سوره حجر به زبان برمه ای

  1. گوش دادن به سوره
  2. سورهای دیگر
  3. ترجمه سوره
قرآن کریم | ترجمه معانی قرآن | زبان برمه ای | سوره حجر | الحجر - تعداد آیات آن 99 - شماره سوره در مصحف: 15 - معنی سوره به انگلیسی: Al-Hijr City.

الر ۚ تِلْكَ آيَاتُ الْكِتَابِ وَقُرْآنٍ مُّبِينٍ(1)

 အလစ်ဖ်၊ လာမ်၊ ရာ။ ဤသည်ကား(အဖက်ဖက်မှပြည့်စုံသော)ကျမ်းဂန်ဓမ္မက္ခန်၏ အာယတ်တော်များသည်လည်းကောင်း၊ ထင်ရှားလှစွာသော ကုရ်အာန်ကျမ်းတော်မြတ်၏အာယတ်တော်များသည်လည်းကောင်း၊ ဖြစ်ပေသတည်း။

رُّبَمَا يَوَدُّ الَّذِينَ كَفَرُوا لَوْ كَانُوا مُسْلِمِينَ(2)

 ကာဖိရ် သွေဖည်ငြင်းပယ်သောသူများသည်အကယ်၍သာ ၎င်းတို့သည် မုစ်လင်မ်များ ဖြစ်ခဲ့ကြပါလျှင်ကောင်းလေစွတကားဟု အကြိမ်ကြိမ် အဖန်ဖန် အာသာဆန္ဒထားရှိကြကုန်အံ့။

ذَرْهُمْ يَأْكُلُوا وَيَتَمَتَّعُوا وَيُلْهِهِمُ الْأَمَلُ ۖ فَسَوْفَ يَعْلَمُونَ(3)

 (အို-နဗီတမန်တော်) အသင်သည် ထို(ကာဖိရ်သွေဖည်ငြင်းပယ်သော) သူတို့အား (လက်ရှိအခြေအနေအတိုင်း) စား(သောက်နေထိုင်)ကြရန်လည်းကောင်း၊ (လောကီစည်းစိမ်များ၌နစ်မွန်းကာ) အကျိုးခံစား လျက်ရှိကြရန်လည်းကောင်း၊ ထိုသူတို့၏မျှော်လင့်ချက်သည် ထိုသူတို့အား အာရုံလွှဲပြောင်းထားရှိရန်လည်းကောင်း၊ စွန့်လွှတ်၍ထားပါလေ။ မကြာမြင့်မီပင် ၎င်းတို့သည် (မိမိတို့၏ သွေဖည်ငြင်းပယ်မှု၏အကျိုးကို) သိရှိကြကုန်အံ့။

وَمَا أَهْلَكْنَا مِن قَرْيَةٍ إِلَّا وَلَهَا كِتَابٌ مَّعْلُومٌ(4)

 စင်စစ်ကား ငါအရှင်မြတ်သည် မည်သည့် မြို့ရွာကိုမျှ ထိုမြို့ရွာနှင့်စပ်လျဉ်း၍ သတ်မှတ် ပြဌာန်းအပ်သောအချိန်ကာလ (ဆိုက်ရောက်ခြင်း) မရှိဘဲ ဖျက်ဆီးတော်မူခဲ့သည်မဟုတ်ပေ။

مَّا تَسْبِقُ مِنْ أُمَّةٍ أَجَلَهَا وَمَا يَسْتَأْخِرُونَ(5)

 မည်သည့်လူမျိုးမျှပင် မိမိတို့၏(သတ်မှတ်ပြဌာန်းပြီးဖြစ်သော) အချိန်ကာလထက်စော၍ သွား နိုင်ကြမည်လည်းမဟုတ်ပေ။ (ယင်းသတ်မှတ်ပြဌာန်း အပ်သောအချိန်ကာလကို) နောက်ချန်၍ နေနိုင်ကြမည်လည်း မဟုတ်ချေ။

وَقَالُوا يَا أَيُّهَا الَّذِي نُزِّلَ عَلَيْهِ الذِّكْرُ إِنَّكَ لَمَجْنُونٌ(6)

 ၎င်းပြင် (အို-နဗီတမန်တော်) ထို (ကာဖိရ်သွေဖည်ငြင်းပယ်သော)သူတို့က (အသင့်အား) အို-ဆုံးမဩဝါဒ(ကုရ်အာန်ကျမ်းတော်မြတ်)ချပေးသနားတော်မူခြင်းခံရသောသူဧကန်စင်စစ် အသင်သည် အမှန်ပင် စိတ်ဖောက်ပြန်သူဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။

لَّوْ مَا تَأْتِينَا بِالْمَلَائِكَةِ إِن كُنتَ مِنَ الصَّادِقِينَ(7)

 အကယ်၍ အသင်သည် (သစ္စာဝါဒီ)မှန်ကန်စွာပြောဆိုသူဖြစ်ခဲ့ပါလျှင် အဘယ်ကြောင့် အသင်သည် မလာအိကဟ် ကောင်းကင်တမန်တော်များ အား ကျွန်ုပ်တို့ထံ ခေါ်ဆောင်မလာသနည်း။

مَا نُنَزِّلُ الْمَلَائِكَةَ إِلَّا بِالْحَقِّ وَمَا كَانُوا إِذًا مُّنظَرِينَ(8)

 (စင်စစ်သော်ကား) ငါအရှင်မြတ်သည် တိကျမှန်ကန်သောစီရင်ဆုံးဖြတ်ချက်မရှိဘဲလျက် မလာအိကဟ် ကောင်းကင်တမန်များကို ချပေးတော်မူသည် မဟုတ်ပေ။ ထိုမှတပါး၎င်းတို့သည် ထို(ကောင်းကင်တမန်များ ရောက်ရှိလာကြသော)အခါ ရွှေ့ဆိုင်းခွင့် ပေးသနားတော်မူခြင်းကို ခံရသူများလည်း ဖြစ်ကြမည် မဟုတ်ပေ။

إِنَّا نَحْنُ نَزَّلْنَا الذِّكْرَ وَإِنَّا لَهُ لَحَافِظُونَ(9)

 ဧကန်စင်စစ် ငါအရှင်မြတ်သည်ပင်လျှင်(ဤ)ဆုံးမဩဝါဒ(တည်းဟူသောကုရ်အာန်ကျမ်းတာ်မြတ်)ကို ချပေးသနားတော်မူခဲ့လေသည်။ ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ယင်းဆုံးမဩဝါဒကို ထိန်းသိမ်းစောင့်ရှောက်တော်မူမည့် အရှင်မြတ် ဖြစ်တော်မူပေသတည်း။

وَلَقَدْ أَرْسَلْنَا مِن قَبْلِكَ فِي شِيَعِ الْأَوَّلِينَ(10)

 ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်အသင်၏အလျင် ရှေးအုပ်စုများတွင်လည်း(နဗီတမန်တော်များအား) စေလွှတ်တော်မူခဲ့လေသည်။

وَمَا يَأْتِيهِم مِّن رَّسُولٍ إِلَّا كَانُوا بِهِ يَسْتَهْزِئُونَ(11)

 စင်စစ်သော်ကား ၎င်းတို့ထံ ရစူလ်တမန်တော်တစ်ပါးပါး ရောက်ရှိလာတိုင်း ၎င်းတို့သည် ထိုရစူလ်တမန်တော်အား ပြက်ရယ်သမှု ပြုလေ့ရှိခဲ့ကြသည်သာတည်း။

كَذَٰلِكَ نَسْلُكُهُ فِي قُلُوبِ الْمُجْرِمِينَ(12)

 ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်သောသူတို့၏ စိတ်နှလုံးများ၌ ယင်း (ပြက်ရယ်သမှုပြုခြင်း)ကို သို့မဟုတ် ယင်းကုရ်အာန်ကို လမ်းဖွင့်၍ပေးတော်မူ၏။(ထည့်သွင်းပေးတော်မူ၏)။

لَا يُؤْمِنُونَ بِهِ ۖ وَقَدْ خَلَتْ سُنَّةُ الْأَوَّلِينَ(13)

 (သို့ဖြစ်ပေရာ) ထို (မယုံမကြည်သွေဖည်ငြင်းပယ်သော)သူတို့သည် ယင်း (ကုရ်အာန်ကျမ်းမြတ်)ကို မယုံကြည်ကြချေ။ အမှန်စင်စစ်သော်ကား ရှေးသူဟောင်းတို့၏အစဉ်အလာသည် လွန်လေပြီး ဖြစ်ပေသတည်း။

وَلَوْ فَتَحْنَا عَلَيْهِم بَابًا مِّنَ السَّمَاءِ فَظَلُّوا فِيهِ يَعْرُجُونَ(14)

 အကယ်၍ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် မိုးကောင်းကင်၌ တံခါးပေါက်တစ်ခုခုကို ဖွင့်ပေးတော်မူခဲ့ပါလျှင် ထို့နောက် ၎င်းတို့သည် နေ့ကြောင်တောင်ပင် ထိုတံခါးပေါက်မှ (ဆင်း)တက်(သွားလာ)ကုန်ကြအံ့။

لَقَالُوا إِنَّمَا سُكِّرَتْ أَبْصَارُنَا بَلْ نَحْنُ قَوْمٌ مَّسْحُورُونَ(15)

 (ထိုသို့သောအခါမျိုး၌လည်း) ၎င်းတို့က ကျွန်ုပ်၏မျက်စိများသည်(လှည့်စား)ပိတ်ပင်ထားခြင်းကို ခံခဲ့ကြရပေသည်။ ထိုမျှမက ကျွန်ုပ်တို့သည် စုန်းပြုစားခြင်းကို ခံခဲ့ကြရသောလူစုပင် ဖြစ်ကြပေသည်ဟု ပြောဆိုကြမည်မှာ အမှန်ပင်။

وَلَقَدْ جَعَلْنَا فِي السَّمَاءِ بُرُوجًا وَزَيَّنَّاهَا لِلنَّاظِرِينَ(16)

 ၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် မိုးကောင်းကင်၌ ဂြိုဟ်နက္ခတ်များကို ပြုလုပ်(ဖန်ဆင်း) တော်မူ၍ယင်းမိုးကိုကြည့်ရှုသူတို့အဖို့ မျက်စိပသာဒ ဖြစ်စေတော်မူခဲ့လေသည်။

وَحَفِظْنَاهَا مِن كُلِّ شَيْطَانٍ رَّجِيمٍ(17)

 ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းမိုးကို နှင်ထုတ်ခြင်းခံရသောရှိုင်တွာန်မိစ္ဆာကောင် အသီးသီးတို့မှ ထိန်းသိမ်းစောင့်ရှောက်တော်မူသည်။

إِلَّا مَنِ اسْتَرَقَ السَّمْعَ فَأَتْبَعَهُ شِهَابٌ مُّبِينٌ(18)

 သို့ရာတွင် အကြင် ရှိုင်တွာန်မိစ္ဆာကောင် (တစ်ဦးဦး)သည် တိတ်တဆိတ် (စကားကို) နားထောင်ခဲ့ပါလျှင်(ခိုးဝှက်နားထောင်ခဲ့ပါလျှင်) လင်းဝင်းသော မီးတောက်မီးလျှံသည်၎င်း၏နောက်သို့ (ထက်ကြပ်မကွာ) လိုက်လေတော့သတည်း။

وَالْأَرْضَ مَدَدْنَاهَا وَأَلْقَيْنَا فِيهَا رَوَاسِيَ وَأَنبَتْنَا فِيهَا مِن كُلِّ شَيْءٍ مَّوْزُونٍ(19)

 ၎င်းပြင် ငါအရှင်မြတ်သည် ပထဝီမြေကို ဖြန့်ခင်းတော်မူ၍ ယင်းပထဝီမြေ၌ လေးလံသော တောင်ကြီးများကိုချထားတော်မူလေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည်ယင်းပထဝီမြေ၌ ခန့်မှန်း (သတ်မှတ်)ပြီးဖြစ်သော အရာဝတ္ထုတိုင်းကို ပေါက်ရောက် ဖြစ်ထွန်းစေတော်မူခဲ့လေသည်။

وَجَعَلْنَا لَكُمْ فِيهَا مَعَايِشَ وَمَن لَّسْتُمْ لَهُ بِرَازِقِينَ(20)

 ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုပထဝီမြေ၌အသင် တို့အဖို့လည်းကောင်း၊ အသင်တို့ စားနပ်ရိက္ခာ ထောက်ပံ့ခြင်းမပြုသော သူတို့အဖို့လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းမှုများကို ပြုလုပ် (စီမံ) ထားတော်မူခဲ့လေသတည်း။

وَإِن مِّن شَيْءٍ إِلَّا عِندَنَا خَزَائِنُهُ وَمَا نُنَزِّلُهُ إِلَّا بِقَدَرٍ مَّعْلُومٍ(21)

 စင်စစ်သော်ကား မည်သည့်အရာမျိုးမဆို ငါအရှင်မြတ်အထံတော်၌ ထိုအရာဝတ္ထု၏အစုအပုံများ (ဘဏ္ဍာတော်များ)သည် (အပြည့်)ရှိပေသည်။ သို့ရာတွင် ငါအရှင်မြတ်သည် ထိုအရာဝတ္ထုကို သတ်မှတ်ထားသော အတိုင်းအတာအချိန်အဆနှင့်အညီသာလျှင် ချပေးတော်မူပေသတည်း။

وَأَرْسَلْنَا الرِّيَاحَ لَوَاقِحَ فَأَنزَلْنَا مِنَ السَّمَاءِ مَاءً فَأَسْقَيْنَاكُمُوهُ وَمَا أَنتُمْ لَهُ بِخَازِنِينَ(22)

 ၎င်းပြင် ငါအရှင်မြတ်သည် လေများကိုရေထမ်းလျက် စေလွှတ်တော်မူခဲ့လေသည်။ တဖန် ငါ အရှင်မြတ်သည်မိုးကောင်းကင်မှရေကို ရွာသွန်းစေတော်မူခဲ့လေသည်။ ထို့နောက် ငါအရှင်မြတ်သည် အသင်တို့အား ထိုရေကိုတိုက်ကျွေးတော်မူခဲ့လေသည်။ စင်စစ်သော်ကား အသင်တို့သည် ထိုရေကိုစုဆောင်း သိုလှောင်နိုင်ကြသောသူများ မဟုတ်ကြချေ။

وَإِنَّا لَنَحْنُ نُحْيِي وَنُمِيتُ وَنَحْنُ الْوَارِثُونَ(23)

 ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ရှင်စေတော်မူ၏။ ထိုနည်းတူစွာ ငါအရှင်မြတ် သည်ပင်လျှင်သေစေတော်မူ၏။ ၎င်းအပြင် ငါအရှင် မြတ်သည်ပင်လျှင်အမွေစားအမွေခံ ဖြစ်တော်မူ၏။ (ကျန်ရစ်တော်မူမည့်အရှင်ဖြစ်တော်မူ၏။)

وَلَقَدْ عَلِمْنَا الْمُسْتَقْدِمِينَ مِنكُمْ وَلَقَدْ عَلِمْنَا الْمُسْتَأْخِرِينَ(24)

 ထို့ပြင် မုချစင်စစ် ငါအရှင်မြတ်သည် အသင်၏တို့အနက်မှ ရှေးလူဟောင်းတို့ကိုလည်း ကောင်းစွာ သိတော်မူပြီးဖြစ်လေသည်။ ထိုနည်းတူစွာ မုချစင်စစ် ငါအရှင်မြတ်သည်အသင်တို့အနက်မှ နောင်လာနောက်သားတို့ကိုလည်း ကောင်းစွာ သိတော်မူပြီး ဖြစ်ပေသတည်း။

وَإِنَّ رَبَّكَ هُوَ يَحْشُرُهُمْ ۚ إِنَّهُ حَكِيمٌ عَلِيمٌ(25)

 ထိုမှတစ်ပါး အမှန်စင်စစ် အသင်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထိုအရှင်မြတ် သည်ပင်လျှင် ၎င်းတို့အား (ကိယာမတ်နေ့တွင်) စုရုံးတော်မူပေမည်။ဧကန်မလွဲ ထိုအရှင်မြတ်သည် ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

وَلَقَدْ خَلَقْنَا الْإِنسَانَ مِن صَلْصَالٍ مِّنْ حَمَإٍ مَّسْنُونٍ(26)

 ထိုမှတစ်ပါး စင်စစ်ဧကန် ငါအရှင်မြတ်သည်လူသားကို ပုံသွင်းပြီဖြစ်သော အသံမြည်သောရွှံ့ပုပ်ခြောက်ဖြင့်ဖန်ဆင်းတော်မူခဲ့လေသည်။

وَالْجَانَّ خَلَقْنَاهُ مِن قَبْلُ مِن نَّارِ السَّمُومِ(27)

 ၎င်းပြင် ဂျင်(န်)သတ္တဝါကို (လူသားအားဖန်ဆင်းတော်မမူမီ)အလျင်က ပူပြင်းလှစွာသော မီးဖြင့် ဖန်ဆင်းတော်မူခဲ့လေသတည်း။

وَإِذْ قَالَ رَبُّكَ لِلْمَلَائِكَةِ إِنِّي خَالِقٌ بَشَرًا مِّن صَلْصَالٍ مِّنْ حَمَإٍ مَّسْنُونٍ(28)

 ၎င်းပြင် အခါတစ်ပါး၌ အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မလာအိကဟ် ကောင်းကင်တမန်တို့အား (ဤသို့) မိန့်ကြားတော်မူခဲ့လေသည်။ ဧကန်အမှန် ငါအရှင်မြတ်သည် လူသားကို ပုံသွင်းပြီးဖြစ်သော အသမြည်သော ရွှံ့ပုပ်ခြောက်ဖြင့် ဖန်ဆင်းတော်မူမည် ဖြစ်ပေသည်။

فَإِذَا سَوَّيْتُهُ وَنَفَخْتُ فِيهِ مِن رُّوحِي فَقَعُوا لَهُ سَاجِدِينَ(29)

 တဖန် ငါအရှင်မြတ်သည် (လူသား၏) ထို မြေရုပ်ကိုစနစ်တကျ ပြီးစီးအောင် ပြုလုပ်(ဖန်ဆင်း)တော်မူ၍ ယင်း(မြေရုပ်တွင်း)၌ မိမိအထံတော်မှ အသက်ဇီဝိန်ကို မှုတ်သွင်းတော်မူလိုက်သောအခါ အသင်တို့သည် ထိုလူသား၏ ရှေ့မှောက်တွင် ပျပ်ဝပ်ဦးချကြလေကုန်။

فَسَجَدَ الْمَلَائِكَةُ كُلُّهُمْ أَجْمَعُونَ(30)

 သို့ဖြစ်ပေရာ မလာအိကဟ်ကောင်းကင်တမန်အပေါင်းတို့သည် အားလုံးပင် အသီးသီး စဂျ်ဒဟ် ပျပ်ဝပ်ဦးချခဲ့လေကြသည်။

إِلَّا إِبْلِيسَ أَبَىٰ أَن يَكُونَ مَعَ السَّاجِدِينَ(31)

 အီဗ်လီစ်မှအပ၊ ယင်းအီဗ်လီစ်မှာမူကား စဂျ်ဒဟ်ပျပ်ဝပ်ဦးချသူတို့တွင် အပါအဝင်ဖြစ်ခြင်းကို ငြင်းပယ် ခဲ့လေသတည်း။

قَالَ يَا إِبْلِيسُ مَا لَكَ أَلَّا تَكُونَ مَعَ السَّاجِدِينَ(32)

 ထိုအခါ ထိုအရှင်မြတ်က အို-အီဗ်လီစ်၊ အသင်သည် ပျပ်ဝပ်ဦးချသူတို့တွင် အပါအဝင် မဖြစ်ရန် အသင့်၌မည်သည့်အကြောင်းရှိပေသနည်းဟု မေးမြန်းတော်မူခဲ့လေသည်။

قَالَ لَمْ أَكُن لِّأَسْجُدَ لِبَشَرٍ خَلَقْتَهُ مِن صَلْصَالٍ مِّنْ حَمَإٍ مَّسْنُونٍ(33)

 (ထိုအခါ) ယင်းအီဗ်လီစ်က ကျွန်တော်မျိုးသည်အရှင်မြတ်က ပုံသွင်းထားသော အသံမြည်သောရွှံ့ပုပ် ဖြင့်ဖန်ဆင်းတော်မူခဲ့သောလူသားအား ပျပ်ဝပ်ဦးချ မည့်သူမဟုတ်ဟု လျှောက်ထားခဲ့လေသည်။

قَالَ فَاخْرُجْ مِنْهَا فَإِنَّكَ رَجِيمٌ(34)

 ထိုအရှင်မြတ်က (ဤသို့) မိန့်ကြားတော်မူခဲ့လေသည်။ (အို-အီဗ်လီစ်) သို့ဖြစ်လျှင် အသင်သည် (ယခုပင်) ဤကောင်းကင်မှထွက်လော့။ ဧကန်စင်စစ် အသင်သည်နှင်ထုတ်ခြင်းခံရသောသူပင် ဖြစ်ချေပြီ။

وَإِنَّ عَلَيْكَ اللَّعْنَةَ إِلَىٰ يَوْمِ الدِّينِ(35)

 ၎င်းပြင် စင်စစ်ဧကန် ကရုဏာတော်မှ ကင်းဝေးခြင်းသည် အစားပေးမည့်နေ့တိုင် အသင်၏အပေါ်၌ ရှိချေမည်။

قَالَ رَبِّ فَأَنظِرْنِي إِلَىٰ يَوْمِ يُبْعَثُونَ(36)

 (ထိုအခါ) ယင်းအီဗ်လီစ်က အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ သို့ဖြစ်ပါလျှင် အရှင်မြတ်သည် ကျွန်တော်မျိုးအား(လူသတ္တဝါအပေါင်းတို့) ရှင်ပြန်ထကြရမည့်နေ့တိုင်အောင်(သေခြင်းမှလည်းကောင်း၊ ပြစ်ဒဏ်ခတ်တော်မူခြင်းမှလည်းကောင်း၊) ရွှေ့ဆိုင်းထားတော်မူပါဟုလျှောက်ထား ပန်ကြားခဲ့လေသည်။

قَالَ فَإِنَّكَ مِنَ الْمُنظَرِينَ(37)

 ထိုအရှင်မြတ်က မိန့်ကြားတော်မူခဲ့သည်မှာသို့ဖြစ်လျှင် ဧကန်မလွဲ အသင်သည် ရွှေ့ဆိုင်းထားခြင်းကို ခံရသောသူတစ်ဦးပင် ဖြစ်ပေသည်။

إِلَىٰ يَوْمِ الْوَقْتِ الْمَعْلُومِ(38)

 သတ်မှတ်ပြဌာန်းပြီးဖြစ်သော အချိန်ကာလ(ဆိုက်ရောက်မည့်)နေ့တိုင်အောင်ပင်ဟု မိန့်ကြားတော်မူသည်။

قَالَ رَبِّ بِمَا أَغْوَيْتَنِي لَأُزَيِّنَنَّ لَهُمْ فِي الْأَرْضِ وَلَأُغْوِيَنَّهُمْ أَجْمَعِينَ(39)

 (ထိုအခါ) ယင်းအီဗ်လီစ်က (ဤသို့)လျှောက်ထား ပန်ကြားခဲ့ပြန်၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုး အားလွဲချော်မှောက်မှားစေတော်မူခဲ့သောကြောင့် အမှန်ပင် ကျွန်တော်မျိုးသည် ကမ္ဘာ လောကတွင် (ပြစ်မှုဒုစရိုက်များကို) ယင်းလူသားတို့၏အမြင်၌ လှပတင့်တယ်အောင်ပြုလုပ်ပါမည်။ ထို့ပြင်ဧကန်မလွဲ ကျွန်တော်မျိုးသည် ၎င်းတို့အားလုံးကိုပင်လွဲချော်မှောက်မှားအောင်လည်း ပြုလုပ်ပါမည်။

إِلَّا عِبَادَكَ مِنْهُمُ الْمُخْلَصِينَ(40)

 သို့ရာတွင် ၎င်းတို့အနက် (အရှင်မြတ်)ရွေးချယ်ထားတော်မူသောအရှင်မြတ်၏ ကျွန်များကိုမူကား (ကျွန်တော်မျိုးသည် လွဲချော်မှောက်မှားအောင် အလျှင်းပြုလုပ်နိုင်မည်မဟုတ်ပါဟု (လျှောက်ထားပန်ကြားခဲ့၏)။

قَالَ هَٰذَا صِرَاطٌ عَلَيَّ مُسْتَقِيمٌ(41)

 ထိုအရှင်မြတ်က ဤသည်ကား ငါအရှင်မြတ်အထံတော်သို့ (ရောက်စေမည့်)ဖြောင့်မတ်သော လမ်းပင်ဖြစ်သည်ဟု မိန့်ကြားတော်မူလေ၏။

إِنَّ عِبَادِي لَيْسَ لَكَ عَلَيْهِمْ سُلْطَانٌ إِلَّا مَنِ اتَّبَعَكَ مِنَ الْغَاوِينَ(42)

 ဧကန်စင်စစ် ငါအရှင်မြတ်၏ ကျွန်များ အပေါ်ဝယ် အသင့်၌ မည်သို့မျှပင် ဩဇာအာဏာရှိမည်မဟုတ်။ သို့ရာတွင် လွဲချော်မှောက်မှားသူများအနက် အသင့်စကားနားထောင်သူများ(အပေါ်တွင်မူအသင့် ဩဇာအာဏာရှိပေမည်)။

وَإِنَّ جَهَنَّمَ لَمَوْعِدُهُمْ أَجْمَعِينَ(43)

 ၎င်းပြင် ဧကန်မလွဲ ဂျဟန္နမ်ငရဲဘုံသည် ၎င်းတို့အားလုံး၏ ချိန်းချက်ပြီးဖြစ်သောဌာနပင် ဖြစ်ပေသည်။

لَهَا سَبْعَةُ أَبْوَابٍ لِّكُلِّ بَابٍ مِّنْهُمْ جُزْءٌ مَّقْسُومٌ(44)

 ယင်းဂျဟန္နမ်ငရဲဘုံ၌ တံခါးပေါက် ခုနှစ်ပေါက်ရှိ၍ တံခါးပေါက်အသီးသီးတို့အဖို့ ယင်းအီဗ်လီစ်၏နောက်လိုက်များအနက်မှ ခွဲဝေပြီးဖြစ်သောဝေစုဝေပုံသည်ရှိပေသတည်း။

إِنَّ الْمُتَّقِينَ فِي جَنَّاتٍ وَعُيُونٍ(45)

 ဧကန်မလွဲ သူတော်စင် သူတော်မြတ်တို့မှာမူကား ဥယျာဉ်များ၌လည်းကောင်း၊ စိမ့်စမ်းများ၌လည်း ကောင်း၊ရှိကြပေမည်။

ادْخُلُوهَا بِسَلَامٍ آمِنِينَ(46)

 (ယင်းသူတော်စင် သူတော်မြတ်တို့အား ကိယာမတ်နေ့တွင်) အသင်တို့သည် ယင်းဥယျာဉ်များသို့ (စိုးရိမ်ကြောင့်ကြမှုအပေါင်းမှ) ငြိမ်းချမ်းလျက် (ဘေးအန္တရာယ်အသွယ်သွယ်တို့မှ) ကင်းလွတ်စွာ ဝင်ရောက်ကြလေကုန် (ဟုမိန့်ကြားတော်မူမည်။)

وَنَزَعْنَا مَا فِي صُدُورِهِم مِّنْ غِلٍّ إِخْوَانًا عَلَىٰ سُرُرٍ مُّتَقَابِلِينَ(47)

 ထို့ပြင် ငါအရှင်မြတ်သည် ယင်းသူတော်စင်တို့၏ စိတ်နှလုံးများတွင် (ကျန်)ရှိနေသေးသော ရန်ငြိုးရန်စအာဃာတကို ထုတ်ပစ်တော်မူမည်။ (၎င်းတို့သည်)သလွန်များပေါ်၌ မျက်နှာချင်းဆိုင်ကြလျက် ညီသားအစ်ကိုများဖြစ်ကာ(ခင်မင်ရင်းနှီးစွာ) ရှိနေကြပေမည်။

لَا يَمَسُّهُمْ فِيهَا نَصَبٌ وَمَا هُم مِّنْهَا بِمُخْرَجِينَ(48)

 ၎င်း(သူတော်စင်)တု့ိ၌ ယင်းဥယျာဉ်များတွင်မည်သည့် ဘေးဒုက္ခမျှလည်း သက်ရောက်မည်မဟုတ်ပေ။ ၎င်းပြင် ထိုသူတို့သည် ယင်းဥယျာဉ်များမှ နှင်ထုတ်ခြင်း ခံကြရမည်လည်း မဟုတ်ပေ။

۞ نَبِّئْ عِبَادِي أَنِّي أَنَا الْغَفُورُ الرَّحِيمُ(49)

 (အို-နဗီတမန်တော်) အသင်သည် ငါအရှင်မြတ်၏ကျွန်များအား ဧကန်မလွဲ ငါအရှင်မြတ်သည်သာလျှင်အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနား ကြင်နာညှာတာတော်မူသောအရှင်၊ဖြစ်တော်မူကြောင်း ပြောကြားပါလေ။

وَأَنَّ عَذَابِي هُوَ الْعَذَابُ الْأَلِيمُ(50)

 ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်၏ ပြစ်ဒဏ် သည်လည်း အလွန်ပြင်းထန်သောပြစ်ဒဏ်ဖြစ်ကြောင်းကိုလည်း (အသင်သည် ပြောကြားလိုက်ပါလေ)။

وَنَبِّئْهُمْ عَن ضَيْفِ إِبْرَاهِيمَ(51)

 ထိုမှတပါး (အို-နဗီတမန်တော်) အသင်သည်၎င်းတို့အား(နဗီတမန်တော်)အစ်ဗ်ရာဟီမ်၏ ဧည့်သည်များနှင့်ပတ်သက်၍လည်း အကြောင်းကြားပါလေ။

إِذْ دَخَلُوا عَلَيْهِ فَقَالُوا سَلَامًا قَالَ إِنَّا مِنكُمْ وَجِلُونَ(52)

 တစ်ရံရောအခါဝယ် ထိုဧည့်သည်များသည်ယင်း (နဗီတမန်တော်)အစ်ဗ်ရာဟီမ်၏ထံသို့ ဝင်ရောက်ခဲ့ကြကုန်၏။ ထိုအခါဝယ် ယင်းဧည့်သည်တို့က စလာမ်ငြိမ်းချမ်းသာယာမှုသည်(အသင်တို့အပေါ်၌)သက်ရောက်ပါစေသားဟုပြောဆိုခဲ့ကြကုန်၏။ (ထိုအခါ) ယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်က ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အားကြောက်ရွံ့ စိုးရိမ်ကြပါသည်ဟု ပြောဆိုခဲ့လေသည်။

قَالُوا لَا تَوْجَلْ إِنَّا نُبَشِّرُكَ بِغُلَامٍ عَلِيمٍ(53)

 (ထိုအခါ) ယင်းဧည့်သည်တို့က (အို-အစ်ဗ်ရာဟီမ်) အသင်သည် မကြောက်ပါလေနှင့်။ ဧကန်စင်စစ်ကျွန်ုပ်တို့သည် အသင့်အား ဉာဏ်ပညာနှင့်ပြည့်စုံသော သားတော်တစ်ပါးနှင့်ပတ်သက်၍ ဝမ်းမြောက်ဖွယ် သတင်းပေးကြပါသည်ဟု ပြောကြားခဲ့ကြလေသည်။

قَالَ أَبَشَّرْتُمُونِي عَلَىٰ أَن مَّسَّنِيَ الْكِبَرُ فَبِمَ تُبَشِّرُونَ(54)

 ထို(နဗီတမန်တော်အစ်ဗ်ရာဟီမ်)က အကျွန်ုပ်၌အသက်အရွယ် အိုမင်းမှုသည် ဆိုက်ရောက်နေပါလျက် အသင်တို့သည် အကျွန်ုပ်အား သတင်းကောင်းပေးကြလေသလော။သို့ဖြစ်ပေရာ အသင်တို့သည် မည်သည့်အကြောင်းနှင့်စပ်လျဉ်း၍ သတင်းကောင်းပေးကြပါသနည်းဟု ပြောဆို မေးမြန်းခဲ့လေသည်။

قَالُوا بَشَّرْنَاكَ بِالْحَقِّ فَلَا تَكُن مِّنَ الْقَانِطِينَ(55)

 ထိုဧည့်သည်တို့က ကျွန်ုပ်တို့သည် အသင့်အားအဟုတ်အမှန်(ဖြစ်မည့်ကိစ္စ)နှင့်စပ်လျဉ်း၍ သတင်းကောင်းပေးကြခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ အသင်သည် မျှော်လင့်ချက်ကင်းသူတို့အနက်မှ မဖြစ်ပါလေနှင့်ဟု ပြောဆို ဖြေကြားခဲ့ကြပေသည်။

قَالَ وَمَن يَقْنَطُ مِن رَّحْمَةِ رَبِّهِ إِلَّا الضَّالُّونَ(56)

 ထို(နဗီတမန်တော်)အစ်ဗ်ရာဟီမ်က အမှန်စင်စစ် လမ်းလွဲသူတို့မှတစ်ပါး မည်သူသည် မိမိအားဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက် ကင်းပါသနည်းဟု ပြောဆိုခဲ့၏။

قَالَ فَمَا خَطْبُكُمْ أَيُّهَا الْمُرْسَلُونَ(57)

 (တစ်ဖန်) ယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်က (ဆက်လက်၍) အို-စေလွှတ်ခြင်းခံကြရကုန်သော (ကောင်းကင်တမန်တို့၊) ထို့နောက် အသင်တို့၌ (ဆောင်ရွက်ရန်) မည်သည့်ကိစ္စ ရှိနေပါသေးသနည်းဟု ပြောဆိုမေးမြန်းခဲ့ပြန်၏။

قَالُوا إِنَّا أُرْسِلْنَا إِلَىٰ قَوْمٍ مُّجْرِمِينَ(58)

 ယင်း(ကောင်းကင်တမန်)တို့က(ဤသို့)ကြားခဲ့ကြလေသည်။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် ပြစ်မှုကျူးလွန်ကြကုန်သောလူမျိုးထံ စေလွှတ်ခြင်းကို ခံခဲ့ကြရလေသည်။

إِلَّا آلَ لُوطٍ إِنَّا لَمُنَجُّوهُمْ أَجْمَعِينَ(59)

 သို့ရာတွင် (နဗီတမန်တော်)လူတ်၏အိမ်ထောင်စုသားတို့မပါ။ သို့ရာတွင် ဧကန်အမှန် ကျွန်ုပ်တို့သည် ထိုတမန်တော်လူတ်၏အိမ်ထောင်စုသား အားလုံးကို ကယ်တင်မည့်သူများပင် ဖြစ်ကြပေသည်။

إِلَّا امْرَأَتَهُ قَدَّرْنَا ۙ إِنَّهَا لَمِنَ الْغَابِرِينَ(60)

 သို့ရာတွင် ထိုတမန်တော်လူတ်၏ ကြင်ရာမှတစ်ပါး၊ ထိုကြင်ရာနှင့် ပတ်သက်၍(အလ္လာဟ်အရှင်မြတ်က)မုချထိုသူမသည် နောက်ကျန်ရစ်နေကြမည့်သူများတွင် အပါအဝင်ဖြစ်မည်ဟူ၍ ငါအရှင်မြတ် ပြဌာန်းတော်မူပြီးဖြစ်သည်(ဟု မိန့်ဆိုတော်မူသည်၊)

فَلَمَّا جَاءَ آلَ لُوطٍ الْمُرْسَلُونَ(61)

 ထို့နောက် စေလွှတ်ခြင်း ခံကြရကုန်သော(ကောင်းကင်တမန်)တို့သည် (နဗီတမန်တော်)လူတ်၏အိမ်ထောင်စုသားတို့ထံသို့ ရောက်ရှိလာကြသောအခါ။

قَالَ إِنَّكُمْ قَوْمٌ مُّنكَرُونَ(62)

 ထို(နဗီတမန်တော်)လူ(တ်)က ဧကန်စင်စစ်အသင်တို့သည် သူစိမ်းများပင် ဖြစ်ကြကုန်သည်ဟု ပြောဆိုလေသည်။

قَالُوا بَلْ جِئْنَاكَ بِمَا كَانُوا فِيهِ يَمْتَرُونَ(63)

 ထို(ကောင်းကင်တမန်တော်)တို့က (ဤသို့)ပြောဆို ပြန်ကြားခဲ့ကြကုန်၏။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ကျွန်ုပ်တို့သည် အသင်၏ထံသို့၊ ၎င်းတို့ ဒွိဟသံသယဖြစ်နေကြသောကိစ္စကို ဆောင်ယူ၍ လာခဲ့ကြပါသည်။

وَأَتَيْنَاكَ بِالْحَقِّ وَإِنَّا لَصَادِقُونَ(64)

 ထိုမှတစ်ပါး ကျွန်ုပ်တို့သည် အသင်၏ထံသို့(အကယ်စင်စစ်) အဟုတ်အမှန်ဖြစ်မည့်ကိစ္စကို ဆောင်ယူခဲ့ကြပါသည်။ ၎င်းပြင် မလွဲဧကန် ကျွန်ုပ်တို့သည် အမှန်ပြောဆိုသူများပင် ဖြစ်ကြကုန်သည်။

فَأَسْرِ بِأَهْلِكَ بِقِطْعٍ مِّنَ اللَّيْلِ وَاتَّبِعْ أَدْبَارَهُمْ وَلَا يَلْتَفِتْ مِنكُمْ أَحَدٌ وَامْضُوا حَيْثُ تُؤْمَرُونَ(65)

 သို့ဖြစ်ပေရာ အသင်သည် မိမိအိမ်သူအိမ်သားတို့ကို ည၏အစိတ်အပိုင်းတစ်ခုခုတွင် ခေါ်ဆောင်၍ ထွက်ခွာသွားပါလေ။ ၎င်းနောက် အသင်သည် ၎င်းတို့၏နောက်မှ လိုက်သွားပါလေ။ ၎င်းပြင် အသင်တို့၏အနက်မှ တစ်ဦးတစ်ယောက်မျှပင်(နောက်သို့) ပြန်လှည့်၍မကြည့်ရ။ ၎င်းနောက် အသင်တို့(အားလုံး)သည် မိမိတို့၏အမိန့်ပေးခြင်းခံရသော နေရာသို့သာလျှင် (အာရုံစူးစိုက်၍)သွားကြလေကုန်။

وَقَضَيْنَا إِلَيْهِ ذَٰلِكَ الْأَمْرَ أَنَّ دَابِرَ هَٰؤُلَاءِ مَقْطُوعٌ مُّصْبِحِينَ(66)

 ၎င်းပြင် ငါအရှင်မြတ်သည် ထိုလူတ်၏ထံသို့ဧကန်စင်စစ် ထိုမြို့သားများ၏ အခြေအမြစ်သည် နံနက်မိုးလင်းချိန်၌ ဖြတ်တောက်ပြီး ဖြစ်ချိမ့်မည် ဟူသော စီရင်ဆုံးဖြတ်ချက်ကို ပေးပို့တော်မူခဲ့ပေသတည်း။

وَجَاءَ أَهْلُ الْمَدِينَةِ يَسْتَبْشِرُونَ(67)

 ထို့နောက် (စဒူမ်)မြို့သားတို့သည် ဝမ်းမြောက်ဝမ်းသာစွာ လာခဲ့ကြလေသည်။

قَالَ إِنَّ هَٰؤُلَاءِ ضَيْفِي فَلَا تَفْضَحُونِ(68)

 (ထိုအခါ) ယင်း(နဗီတမန်တော်)လူတ်က ဧကန်စင်စစ် ဤသူတို့ကား ငါ၏ဧည့်သည်များပင် ဖြစ်ကြပေရာအသင်တို့သည် ငါ့အားအရှက်မခွဲကြကုန်လင့်ဟု ပြောကြားခဲ့လေသည်။

وَاتَّقُوا اللَّهَ وَلَا تُخْزُونِ(69)

 ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ငါ့အား ဂုဏ်ရည်သေးသိမ်အောင် မပြုကြကုန်လင့်။

قَالُوا أَوَلَمْ نَنْهَكَ عَنِ الْعَالَمِينَ(70)

 ၎င်း(မြို့သား)တို့က ကျွန်ုပ်တို့သည် အသင့်အားလူခပ်သိမ်းတို့(ကို မိမိထံတည်းခိုစေခြင်း)မှ တားမြစ်ခဲ့ပြီး ဖြစ်ကြသည်မဟုတ်လောဟု ပြောဆိုကြ လေသည်။

قَالَ هَٰؤُلَاءِ بَنَاتِي إِن كُنتُمْ فَاعِلِينَ(71)

 (ထိုအခါ) ယင်း(နဗီတမန်တော်)လူ(တ်)ကအကယ်၍ အသင်တို့သည် (ငါပြောဆိုသည့်အတိုင်း လိုက်နာ)ပြုလုပ်မည့်သူများ ဖြစ်ကြပါလျှင် ဤငါ၏သမီးများသည် ရှိနေကြပေသည်ဟု ပြောဆိုခဲ့လေသည်။

لَعَمْرُكَ إِنَّهُمْ لَفِي سَكْرَتِهِمْ يَعْمَهُونَ(72)

 (အို-နဗီတမန်တော်မုဟမ္မဒ်) အသင်၏ အသက်ဇီဝိန်၏ကစမ်။ စင်စစ်ဧကန် ၎င်းတို့သည် မိမိတို့ မာန်ယစ်မှု၌ပင် တွေဝေလျက် ရှိကြကုန်၏။

فَأَخَذَتْهُمُ الصَّيْحَةُ مُشْرِقِينَ(73)

 သို့ဖြစ်ပေရာ ၎င်းတို့အား ကျယ်လောင်သောအသံသည် နေထွက်ချိန်တွင် ဖမ်းဆီးကွပ်မျက်ခဲ့လေသည်။

فَجَعَلْنَا عَالِيَهَا سَافِلَهَا وَأَمْطَرْنَا عَلَيْهِمْ حِجَارَةً مِّن سِجِّيلٍ(74)

 ထိုအခါ ငါအရှင်မြတ်သည် ထိုမြို့၏အထက်ပြင်ကိုအောက်ပြင် ပြုလုပ်တော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းင်တို့အပေါ်၌ ရွှံ့စေးဖြင့်ပြုလုပ်သော ကျောက်ခဲများကို ရွာသွန်းစေတော်မူခဲ့လေသည်။

إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّلْمُتَوَسِّمِينَ(75)

 ဧကန်မလွဲ ဤသည့်(အဖြစ်အပျက်)၌ စဉ်းစားဆင်ခြင်တတ်သော သူတို့အဖို့ သက်သေလက္ခဏာ များသည်အမှန်ပင် ရှိပေသတည်း။

وَإِنَّهَا لَبِسَبِيلٍ مُّقِيمٍ(76)

 ထို့ပြင် ဧကန်အမှန် ထို(မြို့ရွာ)သည် စည်ကားလျက်ရှိသောလမ်း၌ အမှန်ပင် တည်ရှိပေသည်။

إِنَّ فِي ذَٰلِكَ لَآيَةً لِّلْمُؤْمِنِينَ(77)

 မလွဲဧကန် ဤသည့်(အဖြစ်အပျက်)၌ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ သက်သေလက္ခဏာသည် အမှန်ပင်ရှိပေသတည်း။

وَإِن كَانَ أَصْحَابُ الْأَيْكَةِ لَظَالِمِينَ(78)

 ထိုမှတစ်ပါး ဧကန်အမှန် အိုင်ကဟ် (တောအုပ်)၌ နေထိုင်သောသူတို့သည်လည်း မတရားကျူးလွန်သူများပင် ဖြစ်ခဲ့ကြကုန်၏။

فَانتَقَمْنَا مِنْهُمْ وَإِنَّهُمَا لَبِإِمَامٍ مُّبِينٍ(79)

 သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အားလက်စားချေတော်မူခဲ့၏။ ၎င်းပြင် ဧကန်စင်စစ် ထို မြို့ရွာနှစ်ခုစလုံးသည် ထင်ရှားသောလမ်းပေါ်၌ အမှန်ပင် ရှိနေကြပေသည်။

وَلَقَدْ كَذَّبَ أَصْحَابُ الْحِجْرِ الْمُرْسَلِينَ(80)

 ၎င်းပြင် မလွဲဧကန် ဟစ်ဂျ်ရ် ၌ နေထိုင်သောသူတို့သည်လည်း စေလွှတ်ခြင်းခံခဲ့ရကုန်သော ရစူလ်တမန်တော်တို့အား မဟုတ်မမှန်ဟူ၍ ငြင်းပယ် ခဲ့ကြလေသည်။

وَآتَيْنَاهُمْ آيَاتِنَا فَكَانُوا عَنْهَا مُعْرِضِينَ(81)

 စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား မိမိသက်သေလက္ခဏာတော်များကို ပေးသနားတော်မူခဲ့လေသည်။ သို့ပါလျက် ၎င်းတို့သည် ယင်း သက်သေလက္ခဏာတော်များမှ မျက်နှာလွှဲဖယ်သူများပင် ဖြစ်ခဲ့ကြကုန်၏။

وَكَانُوا يَنْحِتُونَ مِنَ الْجِبَالِ بُيُوتًا آمِنِينَ(82)

 ထိုမှတစ်ပါး ၎င်းတို့သည် တောင်များကို အိမ်များအဖြစ် ဖောက်ထွင်း၍ ဘေးရန်ကင်းငြိမ်းစွာ နေထိုင်လေ့ရှိခဲ့ကြကုန်၏။

فَأَخَذَتْهُمُ الصَّيْحَةُ مُصْبِحِينَ(83)

 ထို့နောက် ၎င်းတို့အား နံနက်မိုးလင်းချိန်တွင်ကျယ်လောင်စွာသောအသံသည် ဖမ်းဆီးကွပ်မျက်ခဲ့လေသည်။

فَمَا أَغْنَىٰ عَنْهُم مَّا كَانُوا يَكْسِبُونَ(84)

 ထိုအခါ ၎င်းတို့ ဆည်းပူးခဲ့သမျှတို့သည် ၎င်းတို့အဖို့ လုံးဝအသုံးမဝင်ခဲ့ချေ။

وَمَا خَلَقْنَا السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا إِلَّا بِالْحَقِّ ۗ وَإِنَّ السَّاعَةَ لَآتِيَةٌ ۖ فَاصْفَحِ الصَّفْحَ الْجَمِيلَ(85)

 စင်စစ်သော်ကား ငါအရှင်မြတ်သည် မိုးကောင်ကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ထိုမြေနှင့်မြေစပ်ကြား၌ရှိရှိသမျှတို့ကိုလည်းကောင်း၊ (အကြောင်းမဲ့မဟုတ်) မှန်ကန်သောရည်ရွယ်ချက်နှင့်တကွ ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ဧကန်မလွဲ (ငါအရှင်မြတ် သတ်မှတ်ထားတော်မူသော) ကိယာမတ်သည် မုချဆိုက်ရောက်လာမည်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့၏နှောက်ယှက်မှုများကို) ကောင်းမွန်စွာ ခွင့်လွှတ်ခြင်းနည်းမျိုးနှင့် ခွင့်လွှတ်ပါလေ။

إِنَّ رَبَّكَ هُوَ الْخَلَّاقُ الْعَلِيمُ(86)

 မလွဲဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်၊ ထိုအရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကိုအကြွင်းမဲ့ သိတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

وَلَقَدْ آتَيْنَاكَ سَبْعًا مِّنَ الْمَثَانِي وَالْقُرْآنَ الْعَظِيمَ(87)

 ၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား အဖန်တလဲလဲ (ရွတ်ဖတ်သရဇ္ဈာယ်ရ)သော (အာယတ်တော်)ခုနစ်ပါးကိုလည်းကောင်း၊ ကြီး ကျယ်မြင့်မြတ်လှစွာသောကုရ်အာန်ကျမ်းတော်မြတ်ကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။

لَا تَمُدَّنَّ عَيْنَيْكَ إِلَىٰ مَا مَتَّعْنَا بِهِ أَزْوَاجًا مِّنْهُمْ وَلَا تَحْزَنْ عَلَيْهِمْ وَاخْفِضْ جَنَاحَكَ لِلْمُؤْمِنِينَ(88)

 ငါအရှင်မြတ်သည် ယင်း(ကာဖိရ်)တို့အနက်မှ၊အမျိုးမျိုးအစားစားတို့အား အကျိုးခံစားခွင့်ပေးတော် မူသောဥစ္စာပစ္စည်းများဘက်သို့(မိမိ၏မျက်စိအစုံဖြင့်မော်၍ပင်၏မကြည့်ပါလေနှင့်)။ မိမိမျက်စိနှစ်လုံးကိုလှည့်၍ပင် အသင် မကြည့်ပါလေနှင့်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့နှင့်ပတ်သက်၍ဝမ်းနည်းပူဆွေး ခြင်းကိုလည်း မပြုပါလေနှင့်။ ထိုပြင် အသင်သည် မိမိပခုံးကို မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ နှိမ့်ချပါလေ၊ (ဝါ-၎င်းတို့အား သနားကြင်နာပါလေ)။

وَقُلْ إِنِّي أَنَا النَّذِيرُ الْمُبِينُ(89)

 ထိုမှတစ်ပါး အသင်သည် (ယင်းကာဖိရ်သွေဖည်ငြင်းပယ်သူတို့အား) ဧကန်အမှန် ငါသည် ထင်ရှားစွာသောသတိပေးနှိုးဆော်သူပင်ဖြစ်သည်ဟု (အတိအလင်း) ပြောကြားလေလော့။

كَمَا أَنزَلْنَا عَلَى الْمُقْتَسِمِينَ(90)

 ငါအရှင်မြတ်သည် ကျိန်တွယ်သော(ခွဲဝေသော)သူတို့အပေါ်၌ (ပြစ်ဒဏ်) ချပေးတော်မူဘိ သကဲ့သို့ပင် (၎င်းတို့အပေါ်လည်းချပေးတော်မူမည်၊)

الَّذِينَ جَعَلُوا الْقُرْآنَ عِضِينَ(91)

 အကြင်သူတို့သည်၊ ထိုသူတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို အစိတ်အစိတ်အပိုင်းပိုင်း ပြုလုပ်ခဲ့ကြလေသည်။

فَوَرَبِّكَ لَنَسْأَلَنَّهُمْ أَجْمَعِينَ(92)

 သို့ဖြစ်ပေရာ အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၏ ကစမ် ဧကန်အမှန် ငါအရှင်မြတ်သည်၎င်းတို့အားလုံးကို မုချစစ်ဆေးမေးမြန်းတော်မူမည်။

عَمَّا كَانُوا يَعْمَلُونَ(93)

 ၎င်းတို့ကျင့်မူလျက် ရှိခဲ့ကြကုန်သောအမှုကိစ္စများ နှင့်စပ်လျဉ်း၍။

فَاصْدَعْ بِمَا تُؤْمَرُ وَأَعْرِضْ عَنِ الْمُشْرِكِينَ(94)

 သို့ဖြစ်ပေရာ အသင်သည် မိမိအမိန့်ပေးခြင်းခံရသော အကြောင်းအရာကို အတိအလင်း ကြေညာပါလေ။၎င်းပြင် အသင်သည် မုရှ်ရစ်က် (အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ကိုးကွယ်သောသူ)တို့အား (အလျှင်းဂရုမစိုက်ဘဲ) လျစ်လျူရှု၍ ထားပါလေ။

إِنَّا كَفَيْنَاكَ الْمُسْتَهْزِئِينَ(95)

 ဧကန်မလွဲ ငါအရှင်မြတ်သည် ပြက်ရယ်သမှုပြုကြသူတို့နှင့် ယှဉ်ပြိုင်ရန် အသင့်အဖို့ လုံလောက်တော်မူ၏။

الَّذِينَ يَجْعَلُونَ مَعَ اللَّهِ إِلَٰهًا آخَرَ ۚ فَسَوْفَ يَعْلَمُونَ(96)

 အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများကို (တွဲဖက်ကိုးကွယ်ခြင်းကို)ပြုလုပ်ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် မကြာမြင့်မီ(မိမိတို့ပြုလုပ်ဲခဲ့ကြသော ရှရစ်က်၏ အကျိုးကို) သိရှိကြပေမည်။

وَلَقَدْ نَعْلَمُ أَنَّكَ يَضِيقُ صَدْرُكَ بِمَا يَقُولُونَ(97)

 ထိုမှတစ်ပါး ဧကန်စင်စစ် ၎င်းတို့၏ ပြောဆိုမှုကြောင့် အသင်၏ စိတ်နှလုံးကျဉ်းကျပ်သည်ကို ဧကန်မုချ ငါအရှင်မြတ်သည် ကောင်းစွာသိရှိတော်မူပေသည်။

فَسَبِّحْ بِحَمْدِ رَبِّكَ وَكُن مِّنَ السَّاجِدِينَ(98)

 သို့ဖြစ်ပေရာ အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ချီးမွမ်းထောမနာပြု ခြင်းနှင့်အတူ (ထိုအရှင်မြတ်၏)ဂုဏ်တော်ကိုလည်း ထင်ရှားစေပါလေ။၎င်းပြင် အသင်သည်(ထိုအရှင်မြတ်အား)ပျပ်ဝပ်ဦးချသူတို့တွင်အပါအဝင် ဖြစ်ပါလေ။

وَاعْبُدْ رَبَّكَ حَتَّىٰ يَأْتِيَكَ الْيَقِينُ(99)

 ထိုမှတစ်ပါး အသင်သည် မိမိထံသို့ မုချမလွဲဖြစ်မည့်ကိစ္စ (ဝါ) မရဏသေခြင်းတရားဆိုက် ရောက်လာသည့်တိုင်အောင် မိမိအား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်ကို ဝတ်ပြုနေ ပါလေ။


سورهای بیشتر به زبان برمه ای:

سوره البقره آل عمران سوره نساء
سوره مائده سوره يوسف سوره ابراهيم
سوره حجر سوره کهف سوره مریم
سوره حج سوره قصص سوره عنکبوت
سوره سجده سوره یس سوره دخان
سوره فتح سوره حجرات سوره ق
سوره نجم سوره رحمن سوره واقعه
سوره حشر سوره ملک سوره حاقه
سوره انشقاق سوره أعلى سوره غاشية

دانلود سوره حجر با صدای معروف‌ترین قراء:

انتخاب خواننده برای گوش دادن و دانلود کامل سوره حجر با کیفیت بالا.
سوره حجر را با صدای احمد العجمی
أحمد العجمي
سوره حجر را با صدای ابراهيم الاخضر
ابراهيم الاخضر
سوره حجر را با صدای بندر بليلة
بندر بليلة
سوره حجر را با صدای خالد الجليل
خالد الجليل
سوره حجر را با صدای حاتم فريد الواعر
حاتم فريد الواعر
سوره حجر را با صدای خليفة الطنيجي
خليفة الطنيجي
سوره حجر را با صدای سعد الغامدي
سعد الغامدي
سوره حجر را با صدای سعود الشريم
سعود الشريم
سوره حجر را با صدای الشاطري
الشاطري
سوره حجر را با صدای صلاح ابوخاطر
صلاح بوخاطر
سوره حجر را با صدای عبد الباسط عبد الصمد
عبد الباسط
سوره حجر را با صدای عبد الرحمن العوسي
عبدالرحمن العوسي
سوره حجر را با صدای عبد الرشيد صوفي
عبد الرشيد صوفي
سوره حجر را با صدای عبد العزيز الزهراني
عبدالعزيز الزهراني
سوره حجر را با صدای عبد الله بصفر
عبد الله بصفر
سوره حجر را با صدای عبد الله عواد الجهني
عبد الله الجهني
سوره حجر را با صدای علي الحذيفي
علي الحذيفي
سوره حجر را با صدای علي جابر
علي جابر
سوره حجر را با صدای غسان الشوربجي
غسان الشوربجي
سوره حجر را با صدای فارس عباد
فارس عباد
سوره حجر را با صدای ماهر المعيقلي
ماهر المعيقلي
سوره حجر را با صدای محمد أيوب
محمد أيوب
سوره حجر را با صدای محمد المحيسني
محمد المحيسني
سوره حجر را با صدای محمد جبريل
محمد جبريل
سوره حجر را با صدای محمد صديق المنشاوي
المنشاوي
سوره حجر را با صدای الحصري
الحصري
سوره حجر را با صدای العفاسي
مشاري العفاسي
سوره حجر را با صدای ناصر القطامي
ناصر القطامي
سوره حجر را با صدای وديع اليمني
وديع اليمني
سوره حجر را با صدای ياسر الدوسري
ياسر الدوسري


Saturday, May 11, 2024

به قرآن کریم چنگ بزنید