📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 261
مُهۡطِعِينَ مُقۡنِعِي رُءُوسِهِمۡ لَا يَرۡتَدُّ إِلَيۡهِمۡ طَرۡفُهُمۡۖ وَأَفۡـِٔدَتُهُمۡ هَوَآءٌ  ۝٤٣ وَأَنذِرِ ٱلنَّاسَ يَوۡمَ يَأۡتِيهِمُ ٱلۡعَذَابُ فَيَقُولُ ٱلَّذِينَ ظَلَمُواْ رَبَّنَآ أَخِّرۡنَآ إِلَىٰٓ أَجَلٍ قَرِيبٍ نُّجِبۡ دَعۡوَتَكَ وَنَتَّبِعِ ٱلرُّسُلَۗ أَوَلَمۡ تَكُونُوٓاْ أَقۡسَمۡتُم مِّن قَبۡلُ مَا لَكُم مِّن زَوَالٍ  ۝٤٤ وَسَكَنتُمۡ فِي مَسَٰكِنِ ٱلَّذِينَ ظَلَمُوٓاْ أَنفُسَهُمۡ وَتَبَيَّنَ لَكُمۡ كَيۡفَ فَعَلۡنَا بِهِمۡ وَضَرَبۡنَا لَكُمُ ٱلۡأَمۡثَالَ  ۝٤٥ وَقَدۡ مَكَرُواْ مَكۡرَهُمۡ وَعِندَ ٱللَّهِ مَكۡرُهُمۡ وَإِن كَانَ مَكۡرُهُمۡ لِتَزُولَ مِنۡهُ ٱلۡجِبَالُ  ۝٤٦ فَلَا تَحۡسَبَنَّ ٱللَّهَ مُخۡلِفَ وَعۡدِهِۦ رُسُلَهُۥٓۚ إِنَّ ٱللَّهَ عَزِيزٌ ذُو ٱنتِقَامٍ  ۝٤٧ يَوۡمَ تُبَدَّلُ ٱلۡأَرۡضُ غَيۡرَ ٱلۡأَرۡضِ وَٱلسَّمَٰوَٰتُۖ وَبَرَزُواْ لِلَّهِ ٱلۡوَٰحِدِ ٱلۡقَهَّارِ  ۝٤٨ وَتَرَى ٱلۡمُجۡرِمِينَ يَوۡمَئِذٍ مُّقَرَّنِينَ فِي ٱلۡأَصۡفَادِ  ۝٤٩ سَرَابِيلُهُم مِّن قَطِرَانٍ وَتَغۡشَىٰ وُجُوهَهُمُ ٱلنَّارُ  ۝٥٠ لِيَجۡزِيَ ٱللَّهُ كُلَّ نَفۡسٍ مَّا كَسَبَتۡۚ إِنَّ ٱللَّهَ سَرِيعُ ٱلۡحِسَابِ  ۝٥١ هَٰذَا بَلَٰغٌ لِّلنَّاسِ وَلِيُنذَرُواْ بِهِۦ وَلِيَعۡلَمُوٓاْ أَنَّمَا هُوَ إِلَٰهٌ وَٰحِدٌ وَلِيَذَّكَّرَ أُوْلُواْ ٱلۡأَلۡبَٰبِ  ۝٥٢
14:43
مُهۡطِعِينَ مُقۡنِعِي رُءُوسِهِمۡ لَا يَرۡتَدُّ إِلَيۡهِمۡ طَرۡفُهُمۡۖ وَأَفۡـِٔدَتُهُمۡ هَوَآءٌ  ۝٤٣
(ထိုနေ့တွင် ၎င်းတို့သည်) မိမိတို့၏ဦးခေါင်းများကိုမော့၍ ပြေးလွှားလျက်ပင်ရှိကြပေမည်။ ထိုနေ့တွင်)၎င်းတို့၏မျက်စိများသည် ၎င်းတို့ဘက်သို့ ပြန်လှည့်မည်မဟုတ်ပေ။(ဝါ) ၎င်းတို့သည် မျက်တောင်မခတ်ဘဲရှိကြမည်။ ထိုမှတစ်ပါး၎င်းတို့ ၏စိတ်နှလုံးများသည်လည်း လွင့်ပျံလျက်ပင် ရှိနေကြပေမည်၊ (ဝါ) သတိရှိကြမည် မဟုတ်ပေ။
14:44
وَأَنذِرِ ٱلنَّاسَ يَوۡمَ يَأۡتِيهِمُ ٱلۡعَذَابُ فَيَقُولُ ٱلَّذِينَ ظَلَمُواْ رَبَّنَآ أَخِّرۡنَآ إِلَىٰٓ أَجَلٍ قَرِيبٍ نُّجِبۡ دَعۡوَتَكَ وَنَتَّبِعِ ٱلرُّسُلَۗ أَوَلَمۡ تَكُونُوٓاْ أَقۡسَمۡتُم مِّن قَبۡلُ مَا لَكُم مِّن زَوَالٍ  ۝٤٤
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် လူတို့အား ၎င်းတို့ထံ ပြစ်ဒဏ်ရောက်ရှိလာမည့်နေ့နှင့်စပ်လျဉ်း၍သတိပေး နှိုးဆော်ပါလေ။ ထိုအခါ မကောင်းမှုကို ကျူးလွန်ခဲ့ကြသောသူတို့က အို-ကျွန်တော်မျိုးတို့၏ အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား အနည်းငယ်မျှသော အချိန်ကာလ တိုင်အောင် ရွှေ့ဆိုင်းခွင့် ပေးသနားတော်မူပါ။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ဖိတ်ခေါ်ချက်ကို သဘောတူလက်ခံကြပါမည်။ ထိုမှတစ်ပါး ကျွန်တော်မျိုးတို့သည် ရစူလ်တမန်တော်များ၏အမိန့်ကိုလည်းလိုက်နာကြပါမည် ဟုပြောဆိုလျှောက်ထားကြလတ္တံ့။ (ထိုရောအခါဝယ် အလ္လာဟ်အရှင်မြတ်သည် ဤသို့ပြန်ကြားတော်မူအံ့)။ အသို့ပါနည်း။အသင်တို့သည် ယခင်မူလက မိမိတို့၌ မည်သို့မျှ လွဲဖယ်တိမ်းယိမ်း ပျက်စီးယိုယွင်းမှုသည် အလျင်းရှိလိမ့်မည်မဟုတ်ဟူ၍ကျိန်ဆို(ပြောဆို)ခဲ့ကြသည် မဟုတ်တုံလော။
14:45
وَسَكَنتُمۡ فِي مَسَٰكِنِ ٱلَّذِينَ ظَلَمُوٓاْ أَنفُسَهُمۡ وَتَبَيَّنَ لَكُمۡ كَيۡفَ فَعَلۡنَا بِهِمۡ وَضَرَبۡنَا لَكُمُ ٱلۡأَمۡثَالَ  ۝٤٥
အမှန်စင်စစ်သော်ကား၊ သင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ နှိပ်စက်ကလူ ပြုမူခဲ့ကြကုန်သောသူတို့ နေထိုင်ရာအရပ်များ၌ပင် နေထိုင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား မည်သို့ ပြုလုပ်တော်မူခဲ့သည်မှာလည်းအသင်တို့ရှေ့၌ ထင်ရှားခဲ့လေပြီ။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့ အကျိုးငှာ ဥပမာ ပုံဆောင်ချက်များကိုလည်းခိုင်းနှိုင်းပြတော်မူခဲ့လေသတည်း။
14:46
وَقَدۡ مَكَرُواْ مَكۡرَهُمۡ وَعِندَ ٱللَّهِ مَكۡرُهُمۡ وَإِن كَانَ مَكۡرُهُمۡ لِتَزُولَ مِنۡهُ ٱلۡجِبَالُ  ۝٤٦
ထို့ပြင် ၎င်းတို့သည် မိမိတို့၏လျှို့ဝှက်ကြံစည်မှုကို ကြံစည်ခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့၏လျှို့ဝှက်ကြံစည်မှုသည် အလ္လာဟ်အရှင်မြတ်၏ရှေ့တော်၌ပင် ရှိခဲ့လေသည်။ အမှန်စင်စစ်မှာမူကား ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုသည် ယင်းကြံစည်မှုကြောင့် တောင်များပင်ရွေ့သွားနိုင်ကြပေသည်။
14:47
فَلَا تَحۡسَبَنَّ ٱللَّهَ مُخۡلِفَ وَعۡدِهِۦ رُسُلَهُۥٓۚ إِنَّ ٱللَّهَ عَزِيزٌ ذُو ٱنتِقَامٍ  ۝٤٧
သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ်အရှင်မြတ်အား မိမိရစူလ်တမန်တော်များနှင့် ချိန်းချက်ထားရှိတော်မူသော ကတိတော်ကို ဖောက်ဖျက်တော်မူမည့်အရှင် ဟူ၍အလျင်း မထင်မှတ်လေနှင့်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ လက်စားချေတော်မူ သောအရှင်၊ ဖြစ်တော်မူပေသတည်း။
14:48
يَوۡمَ تُبَدَّلُ ٱلۡأَرۡضُ غَيۡرَ ٱلۡأَرۡضِ وَٱلسَّمَٰوَٰتُۖ وَبَرَزُواْ لِلَّهِ ٱلۡوَٰحِدِ ٱلۡقَهَّارِ  ۝٤٨
(ဤသည်တို့ကားထိုနေ့၌ဖြစ်အံ့)၊ အကြင်နေ့တွင် (ဤ)ပထဝီမြေသည် အခြားသောပထဝီမြေဖြင့် ပြောင်းလဲသွားအံ့။ ထိုနည်းတူစွာ (ဤ)မိုးကောင်းကင်များသည်လည်း(အခြားမိုးကောင်းကင်များဖြင့် ပြောင်းလဲသွားလတ္တံ့)။ထိုမှတစ်ပါး (ခပ်သိမ်းကုန်သောလူသတ္တဝါတို့သည်) တစ်ဆူတည်း ဖြစ်တော်မူသော၊ အနန္တတန်ခိုးတော်ရှင်ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်သို့ ထွက်ပေါ်လာခဲ့ကြလတ္တံ့။
14:49
وَتَرَى ٱلۡمُجۡرِمِينَ يَوۡمَئِذٍ مُّقَرَّنِينَ فِي ٱلۡأَصۡفَادِ  ۝٤٩
၎င်းပြင် အသင်သည် ထိုနေ့တွင် ပြစ်မှု ကျူးလွန်သောသူတို့အား သံကြိုးများဖြင့် ပူးတွဲချုပ်နှောင်၍ ထားလျက်(ရှိသည်ကို) တွေ့မြင်အံ့။
14:50
سَرَابِيلُهُم مِّن قَطِرَانٍ وَتَغۡشَىٰ وُجُوهَهُمُ ٱلنَّارُ  ۝٥٠
၎င်းတို့၏ အကျႌ အဝတ်အစားများကား ကတွီရာန် ကျောက်မီးသွေး၊ ကတ္တရာစေးဖြင့်ပြီးသော အဝတ်အစားများပင် ဖြစ်ကြပေမည်။ ထိုမှတစ်ပါး ငရဲမီးသည် ၎င်းတို့၏မျက်နှာများကို ဖုံးအုပ်လျက်ရှိချေမည်။
14:51
لِيَجۡزِيَ ٱللَّهُ كُلَّ نَفۡسٍ مَّا كَسَبَتۡۚ إِنَّ ٱللَّهَ سَرِيعُ ٱلۡحِسَابِ  ۝٥١
(ဤသည်တို့ကား) အလ္လာဟ်အရှင်မြတ်သည်လူတိုင်းလူတိုင်းအား ၎င်းတို့ရှာဖွေ ဆည်းပူးခဲ့ကြ သည်များနှင့်စပ်လျဉ်း၍ အစားပေးတော်မူရန် ဖြစ်ပေသည်။ ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေးတော်မူသည့်အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
14:52
هَٰذَا بَلَٰغٌ لِّلنَّاسِ وَلِيُنذَرُواْ بِهِۦ وَلِيَعۡلَمُوٓاْ أَنَّمَا هُوَ إِلَٰهٌ وَٰحِدٌ وَلِيَذَّكَّرَ أُوْلُواْ ٱلۡأَلۡبَٰبِ  ۝٥٢
ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည်ကား လူတို့အဖို့ အကြောင်းကြားချက်သည်လည်းကောင်း၊ ထို့ပြင် ထိုသူတို့သည် သတိပေးနှိုးဆော်ခြင်း ခံကြရ အံ့သောငှာလည်းကောင်း၊ထိုမှတစ်ပါး ထိုအရှင်မြတ်သည် တစ်ဆူတည်းသောကိုးကွယ်ရာအရှင်ဖြစ်တော်မူကြောင်း။ ထိုသူတို့ သိရှိယုံကြည်အံ့သောငှာလည်းကောင်း၊ ထို့ပြင်တစ်ဝ နိသမ္မဉာဏ်ရှင်တို့သည် တရားရကြအံ့သောငှာလည်းကောင်း၊ ဖြစ်ချေသတည်း


📚Juz 13 📄261 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Tuesday, August 25, 2026

Don't forget us in your sincere prayers