စူရာ လုက်မာန်
PDF —
34 အာယာသ် Meccan PDF
Built right in your browser — download starts automatically

စူရာ လုက်မာန် pdf — ဒေါင်းလုဒ် (မြန်မာ)

စူရာ လုက်မာန် pdf မြန်မာ — ဒေါင်းလုဒ် စူရာ လုက်မာန် ဘာသာပြန်. လုက်မာန် (Meccan) 34 အာယာသ်.



စူရာ လုက်မာန်
34 အာယာသ် · Meccan · မြန်မာ
bismillah
ﭑﭒ
အလစ်ဖ်၊ လာမ်၊ မီမ်။
ﭓﭔﭕﭖﭗ
ဤသည် ဉာဏ်ပညာနှင့် ပြည့်စုံသော ကျမ်းဂန်၏(အကြင်) အာယတ်တော်များပင်။
ﭘﭙﭚﭛ
(ယင်း အာယတ်တော်များသည် အကြင်) သူမွန်သူမြတ်တို့အဖို့ တရားလမ်းညွှန်သည်လည်း ကောင်း၊ ကရုဏာတော်သည်လည်းကောင်း ဖြစ်ကြပေသည်။
ﭜﭝﭞﭟﭠﭡﭢﭣﭤﭥ
(ထိုသူမွန်သူမြတ်တို့သည်) ဆွလာတ် ဝတ်ပြုမှုကို ဆောက်တည်ကြကုန်၏။ ၎င်းပြင် ဇကာတ် ပေးဆောင်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် တမလွန်ဘဝကို ယုံကြည်ကြကုန်၏။
ﭦﭧﭨﭩﭪﭫﭬﭭﭮﭯ
ထိုသူတို့ကား မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် အထံတော်မှ တရားလမ်းမှန်ပေါ်၌ (ရပ်တည်လျက်) ရှိကြပေသည်။ ထိုသူတို့သည်သာလျှင် အောင်မြင်မှုရရှိသောသူများ ဖြစ်ကြကုန်သတည်း။
ﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀﮁﮂﮃ
း 6| စင်စစ်သော်ကား လူတို့အနက် အသိပညာသက်သေအထောက်အထားမရှိဘဲ(သူတစ်ပါးတို့အား)အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ချွတ်ချော်တိမ်းပါး စေအံ့သောငှာလည်းကောင်း၊ ယင်းလမ်းတော်ကို ပြက်ရယ်ပြောင်လှောင်ဖွယ်ရာ ပြုလုပ်အံ့သောငှာလည်းကောင်း၊ အချည်းနှီး အကျိုးမဲ့သောစကားကို ဝယ်ယူသောသူလည်းရှိ၏။ ယင်းကဲ့သို့သောသူတို့၌ဂုဏ်အသရေ ပျက်စေသောပြစ်ဒဏ်ရှိချေမည်။
ﮄﮅﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕ
၎င်းပြင် ထိုသူ၏ရှေ့၌ ငါအရှင်မြတ်၏ အာယတ် တော်များ ဖတ်ကြားသောအခါ ထိုသူသည် ယင်း(အာယတ်တော်)များကို မကြားဘိသကဲ့သို့ လည်းကောင်း၊ ထိုသူ၏နားနှစ်ဖက်သည် ပင်းနေဘိသကဲ့သို့လည်းကောင်း မျက်နှာလွှဲ၍ သွားလေ၏။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော၊်)အသင်သည်၎င်းအား ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်နှင့်စပ်လျဉ်းသော သတင်းကို ပြောကြားပါလေ။
ﮖﮗﮘﮙﮚﮛﮜﮝﮞ
ဧကန်မလွဲ အီမာန် သက်ဝင်ယုံကြည်၍ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက် တည်ကြကုန်သော သူတို့အဖို့ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသောဥယျာဉ်များ ရှိကြပေသည်။
ﮟﮠﮡﮢﮣﮤﮥﮦﮧﮨﮩ
(၎င်းတို့သည်) ယင်းဥယျာဉ်များ၌ အမြဲထာဝစဉ် နေထိုင်စံမြန်းကြပေမည်။ (ဤသည်) အလ္လာဟ် အရှင်မြတ်က မှန်ကန်စွာ ကတိထားရှိတော်မူခြင်းပင် ဖြစ်ပေသည်။ အမှန်စင်စစ်သော်ကား ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့်လွှမ်းမိုးတော်မူသော၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨ
ထိုအရှင်မြတ်သည် မိုးကောင်းကင်များကို(အသင်တို့ မမြင်နိုင်ကြသောတိုင်များနှင့်) ဖန်ဆင်း တော်မူခဲ့၏။ (တစ်နည်း) အသင်တို့ မြင်နေကြသည့် အတိုင်း တိုင်များမပါဘဲ ဖန်ဆင်းတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပထဝီမြေ၌ ယင်းပထဝီမြေသည် အသင်တို့နှင့်တကွ ယိမ်းယိုင်မသွားစေရန် လေးလံသောတောင်များကို (ကျောက်ဆူးများသဖွယ်) ချထားတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေဝယ် သတ္တဝါအမျိုးမျိုးတို့ကို ပြန့်ပွားစေတော်မူ၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် မိုးကောင်းကင်မှ (မိုး)ရေကိုချပေးသနားတော်မူပြီးနောက် ယင်းပထဝီမြေ၌ ကောင်းမြတ်သော(သစ်ပင်၊ ဝါးပင်)အမျိုးမျိုး အစားစားတို့ကို ပေါက်ရောက်စေတော်မူပေသည်။
ﯩﯪﯫﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶﯷﯸ
ဤသည်(တို့)ကား အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံများ^ဖန်ဆင်းမှုများပင်။ သို့ဖြစ်ပေရာ အသင်တို့သည်ထိုအရှင်မြတ်အပြင် ရှိကြသောသူတို့က မည်သည့်အရာများဖန် ဆင်းခဲ့ကြသည်ကို ငါ့အားပြသကုန်လော့။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာမူကား မတရားသောသူတို့သည် ထင်ရှားစွာသောလမ်းမှား၌ပင် ရှိကြကုန်သတည်း။
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥ
ထို့ပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ‘လွတ်က်မာန်’အား ဉာဏ်ပညာကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ (၎င်းပြင်) အသင်သည် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ပါလေ။ စင်စစ်သော်ကား မည်သူမဆို ကျေးဇူးတင်ရှိပါမူ ထိုသူသည် မိမိအကျိုးငှာသာလျှင် ကျေးဇူးတင်လေသည်။ သို့ရာတွင်မည်သူမဆို ကျေးဇူးကန်းခဲ့မူ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသော၊ အလွန်တရာချီးမွမ်းခြင်း ခံထိုက်တော်မူသော အရှင်ဖြစ်တော်မူသည်ဟူ၍(အမိန့်တော် ထုတ်ပြန်တော်မူခဲ့ပေသတည်း)။
ﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵ
၎င်းပြင် တစ်ရံရောအခါဝယ် လွတ်က်မာန်သည် မိမိသားကို ဆုံးမဩဝါဒပေးရာ၌(ဤ)သို့ ပြောကြားခဲ့လေ၏။ အို-ချစ်သား၊ အသင်သည် (မည်သည့်တစ်စုံတစ်ရာကိုမျှပင်) အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်မှုကို မပြုလေနှင့်။ (အကြောင်းမူကား)မချွတ်ဧကန်တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်) မှုသည် အမှန်ပင် ကြီးလေးလှစွသောမတရား မှု ဖြစ်သောကြောင့်တည်း။
ﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇ
ထိုမှတစ်ပါး ငါ(အလ္လာဟ်)အရှင်မြတ်သည်မနုဿ လူသားအား ၎င်း၏မိဘနှစ်ပါးနှင့် ပတ်သက်၍ (ဤသို့)လေးနက်စွာ အမိန့်ပေးတော်မူခဲ့၏။ ၎င်း၏မိခင်မှာ အားအင်ချည့်နဲ့မှုအပေါ်၌ အားအင်ချည့်နဲ့မှုကို ခံစားလျက် ၎င်းအား (မိမိဝမ်းတွင်း၌) လွယ်ပိုက်ခဲ့လေ၏။ ထိုမှတစ်ပါးနှစ်နှစ်မြောက်သောအခါ၌သာလျှင် ၎င်းအား နို့ဖြတ်လေ၏။(သို့ဖြစ်ပေရာ) အသင်သည် ငါအရှင်မြတ်အားလည်းကောင်း၊အသင်၏မိဘနှစ်ပါးတို့အားလည်းကောင်း၊ ကျေးဇူးတင်လော့၊(အသင်လူသား၏) ပြန်လည်ရာဌာနသည် ငါ အရှင်မြတ်အထံတော်၌ပင် ဖြစ်လေသည်။
ﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨ
သို့ရာတွင် အကယ်၍သာ ထိုမိဘနှစ်ပါးတို့သည် အသင်၌ သက်သေအထောက်အထား အသိပညာတစ်စုံတစ်ရာမရှိသော အရာတစ်ခုခုကို ငါအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ရန် အသင့်အား အနိုင်အထက်ပြုခဲ့ကြသည်ရှိသော် အသင်သည် ထိုမိဘနှစ်ပါး၏အမိန့်ကိုပင် မလိုက်နာလေနှင့်။ သို့ရာတွင် အသင်သည် ဤလောကီဘဝ၌မူ ထိုမိဘနှစ်ပါးနှင့် ကောင်းမွန်စွာဆက်ဆံလော့။ ထိုမှတစ်ပါးအသင်သည် ငါအရှင်မြတ်ဘက်သို့ စိတ်စေတနာ ဖြူစင်စွာပြန်လှည့်သောသူ၏လမ်းစဉ်ကို လိုက်နာလော့။ အသင်တို့ (အားလုံး)မှာ ငါအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လှည့်၍ လာကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် အသင်တို့ ကျင့်မူပြုလုပ် ခဲ့ကြသည်တို့ကို အသင်တို့အား သိစေတော်မူအံ့သတည်း။
ﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣ
အို-ချစ်သား၊ မုချဧကန် အပြုအမူတစ်စုံတစ်ရာသည် မုန်ညင်းစေ့ခန့်မျှဖြစ်ပြီး၊ ကျောက်ဆောင်တစ်ခုခု၌ ရှိနေသည်ဖြစ်စေ၊ မိုးကောင်းကင်များ၌ ရှိနေသည်ဖြစ်စေ၊ ပထဝီမြေအတွင်း၌ရှိနေသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်သည် ယင်းအပြုအမူကို (ရှေ့တော်မှောက်ဝယ်) အသင့်ရောက်စေတော်မူမည်ဖြစ်သည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် နက်နဲသိမ်မွေ့သောအရာတို့ကို အလွန်တရာ သိမြင်တော်မူသောအရှင်၊ အလွန်တရာ ကြားသိတော်မူသောအရှင် ဖြစ်တော်မူ၏။
ﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶ
အို-ချစ်သား၊ အသင်သည် ‘ဆွလာတ်’ ဝတ်ပြုမှုကို ဆောက်တည်ပါလေ။ ၎င်းပြင် အသင်သည် (သူတပါးတို့အားလည်း) ကောင်းမှု(ပြုလုပ်ကြရန်)နှင့်စပ်လျဉ်း၍ အမိန့်ပေးပါလေ။ ထို့ပြင် အသင်သည် မကောင်းမှုမှ(ကြဉ်ရှောင်ကြရန်)တားမြစ်ပါလေ။ ထိုမှတစ်ပါး အသင်သည် မိမိ၌ သက်ရောက်အံ့သော ဘေးဒုက္ခနှင့်စပ်လျဉ်း၍ ကြံ့ခိုင်စွာရှိပါလေ။ ဧကန်မလွဲ ဤ(ကြံ့ခိုင်စွာရှိခြင်း)သည် ဇွဲသတိ္တနှင့်သက်ဆိုင်သောအမှုကိစ္စတို့အနက်မှပင် ဖြစ်ချေသည်။
ﯷﯸﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆﰇﰈ
၎င်းပြင် (အို-ချစ်သား) အသင်သည် လူတို့ရှေ့ဝယ် မိမိမျက်နှာကို စူ၍မထားလေနှင့်။ (လူတို့ဘက်မှ မိမိမျက်နှာကို မလွှဲပါလေနှင့်၊) ထို့ပြင် အသင်သည် ပထဝီမြေဝယ်မော်ကြွားလျက်လမ်းမလျှောက်လေနှင့်။ ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် မည်သည့်စိတ် နေမြင့်သူ၊ အထင်ကြီးသူ၊ ဝါကြွားသူ၊ ဂုဏ်မောက်သူ တို့ကို နှစ်သက်တော်မူသည်မဟုတ်ပေ။
ﰉﰊﰋﰌﰍﰎﰏﰐﰑﰒﰓﰔﰕ
ထို့ပြင် အသင်သည် မိမိလမ်းလျှောက်မှု၌အလယ်အလတ်ပြုလုပ်ပါလေ။ ဣန္ဒြေစောင့်စည်းပါလေ။ထိုမှတစ်ပါး အသင်သည် မိမိအသံကို နှိမ့်ချပါလေ။ မလွဲဧကန်စက်ဆုပ်ဖွယ်အဖြစ်ဆုံး အသံကား မြည်း သတ္တဝါတို့၏အသံပင်ဖြစ်ချေသတည်း။
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰ
အသင်တို့သည် မမြင်ခဲ့ကြလေသလော၊ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အကျိုးငှာ မိုးကောင်းကင်၌ရှိသည်တို့ကိုလည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့ကိုလည်းကောင်း၊အသုံးချနိုင်စေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိ၏ထင်ရှားသော ကျေးဇူးတော်များကိုလည်းကောင်း၊ မထင်ရှားသော ကျေးဇူးတော်များကိုလည်းကောင်း၊ အသင်တို့အပေါ်ဝယ် အပြည့်အစုံ ချပေးသနားတော်မူ၏။ သို့ရာတွင် လူတို့အနက် အချို့မှာမူကား မည်သည့်ပညာ သက်သေအထောက်အထားမျှလည်း ကောင်း၊ မည်သည့်တရားလမ်းညွှန်မှုမျှလည်းကောင်း၊ မည်သည့် ထွန်းလင်းသောကျမ်းဂန်မျှလည်းကောင်း၊ မရှိပါဘဲလျှက် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ အငြင်းအခုံ ပြုလုပ်လေ့ရှိကြကုန်၏။
ﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇ
ထိုမှတစ်ပါး ၎င်းတို့အား၊ အသင်တို့သည်အလ္လာဟ်အရှင်မြတ် ချပေးသနားတော်မူသည်ကို လိုက်နာကြလေကုန်ဟု ပြောကြားခဲ့သည်ရှိသော်၊ ၎င်းတို့က ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာမူကား ကျွန်ုပ်တို့သည် မိမိတို့အဖ၊ ဘိုး၊ ဘေးတို့လိုက်နာခဲ့ကြသည်ကို တွေ့ရှိကြရသောလမ်းစဉ်ကိုသာကျွန်ုပ်တို့လိုက်နာကြမည်ဟု ပြောဆိုဖြေကြားခဲ့ကြကုန်၏။ ထိုအဖ၊ဘိုး၊ ဘေး တို့အား ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ငရဲဘုံ၏ပြစ်ဒဏ်ကို ဖိတ်ခေါ်လျက်ရှိငြားအံ့လည်း (၎င်းတို့သည် ထိုအဖ၊ဘို၊ ဘေးတို့၏လမ်းစဉ်ကို လိုက်နာကြဦးမည်လော။)
ﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙ
စင်စစ်သော်ကား မည်သူမဆို မိမိကိုယ်ကိုအလ္လာဟ်အရှင်မြတ် အထံတော်သို့ လုံးဝအပ်နှင်းလွှဲအပ် သည့်ပြင်၊ ထိုသူသည် ကောင်းမှုပြုသူလည်းဖြစ်ပါမူ၊ မလွဲဧကန် ထိုသူသည် လွန်စွာခိုင်မြဲသော ကြိုးကွင်းကိုဆွဲကိုင်၍ ထားရှိပြီဖြစ်၏။စင်စစ် အမှုကိစ္စအလုံးစုံတို့၏ အဆုံးသတ်ခြင်းမှာ အလ္လာဟ်အရှင်မြတ် အထံတော်၌ဖြစ်၏။
ﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫ
သို့ရာတွင် မည်သူမဆို သွေဖည်ငြင်းပယ်ခဲ့ပါမူ၊ထိုသူ၏ သွေဖည်မှုသည် အသင့်အား ပူဆွေးစေခြင်း မဖြစ်စေရ။ ၎င်းတို့သည် ငါအရှင်မြတ်အထံတော်သို့ သာလျှင် ပြန်လည်ရောက်ရှိကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် ၎င်းတို့အား၎င်းတို့ကျင့်မူပြုလုပ်ခဲ့ ကြသည်များကို သိစေတော်မူမည်။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများအတွင်း၌ရှိသည်တို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
ﮬﮭﮮﮯﮰﮱﯓﯔ
ငါအရှင်မြတ်သည် နေ့ရက်အနည်းငယ်မျှပင်၊၎င်းတို့အား အကျိုးခံစားခွင့်ပေးတော်မူသည်။ ထို့နောက်ငါအရှင်မြတ်သည် ၎င်းတို့အား ပြင်းထန်လှစွာသော ပြစ်ဒဏ်သို့ အတင်းအကြပ်မောင်းနှင် ပို့ဆောင်တော်မူအံ့သတည်း။
ﯕﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦ
စင်စစ်သော်ကား အကယ်၍ အသင်သည် ထိုသူတို့အား မိုးကောင်းကင်များနှင့်ပထဝီမြေကို မည်သူဖန်ဆင်းခဲ့သနည်းဟု မေးမြန်းခဲ့ပါလျှင် မုချဧကန် ၎င်းတို့က အလ္လာဟ်အရှင်မြတ်ပင် (ဖန်ဆင်းတော်မူခဲ့သည်)ဟု ပြောဆိုကြမည်သာ။(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ ချီးမွမ်းထောပနာ အပေါင်းတို့ကို အလ္လာဟ်အရှင်မြတ်သည်သာလျှင်ခံယူထိုက်တော်မူ၏။ သို့ရာ တွင် ၎င်းတို့အနက် အများစုမှာမူကား မသိကြပေ။
ﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲ
မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည်လည်းကောင်း အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာချည်းသာဖြစ်ကုန်၏။စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ် သည်သာလျှင် လိုလားတောင့်တခြင်းကင်းမဲ့တော်မူသော၊ ချီးမွမ်းခြင်းခံရတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
ﯳﯴﯵﯶﯷﯸﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆﰇﰈﰉ
စင်စစ်သော်ကား၊ အကယ်၍ အမှန်ဧကန်ပထဝီမြေ၌ ရှိကုန်သော သစ်ပင်အသီးသီးတို့သည် ကလောင်များဖြစ်၍ သမုဒ္ဒရာပင်လယ်သည် (မင်ဖြစ်ပြီး၊ ယင်းပင်လယ်ကုန်ခန်းပြီးနောက်) သမုဒ္ဒရာ ပင်လယ်ခုနစ်ခုသည် ယင်း(ခန်းခြောက်ပြီးဖြစ်သော) ပင်လယ်ကို ထပ်မံ၍ဖြည့်အံ့ငြားလည်းအလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကား ကုန်ဆုံးမည်မဟုတ်ပေ။ မချွတ်မလွဲ အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသော၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
ﰊﰋﰌﰍﰎﰏﰐﰑﰒﰓﰔﰕﰖ
အသင်တို့အား ဖန်ဆင်းတော်မူခြင်းနှင့် အသင်တို့အား (သေပြီးနောက်တဖန်) ရှင်ပြန်ထစေတော်မူ ခြင်းသည်လူတစ်ယောက်(ကိုဖန်ဆင်းတော်မူခြင်း၊ သို့မဟုတ် လူတစ်ယောက်အား ရှင်ပြန်ထစေတော်မူခြင်း) ကဲ့သို့သာဖြစ်သည်။အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာကြားတော်မူသော၊ အလွန်တရာ မြင်တော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫ
အသင်သည် မသိမမြင်ခဲ့လေသလော၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ည(၏အစိတ်အပိုင်းများ)ကို နေ့တွင်လည်းကောင်း၊ နေ့(၏ အစိတ်အပိုင်းများ)ကို ညတွင်လည်းကောင်း ဝင်စေတော်မူ၏။ ထို့ပြင်၊ ထိုအရှင်မြတ်သည် ‘နေ’ကိုလည်းကောင်း၊ ‘လ’ ကို လည်းကောင်း နိုင်နင်းစေတော်မူ၏။ယင်း (‘နေ’နှင့်’လ’) အသီးသီးတို့သည် သတ်မှတ်ပြဌာန်းအပ်သော အချိန်ကာလတိုင်အောင် သွားလာလှုပ်ရှားလျက်ပင်ရှိပေမည်။ ထိုမှတစ်ပါး အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်ကြသည်တို့ကို အကြွင်းမဲ့ ကြားသိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။
ﭬﭭﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼ
ဤသည်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် အမှန်အကန်(ထာဝရတည်ရှိနေတော်မူမည်) ဖြစ်သောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး၊ထိုသူတို့ဟစ်ခေါ်တမ်းတကြကုန်သော အရာများသည် အမှားပင်(ဖြစ်၍ပျက်စီးသွားကြမည်)သာ ဖြစ်သောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်သာလျှင် လွန်စွာမြင့်မြတ်တော်မူသော၊ လွန်စွာ ကြီးကဲတော်မူသောအရှင် ဖြစ်တော်မူသောကြောင့်ပင် ဖြစ်ချေသတည်း။
ﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် သမုဒ္ဒရာပင်လယ်၌ ရွက်သင်္ဘောများ သွားလာလှုပ်ရှားလျက်ရှိကြခြင်းမှာ ထိုအရှင်မြတ်သည် အသင်တို့အား မိမိ၏အချို့သက်သေသာဓကများကို ပြသတော်မူရန်ဖြစ်ကြောင်းအသင်သည် မမြင်ခဲ့လေသလော။ ဧကန်မလွဲ ဤသည်တွင်ကျေးဇူးသိတတ်သော သည်းခံခြင်းတရား ထားရှိသူတိုင်း၏အဖို့အမှန်ပင် သက်သေသာဓကများ ရှိကြပေသည်။
ﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨﮩ
စင်စစ် ၎င်းတို့အား လှိုင်းတံပိုးသည် အမိုးများပမာ ဖုံးလွှမ်းခဲ့သောအခါ၊ ၎င်းတို့သည် ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်အဖို့သာ စေတနာ သဒ္ဓါတရားဖြူစင်စွာထားကာ ဟစ်ခေါ်တသကြကုန်၏။ သို့ရာတွင်ထိုအရှင်မြတ်သည် ၎င်းတို့အားကယ်တင်၍ ကုန်းမြေသို့ ပို့ဆောင်တော်မူသောအခါ ၎င်းတို့အနက်အချို့သည် မဇိ္ဈမပဋိပဒါစနစ်ကိုလိုက်၏။ စင်စစ်သော်ကား ငါအရှင်မြတ်၏ သက်သေလက္ခဏာ များကိုကျေးဇူးကန်းသော ကတိသစ္စာ ဖောက်ဖျက်သူတိုင်းသာလျှင် ငြင်းပယ်လေ့ရှိကြပေသတည်း။
ﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫ
အို-လူသားအပေါင်းတို့ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် မည်သည့် ဖခင်တစ်ဦးတစ်ယောက်မျှပင် မိမိသားအဖို့ အသုံးမဝင်သည့်အပြင်၊မည်သည့် သားတစ်ဦးတစ်ယောက်မျှသည်လည်း မိမိဖခင်အဖို့လုံးဝအသုံးဝင်မည် မဟုတ်သောနေ့ကို စိုးရိမ်ကြလေကုန်။ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကတိသည် မှန်ကန်သောကတိပင်ဖြစ်၏။ သို့ဖြစ်ပေရာ လောကီဘဝ၌ အသက်ရှင်ခြင်းသည် အသင်တို့အား လှည့်ဖြားခြင်းမပြုစေရ။ ထိုနည်းတူစွာ၊ထိုလှည့်စားသူ (ရှိုင်တွာန်)သည်လည်း အသင်တို့အား အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ လှည့်ဖြားခြင်း မပြုစေရပေတကား။
ﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶﯷﯸﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆﰇﰈﰉﰊ
ဧကန်မလွဲ ရှင်ပြန်ထမည့်အချိန်ကို သိမြင်ခြင်းသည် အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် မိုးရေကို ချပေးတော်မူ၏။ ထိုမှတစ်ပါး(မိခင်များ၏) သားအိမ်များ၌ မည်သည့်အ ရာ ရှိသည်ကိုလည်းထိုအရှင်မြတ်သာလျှင် သိတော်မူ၏။ စင်စစ်သော်ကား မည်သူတစ်ဦးတယောက်မျှပင် ၎င်းမှာ နက်ဖြန်မည်သည့်အမှုကိစ္စပြုလုပ်မည်ကို မသိနိုင်ပေ။ ထိုနည်းတူစွာ မည်သူတစ်ဦးတစ်ယောက်မျှပင် ၎င်းမှာ မည်သည့်မြေ (အရပ်ဒေသ)၌ သေဆုံးမည်ကို မသိနိုင်ပေ။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သာလျှင်အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။

ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers