📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 235
وَلَوۡ شَآءَ رَبُّكَ لَجَعَلَ ٱلنَّاسَ أُمَّةً وَٰحِدَةًۖ وَلَا يَزَالُونَ مُخۡتَلِفِينَ  ۝١١٨ إِلَّا مَن رَّحِمَ رَبُّكَۚ وَلِذَٰلِكَ خَلَقَهُمۡۗ وَتَمَّتۡ كَلِمَةُ رَبِّكَ لَأَمۡلَأَنَّ جَهَنَّمَ مِنَ ٱلۡجِنَّةِ وَٱلنَّاسِ أَجۡمَعِينَ  ۝١١٩ وَكُلًّا نَّقُصُّ عَلَيۡكَ مِنۡ أَنۢبَآءِ ٱلرُّسُلِ مَا نُثَبِّتُ بِهِۦ فُؤَادَكَۚ وَجَآءَكَ فِي هَٰذِهِ ٱلۡحَقُّ وَمَوۡعِظَةٌ وَذِكۡرَىٰ لِلۡمُؤۡمِنِينَ  ۝١٢٠ وَقُل لِّلَّذِينَ لَا يُؤۡمِنُونَ ٱعۡمَلُواْ عَلَىٰ مَكَانَتِكُمۡ إِنَّا عَٰمِلُونَ  ۝١٢١ وَٱنتَظِرُوٓاْ إِنَّا مُنتَظِرُونَ  ۝١٢٢ وَلِلَّهِ غَيۡبُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَإِلَيۡهِ يُرۡجَعُ ٱلۡأَمۡرُ كُلُّهُۥ فَٱعۡبُدۡهُ وَتَوَكَّلۡ عَلَيۡهِۚ وَمَا رَبُّكَ بِغَٰفِلٍ عَمَّا تَعۡمَلُونَ  ۝١٢٣
စူရာ ယူစူဖ်
bismillah
الٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡمُبِينِ  ۝١ إِنَّآ أَنزَلۡنَٰهُ قُرۡءَٰنًا عَرَبِيًّا لَّعَلَّكُمۡ تَعۡقِلُونَ  ۝٢ نَحۡنُ نَقُصُّ عَلَيۡكَ أَحۡسَنَ ٱلۡقَصَصِ بِمَآ أَوۡحَيۡنَآ إِلَيۡكَ هَٰذَا ٱلۡقُرۡءَانَ وَإِن كُنتَ مِن قَبۡلِهِۦ لَمِنَ ٱلۡغَٰفِلِينَ  ۝٣ إِذۡ قَالَ يُوسُفُ لِأَبِيهِ يَٰٓأَبَتِ إِنِّي رَأَيۡتُ أَحَدَ عَشَرَ كَوۡكَبًا وَٱلشَّمۡسَ وَٱلۡقَمَرَ رَأَيۡتُهُمۡ لِي سَٰجِدِينَ  ۝٤
11:118
وَلَوۡ شَآءَ رَبُّكَ لَجَعَلَ ٱلنَّاسَ أُمَّةً وَٰحِدَةًۖ وَلَا يَزَالُونَ مُخۡتَلِفِينَ  ۝١١٨
အမှန်သော်ကား အကယ်၍သာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် လူခပ်သိမ်းတို့အား သာသနာဝင် တစ်ခုတည်းသော လူစုသာ ပြုလုပ်တော်မူခဲ့အံ့။ သို့ရာတွင် ၎င်းတို့သည် သဘောကွဲလွဲသူများအဖြစ် အမြဲထာဝစဉ် ရှိနေကြမည်သာတည်း။
11:119
إِلَّا مَن رَّحِمَ رَبُّكَۚ وَلِذَٰلِكَ خَلَقَهُمۡۗ وَتَمَّتۡ كَلِمَةُ رَبِّكَ لَأَمۡلَأَنَّ جَهَنَّمَ مِنَ ٱلۡجِنَّةِ وَٱلنَّاسِ أَجۡمَعِينَ  ۝١١٩
အသင်၏ အရှင်မြတ်က ကရုဏာပြုတော်မူသော သူတို့မှတစ်ပါး စင်စစ်မှာမူကား ထိုအရှင် မြတ်သည်ဤသည့်အတွက်ကြောင့်ပင် ၎င်းတို့အား ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို ဂျင်(န်)သတ္တဝါများနှင့် လူများအားလုံးဖြင့် ပြည့်နှက်စေတော်မူမည်ဟူသော အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏စကားတော်လည်း ဆုံးခန်းတိုင် ရောက်ခဲ့လေပြီ။
11:120
وَكُلًّا نَّقُصُّ عَلَيۡكَ مِنۡ أَنۢبَآءِ ٱلرُّسُلِ مَا نُثَبِّتُ بِهِۦ فُؤَادَكَۚ وَجَآءَكَ فِي هَٰذِهِ ٱلۡحَقُّ وَمَوۡعِظَةٌ وَذِكۡرَىٰ لِلۡمُؤۡمِنِينَ  ۝١٢٠
စင်စစ်သော်ကား ငါအရှင်မြတ်သည် ရစူလ်တမန်တော်များ၏ အကြောင်းသတင်းများအနက်မှ အကြင်အကြောင်းသတင်း အလုံးစုံကို အသင်အား ပြောကြားတော်မူ၏။ ငါအရှင်မြတ်သည် ထိုအကြောင်း သတင်းများဖြင့်အသင်စိတ်နှလုံးကို မြဲမြံကြံ့ခိုင် စေတော်မူ၏။ ၎င်းပြင် ဤကဏ္ဍတွင် အမှန်တရားလည်း အသင့်ထံ ရောက်ရှိလာခဲ့လေပြီ။ထိုနည်းတူစွာ (ဤအကြောင်းသတင်းများတွင်) မုအ်မင်(န်)သက်ဝင်ယုံကြည် သူတို့အဖို့ ဆုံးမဩဝါဒသည်လည်းကောင်း၊သတိပေး နှိုးဆော်ချက်သည်လည်းကောင်း၊ ရှိပေသတည်း။
11:121
وَقُل لِّلَّذِينَ لَا يُؤۡمِنُونَ ٱعۡمَلُواْ عَلَىٰ مَكَانَتِكُمۡ إِنَّا عَٰمِلُونَ  ۝١٢١
ထို့ပြင်(အို-နဗီတမန်တော်)အသင်သည် အီမာန်ယုံကြည်သူတို့အား (ဤသို့)ပြောကြားပါလေ။ (ဟယ်-အချင်းတို့) အသင်တို့သည် (မိမိတို့နေရာတွင် မိမိတို့)တတ်စွမ်းနိုင်သမျှကျင့်မူကြလေကုန်။ ဧကန်စင်စစ် ငါတို့သည်လည်း (မိမိတို့အနေနှင့်) ဆန့်ကျင်လျက်ပင် ရှိကြကုန်သည်။
11:122
وَٱنتَظِرُوٓاْ إِنَّا مُنتَظِرُونَ  ۝١٢٢
၎င်းပြင် အသင်တို့ မျှော်ကြလေကုန်၊ ဧကန်အမှန် ငါတို့သည်လည်း စောင့်မျှော်သူများပင် ဖြစ်ကြပေသည်။
11:123
وَلِلَّهِ غَيۡبُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَإِلَيۡهِ يُرۡجَعُ ٱلۡأَمۡرُ كُلُّهُۥ فَٱعۡبُدۡهُ وَتَوَكَّلۡ عَلَيۡهِۚ وَمَا رَبُّكَ بِغَٰفِلٍ عَمَّا تَعۡمَلُونَ  ۝١٢٣
စင်စစ်သော်ကား မိုးကောင်းကင်များ၌ လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ မမြင်နိုင် သောအရာများ(ကိုစိုးပိုင်ခြင်းနှင့် သိစွမ်းနိုင်ခြင်း)သည် အလ္လာဟ်အရှင်မြတ်၌သာလျှင် ရှိပေသည်။ ထိုမှတစ်ပါး အရေးကိစ္စအလုံးစုံတို့သည်ထိုအရှင်မြတ် အထံသို့သာလျှင် ပြန်လည်ရောက်ခြင်းကိုခံကြရပေမည်။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ထိုအရှင်မြတ်ကိုသာလျှင် ဆည်းကပ်ကိုးကွယ်ပါလေ။၎င်းပြင် အသင်သည် ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချလွှဲအပ်ပါလေ။ စင်စစ်သော်ကား အသင်၏အရှင်မြတ်သည် အသင်တို့ကျင့်မူလျက် ရှိကြသည်များကို မေ့လျော့တော်မူမည့် အရှင်မြတ်မဟုတ်ချေ။
စူရာ ယူစူဖ်
bismillah
12:1
الٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡمُبِينِ  ۝١
အလစ်ဖ်၊ လာမ်၊ ရာ။ ဤသည်တို့ကားအလွန်ထင်ရှားသော ကျမ်းဂန်၏ စာပိုဒ်များပင် ဖြစ်ကြပေသတည်း။
12:2
إِنَّآ أَنزَلۡنَٰهُ قُرۡءَٰنًا عَرَبِيًّا لَّعَلَّكُمۡ تَعۡقِلُونَ  ۝٢
ဧကန်မလွဲ ငါအရှင်မြတ်သည် ယင်းကျမ်းဂန်ကိုအသင်တို့နားလည်အံ့သောငှာ (စကားအဖွဲ့အနွဲ့ အသုံးအနှုန်းအလွန်ကောင်းသော) ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် အရဗီဘာသာစာပေဖြင့် ချပေးသနားတော်မူခဲ့၏။
12:3
نَحۡنُ نَقُصُّ عَلَيۡكَ أَحۡسَنَ ٱلۡقَصَصِ بِمَآ أَوۡحَيۡنَآ إِلَيۡكَ هَٰذَا ٱلۡقُرۡءَانَ وَإِن كُنتَ مِن قَبۡلِهِۦ لَمِنَ ٱلۡغَٰفِلِينَ  ۝٣
ငါအရှင်မြတ်သည် အသင့်ထံ ဤကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်တော်မူခြင်းအားဖြင့် ငါအရှင်မြတ်သည် အသင်၏ရှေ့ဝယ် အကောင်းဆုံးသော အကြောင်းအတ္ထုပ္ပတ္တိတစ်ခုကို ပြန်၍ပြောကြားတော်မူလေသည်။ စင်စစ်သော်ကား အသင်သည် ထိုကုရ်အာန်မကျရောက်မီ အလျင်က(ဤအကြောင်းအတ္ထုပ္ပတ္တိကို)အလျင်း မသိသူတစ်ဦးပင် ဖြစ်ခဲ့ပေသတည်း။
12:4
إِذۡ قَالَ يُوسُفُ لِأَبِيهِ يَٰٓأَبَتِ إِنِّي رَأَيۡتُ أَحَدَ عَشَرَ كَوۡكَبًا وَٱلشَّمۡسَ وَٱلۡقَمَرَ رَأَيۡتُهُمۡ لِي سَٰجِدِينَ  ۝٤
(ပြန်လည်သတိရပါလေ) တစ်ရံရောအခါဝယ်(နဗီတမန်တော်)ယူဆွဖ်သည် မိမိဖခမည်းတော်(နဗီတမန်တော်ယအ်ကူဗ်)အား (ဤသို့)ပြောဆိုလျှောက်ထားခဲ့လေသည်။အို-ခမည်းတော်၊ ဧကန်စင်စစ် အကျွန်ုပ်သည်(အိမ်မက်တွင်)ကြယ် တာရာ(ဂြိုလ်နက္ခတ်)ဆယ့်တစ်လုံးကိုလည်းကောင်း၊ သူရိယနေကိုလည်းကောင်း၊ လစန္ဒာကိုလည်းကောင်း၊ မိမိအားစစ်(ဂျ်)ဒဟ်ပျဝပ်ဦးချလျက် ရှိကြသည်ကို တွေ့မြင်ခဲ့ရပါသတည်း။


📚Juz 12 📄235 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Tuesday, August 25, 2026

Don't forget us in your sincere prayers