فَتَلَقَّىٰ آدَمُ مِن رَّبِّهِ كَلِمَاتٍ فَتَابَ عَلَيْهِ ۚ إِنَّهُ هُوَ التَّوَّابُ الرَّحِيمُ ٣٧
🔤 Transliteration
Fatalaqqaaa Aadamu mir Rabbihee Kalimaatin fataaba `alayh; innahoo Huwat Tawwaabur Raheem
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုအခါ ကမ္ဘာဦးဖခင် အာဒမ်(အ)သည် မိမိအား မွေးမြူစောင်မ ကြည့်ရှုတော်မူထသော အရှင့်ထံမှ အချို့သော(ဆုမွန်)များကို သင်ကြားနာယူ၍ (အရှင့်ထံ ဝန်ချတောင်းပန် အသနားခံရာ) အလ္လာဟ်အရှင်မြတ်သည် မိမိကရုဏာတော်ဖြင့် အာဒမ်(အ)ဘက်သို့ လှည့်တော်မူ၍ ချမ်းသာခွင့် ပေးသနားတော်မူလေ၏။ အမှန်စင်စစ် ထိုအရှင်သည်သာလျှင် (ဝန်ချတောင်းပန် အသနားခံသူများအား) အကြိမ်ကြိမ်အဖန်ဖန် ချမ်းသာခွင့် ပေးသနားတော် မူသောအရှင်၊အစဉ်အမြဲ သနားညှာတာ ကြင်နာတော် မူထသောအရှင် ဖြစ်တော်မူပေသတည်း။
🌐 Additional reference in ภาษาไทย
ကလိမဟ် (كَلِمَاتٍ ) — စကားလုံးများ၊ ဤနေရာတွင် အလ္လာဟ်အရှင်မြတ်က အာဒမ် (အလိုင်ဟိစ်စလာမ်) အား သွန်သင်ပေးတော်မူသော တောင်းပန်လျှောက်ထားသည့် စကားလုံးများကို ဆိုလိုသည်။ တလက္ကာ (تَلَقَّى ) — လက်ခံရယူခြင်း၊ နားလည်သဘောပေါက်လျက် လက်ခံခြင်းဟု အဓိပ္ပာယ်ရသည်။
ဖတာဗာ (تَابَ ) — အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူခြင်း၊ ခွင့်လွှတ်တော်မူခြင်းကို ဆိုလိုသည်။
သောင်ဝါဗ် (التَّوَّابُ ) — အလွန်တရာ ဝန်ခံသူများ၏ အပြစ်လွှတ်တော်မူခြင်းကို လက်ခံတော်မူသောအရှင်။
ရဟီမ် (الرَّحِيمُ ) — အလွန်တရာ ကရုဏာထားတော်မူသောအရှင်။
အာဒမ် (အလိုင်ဟိစ်စလာမ်) သည် သူ၏အရှင်မြတ်ထံမှ စကားလုံးအချို့ကို လက်ခံရရှိခဲ့သည်။ ထိုစကားလုံးများမှာ အလ္လာဟ်အရှင်မြတ်က သူ့အား သွန်သင်ပေးတော်မူသော ဝန်ခံတောင်းပန်သည့် စကားများဖြစ်ပြီး၊ "အို ကျွန်ုပ်တို့၏အရှင်မြတ်၊ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို ပြစ်မှားမိပါပြီ။ အကယ်၍ အရှင်မြတ်သည် ကျွန်ုပ်တို့အား ခွင့်လွှတ်တော်မမူဘဲ ကရုဏာထားတော်မမူပါက ကျွန်ုပ်တို့သည် ဆုံးရှုံးသူများထဲတွင် အပါအဝင် ဖြစ်သွားမည်ဖြစ်ပါသည်" ဟူသော စကားများဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သူ၏ဝန်ခံတောင်းပန်မှုကို လက်ခံတော်မူပြီး သူ၏အပြစ်ကို ခွင့်လွှတ်တော်မူခဲ့သည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များထဲမှ ဝန်ခံတောင်းပန်သူများ၏ ဝန်ခံမှုကို အလွန်တရာ လက်ခံတော်မူသောအရှင်၊ သူတို့အပေါ် အလွန်တရာ ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူသည်။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များ ဝန်ခံတောင်းပန်လာပါက လက်ခံတော်မူသောအရှင်၊ ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူကြောင်း သိရှိစေသည်။ မည်မျှပင် ပြစ်မှားခဲ့ပါစေ စိတ်ရင်းမှန်ဖြင့် ဝန်ခံတောင်းပန်ပါက အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူမည်ဖြစ်သည်။ လူသားသည် မှားယွင်းမှုများ ပြုလုပ်နိုင်သော သဘာဝရှိသော်လည်း အကောင်းဆုံးသော နည်းလမ်းမှာ အမှားကို ဝန်ခံပြီး အလ္လာဟ်အရှင်မြတ်ထံ ပြန်လှည့်ခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကျွန်များအား ဝန်ခံတောင်းပန်ရန် စကားလုံးများကို သွန်သင်ပ
فَتَلَقَّىٰٓ ءَادَمُ مِن رَّبِّهِۦ كَلِمَٰتٍ فَتَابَ عَلَيۡهِۚ إِنَّهُۥ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ ٣٧
ထိုအခါ ကမ္ဘာဦးဖခင် အာဒမ်(အ)သည် မိမိအား မွေးမြူစောင်မ ကြည့်ရှုတော်မူထသော အရှင့်ထံမှ အချို့သော(ဆုမွန်)များကို သင်ကြားနာယူ၍ (အရှင့်ထံ ဝန်ချတောင်းပန် အသနားခံရာ) အလ္လာဟ်အရှင်မြတ်သည် မိမိကရုဏာတော်ဖြင့် အာဒမ်(အ)ဘက်သို့ လှည့်တော်မူ၍ ချမ်းသာခွင့် ပေးသနားတော်မူလေ၏။ အမှန်စင်စစ် ထိုအရှင်သည်သာလျှင် (ဝန်ချတောင်းပန် အသနားခံသူများအား) အကြိမ်ကြိမ်အဖန်ဖန် ချမ်းသာခွင့် ပေးသနားတော် မူသောအရှင်၊အစဉ်အမြဲ သနားညှာတာ ကြင်နာတော် မူထသောအရှင် ဖြစ်တော်မူပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 35-39 — စူရာ အလ်-ဗကရ
35 وَقُلْنَا يَا آدَمُ اسْكُنْ أَنتَ وَزَوْجُكَ الْجَنَّةَ وَكُلَا مِنْهَا رَغَدًا حَيْثُ شِئْتُمَا وَلَا تَقْرَبَا هَٰذِهِ الشَّجَرَةَ فَتَكُونَا مِنَ الظَّالِمِينَ
ထို့နောက် ငါ(အလ္လာဟ်အရှင်မြတ်)သည်(အာဒမ်အား) ဤသို့မိန့်ကြားတော်မူ၏။ အို-အာဒမ်၊ အသင်သည် မိမိ ၏ကြင်ယာ(ဟောင်ဝါ)နှင့်တကွ ဂျန္နတ် အမတသုခဘုံ၌ နေထိုင်၍ အသင်တို့ဇနီးမောင်နှံနှစ်ဦးသည် ထိုသုခဘုံတွင် အလိုရှိရာနေရာမှ အာသာဆန္ဒရှိသမျှကို (လွတ်လပ်စွာယူငင်ပြီး)ဖော သီဝပြောစွာ စားသုံးကြကုန်၊ သို့ရာတွင်အသင်တို့သည် ဤအပင်၏အနီးသို့ မချဉ်းကပ်ကြနှင့်၊ (အကယ်၍ထိုအပင်၏အနီးသို့ချဉ်းကပ်၍ ထိုအပင်၏အသီးအနှံကို စားသုံးမိကြလျှင်) အသင်တို့သည် ပြစ်မှု ကျူးလွန်သူများတွင် အပါအဝင်ဖြစ်ကြကုန်လတ္တံ့။
36 فَأَزَلَّهُمَا الشَّيْطَانُ عَنْهَا فَأَخْرَجَهُمَا مِمَّا كَانَا فِيهِ ۖ وَقُلْنَا اهْبِطُوا بَعْضُكُمْ لِبَعْضٍ عَدُوٌّ ۖ وَلَكُمْ فِي الْأَرْضِ مُسْتَقَرٌّ وَمَتَاعٌ إِلَىٰ حِينٍ
ကမ္ဘာဦးဖခင်အာဒမ်(အ)နှင့် ကြင်ရာ တော်(ဟောင်ဝါ) တို့သည် အလ္လာဟ်အရှင်မြတ် ပေးသနားတော်မူသော ဂျန္နတ် အမတသုခဘုံတွင် သုခစည်းစိမ် ရိပ်ငြိမ်ချမ်းသာကို မွေ့လျော်စွာ စံစား၍ နေကြကုန်၏၊) ထိုသို့ နေထိုင်ရာအတွင်း ရှိုင်တွာန်သည် ထိုသစ်ပင်နှင့်စပ်လျဉ်း၍ မာယာပရိယာယ်အားဖြင့် လှည့်ပတ်ဖြားယောင်း သွေးဆောင်ပြီး ထိုကြင်ရာကြင်ဘက်နှစ်ဦးတို့အား တိမ်းပါး ချော်ချွတ်စေ၍ ထိုဥယျာဉ်တော်မှ နှင်ထုတ်လေ၏။ ထိုအခါ ငါအလ္လာဟ် အရှင်မြတ်သည် ဤသို့အမိန့်တော် ချမှတ်တော်မူ၏။ အသင်တို့သည်(ငါ၏ဥယျာဉ်တော်မှ) ဆင်းသွားကြကုန်။ အသင်တို့သည် တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဖြစ်ပွား ရန်ဘက်များဖြစ်ကြအံ့။ ကမ္ဘာမြေပြင်တွင် အသင်တို့အဘို့ သတ်မှတ်ထားသည့် သက်တမ်းတိုင်အောင် နေရာ ထိုင်ခင်းနှင့် အကျိုးခံစားခြင်းရှိအံ့။
37 فَتَلَقَّىٰ آدَمُ مِن رَّبِّهِ كَلِمَاتٍ فَتَابَ عَلَيْهِ ۚ إِنَّهُ هُوَ التَّوَّابُ الرَّحِيمُ
ထိုအခါ ကမ္ဘာဦးဖခင် အာဒမ်(အ)သည် မိမိအား မွေးမြူစောင်မ ကြည့်ရှုတော်မူထသော အရှင့်ထံမှ အချို့သော(ဆုမွန်)များကို သင်ကြားနာယူ၍ (အရှင့်ထံ ဝန်ချတောင်းပန် အသနားခံရာ) အလ္လာဟ်အရှင်မြတ်သည် မိမိကရုဏာတော်ဖြင့် အာဒမ်(အ)ဘက်သို့ လှည့်တော်မူ၍ ချမ်းသာခွင့် ပေးသနားတော်မူလေ၏။ အမှန်စင်စစ် ထိုအရှင်သည်သာလျှင် (ဝန်ချတောင်းပန် အသနားခံသူများအား) အကြိမ်ကြိမ်အဖန်ဖန် ချမ်းသာခွင့် ပေးသနားတော် မူသောအရှင်၊အစဉ်အမြဲ သနားညှာတာ ကြင်နာတော် မူထသောအရှင် ဖြစ်တော်မူပေသတည်း။
38 قُلْنَا اهْبِطُوا مِنْهَا جَمِيعًا ۖ فَإِمَّا يَأْتِيَنَّكُم مِّنِّي هُدًى فَمَن تَبِعَ هُدَايَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
အာဒမ်(အ)နှင့် ကြင်ယာတော် ဟောင်ဝါတို့အား] ငါအရှင်မိန့်ကြားတော်မူသည်မှာ (ယခု) အသင်တို့အားလုံးသည် ဤဂျန္နတ် အမတသုခဘုံမှ ဆင်းသက်သွားကြကုန်၊ နောင်သောအခါကာလ၌ အကယ်၍ ငါ၏အထံတော်မှ တရားဒေသနာများ ကျရောက်လာလျှင် (ကျရောက်မည်လည်းမုချပင်) သို့ငါအရှင် ချမှတ်ပေးအပ်တော်မူသော တရား ဒေသနာတော်တို့ကို အကြင်မည်သူမဆို နာယူ ကျင့်မူပါကထိုကဲ့သို့သော (သူတော်စင် သူတော်မြတ်)တို့သည် စိုးရိမ်ကြောင့်ကြရမည်လည်းမဟုတ်၊ ပူဆွေးကြရမည်လည်းမဟုတ်။
39 وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
သို့ရာတွင် ငါအရှင်၏တရားဒေသနာတော်များကို လိမ်လည်ထားသည့် တရားဒေသနာတော်များ ဖြစ်သည်ဟုစွပ်စွဲ၍ (ငါ့အား) ငြင်းပယ်သူများကား ငရဲသားများ ဖြစ်ကြသည်။ ယင်းသူတို့သည် ထိုငရဲတွင် ထာဝစဉ်ခံစားကြရမည့်သူ သစ္စာကတိကို အတည်ပြုတော်မူအံ့၊ (သို့ဖြစ်ရာ) အသင်တို့သည် ငါအရှင်ကိုသာလျှင် ကြောက်ရွံ့ ရိုသေ ကြကုန်လော့။
ဘာသာပြန် — အလ်-ဗကရ 37 စူရာ အလ်-ဗကရ အာယာသ် 37 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအခါ ကမ္ဘာဦးဖခင် အာဒမ်(အ)သည် မိမိအား မွေးမြူစောင်မ ကြည့်ရှုတော်မူထသော အရှင့်ထံမှ အချို့သော(ဆုမွန်)များကို သင်ကြားနာယူ၍ (အရှင့်ထံ…
စူရာ အာယာသ် 37/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 35–39. မြန်မာဘာသာ: ภาษาไทย.