အတ်-တဂါဘွန်း · 7/18
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တဂါဘွန်း
زَعَمَ الَّذِينَ كَفَرُوا أَن لَّن يُبْعَثُوا ۚ قُلْ بَلَىٰ وَرَبِّي لَتُبْعَثُنَّ ثُمَّ لَتُنَبَّؤُنَّ بِمَا عَمِلْتُمْ ۚ وَذَٰلِكَ عَلَى اللَّهِ يَسِيرٌ ۝٧
Za`amal lazeena kafarooo al-lany yub`asoo; qul balaa wa rabbee latub`asunna summa latunabba`unna bimaa `amiltum; wa zaalika `alal laahi yaseer
📖 မြန်မာဘာသာ
‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့က ၎င်းတို့သည် အလျှင်း ရှင်ပြန်ထကြရမည် မဟုတ်ဟူ၍ ထင်မြင် ပြောဆိုခဲ့ကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အဘယ်ကြောင့် မဟုတ်သနည်း။ ငါ့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အား တိုင်တည်၍(ပြောအံ့)၊ ဧကန်မလွဲ အသင်တို့သည် ရှင်ပြန်ထကြရပေမည်။ ထို့နောက် ဧကန်မုချ အသင်တို့သည် မိမိတို့ကျင့်မူခဲ့သမျှတို့ကို သိစေခြင်း ခံကြရမည်။ စင်စစ်သော်ကား ဤသည် အလ္လာဟ်အရှင်မြတ်၌ လွန်စွာလွယ်ကူလှ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 5-9 — စူရာ အတ်-တဂါဘွန်း

5أَلَمْ يَأْتِكُمْ نَبَأُ الَّذِينَ كَفَرُوا مِن قَبْلُ فَذَاقُوا وَبَالَ أَمْرِهِمْ وَلَهُمْ عَذَابٌ أَلِيمٌ
အသင်တို့ထံ (မိမိတို့)အလျင် သွေဖည်ငြင်းပယ်ခဲ့ကြလေသော ရှေးသူဟောင်းတို့၏ သတင်းရောက်ရှိ၍ မလာခဲ့လေသလော။ သို့သွေဖည် ငြင်းပယ်ခဲ့ကြပေရာ ၎င်းတို့သည် မိမိတို့၏ အပြုအမူနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရလေပြီ။ ထိုမှတစ်ပါး (‘အာခိရတ်’တမလွန်ဘဝတွင်) ၎င်းတို့၌ လွန်စွာ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်လည်း ရှိချေဦးမည်။
6ذَٰلِكَ بِأَنَّهُ كَانَت تَّأْتِيهِمْ رُسُلُهُم بِالْبَيِّنَاتِ فَقَالُوا أَبَشَرٌ يَهْدُونَنَا فَكَفَرُوا وَتَوَلَّوا ۚ وَّاسْتَغْنَى اللَّهُ ۚ وَاللَّهُ غَنِيٌّ حَمِيدٌ
ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့ထံ ၎င်းတို့၏ ရစူလ်တမန်တော်များသည် ထင်ရှားစွာသော သက်သေသာဓကများနှင့်တကွ လာရောက်လေ့ ရှိခဲ့ကြသောအခါ ၎င်းတို့က မနုဿလူသားများသည် ကျွန်ုပ်တို့အား တရားလမ်းမှန်ကို ပြသကြမည်လောဟု ပြောဆိုခဲ့ကြကုန်၏။ ထို့နောက် ၎င်းတို့သည် သွေဖည် ငြင်းပယ်ခဲ့ကြကုန်၏။ ကျောခိုင်းသွားခဲ့ကြ၏။ အလ္လာဟ်အရှင်မြတ်သည်လည်း ၎င်းတို့အား ဂရုစိုက်တော်မူသည် မရှိခဲ့ပေ။စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တမှု ကင်းမဲ့တော်မူသောအရှင်၊ ချီးမွမ်းအပ်သောဂုဏ်တော်၊ အတိုင်းအဆမရှိ ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
7زَعَمَ الَّذِينَ كَفَرُوا أَن لَّن يُبْعَثُوا ۚ قُلْ بَلَىٰ وَرَبِّي لَتُبْعَثُنَّ ثُمَّ لَتُنَبَّؤُنَّ بِمَا عَمِلْتُمْ ۚ وَذَٰلِكَ عَلَى اللَّهِ يَسِيرٌ
‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့က ၎င်းတို့သည် အလျှင်း ရှင်ပြန်ထကြရမည် မဟုတ်ဟူ၍ ထင်မြင် ပြောဆိုခဲ့ကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အဘယ်ကြောင့် မဟုတ်သနည်း။ ငါ့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အား တိုင်တည်၍(ပြောအံ့)၊ ဧကန်မလွဲ အသင်တို့သည် ရှင်ပြန်ထကြရပေမည်။ ထို့နောက် ဧကန်မုချ အသင်တို့သည် မိမိတို့ကျင့်မူခဲ့သမျှတို့ကို သိစေခြင်း ခံကြရမည်။ စင်စစ်သော်ကား ဤသည် အလ္လာဟ်အရှင်မြတ်၌ လွန်စွာလွယ်ကူလှ၏။
8فَآمِنُوا بِاللَّهِ وَرَسُولِهِ وَالنُّورِ الَّذِي أَنزَلْنَا ۚ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ငါအရှင်မြတ်ချပေး သနားတော်မူခဲ့သော အလင်းရောင်အားလည်းကောင်း၊ သက်ဝင် ယုံကြည်ကြလေကုန်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
9يَوْمَ يَجْمَعُكُمْ لِيَوْمِ الْجَمْعِ ۖ ذَٰلِكَ يَوْمُ التَّغَابُنِ ۗ وَمَن يُؤْمِن بِاللَّهِ وَيَعْمَلْ صَالِحًا يُكَفِّرْ عَنْهُ سَيِّئَاتِهِ وَيُدْخِلْهُ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۚ ذَٰلِكَ الْفَوْزُ الْعَظِيمُ
အကြင်နေ့ကို (သတိရကြလေကုန်)။ ထိုအရှင်မြတ်သည် အသင်တို့အား စုရုံးရာနေ့တွင် စုရုံးတော်မူပေမည်။ ထိုနေ့ကား အရှုံးအနိုင်ကို အမှန်အတိုင်း သိရှိရမည့်နေ့ပင်။ စင်စစ်မှာမူကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်၍ ကောင်းမှုကို ကျင့်မူဆောက်တည်ပါလျှင် ထိုအရှင်မြတ်သည် ၎င်း၏ အကုသိုလ်ဒုစရိုက်များကို ၎င်းမှ ပပျောက်စေတော်မူမည့်ပြင် ၎င်းအား အကြင်ဥယျာဉ်များသို့လည်း အမြဲထာဝစဉ် နေထိုင်သူများအဖြစ် ဝင်ရောက်စေတော် မူမည်ဖြစ်၏။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက် ရှိကြပေမည်။ ထိုသည် ကြီးကျယ် လှစွာသော အောင်မြင်မှုပင်။
အတ်-တဂါဘွန်းကုရ်အာန် ညွှန်းကိန်း
18အာယာသ်
MedinanRevelation
7အာယာသ်

ဘာသာပြန် — အတ်-တဂါဘွန်း 7

စူရာ အတ်-တဂါဘွန်း အာယာသ် 7 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့က ၎င်းတို့သည် အလျှင်း ရှင်ပြန်ထကြရမည် မဟုတ်ဟူ၍ ထင်မြင် ပြောဆိုခဲ့ကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည်…

စူရာ အာယာသ် 7/18 — စူရာ အတ်-တဂါဘွန်း التغابن (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တဂါဘွန်း နားထောင်, စူရာ အတ်-တဂါဘွန်း ဘာသာပြန်, စူရာ အတ်-တဂါဘွန်း mp3, စူရာ အတ်-တဂါဘွန်း pdf. အာယာသ် 5–9. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers