အီဗ်ရာဟီမ် · 46/52
ဘာသာပြန် အသံနိုင်ငံ — စူရာ အီဗ်ရာဟီမ်
وَقَدْ مَكَرُوا مَكْرَهُمْ وَعِندَ اللَّهِ مَكْرُهُمْ وَإِن كَانَ مَكْرُهُمْ لِتَزُولَ مِنْهُ الْجِبَالُ ۝٤٦
Wa qad makaroo makrahum wa `indal laahi makruhum wa in kaana makruhum litazoola minhul jibaal
📖 မြန်မာဘာသာ
ထို့ပြင် ၎င်းတို့သည် မိမိတို့၏လျှို့ဝှက်ကြံစည်မှုကို ကြံစည်ခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့၏လျှို့ဝှက်ကြံစည်မှုသည် အလ္လာဟ်အရှင်မြတ်၏ရှေ့တော်၌ပင် ရှိခဲ့လေသည်။ အမှန်စင်စစ်မှာမူကား ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုသည် ယင်းကြံစည်မှုကြောင့် တောင်များပင်ရွေ့သွားနိုင်ကြပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဝေါဟာရများ ရှင်းလင်းချက်
  • مَكَرُوا (မာကရူ)။ ။ သူတို့သည် လျှို့ဝှက်ကြံစည်ကြသည်။
  • مَكْرَهُمْ (မာကရဟွမ်)။ ။ သူတို့၏လျှို့ဝှက်ကြံစည်မှု။
  • وَعِندَ اللَّهِ (ဝဟ်အင်ဒလ္လာဟိ)။ ။ အလ္လာဟ်အရှင်မြတ်ထံတော်၌။
  • لِتَزُولَ (လိတဇူလာ)။ ။ ဖျက်ဆီးပစ်ရန်၊ ရွေ့လျားပျောက်ကွယ်စေရန်။
  • الْجِبَالُ (အလ်ဂျိဗာလ်)။ ။ တောင်များ။
  1. အာယသ်တော်၏အနက်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် တမန်တော်မုဟမ္မဒ်(ဆွ)ကို သတ်ဖြတ်ရန်၊ သို့မဟုတ် အစ္စလာမ်သာသနာကို ဖျက်ဆီးရန် မုရှ်ရိက်များနှင့် ရှေးကာဖိရ်များ လျှို့ဝှက်ကြံစည်ခဲ့ကြသော အကြောင်းကို ဖော်ပြထားသည်။ သူတို့သည် အလွန်ပြင်းထန်သော အကြံအစည်များကို ကြံစည်ခဲ့ကြသော်လည်း အလ္လာဟ်အရှင်မြတ်သည် ထိုအကြံအစည်အားလုံးကို အသိဖြစ်တော်မူပြီး၊ မည်သည့်အရာမျှ အရှင်မြတ်ထံတော်မှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ သူတို့၏ကြံစည်မှုများသည် အလွန်အားနည်းသောကြောင့် တောင်ကြီးများကိုပင် ရွေ့လျားပျောက်ကွယ်စေနိုင်စွမ်းမရှိပေ။ ဆိုလိုသည်မှာ သူတို့၏ကြံစည်မှုသည် အလ္လာဟ်အရှင်မြတ်၏ သာသနာတော်နှင့် ရှရီအသ်ဥပဒေများကို ဖျက်ဆီးနိုင်စွမ်းမရှိပေ။ အမှန်စင်စစ် သူတို့၏ကြံစည်မှုသည် သူတို့ကိုယ်တိုင်အင်သာ ထိခိုက်နစ်နာစေပြီး၊ အလ္လာဟ်အရှင်မြတ်အား မည်သည့်ထိခိုက်မှုမျှ မဖြစ်စေနိုင်ပေ။ အရှင်မြတ်သည် သူတို့၏ကြံစည်မှုများကို သိမ်းဆည်းထားတော်မူပြီး၊ ယင်းအတွက် သူတို့အား အပြစ်ဒဏ်ပေးတော်မူမည်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို အသိဖြစ်တော်မူပြီး၊ မည်သည့်လျှို့ဝှက်ကြံစည်မှုမျှ အရှင်မြတ်ထံတော်မှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
  • ကာဖိရ်များ၏ ကြံစည်မှုများသည် မည်မျှပြင်းထန်စေကာမူ အလ္လာဟ်အရှင်မြတ်၏ သာသနာတော်ကို ဖျက်ဆီးနိုင်စွမ်းမရှိပေ။
  • အစ္စလာမ်သာသနာသည် အလ္လာဟ်အရှင်မြတ်၏ အကာအကွယ်အောက်တွင် ရှိသောကြောင့် မည်သည့်ရန်သူမျှ ဖျက်ဆီးနိုင်မည်မဟုတ်ပေ။
  • မွတ်စ်လင်မ်များသည် ရန်သူများ၏ ကြံစည်မှုများကို ကြောက်ရွံ့ရန်မလိုအပ်ဘဲ အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်စိတ်ချထားသင့


📜 အာယာသ် 44-48 — စူရာ အီဗ်ရာဟီမ်

44وَأَنذِرِ النَّاسَ يَوْمَ يَأْتِيهِمُ الْعَذَابُ فَيَقُولُ الَّذِينَ ظَلَمُوا رَبَّنَا أَخِّرْنَا إِلَىٰ أَجَلٍ قَرِيبٍ نُّجِبْ دَعْوَتَكَ وَنَتَّبِعِ الرُّسُلَ ۗ أَوَلَمْ تَكُونُوا أَقْسَمْتُم مِّن قَبْلُ مَا لَكُم مِّن زَوَالٍ
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် လူတို့အား ၎င်းတို့ထံ ပြစ်ဒဏ်ရောက်ရှိလာမည့်နေ့နှင့်စပ်လျဉ်း၍သတိပေး နှိုးဆော်ပါလေ။ ထိုအခါ မကောင်းမှုကို ကျူးလွန်ခဲ့ကြသောသူတို့က အို-ကျွန်တော်မျိုးတို့၏ အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား အနည်းငယ်မျှသော အချိန်ကာလ တိုင်အောင် ရွှေ့ဆိုင်းခွင့် ပေးသနားတော်မူပါ။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ဖိတ်ခေါ်ချက်ကို သဘောတူလက်ခံကြပါမည်။ ထိုမှတစ်ပါး ကျွန်တော်မျိုးတို့သည် ရစူလ်တမန်တော်များ၏အမိန့်ကိုလည်းလိုက်နာကြပါမည် ဟုပြောဆိုလျှောက်ထားကြလတ္တံ့။ (ထိုရောအခါဝယ် အလ္လာဟ်အရှင်မြတ်သည် ဤသို့ပြန်ကြားတော်မူအံ့)။ အသို့ပါနည်း။အသင်တို့သည် ယခင်မူလက မိမိတို့၌ မည်သို့မျှ လွဲဖယ်တိမ်းယိမ်း ပျက်စီးယိုယွင်းမှုသည် အလျင်းရှိလိမ့်မည်မဟုတ်ဟူ၍ကျိန်ဆို(ပြောဆို)ခဲ့ကြသည် မဟုတ်တုံလော။
45وَسَكَنتُمْ فِي مَسَاكِنِ الَّذِينَ ظَلَمُوا أَنفُسَهُمْ وَتَبَيَّنَ لَكُمْ كَيْفَ فَعَلْنَا بِهِمْ وَضَرَبْنَا لَكُمُ الْأَمْثَالَ
အမှန်စင်စစ်သော်ကား၊ သင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ နှိပ်စက်ကလူ ပြုမူခဲ့ကြကုန်သောသူတို့ နေထိုင်ရာအရပ်များ၌ပင် နေထိုင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား မည်သို့ ပြုလုပ်တော်မူခဲ့သည်မှာလည်းအသင်တို့ရှေ့၌ ထင်ရှားခဲ့လေပြီ။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့ အကျိုးငှာ ဥပမာ ပုံဆောင်ချက်များကိုလည်းခိုင်းနှိုင်းပြတော်မူခဲ့လေသတည်း။
46وَقَدْ مَكَرُوا مَكْرَهُمْ وَعِندَ اللَّهِ مَكْرُهُمْ وَإِن كَانَ مَكْرُهُمْ لِتَزُولَ مِنْهُ الْجِبَالُ
ထို့ပြင် ၎င်းတို့သည် မိမိတို့၏လျှို့ဝှက်ကြံစည်မှုကို ကြံစည်ခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့၏လျှို့ဝှက်ကြံစည်မှုသည် အလ္လာဟ်အရှင်မြတ်၏ရှေ့တော်၌ပင် ရှိခဲ့လေသည်။ အမှန်စင်စစ်မှာမူကား ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုသည် ယင်းကြံစည်မှုကြောင့် တောင်များပင်ရွေ့သွားနိုင်ကြပေသည်။
47فَلَا تَحْسَبَنَّ اللَّهَ مُخْلِفَ وَعْدِهِ رُسُلَهُ ۗ إِنَّ اللَّهَ عَزِيزٌ ذُو انتِقَامٍ
သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ်အရှင်မြတ်အား မိမိရစူလ်တမန်တော်များနှင့် ချိန်းချက်ထားရှိတော်မူသော ကတိတော်ကို ဖောက်ဖျက်တော်မူမည့်အရှင် ဟူ၍အလျင်း မထင်မှတ်လေနှင့်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ လက်စားချေတော်မူ သောအရှင်၊ ဖြစ်တော်မူပေသတည်း။
48يَوْمَ تُبَدَّلُ الْأَرْضُ غَيْرَ الْأَرْضِ وَالسَّمَاوَاتُ ۖ وَبَرَزُوا لِلَّهِ الْوَاحِدِ الْقَهَّارِ
(ဤသည်တို့ကားထိုနေ့၌ဖြစ်အံ့)၊ အကြင်နေ့တွင် (ဤ)ပထဝီမြေသည် အခြားသောပထဝီမြေဖြင့် ပြောင်းလဲသွားအံ့။ ထိုနည်းတူစွာ (ဤ)မိုးကောင်းကင်များသည်လည်း(အခြားမိုးကောင်းကင်များဖြင့် ပြောင်းလဲသွားလတ္တံ့)။ထိုမှတစ်ပါး (ခပ်သိမ်းကုန်သောလူသတ္တဝါတို့သည်) တစ်ဆူတည်း ဖြစ်တော်မူသော၊ အနန္တတန်ခိုးတော်ရှင်ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်သို့ ထွက်ပေါ်လာခဲ့ကြလတ္တံ့။
အီဗ်ရာဟီမ်ကုရ်အာန် ညွှန်းကိန်း
52အာယာသ်
MeccanRevelation
46အာယာသ်

ဘာသာပြန် — အီဗ်ရာဟီမ် 46

စူရာ အီဗ်ရာဟီမ် အာယာသ် 46 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် ၎င်းတို့သည် မိမိတို့၏လျှို့ဝှက်ကြံစည်မှုကို ကြံစည်ခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့၏လျှို့ဝှက်ကြံစည်မှုသည် အလ္လာဟ်အရှင်မြတ်၏ရှေ့တော်၌ပင် ရှိခဲ့လေသည်။ အမှန်စင်စစ်မှာမူကား ၎င်းတို့၏…

စူရာ အာယာသ် 46/52 — စူရာ အီဗ်ရာဟီမ် إبراهيم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အီဗ်ရာဟီမ် နားထောင်, စူရာ အီဗ်ရာဟီမ် ဘာသာပြန်, စူရာ အီဗ်ရာဟီမ် mp3, စူရာ အီဗ်ရာဟီမ် pdf. အာယာသ် 44–48. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers