📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
ဖောင့်အရွယ်အစား
📝 ဒီစာမျက်နှာကို အလွတ်ကျက်ပါ
📄 6
အလ်-ဗကရ
bismillah
وَإِذۡ قَالَ رَبُّكَ لِلۡمَلَٰٓئِكَةِ إِنِّي جَاعِلٌ فِي ٱلۡأَرۡضِ خَلِيفَةًۖ قَالُوٓاْ أَتَجۡعَلُ فِيهَا مَن يُفۡسِدُ فِيهَا وَيَسۡفِكُ ٱلدِّمَآءَ وَنَحۡنُ نُسَبِّحُ بِحَمۡدِكَ وَنُقَدِّسُ لَكَۖ قَالَ إِنِّيٓ أَعۡلَمُ مَا لَا تَعۡلَمُونَ  ۝٣٠ وَعَلَّمَ ءَادَمَ ٱلۡأَسۡمَآءَ كُلَّهَا ثُمَّ عَرَضَهُمۡ عَلَى ٱلۡمَلَٰٓئِكَةِ فَقَالَ أَنۢبِـُٔونِي بِأَسۡمَآءِ هَٰٓؤُلَآءِ إِن كُنتُمۡ صَٰدِقِينَ  ۝٣١ قَالُواْ سُبۡحَٰنَكَ لَا عِلۡمَ لَنَآ إِلَّا مَا عَلَّمۡتَنَآۖ إِنَّكَ أَنتَ ٱلۡعَلِيمُ ٱلۡحَكِيمُ  ۝٣٢ قَالَ يَٰٓـَٔادَمُ أَنۢبِئۡهُم بِأَسۡمَآئِهِمۡۖ فَلَمَّآ أَنۢبَأَهُم بِأَسۡمَآئِهِمۡ قَالَ أَلَمۡ أَقُل لَّكُمۡ إِنِّيٓ أَعۡلَمُ غَيۡبَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَأَعۡلَمُ مَا تُبۡدُونَ وَمَا كُنتُمۡ تَكۡتُمُونَ  ۝٣٣ وَإِذۡ قُلۡنَا لِلۡمَلَٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ أَبَىٰ وَٱسۡتَكۡبَرَ وَكَانَ مِنَ ٱلۡكَٰفِرِينَ  ۝٣٤ وَقُلۡنَا يَٰٓـَٔادَمُ ٱسۡكُنۡ أَنتَ وَزَوۡجُكَ ٱلۡجَنَّةَ وَكُلَا مِنۡهَا رَغَدًا حَيۡثُ شِئۡتُمَا وَلَا تَقۡرَبَا هَٰذِهِ ٱلشَّجَرَةَ فَتَكُونَا مِنَ ٱلظَّٰلِمِينَ  ۝٣٥ فَأَزَلَّهُمَا ٱلشَّيۡطَٰنُ عَنۡهَا فَأَخۡرَجَهُمَا مِمَّا كَانَا فِيهِۖ وَقُلۡنَا ٱهۡبِطُواْ بَعۡضُكُمۡ لِبَعۡضٍ عَدُوٌّۖ وَلَكُمۡ فِي ٱلۡأَرۡضِ مُسۡتَقَرٌّ وَمَتَٰعٌ إِلَىٰ حِينٍ  ۝٣٦ فَتَلَقَّىٰٓ ءَادَمُ مِن رَّبِّهِۦ كَلِمَٰتٍ فَتَابَ عَلَيۡهِۚ إِنَّهُۥ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ  ۝٣٧
အလ်-ဗကရ
bismillah
2:30
وَإِذۡ قَالَ رَبُّكَ لِلۡمَلَٰٓئِكَةِ إِنِّي جَاعِلٌ فِي ٱلۡأَرۡضِ خَلِيفَةًۖ قَالُوٓاْ أَتَجۡعَلُ فِيهَا مَن يُفۡسِدُ فِيهَا وَيَسۡفِكُ ٱلدِّمَآءَ وَنَحۡنُ نُسَبِّحُ بِحَمۡدِكَ وَنُقَدِّسُ لَكَۖ قَالَ إِنِّيٓ أَعۡلَمُ مَا لَا تَعۡلَمُونَ  ۝٣٠
(အို-နဗီတမန်တော်၊ အသင်သည် ပြန်လည်စဉ်းစား သတိရလော့) တရံရောအခါ အသင့်အား မွေးမြူတော်မူသော အရှင်က (မိမိ၏) အပါးတော် စေတမန်များအား ဧကန်အမှန် ငါအရှင်သည် ကမ္ဘာပေါ်ဝယ် (ငါ၏အမိန့်အာဏာ၏တော်များကို ထုတ်ပြန်ကျေညာရန်အလို့ငှာ လူတို့၏ဖခင်) အာဒမ်(အ) အား (ငါ၏) ကိုယ်စားလှယ်တော်အဖြစ် မြှောက် စားခန့်အပ်တော်မူမည်ဟု မိန့်ကြား တော်မူသည်။ထိုအခါ အပါးတော် စေတမန်များက(ဤသို့) လျှောက် တင်ပန်ကြားကြကုန်၏။ (အို-အရှင်) ကမ္ဘာ မြေပြင်၌ ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်၍ အချင်း ချင်းသတ်ဖြတ်ပြီး သွေးထွက်သံယို ပြုလုပ်ကြမည့်သူများကို ကိုယ်တော်အရှင်သည်(ဖန်ဆင်းတော်မူ၍ မိမိ၏ကိုယ်စားလှယ်တော်အဖြစ်) မြှောက်စား ခန့်အပ်တော် မူပါမည်လော၊ အမှန်စင်စစ် ကိုယ်တော်အရှင်သည် ချို့တဲ့ခြင်းအပေါင်းတို့မှ လုံးဝ သန့်ပြန့်စင်ကြယ်တော်မူကြောင်းကို ကျွန်တော်မျိုးတို့သာလျှင် အမြဲအောင်းမေ့ တသကြပါ၏။ ကိုယ်တော်အရှင်မြတ်၏ ဂုဏ်တော်များကို ချီးမွမ်းထောမနာပြု၍ အစဉ်အမြဲ ဘာဝနာစီးဖြန်းကြပါ၏။ထိုအခါ အလ္လာဟ်အရှင်မြတ်က(အပါးတော် စေတမန် အပေါင်းတို့) အသင်တို့ မသိနားမလည်သော အကြောင်းအချက်များကို ငါအရှင်သာလျှင် မုချသိတော်မူသည်။ ဟုပြန်လည် ဖြေကြားတော် မူလေသည်။
2:31
وَعَلَّمَ ءَادَمَ ٱلۡأَسۡمَآءَ كُلَّهَا ثُمَّ عَرَضَهُمۡ عَلَى ٱلۡمَلَٰٓئِكَةِ فَقَالَ أَنۢبِـُٔونِي بِأَسۡمَآءِ هَٰٓؤُلَآءِ إِن كُنتُمۡ صَٰدِقِينَ  ۝٣١
အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာဦးဖခင် အာဒမ်(အ) အား အရာဝတ္ထုများ၏ အမည်နာမ အားလုံးတို့ကို သင်ကြားပေးသနားတော်မူ၏။ သို့ သင်ကြားပြီးသည့်နောက် အလ္လာဟ်အသျှင်မြတ်သည် ထိုအမည်ပါ ဝတ္ထုအစုစုကို အပါးတော်စေတမန်များ၏ ရှေ့ဝယ်၌ ပြတော်မူ၍ ဤသို့မိန့်တော်မူ၏၊(အပါးတော် စေတမန် အပေါင်းတို့) အကယ်၍အသင်တို့သည် မှန်ကန်သောစကားကို ပြောဆိုသောသူများ ဖြစ်ကြ ပါလျှင် ဤအရာဝတ္ထုများ၏ အမည်နာမများကို ငါ့အား(သေချာဂနစွာ) တင်လျှောက်ကြကုန်။
2:32
قَالُواْ سُبۡحَٰنَكَ لَا عِلۡمَ لَنَآ إِلَّا مَا عَلَّمۡتَنَآۖ إِنَّكَ أَنتَ ٱلۡعَلِيمُ ٱلۡحَكِيمُ  ۝٣٢
အပါးတော် စေတမန်များက (အလ္လာဟ်အရှင်မြတ်၏အထံတော်၌ ဤသို့လျှောက်ထားကြကုန်သည်) အိုအရှင်၊ ကိုယ် တော်အရှင်မြတ်သည် ချို့တဲ့ခြင်းအပေါင်းတို့မှ သန့်ရှင်း စင်ကြယ်တော်မူသော အရှင် ဖြစ်တော်မူပါသည်။ အရှင်သင်ကြား ပေးသနားတော်မူသော ပညာရပ်များမှအပ ကျွန်တော်မျိုးတို့အဘို့မှာ အခြားအသိတရား ဟူ၍ အလျင်းမရှိပါ။ ဧကန်မုချ ကိုယ်တော် အရှင်သည်သာလျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံ တရားနှင့် ပြည့်စုံတော်မူသော အရှင် ဖြစ်တော်မူပါသတည်း။
2:33
قَالَ يَٰٓـَٔادَمُ أَنۢبِئۡهُم بِأَسۡمَآئِهِمۡۖ فَلَمَّآ أَنۢبَأَهُم بِأَسۡمَآئِهِمۡ قَالَ أَلَمۡ أَقُل لَّكُمۡ إِنِّيٓ أَعۡلَمُ غَيۡبَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَأَعۡلَمُ مَا تُبۡدُونَ وَمَا كُنتُمۡ تَكۡتُمُونَ  ۝٣٣
အလ္လာဟ်အရှင်မြတ်က အို-အာဒမ်၊ အသင်သည် ထိုအပါးတော် စေတမန်များအား ထို အရာဝတ္ထု များ၏အမည်နာမများကို ထုတ်ဖော်၍ ပြောပြပါလေဟု မိန့်ကြားတော်မူရာ [(ကမ္ဘာဦးဖခင်) အာဒမ်(အ)သည် အပါးတော်စေတမန်များအား ထို အရာဝတ္ထုအသီးသီးတို့၏ အမည်နာမများကို (သေချာစွာ) ထုတ်ဖော်၍ ပြောပြလေ၏။] သို့ပြောပြပြီးသည့်အခါ အလ္လာဟ်အရှင်မြတ်သည် အပါး တော်စေတမန်များအား ဤသို့မိန့်ကြားတော်မူ၏၊ (အပါးတော်စေတမန်အပေါင်းတို့) ငါအရှင်သည် မိုးကောင်းကင်များနှင့် ပထဝီပြင်၌ ဖုံးကွယ်လျက်ရှိသော အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသည် ဟု သင်တို့အား မိန့်ကြားတော်မူခဲ့ဘူးသည် မဟုတ်ပါလော။ ထို့ပြင်တဝ ငါအရှင်သည် အသင်တို့ ထုတ်ဖော်ပြောဆိုသည်များကို လည်းကောင်း၊ လျှို့ဝှက်ဖုံးကွယ် ထိန်ချန်ထားရှိခဲ့ကြသည့် အရာများကိုလည်းကောင်း၊ အကြွင်းမဲ့သိတော်မူသည်။
2:34
وَإِذۡ قُلۡنَا لِلۡمَلَٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ أَبَىٰ وَٱسۡتَكۡبَرَ وَكَانَ مِنَ ٱلۡكَٰفِرِينَ  ۝٣٤
(ပြန်လည်အောက်မေ့ သတိရကြကုန်လော့)တရံရောအခါ ငါအရှင်သည် အပါးတော်စေတမန် များအား အသင်တို့သည် ကမ္ဘာဦးဖခင် အာဒမ်ကို ဦးချကြကုန် ဟုမိန့်ကြားတော်မူသည်။ (ထိုအခါ) ဣဗ်လီစ် မှအပ ကျန်အားလုံးသော အပါးတော် စေတမန်များသည် (ကမ္ဘာဦးဖခင်)အာဒမ်(အ)အား ဦးချကြကုန်၏။ ဣဗ်လီစ် မူကား မောက်မာပလွှား၍ ယင်းအမိန့်တော်ကို ဖီဆန်လေ၏။ သို့အတွက်ကြောင့်သူသည် ကာဖိရ် သွေဖည်တို့တွင် အပါအဝင်တစ်ဦးဖြစ်သွားချေပြီ။
2:35
وَقُلۡنَا يَٰٓـَٔادَمُ ٱسۡكُنۡ أَنتَ وَزَوۡجُكَ ٱلۡجَنَّةَ وَكُلَا مِنۡهَا رَغَدًا حَيۡثُ شِئۡتُمَا وَلَا تَقۡرَبَا هَٰذِهِ ٱلشَّجَرَةَ فَتَكُونَا مِنَ ٱلظَّٰلِمِينَ  ۝٣٥
ထို့နောက် ငါ(အလ္လာဟ်အရှင်မြတ်)သည်(အာဒမ်အား) ဤသို့မိန့်ကြားတော်မူ၏။ အို-အာဒမ်၊ အသင်သည် မိမိ ၏ကြင်ယာ(ဟောင်ဝါ)နှင့်တကွ ဂျန္နတ် အမတသုခဘုံ၌ နေထိုင်၍ အသင်တို့ဇနီးမောင်နှံနှစ်ဦးသည် ထိုသုခဘုံတွင် အလိုရှိရာနေရာမှ အာသာဆန္ဒရှိသမျှကို (လွတ်လပ်စွာယူငင်ပြီး)ဖော သီဝပြောစွာ စားသုံးကြကုန်၊ သို့ရာတွင်အသင်တို့သည် ဤအပင်၏အနီးသို့ မချဉ်းကပ်ကြနှင့်၊ (အကယ်၍ထိုအပင်၏အနီးသို့ချဉ်းကပ်၍ ထိုအပင်၏အသီးအနှံကို စားသုံးမိကြလျှင်) အသင်တို့သည် ပြစ်မှု ကျူးလွန်သူများတွင် အပါအဝင်ဖြစ်ကြကုန်လတ္တံ့။
2:36
فَأَزَلَّهُمَا ٱلشَّيۡطَٰنُ عَنۡهَا فَأَخۡرَجَهُمَا مِمَّا كَانَا فِيهِۖ وَقُلۡنَا ٱهۡبِطُواْ بَعۡضُكُمۡ لِبَعۡضٍ عَدُوٌّۖ وَلَكُمۡ فِي ٱلۡأَرۡضِ مُسۡتَقَرٌّ وَمَتَٰعٌ إِلَىٰ حِينٍ  ۝٣٦
ကမ္ဘာဦးဖခင်အာဒမ်(အ)နှင့် ကြင်ရာ တော်(ဟောင်ဝါ) တို့သည် အလ္လာဟ်အရှင်မြတ် ပေးသနားတော်မူသော ဂျန္နတ် အမတသုခဘုံတွင် သုခစည်းစိမ် ရိပ်ငြိမ်ချမ်းသာကို မွေ့လျော်စွာ စံစား၍ နေကြကုန်၏၊) ထိုသို့ နေထိုင်ရာအတွင်း ရှိုင်တွာန်သည် ထိုသစ်ပင်နှင့်စပ်လျဉ်း၍ မာယာပရိယာယ်အားဖြင့် လှည့်ပတ်ဖြားယောင်း သွေးဆောင်ပြီး ထိုကြင်ရာကြင်ဘက်နှစ်ဦးတို့အား တိမ်းပါး ချော်ချွတ်စေ၍ ထိုဥယျာဉ်တော်မှ နှင်ထုတ်လေ၏။ ထိုအခါ ငါအလ္လာဟ် အရှင်မြတ်သည် ဤသို့အမိန့်တော် ချမှတ်တော်မူ၏။ အသင်တို့သည်(ငါ၏ဥယျာဉ်တော်မှ) ဆင်းသွားကြကုန်။ အသင်တို့သည် တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဖြစ်ပွား ရန်ဘက်များဖြစ်ကြအံ့။ ကမ္ဘာမြေပြင်တွင် အသင်တို့အဘို့ သတ်မှတ်ထားသည့် သက်တမ်းတိုင်အောင် နေရာ ထိုင်ခင်းနှင့် အကျိုးခံစားခြင်းရှိအံ့။
2:37
فَتَلَقَّىٰٓ ءَادَمُ مِن رَّبِّهِۦ كَلِمَٰتٍ فَتَابَ عَلَيۡهِۚ إِنَّهُۥ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ  ۝٣٧
ထိုအခါ ကမ္ဘာဦးဖခင် အာဒမ်(အ)သည် မိမိအား မွေးမြူစောင်မ ကြည့်ရှုတော်မူထသော အရှင့်ထံမှ အချို့သော(ဆုမွန်)များကို သင်ကြားနာယူ၍ (အရှင့်ထံ ဝန်ချတောင်းပန် အသနားခံရာ) အလ္လာဟ်အရှင်မြတ်သည် မိမိကရုဏာတော်ဖြင့် အာဒမ်(အ)ဘက်သို့ လှည့်တော်မူ၍ ချမ်းသာခွင့် ပေးသနားတော်မူလေ၏။ အမှန်စင်စစ် ထိုအရှင်သည်သာလျှင် (ဝန်ချတောင်းပန် အသနားခံသူများအား) အကြိမ်ကြိမ်အဖန်ဖန် ချမ်းသာခွင့် ပေးသနားတော် မူသောအရှင်၊အစဉ်အမြဲ သနားညှာတာ ကြင်နာတော် မူထသောအရှင် ဖြစ်တော်မူပေသတည်း။


📚Juz 1 📄6 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers