قَالُوا سُبْحَانَكَ لَا عِلْمَ لَنَا إِلَّا مَا عَلَّمْتَنَا ۖ إِنَّكَ أَنتَ الْعَلِيمُ الْحَكِيمُ ٣٢
🔤 Transliteration
Qaaloo subhaanaka laa `ilma lanaaa illaa maa `allamtanaaa innaka antal`aleemul hakeem
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အပါးတော် စေတမန်များက (အလ္လာဟ်အရှင်မြတ်၏အထံတော်၌ ဤသို့လျှောက်ထားကြကုန်သည်) အိုအရှင်၊ ကိုယ် တော်အရှင်မြတ်သည် ချို့တဲ့ခြင်းအပေါင်းတို့မှ သန့်ရှင်း စင်ကြယ်တော်မူသော အရှင် ဖြစ်တော်မူပါသည်။ အရှင်သင်ကြား ပေးသနားတော်မူသော ပညာရပ်များမှအပ ကျွန်တော်မျိုးတို့အဘို့မှာ အခြားအသိတရား ဟူ၍ အလျင်းမရှိပါ။ ဧကန်မုချ ကိုယ်တော် အရှင်သည်သာလျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံ တရားနှင့် ပြည့်စုံတော်မူသော အရှင် ဖြစ်တော်မူပါသတည်း။
🌐 Additional reference in ภาษาไทย
ကမ္မသဒ္ဒါပဒ ရှင်းလင်းချက် سُبْحَانَكَ (သုဗ်ဟာနက)။ ။ အို ကျွန်ုပ်တို့၏ အရှင်သခင်၊ ကိုယ်တော်သည် ချို့ယွင်းချက်၊ အားနည်းချက်၊ မသင့်လျော်သော အရာမှ လုံးဝ ကင်းစင်တော်မူပါသည်။ ကိုယ်တော်ကို ချီးမြှောက် ဂုဏ်တင်ပါသည်။ لَا عِلْمَ لَنَا (လာ အိလ်မ လနာ)။ ။ ကျွန်ုပ်တို့တွင် အသိပညာ မရှိပါ။ إِلَّا مَا عَلَّمْتَنَا (အိလ္လာ မာ အလ္လမ်တနာ)။ ။ ကိုယ်တော် သင်ပေးတော်မူသော အရာမှတစ်ပါး။ الْعَلِيمُ (အလ် အလီမ်)။ ။ အရာအားလုံးကို အကြွင်းမဲ့ သိတော်မူသောအရှင်။ الْحَكِيمُ (အလ် ဟကီမ်)။ ။ ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသောအရှင်၊ အရာခပ်သိမ်းကို မှန်ကန်စွာ စီမံခန့်ခွဲတော်မူသောအရှင်။ အာယသ်တော်၏ အဓိပ္ပာယ် ဖွင့်ဆိုချက် (ဤအာယသ်တော်သည် မလာအိကဟ် (ကောင်းကင်တမန်) တို့က အလ္လာဟ်အရှင်မြတ်ထံ ပြန်လည် ဖြေကြားသော စကားဖြစ်သည်။) မလာအိကဟ်တို့က ဤသို့ လျှောက်ထားကြသည်။ ။ အို ကျွန်ုပ်တို့၏ အရှင်သခင်၊ ကိုယ်တော်သည် ချို့ယွင်းချက် အပေါင်းမှ ကင်းစင်တော်မူပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော် သင်ကြားပေးတော်မူသော အသိပညာမှတစ်ပါး မည်သည့် အသိပညာမျှ မပိုင်ဆိုင်ပါ။ အမှန်စင်စစ် ကိုယ်တော်သာလျှင် အရာအားလုံးကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါသည်။
ရှင်းလင်းချက်။ ။ မလာအိကဟ်တို့သည် အလ္လာဟ်အရှင်မြတ်က အာဒမ် (အလိုင်ဟိစ်စလာမ်) ကို ဖန်ဆင်းတော်မူပြီး သူ့အား အမည်နာမများ သင်ကြားပေးတော်မူသောအခါ မိမိတို့ မသိနိုင်သော အရာတစ်ခုကို မေးမြန်းခဲ့ကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က အာဒမ်အား ထိုအမည်နာမများကို ပြောပြစေတော်မူသည်။ ထိုအခါ မလာအိကဟ်တို့သည် မိမိတို့၏ အားနည်းချက်၊ အသိပညာ နည်းပါးမှုကို ဝန်ခံပြီး အလ္လာဟ်အရှင်မြတ်ကို ချီးမြှောက် ဂုဏ်တင်ကာ ဤစကားကို လျှောက်ထားကြခြင်း ဖြစ်သည်။
သူတို့၏ လျှောက်ထားချက်တွင် အဓိက အချက် သုံးချက် ပါဝင်သည်။ ။
ပထမ။ ။ အလ္လာဟ်အရှင်မြတ်ကို ချို့ယွင်းချက် အပေါင်းမှ ကင်းစင်ကြောင်း ဝန်ခံပြီး ဂုဏ်တင်ခြင်း။ အရှင်မြတ်၏ စီမံခန့်ခွဲမှု၊ ဆုံးဖြတ်ချက်၊ ပညတ်တော်များတွင် ကန့်ကွက် မေးခွန်းထုတ်ခြင်းမှ ကင်းစင်ကြောင်း ဖော
قَالُواْ سُبۡحَٰنَكَ لَا عِلۡمَ لَنَآ إِلَّا مَا عَلَّمۡتَنَآۖ إِنَّكَ أَنتَ ٱلۡعَلِيمُ ٱلۡحَكِيمُ ٣٢
အပါးတော် စေတမန်များက (အလ္လာဟ်အရှင်မြတ်၏အထံတော်၌ ဤသို့လျှောက်ထားကြကုန်သည်) အိုအရှင်၊ ကိုယ် တော်အရှင်မြတ်သည် ချို့တဲ့ခြင်းအပေါင်းတို့မှ သန့်ရှင်း စင်ကြယ်တော်မူသော အရှင် ဖြစ်တော်မူပါသည်။ အရှင်သင်ကြား ပေးသနားတော်မူသော ပညာရပ်များမှအပ ကျွန်တော်မျိုးတို့အဘို့မှာ အခြားအသိတရား ဟူ၍ အလျင်းမရှိပါ။ ဧကန်မုချ ကိုယ်တော် အရှင်သည်သာလျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံ တရားနှင့် ပြည့်စုံတော်မူသော အရှင် ဖြစ်တော်မူပါသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 30-34 — စူရာ အလ်-ဗကရ
30 وَإِذْ قَالَ رَبُّكَ لِلْمَلَائِكَةِ إِنِّي جَاعِلٌ فِي الْأَرْضِ خَلِيفَةً ۖ قَالُوا أَتَجْعَلُ فِيهَا مَن يُفْسِدُ فِيهَا وَيَسْفِكُ الدِّمَاءَ وَنَحْنُ نُسَبِّحُ بِحَمْدِكَ وَنُقَدِّسُ لَكَ ۖ قَالَ إِنِّي أَعْلَمُ مَا لَا تَعْلَمُونَ
(အို-နဗီတမန်တော်၊ အသင်သည် ပြန်လည်စဉ်းစား သတိရလော့) တရံရောအခါ အသင့်အား မွေးမြူတော်မူသော အရှင်က (မိမိ၏) အပါးတော် စေတမန်များအား ဧကန်အမှန် ငါအရှင်သည် ကမ္ဘာပေါ်ဝယ် (ငါ၏အမိန့်အာဏာ၏တော်များကို ထုတ်ပြန်ကျေညာရန်အလို့ငှာ လူတို့၏ဖခင်) အာဒမ်(အ) အား (ငါ၏) ကိုယ်စားလှယ်တော်အဖြစ် မြှောက် စားခန့်အပ်တော်မူမည်ဟု မိန့်ကြား တော်မူသည်။ထိုအခါ အပါးတော် စေတမန်များက(ဤသို့) လျှောက် တင်ပန်ကြားကြကုန်၏။ (အို-အရှင်) ကမ္ဘာ မြေပြင်၌ ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်၍ အချင်း ချင်းသတ်ဖြတ်ပြီး သွေးထွက်သံယို ပြုလုပ်ကြမည့်သူများကို ကိုယ်တော်အရှင်သည်(ဖန်ဆင်းတော်မူ၍ မိမိ၏ကိုယ်စားလှယ်တော်အဖြစ်) မြှောက်စား ခန့်အပ်တော် မူပါမည်လော၊ အမှန်စင်စစ် ကိုယ်တော်အရှင်သည် ချို့တဲ့ခြင်းအပေါင်းတို့မှ လုံးဝ သန့်ပြန့်စင်ကြယ်တော်မူကြောင်းကို ကျွန်တော်မျိုးတို့သာလျှင် အမြဲအောင်းမေ့ တသကြပါ၏။ ကိုယ်တော်အရှင်မြတ်၏ ဂုဏ်တော်များကို ချီးမွမ်းထောမနာပြု၍ အစဉ်အမြဲ ဘာဝနာစီးဖြန်းကြပါ၏။ထိုအခါ အလ္လာဟ်အရှင်မြတ်က(အပါးတော် စေတမန် အပေါင်းတို့) အသင်တို့ မသိနားမလည်သော အကြောင်းအချက်များကို ငါအရှင်သာလျှင် မုချသိတော်မူသည်။ ဟုပြန်လည် ဖြေကြားတော် မူလေသည်။
31 وَعَلَّمَ آدَمَ الْأَسْمَاءَ كُلَّهَا ثُمَّ عَرَضَهُمْ عَلَى الْمَلَائِكَةِ فَقَالَ أَنبِئُونِي بِأَسْمَاءِ هَٰؤُلَاءِ إِن كُنتُمْ صَادِقِينَ
အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာဦးဖခင် အာဒမ်(အ) အား အရာဝတ္ထုများ၏ အမည်နာမ အားလုံးတို့ကို သင်ကြားပေးသနားတော်မူ၏။ သို့ သင်ကြားပြီးသည့်နောက် အလ္လာဟ်အသျှင်မြတ်သည် ထိုအမည်ပါ ဝတ္ထုအစုစုကို အပါးတော်စေတမန်များ၏ ရှေ့ဝယ်၌ ပြတော်မူ၍ ဤသို့မိန့်တော်မူ၏၊(အပါးတော် စေတမန် အပေါင်းတို့) အကယ်၍အသင်တို့သည် မှန်ကန်သောစကားကို ပြောဆိုသောသူများ ဖြစ်ကြ ပါလျှင် ဤအရာဝတ္ထုများ၏ အမည်နာမများကို ငါ့အား(သေချာဂနစွာ) တင်လျှောက်ကြကုန်။
32 قَالُوا سُبْحَانَكَ لَا عِلْمَ لَنَا إِلَّا مَا عَلَّمْتَنَا ۖ إِنَّكَ أَنتَ الْعَلِيمُ الْحَكِيمُ
အပါးတော် စေတမန်များက (အလ္လာဟ်အရှင်မြတ်၏အထံတော်၌ ဤသို့လျှောက်ထားကြကုန်သည်) အိုအရှင်၊ ကိုယ် တော်အရှင်မြတ်သည် ချို့တဲ့ခြင်းအပေါင်းတို့မှ သန့်ရှင်း စင်ကြယ်တော်မူသော အရှင် ဖြစ်တော်မူပါသည်။ အရှင်သင်ကြား ပေးသနားတော်မူသော ပညာရပ်များမှအပ ကျွန်တော်မျိုးတို့အဘို့မှာ အခြားအသိတရား ဟူ၍ အလျင်းမရှိပါ။ ဧကန်မုချ ကိုယ်တော် အရှင်သည်သာလျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံ တရားနှင့် ပြည့်စုံတော်မူသော အရှင် ဖြစ်တော်မူပါသတည်း။
33 قَالَ يَا آدَمُ أَنبِئْهُم بِأَسْمَائِهِمْ ۖ فَلَمَّا أَنبَأَهُم بِأَسْمَائِهِمْ قَالَ أَلَمْ أَقُل لَّكُمْ إِنِّي أَعْلَمُ غَيْبَ السَّمَاوَاتِ وَالْأَرْضِ وَأَعْلَمُ مَا تُبْدُونَ وَمَا كُنتُمْ تَكْتُمُونَ
အလ္လာဟ်အရှင်မြတ်က အို-အာဒမ်၊ အသင်သည် ထိုအပါးတော် စေတမန်များအား ထို အရာဝတ္ထု များ၏အမည်နာမများကို ထုတ်ဖော်၍ ပြောပြပါလေဟု မိန့်ကြားတော်မူရာ [(ကမ္ဘာဦးဖခင်) အာဒမ်(အ)သည် အပါးတော်စေတမန်များအား ထို အရာဝတ္ထုအသီးသီးတို့၏ အမည်နာမများကို (သေချာစွာ) ထုတ်ဖော်၍ ပြောပြလေ၏။] သို့ပြောပြပြီးသည့်အခါ အလ္လာဟ်အရှင်မြတ်သည် အပါး တော်စေတမန်များအား ဤသို့မိန့်ကြားတော်မူ၏၊ (အပါးတော်စေတမန်အပေါင်းတို့) ငါအရှင်သည် မိုးကောင်းကင်များနှင့် ပထဝီပြင်၌ ဖုံးကွယ်လျက်ရှိသော အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသည် ဟု သင်တို့အား မိန့်ကြားတော်မူခဲ့ဘူးသည် မဟုတ်ပါလော။ ထို့ပြင်တဝ ငါအရှင်သည် အသင်တို့ ထုတ်ဖော်ပြောဆိုသည်များကို လည်းကောင်း၊ လျှို့ဝှက်ဖုံးကွယ် ထိန်ချန်ထားရှိခဲ့ကြသည့် အရာများကိုလည်းကောင်း၊ အကြွင်းမဲ့သိတော်မူသည်။
34 وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ أَبَىٰ وَاسْتَكْبَرَ وَكَانَ مِنَ الْكَافِرِينَ
(ပြန်လည်အောက်မေ့ သတိရကြကုန်လော့)တရံရောအခါ ငါအရှင်သည် အပါးတော်စေတမန် များအား အသင်တို့သည် ကမ္ဘာဦးဖခင် အာဒမ်ကို ဦးချကြကုန် ဟုမိန့်ကြားတော်မူသည်။ (ထိုအခါ) ဣဗ်လီစ် မှအပ ကျန်အားလုံးသော အပါးတော် စေတမန်များသည် (ကမ္ဘာဦးဖခင်)အာဒမ်(အ)အား ဦးချကြကုန်၏။ ဣဗ်လီစ် မူကား မောက်မာပလွှား၍ ယင်းအမိန့်တော်ကို ဖီဆန်လေ၏။ သို့အတွက်ကြောင့်သူသည် ကာဖိရ် သွေဖည်တို့တွင် အပါအဝင်တစ်ဦးဖြစ်သွားချေပြီ။
ဘာသာပြန် — အလ်-ဗကရ 32 စူရာ အလ်-ဗကရ အာယာသ် 32 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အပါးတော် စေတမန်များက (အလ္လာဟ်အရှင်မြတ်၏အထံတော်၌ ဤသို့လျှောက်ထားကြကုန်သည်) အိုအရှင်၊ ကိုယ် တော်အရှင်မြတ်သည် ချို့တဲ့ခြင်းအပေါင်းတို့မှ သန့်ရှင်း စင်ကြယ်တော်မူသော…
စူရာ အာယာသ် 32/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 30–34. မြန်မာဘာသာ: ภาษาไทย.