وَعَلَّمَ آدَمَ الْأَسْمَاءَ كُلَّهَا ثُمَّ عَرَضَهُمْ عَلَى الْمَلَائِكَةِ فَقَالَ أَنبِئُونِي بِأَسْمَاءِ هَٰؤُلَاءِ إِن كُنتُمْ صَادِقِينَ ٣١
🔤 Transliteration
Wa `allama Aadamal asmaaa`a kullahaa summa `aradahum `alal malaaa`ikati faqaala ambi`oonee bias maaa`i haaa`ulaaa`i in kuntum saadiqeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာဦးဖခင် အာဒမ်(အ) အား အရာဝတ္ထုများ၏ အမည်နာမ အားလုံးတို့ကို သင်ကြားပေးသနားတော်မူ၏။ သို့ သင်ကြားပြီးသည့်နောက် အလ္လာဟ်အသျှင်မြတ်သည် ထိုအမည်ပါ ဝတ္ထုအစုစုကို အပါးတော်စေတမန်များ၏ ရှေ့ဝယ်၌ ပြတော်မူ၍ ဤသို့မိန့်တော်မူ၏၊(အပါးတော် စေတမန် အပေါင်းတို့) အကယ်၍အသင်တို့သည် မှန်ကန်သောစကားကို ပြောဆိုသောသူများ ဖြစ်ကြ ပါလျှင် ဤအရာဝတ္ထုများ၏ အမည်နာမများကို ငါ့အား(သေချာဂနစွာ) တင်လျှောက်ကြကုန်။
🌐 Additional reference in ภาษาไทย
၁။ ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက်များ وَعَلَّمَ (ဝသုလ္လမ) — သင်ကြားပေးခဲ့သည်။الْأَسْمَاءَ (အလ်အစ္စမာအ်) — နာမည်များ၊ အမည်နာမများ။ ဤနေရာတွင် အရာဝတ္ထုများ၏ အမည်များ၊ လက္ခဏာများနှင့် အနက်အဓိပ္ပာယ်များကို ဆိုလိုသည်။كُلَّهَا (ကုလ္လဟာ) — အားလုံးကို။عَرَضَهُمْ (အရဒဟွမ်) — ထိုအရာများကို တင်ပြခဲ့သည်။ "ဟွမ်" ဟူသော နာမ်စားသည် သတိရှိသောသူများအတွက် သုံးသော နာမ်စားဖြစ်သော်လည်း ဤနေရာတွင် အရာဝတ္ထုများကို ရည်ညွှန်းသည်။أَنبِئُونِي (အန်ဗိအူနီ) — ငါ့အား ပြောပြကြပါ။صَادِقِينَ (ဆွာဒိကီးန) — မှန်ကန်သောသူများ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အလ္လာဟ်အရှင်မြတ်သည် အာဒမ် (အလိုင်ဟိစ္စလာမ်) အား အရာဝတ္ထုအားလုံး၏ အမည်နာမများ၊ စကားလုံးများနှင့် အနက်အဓိပ္ပာယ်များကို သင်ကြားပေးတော်မူခဲ့သည်။ ထိုအရာများတွင် တိရစ္ဆာန်များ၊ အသက်မဲ့အရာဝတ္ထုများ အစရှိသည့် အရာအားလုံး ပါဝင်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ထိုအမည်တပ်ခံအရာဝတ္ထုများကို ကောင်းကင်တမန်များ၏ ရှေ့မှောက်တွင် တင်ပြတော်မူပြီး "သင်တို့သည် ဤအရာများ၏ အမည်များကို ငါ့အား ပြောပြကြလော့။ သင်တို့သည် (မိမိတို့က အာဒမ်ထက် ပိုမိုထိုက်တန်သည်၊ ပိုမိုမြင့်မြတ်သည်ဟု) ပြောဆိုရာတွင် မှန်ကန်သည်ဆိုလျှင်" ဟု မိန့်တော်မူခဲ့သည်။
ဤသည်မှာ အာဒမ် (အလိုင်ဟိစ္စလာမ်) ၏ ဂုဏ်ကျေးဇူးနှင့် အဆင့်အတန်းကို ထင်ရှားစေခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် လူသားကို အသိပညာဖြင့် ချီးမြှင့်တော်မူပြီး ကောင်းကင်တမန်များထက် သာလွန်စေတော်မူခဲ့သည်။ ကောင်းကင်တမန်များသည် မိမိတို့က အာဒမ်ထက် ပိုမိုမြင့်မြတ်သည်ဟု ထင်မြင်ခဲ့ကြသော်လည်း အလ္လာဟ်အရှင်မြတ်သည် အာဒမ်အား အရာအားလုံး၏ အမည်များကို သင်ကြားပေးခြင်းဖြင့် သူ၏ သာလွန်မှုကို သက်သေပြတော်မူခဲ့သည်။ ကောင်းကင်တမန်များသည် ထိုအရာများ၏ အမည်များကို မသိရှိကြသဖြင့် မိမိတို့၏ အသိပညာ အကန့်အသတ်ရှိမှုကို ဝန်ခံခဲ့ကြရသည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ ၁။ အလ္လာဟ်အရှင်မြတ်သည် အသိပညာကို ချီးမြှင့်ပေးတော
وَعَلَّمَ ءَادَمَ ٱلۡأَسۡمَآءَ كُلَّهَا ثُمَّ عَرَضَهُمۡ عَلَى ٱلۡمَلَٰٓئِكَةِ فَقَالَ أَنۢبِـُٔونِي بِأَسۡمَآءِ هَٰٓؤُلَآءِ إِن كُنتُمۡ صَٰدِقِينَ ٣١
အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာဦးဖခင် အာဒမ်(အ) အား အရာဝတ္ထုများ၏ အမည်နာမ အားလုံးတို့ကို သင်ကြားပေးသနားတော်မူ၏။ သို့ သင်ကြားပြီးသည့်နောက် အလ္လာဟ်အသျှင်မြတ်သည် ထိုအမည်ပါ ဝတ္ထုအစုစုကို အပါးတော်စေတမန်များ၏ ရှေ့ဝယ်၌ ပြတော်မူ၍ ဤသို့မိန့်တော်မူ၏၊(အပါးတော် စေတမန် အပေါင်းတို့) အကယ်၍အသင်တို့သည် မှန်ကန်သောစကားကို ပြောဆိုသောသူများ ဖြစ်ကြ ပါလျှင် ဤအရာဝတ္ထုများ၏ အမည်နာမများကို ငါ့အား(သေချာဂနစွာ) တင်လျှောက်ကြကုန်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 29-33 — စူရာ အလ်-ဗကရ
29 هُوَ الَّذِي خَلَقَ لَكُم مَّا فِي الْأَرْضِ جَمِيعًا ثُمَّ اسْتَوَىٰ إِلَى السَّمَاءِ فَسَوَّاهُنَّ سَبْعَ سَمَاوَاتٍ ۚ وَهُوَ بِكُلِّ شَيْءٍ عَلِيمٌ
ထို(အလ္လာဟ်)အရှင်မြတ်သည် သင်တို့အကျိုးအလို့ငှာ ပထဝီမြ ွင် ရှိရှိသမျှသော ဝတ္ထုအစုစုကို ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်သည် မိမိဆန္ဒတော် အတိုင်းမိုးကောင်းကင်ဘက်သို့ လှည့်တော်မူ၍ မိုးခုနစ်ထပ်ကို နေထားကျနစွာ ပြုလုပ်တော်မူ၏၊ စင်စစ်တမူကား ထိုအရှင်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူသည်။
30 وَإِذْ قَالَ رَبُّكَ لِلْمَلَائِكَةِ إِنِّي جَاعِلٌ فِي الْأَرْضِ خَلِيفَةً ۖ قَالُوا أَتَجْعَلُ فِيهَا مَن يُفْسِدُ فِيهَا وَيَسْفِكُ الدِّمَاءَ وَنَحْنُ نُسَبِّحُ بِحَمْدِكَ وَنُقَدِّسُ لَكَ ۖ قَالَ إِنِّي أَعْلَمُ مَا لَا تَعْلَمُونَ
(အို-နဗီတမန်တော်၊ အသင်သည် ပြန်လည်စဉ်းစား သတိရလော့) တရံရောအခါ အသင့်အား မွေးမြူတော်မူသော အရှင်က (မိမိ၏) အပါးတော် စေတမန်များအား ဧကန်အမှန် ငါအရှင်သည် ကမ္ဘာပေါ်ဝယ် (ငါ၏အမိန့်အာဏာ၏တော်များကို ထုတ်ပြန်ကျေညာရန်အလို့ငှာ လူတို့၏ဖခင်) အာဒမ်(အ) အား (ငါ၏) ကိုယ်စားလှယ်တော်အဖြစ် မြှောက် စားခန့်အပ်တော်မူမည်ဟု မိန့်ကြား တော်မူသည်။ထိုအခါ အပါးတော် စေတမန်များက(ဤသို့) လျှောက် တင်ပန်ကြားကြကုန်၏။ (အို-အရှင်) ကမ္ဘာ မြေပြင်၌ ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်၍ အချင်း ချင်းသတ်ဖြတ်ပြီး သွေးထွက်သံယို ပြုလုပ်ကြမည့်သူများကို ကိုယ်တော်အရှင်သည်(ဖန်ဆင်းတော်မူ၍ မိမိ၏ကိုယ်စားလှယ်တော်အဖြစ်) မြှောက်စား ခန့်အပ်တော် မူပါမည်လော၊ အမှန်စင်စစ် ကိုယ်တော်အရှင်သည် ချို့တဲ့ခြင်းအပေါင်းတို့မှ လုံးဝ သန့်ပြန့်စင်ကြယ်တော်မူကြောင်းကို ကျွန်တော်မျိုးတို့သာလျှင် အမြဲအောင်းမေ့ တသကြပါ၏။ ကိုယ်တော်အရှင်မြတ်၏ ဂုဏ်တော်များကို ချီးမွမ်းထောမနာပြု၍ အစဉ်အမြဲ ဘာဝနာစီးဖြန်းကြပါ၏။ထိုအခါ အလ္လာဟ်အရှင်မြတ်က(အပါးတော် စေတမန် အပေါင်းတို့) အသင်တို့ မသိနားမလည်သော အကြောင်းအချက်များကို ငါအရှင်သာလျှင် မုချသိတော်မူသည်။ ဟုပြန်လည် ဖြေကြားတော် မူလေသည်။
31 وَعَلَّمَ آدَمَ الْأَسْمَاءَ كُلَّهَا ثُمَّ عَرَضَهُمْ عَلَى الْمَلَائِكَةِ فَقَالَ أَنبِئُونِي بِأَسْمَاءِ هَٰؤُلَاءِ إِن كُنتُمْ صَادِقِينَ
အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာဦးဖခင် အာဒမ်(အ) အား အရာဝတ္ထုများ၏ အမည်နာမ အားလုံးတို့ကို သင်ကြားပေးသနားတော်မူ၏။ သို့ သင်ကြားပြီးသည့်နောက် အလ္လာဟ်အသျှင်မြတ်သည် ထိုအမည်ပါ ဝတ္ထုအစုစုကို အပါးတော်စေတမန်များ၏ ရှေ့ဝယ်၌ ပြတော်မူ၍ ဤသို့မိန့်တော်မူ၏၊(အပါးတော် စေတမန် အပေါင်းတို့) အကယ်၍အသင်တို့သည် မှန်ကန်သောစကားကို ပြောဆိုသောသူများ ဖြစ်ကြ ပါလျှင် ဤအရာဝတ္ထုများ၏ အမည်နာမများကို ငါ့အား(သေချာဂနစွာ) တင်လျှောက်ကြကုန်။
32 قَالُوا سُبْحَانَكَ لَا عِلْمَ لَنَا إِلَّا مَا عَلَّمْتَنَا ۖ إِنَّكَ أَنتَ الْعَلِيمُ الْحَكِيمُ
အပါးတော် စေတမန်များက (အလ္လာဟ်အရှင်မြတ်၏အထံတော်၌ ဤသို့လျှောက်ထားကြကုန်သည်) အိုအရှင်၊ ကိုယ် တော်အရှင်မြတ်သည် ချို့တဲ့ခြင်းအပေါင်းတို့မှ သန့်ရှင်း စင်ကြယ်တော်မူသော အရှင် ဖြစ်တော်မူပါသည်။ အရှင်သင်ကြား ပေးသနားတော်မူသော ပညာရပ်များမှအပ ကျွန်တော်မျိုးတို့အဘို့မှာ အခြားအသိတရား ဟူ၍ အလျင်းမရှိပါ။ ဧကန်မုချ ကိုယ်တော် အရှင်သည်သာလျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံ တရားနှင့် ပြည့်စုံတော်မူသော အရှင် ဖြစ်တော်မူပါသတည်း။
33 قَالَ يَا آدَمُ أَنبِئْهُم بِأَسْمَائِهِمْ ۖ فَلَمَّا أَنبَأَهُم بِأَسْمَائِهِمْ قَالَ أَلَمْ أَقُل لَّكُمْ إِنِّي أَعْلَمُ غَيْبَ السَّمَاوَاتِ وَالْأَرْضِ وَأَعْلَمُ مَا تُبْدُونَ وَمَا كُنتُمْ تَكْتُمُونَ
အလ္လာဟ်အရှင်မြတ်က အို-အာဒမ်၊ အသင်သည် ထိုအပါးတော် စေတမန်များအား ထို အရာဝတ္ထု များ၏အမည်နာမများကို ထုတ်ဖော်၍ ပြောပြပါလေဟု မိန့်ကြားတော်မူရာ [(ကမ္ဘာဦးဖခင်) အာဒမ်(အ)သည် အပါးတော်စေတမန်များအား ထို အရာဝတ္ထုအသီးသီးတို့၏ အမည်နာမများကို (သေချာစွာ) ထုတ်ဖော်၍ ပြောပြလေ၏။] သို့ပြောပြပြီးသည့်အခါ အလ္လာဟ်အရှင်မြတ်သည် အပါး တော်စေတမန်များအား ဤသို့မိန့်ကြားတော်မူ၏၊ (အပါးတော်စေတမန်အပေါင်းတို့) ငါအရှင်သည် မိုးကောင်းကင်များနှင့် ပထဝီပြင်၌ ဖုံးကွယ်လျက်ရှိသော အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသည် ဟု သင်တို့အား မိန့်ကြားတော်မူခဲ့ဘူးသည် မဟုတ်ပါလော။ ထို့ပြင်တဝ ငါအရှင်သည် အသင်တို့ ထုတ်ဖော်ပြောဆိုသည်များကို လည်းကောင်း၊ လျှို့ဝှက်ဖုံးကွယ် ထိန်ချန်ထားရှိခဲ့ကြသည့် အရာများကိုလည်းကောင်း၊ အကြွင်းမဲ့သိတော်မူသည်။
ဘာသာပြန် — အလ်-ဗကရ 31 စူရာ အလ်-ဗကရ အာယာသ် 31 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာဦးဖခင် အာဒမ်(အ) အား အရာဝတ္ထုများ၏ အမည်နာမ အားလုံးတို့ကို သင်ကြားပေးသနားတော်မူ၏။ သို့ သင်ကြားပြီးသည့်နောက်…
စူရာ အာယာသ် 31/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 29–33. မြန်မာဘာသာ: ภาษาไทย.