📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 7
အလ်-ဗကရ

အလ်-ဗကရ

2:38
قُلۡنَا ٱهۡبِطُواْ مِنۡهَا جَمِيعًاۖ فَإِمَّا يَأۡتِيَنَّكُم مِّنِّي هُدًى فَمَن تَبِعَ هُدَايَ فَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ ٣٨
အာဒမ်(အ)နှင့် ကြင်ယာတော် ဟောင်ဝါတို့အား] ငါအရှင်မိန့်ကြားတော်မူသည်မှာ (ယခု) အသင်တို့အားလုံးသည် ဤဂျန္နတ် အမတသုခဘုံမှ ဆင်းသက်သွားကြကုန်၊ နောင်သောအခါကာလ၌ အကယ်၍ ငါ၏အထံတော်မှ တရားဒေသနာများ ကျရောက်လာလျှင် (ကျရောက်မည်လည်းမုချပင်) သို့ငါအရှင် ချမှတ်ပေးအပ်တော်မူသော တရား ဒေသနာတော်တို့ကို အကြင်မည်သူမဆို နာယူ ကျင့်မူပါကထိုကဲ့သို့သော (သူတော်စင် သူတော်မြတ်)တို့သည် စိုးရိမ်ကြောင့်ကြရမည်လည်းမဟုတ်၊ ပူဆွေးကြရမည်လည်းမဟုတ်။
2:39
وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ٣٩
သို့ရာတွင် ငါအရှင်၏တရားဒေသနာတော်များကို လိမ်လည်ထားသည့် တရားဒေသနာတော်များ ဖြစ်သည်ဟုစွပ်စွဲ၍ (ငါ့အား) ငြင်းပယ်သူများကား ငရဲသားများ ဖြစ်ကြသည်။ ယင်းသူတို့သည် ထိုငရဲတွင် ထာဝစဉ်ခံစားကြရမည့်သူ သစ္စာကတိကို အတည်ပြုတော်မူအံ့၊ (သို့ဖြစ်ရာ) အသင်တို့သည် ငါအရှင်ကိုသာလျှင် ကြောက်ရွံ့ ရိုသေ ကြကုန်လော့။
2:40
يَٰبَنِيٓ إِسۡرَٰٓءِيلَ ٱذۡكُرُواْ نِعۡمَتِيَ ٱلَّتِيٓ أَنۡعَمۡتُ عَلَيۡكُمۡ وَأَوۡفُواْ بِعَهۡدِيٓ أُوفِ بِعَهۡدِكُمۡ وَإِيَّٰيَ فَٱرۡهَبُونِ ٤٠
အို-အစ္စရာအီလီ မျိုးနွယ်ဝံသအပေါင်းတို့၊ အသင်တို့အား ငါအရှင်ပေးသနားတော်မူသော သုခချမ်းသာ၊ ဂုဏ်ကျေးဇူးတော်များကို (အမြဲတစေ) အောက်မေ့ သတိရကြကုန်၊(သို့သတိရခြင်းအားဖြင့်) သင်တို့သည် (ငါ အရှင့်ထံတော်၌ထားရှိပြီးသော) ပဋိညာဉ် ခံဝန်ချက်ကို စောင့်ရှောက် အတည်ပြုကြကုန်၊ ငါအရှင်သည်လည်း သင်တို့နှင့် ထားရှိပြီးဖြစ်သော သစ္စာကတိကို အတည်ပြုတော်မူအံ့။ (သို့ဖြစ်ရာ) အသင်တို့သည် ငါအရှင်ကိုသာလျှင် ကြောက်ရွံ့ရိုသေကြကုန်။
2:41
وَءَامِنُواْ بِمَآ أَنزَلۡتُ مُصَدِّقًا لِّمَا مَعَكُمۡ وَلَا تَكُونُوٓاْ أَوَّلَ كَافِرِۭ بِهِۦۖ وَلَا تَشۡتَرُواْ بِـَٔايَٰتِي ثَمَنًا قَلِيلًا وَإِيَّٰيَ فَٱتَّقُونِ ٤١
(အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် ငါအရှင်ထုတ်ပြန်ပို့ချတော်မူသော(ကုရ်အာန်) ကျမ်းကို နာယူ ယုံကြည်ကြကုန်လော့၊ အကြောင်းမူကား ယင်း(ကုရ်အာန်ကျမ်းတော်မြတ်သည်) သင်တို့ လက်ဝယ်၌ရှိသော ကျမ်းကိုပင် မှန်ကန်ကြောင်း ထောက်ခံ အတည်ပြုလျက်ရှိသော ကျမ်းဂန်ဖြစ်သည်။ သို့ဖြစ်လေရာအသင်တို့သည် ထို (ကုရ် အာန်) ကျမ်းတော်မြတ်ကို ဦးစွာပဌမ ငြင်းဆိုသူများ မဖြစ်ကြကုန်လင့်။ ထို့ပြင်တဝ အသင်တို့သည် အနည်းငယ်မျှသော အဖိုးငွေနှင့် ငါအရှင်မြတ်၏ တရားဒေသနာများကို လဲလှယ်ရောင်းချခြင်း မပြုကြကုန်လင့်၊ အသင်တို့သည် ငါအရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ ကြကုန်လော့။
2:42
وَلَا تَلۡبِسُواْ ٱلۡحَقَّ بِٱلۡبَٰطِلِ وَتَكۡتُمُواْ ٱلۡحَقَّ وَأَنتُمۡ تَعۡلَمُونَ ٤٢
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် (သဒ္ဓမ္မ) တရားမှန်ကို (ကွဖ်ရ်) မိစ္ဆာဒိဋ္ဌိ အယူမှားနှင့် မရောနှောကြကုန်လင့်။ အသင်တို့သည် တရားမှန် တရားစစ်ကို မိမိတို့ကိုယ်တိုင် သိရှိကြပါလျက် ဖုံးကွယ်ထိန်ချန်၍ မထားကြကုန်လင့်။
2:43
وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ وَٱرۡكَعُواْ مَعَ ٱلرَّٰكِعِينَ ٤٣
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် ဆွလာတ် ဝတ်ပြုကြကုန်၊ တရား ဝင်ဒါနကြေးဖြစ်သော ဇကာတ်ကိုလည်း ပေးဆောင်ကြကုန်၊ ထို့ပြင်တဝ ကိုင်းညွှတ်ရိုကျိုးသော သူများနှင့်အတူ (ညီညာဖျဖျ) ကိုင်းညွှတ်ရိုကျိုးကြကုန်။
2:44
۞ أَتَأۡمُرُونَ ٱلنَّاسَ بِٱلۡبِرِّ وَتَنسَوۡنَ أَنفُسَكُمۡ وَأَنتُمۡ تَتۡلُونَ ٱلۡكِتَٰبَۚ أَفَلَا تَعۡقِلُونَ ٤٤
(အို-အစ္စရာအီလီ မျိုးနွယ်ဝံသ အပေါင်းတို့) အသင် တို့သည် လူအများတို့ကို ကောင်းမှုတရား ပွားများရန် ဆုံးမ ဩဝါဒ ပေးကြ၍ မိမိတို့ကိုယ်ကို မေ့လျော့နေကြကုန်သလော။ အမှန်အားဖြင့် အသင်တို့သည် (ငါအရှင် ထုတ်ပြန်ပို့ချ ပေးသနားတော်မူသော) ကျမ်းဂန်များကို ရွတ်ဘတ် သရဇ္ဈာယ်လျက် ရှိကြကုန်၏။ သို့ပါလျက် အသင်တို့ နားမလည ်ကြပါသလော။
2:45
وَٱسۡتَعِينُواْ بِٱلصَّبۡرِ وَٱلصَّلَوٰةِۚ وَإِنَّهَا لَكَبِيرَةٌ إِلَّا عَلَى ٱلۡخَٰشِعِينَ ٤٥
အသင်တို့သည် ခန္တီတရားဖြင့် လည်းကောင်း၊ ဆွလာတ်ဝတ်ပြုခြင်းဖြင့် လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်ထံတော်မှ) အကူအညီ အထောက်အပံ့ကို တောင်းယူကြကုန်။ ဧကန်မုချ ထို(ဆွလာတ်ဝတ်ပြုခြင်း)သည် ကျိုးနွံနှိမ့်ချခြင်းတရား ထားရှိ ကြကုန်သော သူတော်စင်များမှအပ (အခြားသူများအဘို့) အလွန်တရာမျှပင် ကြီးလေးသော တာဝန်တစ်ရပ်ဖြစ်ပေသတည်း။
2:46
ٱلَّذِينَ يَظُنُّونَ أَنَّهُم مُّلَٰقُواْ رَبِّهِمۡ وَأَنَّهُمۡ إِلَيۡهِ رَٰجِعُونَ ٤٦
(ခန္တီတရားထားရှိကုန်သော မုအ်မင် တို့သည်) မုချဧကန် မိမိတို့အား မွေးမြူတော်မူသော အရှင်ကို ဖူးတွေ့ကြရမည်သူများ ဖြစ်ကြကုန်၏ဟူ၍လည်းကောင်း၊ ထိုအရှင်၏အထံတော်သို့လည်း ပြန်လှည့်ကြမည့်သူများ ဖြစ်ကြသည် ဟူ၍လည်းကောင်း၊ အမှန်ယုံကြည်ကြကုန်သည်။
2:47
يَٰبَنِيٓ إِسۡرَٰٓءِيلَ ٱذۡكُرُواْ نِعۡمَتِيَ ٱلَّتِيٓ أَنۡعَمۡتُ عَلَيۡكُمۡ وَأَنِّي فَضَّلۡتُكُمۡ عَلَى ٱلۡعَٰلَمِينَ ٤٧
အို-အစ္စရာအီလ်၏မျိုးနွယ် အပေါင်းတို့၊ အသင်တို့အား ငါအရှင် ပေးသနားတောမူသော သုခချမ်းသာ ဂုဏ်ကျေးဇူးတော်များကို လည်းကောင်း၊ ငါအရှင်သည် အသင်တို့အား (အထူးထူးသော ဂုဏ်ထူးဝိသေသများဖြင့်) စကြာဝဠာ အပေါင်းထက် ထူးကဲစွာ ခြီးမြှင့်တော်မူခဲ့သည်ကို လည်းကောင်း၊ အောက်မေ့ သတိရကြကုန်။
2:48
وَٱتَّقُواْ يَوۡمًا لَّا تَجۡزِي نَفۡسٌ عَن نَّفۡسٍ شَيۡـًٔا وَلَا يُقۡبَلُ مِنۡهَا شَفَٰعَةٌ وَلَا يُؤۡخَذُ مِنۡهَا عَدۡلٌ وَلَا هُمۡ يُنصَرُونَ ٤٨
(အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့) အသင်တို့သည် သေပြီးနောက် ရှင်ပြန်ထရမည့် ကိယာမတ်နေ့(၏ဘေး) ကို (အထူးပင်) ကြောက်ရွံ့၍ မိမိတို့ကိုယ်ကို ကာကွယ်ကြကုန်၊ (အဘယ်ကြောင့်ဟူမူ) ထိုနေ့တွင် မည်သူတစ်ဦးတစ်ယောက်မျှ တစ်စုံတစ်ယောက်သောသူနှင့် ပတ်သက်၍ အနည်းငယ်မျှကိုပင် ဖြည့်စွမ်းပေးနိုင်မည်မဟုတ်။ အဘယ်သူ တစ်စုံတစ်ယောက်၏ အသနားခံပေးခြင်းကိုလည်း(ငါအရှင်သည်) သဘောတူလက်ခံတော် မူမည်မဟုတ်။ အဘယ်တစ်စုံတစ်ယောက်သော သူ၏ထံမှ ကိုယ်စားလဲ လှယ်ခြင်းကိုလည်း (ငါအရှင်သည်) လက်ခံတော်မူမည် မဟုတ်။ထို့ပြင်တဝ (ထိုနေ့တွင်) ယင်းသူတို့သည် (အခြားမည်သည့်) ကူညီယိုင်းပင်းမှုကိုမျှလည်း ခံကြရမည်မဟုတ်ပေ။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers







