّ بِمَا عَمِلْتُمْ ۚ وَذَٰلِكَ عَلَى اللَّهِ يَسِيرٌ
‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့က ၎င်းတို့သည် အလျှင်း ရှင်ပြန်ထကြရမည် မဟုတ်ဟူ၍ ထင်မြင် ပြောဆိုခဲ့ကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အဘယ်ကြောင့် မဟုတ်သနည်း။ ငါ့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အား တိုင်တည်၍(ပြောအံ့)၊ ဧကန်မလွဲ အသင်တို့သည် ရှင်ပြန်ထကြရပေမည်။ ထို့နောက် ဧကန်မုချ အသင်တို့သည် မိမိတို့ကျင့်မူခဲ့သမျှတို့ကို သိစေခြင်း ခံကြရမည်။ စင်စစ်သော်ကား ဤသည် အလ္လာဟ်အရှင်မြတ်၌ လွန်စွာလွယ်ကူလှ၏။
8 فَآمِنُوا بِاللَّهِ وَرَسُولِهِ وَالنُّورِ الَّذِي أَنزَلْنَا ۚ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ငါအရှင်မြတ်ချပေး သနားတော်မူခဲ့သော အလင်းရောင်အားလည်းကောင်း၊ သက်ဝင် ယုံကြည်ကြလေကုန်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
9 يَوْمَ يَجْمَعُكُمْ لِيَوْمِ الْجَمْعِ ۖ ذَٰلِكَ يَوْمُ التَّغَابُنِ ۗ وَمَن يُؤْمِن بِاللَّهِ وَيَعْمَلْ صَالِحًا يُكَفِّرْ عَنْهُ سَيِّئَاتِهِ وَيُدْخِلْهُ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۚ ذَٰلِكَ الْفَوْزُ الْعَظِيمُ
အကြင်နေ့ကို (သတိရကြလေကုန်)။ ထိုအရှင်မြတ်သည် အသင်တို့အား စုရုံးရာနေ့တွင် စုရုံးတော်မူပေမည်။ ထိုနေ့ကား အရှုံးအနိုင်ကို အမှန်အတိုင်း သိရှိရမည့်နေ့ပင်။ စင်စစ်မှာမူကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်၍ ကောင်းမှုကို ကျင့်မူဆောက်တည်ပါလျှင် ထိုအရှင်မြတ်သည် ၎င်း၏ အကုသိုလ်ဒုစရိုက်များကို ၎င်းမှ ပပျောက်စေတော်မူမည့်ပြင် ၎င်းအား အကြင်ဥယျာဉ်များသို့လည်း အမြဲထာဝစဉ် နေထိုင်သူများအဖြစ် ဝင်ရောက်စေတော် မူမည်ဖြစ်၏။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက် ရှိကြပေမည်။ ထိုသည် ကြီးကျယ် လှစွာသော အောင်မြင်မှုပင်။
10 وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ النَّارِ خَالِدِينَ فِيهَا ۖ وَبِئْسَ الْمَصِيرُ
သို့တစေလည်း အကြင်သူသည် သွေဖည် ငြင်းပယ်ခဲ့ကြကုန်၏။ ၎င်းပြင် ငါအရှင်မြတ်၏ အာယတ်တော်များကို မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ခဲ့ကြကုန်၏။ ထိုသူတို့ကား ငရဲမီး၌ အမြဲ ထာဝစဉ် နေထိုင်ကြရအံ့သော သူများပင် ဖြစ်ကြကုန်၏။ စင်စစ်သော်ကား ယင်းငရဲမီးသည် လွန်စွာ ယုတ်ညံ့လှစွာသော စခန်းပင် ဖြစ်ပေသတည်း။
11 مَا أَصَابَ مِن مُّصِيبَةٍ إِلَّا بِإِذْنِ اللَّهِ ۗ وَمَن يُؤْمِن بِاللَّهِ يَهْدِ قَلْبَهُ ۚ وَاللَّهُ بِكُلِّ شَيْءٍ عَلِيمٌ
ဘေးဒုက္ခဟူသမျှတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့်သာ သက်ရောက်၏။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ပါလျှင် ထိုအလ္လာဟ်အရှင်မြတ်သည် ၎င်း၏စိတ်နှလုံးကို တရားလမ်းမှန် ပြသတော်မူ၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
ဘာသာပြန် — အတ်-တဂါဘွန်း 9 စူရာ အတ်-တဂါဘွန်း အာယာသ် 9 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကြင်နေ့ကို (သတိရကြလေကုန်)။ ထိုအရှင်မြတ်သည် အသင်တို့အား စုရုံးရာနေ့တွင် စုရုံးတော်မူပေမည်။ ထိုနေ့ကား အရှုံးအနိုင်ကို အမှန်အတိုင်း သိရှိရမည့်နေ့ပင်။…
စူရာ အာယာသ် 9/18 — စူရာ အတ်-တဂါဘွန်း التغابن (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တဂါဘွန်း နားထောင်, စူရာ အတ်-တဂါဘွန်း ဘာသာပြန်, စူရာ အတ်-တဂါဘွန်း mp3, စူရာ အတ်-တဂါဘွန်း pdf. အာယာသ် 7–11. မြန်မာဘာသာ: ภาษาไทย.